Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 12, 2016

ဘုရင်ရွေးကြရာဝယ်

ဘုရင်ရွေးကြရာဝယ်
+++++++++++++

တစ်ခါက ရေအိုင်တစ်ခုမှာ အရေအတွက်များတဲ့ ဖားတွေ နေထိုင်ကြပါသတဲ့..။ တချို့ဖားတွေဟာ ပိန်းရွက်ပေါ်မှာသာ တွယ်ကပ်နေတတ်သလို၊ တချို့ဖားတွေဟာလည်း ရေကန်စပ်မှာသာ နေထိုင်ပြန်တယ်၊ တချို့ဖားတွေကတော့ ဆက်တိုက်ဆိုသလို ခုန်ဆွခုန်ဆွ ပြုမူကြတယ်၊ တချို့ကတော့ တအုံးအုံးတအင်အင် အော်မြည်ကြပြီး၊ တချို့ကတော့ တကွပ်ကွပ်မည်သံကို ပြုကြပြန်ပါသတဲ့..။ ဖားတွေကလည်း ဖားပြုပ်၊ စားဖား၊ ဖားခုံညင်း၊ ဖားလက်တက် စတဲ့ ဖားမျိုးပေါင်းစုံလင်လှပါသတဲ့..။ ဖားတွေရဲ့ရေအိုင်ဟာ အဲဒီလို အပြုအမူပေါင်းစုံ၊ စရိုက်ပေါင်းစုံ၊ ဖားမျိုးပေါင်းစုံ စုံလင်ကြတဲ့ ဖားနိုင်ငံကြီးတစ်ခု ဖြစ်လို့နေသတဲ့..။ ဖားတွေဟာလည်း ရေကန်ပေါ်ပေါ်နေတဲ့ ကြာရွက်တွေ၊ ပိန်းရွက်တွေကို အလုအယက်နေရာဦးကြပြီး နေရာရတဲ့ဖားတွေကလည်း ကျန်တဲ့ဖားတွေကို အလှည့်မပေးတော့ပဲ မောင်ပိုင်စီးကြသတဲ့..။ အဲလိုမောင်ပိုင်စီးတဲ့အပြင်.. ကျန်တဲ့ တီကောင်ပေါများရာ၊ ပိုးကောင်းမွှားကောင် အလာများရာ နေရာတွေကိုပါ လက်ဝါးကြီးအုပ်တဲ့ ဖားတန်းစား (လူတန်းစား) တစ်ရပ်လည်း ပေါ်ပေါက်လာပါသတဲ့..။

အဲဒီလို ဖားပေါင်းစုံရဲ့ စရိုက်ပေါင်းစုံ၊ ဆူညံမှုပေါင်းစုံကို တိတ်ဆိတ်စွာနေတတ်တဲ့ ဖားတသိုက်ကတော့ မကြိုက်ဘဲ ဖြစ်နေပါသတဲ့..။ သူတို့ဟာ ရေအိုင်အတွင်းမှာ ဆိပ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ဖားရွှေတောင်ကြားရပ်ကွက်ကို ထူထောင်ချင်ပေမယ့်လည်း ဆူညံနေတဲ့ဖားတွေကြောင့် သူတို့ရဲ့ အကြံအစည်ဟာ အကောင်အထည်မဖော်နိုင်ပဲ ဖြစ်နေခဲ့ပါသတဲ့..။ အဲဒီလိုနဲ့ ဆူညံမှု၊ ကွဲပြားမှုကို မကြိုက်တဲ့ဖားတွေစုရုံးပြီး "စည်းကမ်းပြည့်ဝတဲ့ ဖားဒီမိုကရေစီနိုင်ငံတော်"ကို တည်ထောင်ဖို့အတွက် စည်းဝေးတိုင်ပင်ကြပါသတဲ့..။

"ငါတို့ကို အုပ်ချုပ်မယ့် ဘုရင်တစ်ပါးတော့လိုတယ်" လို့ ဖားတစ်ကောင်က အဆိုပြုလိုက်တဲ့အခါ.. ကျန်တဲ့ဖားတွေက ၀ိုင်းဝန်းထောက်ခံကြပါသတဲ့..။ အဲဒီအခါ အခြားသောဖားတစ်ကောင်က "ဖားဘုရင်တစ်ပါးကို ရွှေးချယ်တင်မြှောက်ဖို့အတွက် အစီအစဉ်ရှိမရှိ" ဆိုတာကို ဖားလွှတ်တော်ဥက္ကဌထံ တင်ပြပြန်ပါသတဲ့..။ အဲဒီအခါ ဖားခုံညင်းထဲက ဖားကိုယ်စားလှယ်တစ်ကောင်က "ဖားခုံညင်းတွေသာလျင် အရည်အချင်းရှိသူတွေ ဖြစ်တဲ့အတွက် ဖားတွေထဲက ဖားခုံညင်းတစ်ကောင်ကိုသာ တင်မြှောက်သင့်ကြောင်း အဆိုတင်ပါသတဲ့"၊ အဲဒီအခါမှာ ကျန်တဲ့ ဖားပြုတ်၊ ဖားလက်တက်၊ စားဖားတွေကလည်း မိမိတို့သာလျင် ဘုရင်ဖြစ်သင့်ကြောင်း အသီးသီး အပြိုင်အဆိုင် အဆိုတွေကို တင်သွင်းကြပြန်သတဲ့။ အဲဒီအခါဖားလွှတ်တော်ဥက္ကဋ္ဌက "ဖား အစည်းအဝေးမှာ ပေါက်ကရ မပြောဖို့ နဲ့ မိမိတို့ ဖားအချင်းချင်းအုပ်ချုပ်လျှင် လေးစားမှာမဟုတ်တဲ့အတွက် ဘုရင်ကို ဖားများထဲမှ မရွေးချယ်ဘဲ ဇုနတ်မင်းကြီးဆီကို တင်ပြတောင်းဆိုမှာဖြစ်ကြောင်း၊ အဲဒီအတွက် ဖားအများရဲ့ ဆန္ဒခံယူပွဲ ပြုလုပ်ဖို့လိုမှာဖြစ်ကြောင်း" ပြန်ကြားပြန်ပါသတဲ့..။

အဲဒီလိုနဲ့ ဖားတွေဟာ. ဖားအများစုဆန္ဒအရ ဇုနတ်မင်းကြီးဆီကို ဘုရင်တပါးတောင်းဆိုဖို့အတွက် သဘောတူလိုက်ကြသတဲ့။ ဖားတွေဟာ ရေအိုင်အလယ်ကောင်က ကြာရွက်ကြီးတစ်ရွက်အနားမှာ စုရုံးကြပြီး ဇုနတ်မင်းကြီးရဲ့ အမည်ကို တညီတစ်ညာတည်း အော်ဟစ်ကြတယ်..။ အဲဒီအခါ ကောင်းကင်မှာရှိတဲ့ တိမ်စိုင်တိမ်လိပ်ကြားကနေ ဇုနတ်မင်းကြီးဟာ ဘွားကနဲ ပေါ်ထွက်လာပါသတဲ့..။ အဲဒီအခါ ဖားတွေက သူတို့ရဲ့မူလ ရည်မှန်းချက်ဖြစ်တဲ့ ဘုရင်တစ်ပါး ဖန်ဆင်းပေးဖို့ တောင်းဆိုကြတယ်..။ အဲဒီလို ဖားတွေရဲ့ တောင်းဆိုသံကိုကြားတဲ့အခါ ဇုနတ်မင်းကြီးက

"အင်မတန်သနားဖို့ကောင်းတဲ့ ဖားကလေးတွေပါလား၊ တကယ်တော့ လူကို လူအချင်း အုပ်ချုပ်၊ နတ်ကို နတ်အချင်းချင်းအုပ်ချုပ်၊ တိရစ္ဆာန်ကို တရစ္ဆာန်ချင်းအုပ်ချုပ်၊ မင်းတို့ဖားတွေလည်း ဖားအချင်းချင်း အုပ်ချုပ်ကြပိုကောင်းပါတယ်၊ အဲဒါမှ ဖားထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ဖားအစိုးရ၊ ဖားဘုရင်ဖြစ်မှာပေါ့ကွ၊ ဖားမဟုတ်တဲ့ဘုရင်ဟာ၊ ဖားထုကိုကိုယ်စားမပြုတဲ့အတွက်၊ ဖားဘုရင်အစစ်လည်းဘယ်ဟုတ်တော့မလည်းကွ၊ မင်းတို့က ဘာလို့များ တခြား လူကို အုပ်ချုပ်စေချင်ရတာလဲ" လို့ မေးမြန်းပြန်တယ်..။ အဲဒီအခါ ဖားတွေက

"ဖားအချင်းချင်းအုပ်ချုပ်ဖို့မလွယ်ပါဘူးဗျာ၊ ဖားပြုတ်ကလည်း သူတို့ဘုရင်မှ၊ စားဖားကလည်း သူတို့အုပ်ချုပ်မှ အဲဒီလို အချင်းချင်းတစ်ယောက်တစ်ပေါက်နဲ့ ဖြစ်နေလို့ပါခင်ဗျာ၊" လို့ ပြောပြန်တယ်..။ အဲဒီအခါ ဇုနတ်မင်းက

"ဒါဆိုလည်း ရွေးကောက်ပွဲလုပ်ပြီး ရွေးပေါ့ကွ၊ မဲအများဆုံးရတဲ့လူကို ဘုရင်တင်ပေါ့" လို့ပြန်ပြောပြန်တယ်..။ အဲဒီအခါမှာ ဖားတွေက

"ရွေးကောက်ပွဲတွေဘာတွေက ဇယားရှုတ်တယ်၊ အချိန်ကြာတယ်၊ ကြာတယ်ဗျာ..။ ဇုနတ်မင်းကြီးက ကျုပ်တို့တောင်းဆိုတာကို လုပ်ပေးမှာလား၊ မလုပ်ပေးဘူးလား၊ ဒါကိုပဲပြောတော့၊ ကျုပ်တို့လိုချင်တာ ဘုရင်ပဲ၊ ဘုရင်တစ်ပါးချက်ချင်းပေးပါ၊ ၀ီ ၀မ့် သည်ကင်း၊ ၀ီဝမ့် သည်ကင်း" ဆိုပြီး သံပြိုင်ရွတ်ဆိုကြသတဲ့။ အဲဒီလို ဖားတွေရဲ့ ဆူညံသံတွေကြားတဲ့အခါ ဇုနတ်မင်းကြီးက

"ကောင်းပါပြီ ဆရာသမားတို့ရယ်။ ခင်ဗျားတို့အတွက် အဆင်ပြေမယ့် ဘုရင်တစ်ပါးဖန်ဆင်းပေးပါ့မယ်" လို့ပြောပြီး သစ်တုံးတစ်တုံးကို ဖန်ဆင်းပေးလိုက်ပါသတဲ့..။

ဖားတွေဟာ အရမ်းကို ပျော်ရွှင်သွားကြပြီး ဇုနတ်မင်းကြီးဖန်ဆင်းပေးထားတဲ့ သစ်တုံးကို ၀ိုင်းဝန်းပွေ့ချီသွားကြပြီး သူတို့ရဲ့ ရေအိုင်ထဲမှာ ထည့်ထားလိုက်ကြသတဲ့..။ ပထမပိုင်းမှာတော့ ဖားတွေဟာ ဘုရင်ကြီးကို အင်မတန်မှ ရိုသေကြတယ်..။ ဘုရင်ကြီးရဲ့ အနေအထိုင်အေးဆေးပုံ၊ ရိုးရှင်းလွန်းတဲ့ စားသောက်ပုံ၊ သူ့အပေါ် ခုန်တက်ကစားတာတောင် ဘာမှ ပြန်မပြောတဲ့ သည်းခံတတ်ပုံ၊ ဖားထုအပေါ် မေတ္တာထားပုံ တွေကို ဖားမှုကွန်ယက်၊ ဖားမီဒီယာတွေမှာ အကျယ်တ၀င့်ရေးသားကြသတဲ့..။ ဒါပေမယ့်လည်း အချိန်ကြာလာတဲ့အခါမှာတော့၊ မလှုပ်မယှက်နေတဲ့ သစ်တုံးဟာ ဘယ်နေရာမှာမှ အသုံးမကျမှန်း၊ အသုံးမ၀င်မှန်း၊ ဖားတွေကို မအုပ်ချုပ်နိုင်မှန်း သိသွားကြသတဲ့..။ အဲဒီလို သိသွားကြတဲ့အခါ ဖားထုအလင်းပြဂျာနယ်၊ ဖားဘုတ်၊ ဖားထုအော်သံတညံညံ စတဲ့ နေ့စဉ်ထုတ် သတင်းစာတွေနဲ့၊ ဖားမှုကွန်ယက်တွေမှာ ဖားဘုရင်ရဲ့ မကောင်းကြောင်း၊ အသုံးမကျကြောင်း ဘုရင်တစ်ပါးမဖြစ်သင့်ကြောင်း အသီးသီးရေးသားဖော်ပြကြပြန်သတဲ့..။ အဲဒီလို ဖားထုရဲ့ ထောက်ခံမှုမရတော့တဲ့ ဘုရင်ကို ဘုရင်အဖြစ်က ဖြုတ်ချကြပြီး ဇုနတ်မင်းကြီးဆီမှာ ဘုရင်အသစ်တစ်ပါးကို ထပ်မံတောင်းဆိုကြပြန်သတဲ့.။

ပထမတစ်ခါလိုပဲ ဖားတွေရဲ့ စုပြုံအော်ဟစ်သံကိုကြားတဲ့အခါ ဇုနတ်မင်းကြီးဟာ တိမ်စိုင်တိမ်လိပ်တွေကြားကနေ ခေါင်းပြူပြီးပေါ်လာပြန်သတဲ့..။

"မင်းတို့ ဘာဖြစ်ပြန်ပတုံး" လို့ ဇုနတ်မင်းကြီးကမေးပြန်တယ်။ အဲဒီအခါ ဖားတွေက
"ဇုနတ်မင်းကြီး ကျုပ်တို့ကို အင်ထုတယ်၊ လိမ်တယ်၊ ခင်ညားကြီး ဖန်ဆင်းပေးတာက ဘုရင်မှ မဟုတ်ဘဲ..။ သစ်တုံးကြီးပဲဗျ။ ဖားယဉ်ကျေးမှုကိုလည်းမသိ၊ ဖားတွေအကြောင်းလည်းနားမလည်၊ ဒီပလိုမေစီလည်းမသိ၊ ကွန်မြူနီကေးရှင်းကလည်းမကောင်း၊ ဖားရာလည်းမ၀င်၊ တုံဏှိဘာဝေထိုင်နေဖို့ပဲသိတဲ့ အသုံးမကျတဲ့သစ်တုံးကို ကျုပ်တို့ဖားတွေက အလိုမရှိတော့ဘူးဗျ။ အဲဒီတော့ ကျုပ်တို့နဲ့အဆင်ပြေတဲ့ ဘုရင်တစ်ပါး၊ ကျုပ်တို့လေးစားကြောက်ရွံ့ရတဲ့ ဘုရင်တစ်ပါးကိုပဲ လိုတာ၊ ဘုရင်သစ်တစ်ပါးချက်ချင်းထပ်ပြီး ဖန်ဆင်းပေးပါ ၀ီဝမ့် နယူးကင်း၊ ၀ီဝမ့် နယူးကင်း" ဆိုပြီးသံပြိုင်ရွတ်ဆို ဆန္ဒ ထုတ်ဖော်ကြပြန်သတဲ့..။ အဲဒီအခါ ဇုနတ်မင်းက..

"မင်းတို့ကိုပြောသားပဲ၊ ကိုယ့်ဟာကို ရွေးချယ်တင်မြှောက်တဲ့ ဖားဘုရင်က အကောင်းဆုံးပဲဆိုတာကို၊ ဒါကိုပဲ မင်းတို့က ငါ့ကိုပဲ အပြစ်လာတင်နေသေးတယ်၊ ထားပါတော့လေ..၊ မင်းတို့နဲ့တန်ရာကို မင်းတို့ရစေ့မယ်၊ မင်းတို့ ဖင်တုန်အောင် ကြောက်ရွံ့စေရမယ့် ဘုရင်တစ်ပါးငါဖန်ဆင်းပေးမယ်..။ အေး ဒါပေမယ့် အဲဒီဘုရင်ဟာ မင်းတို့ဆန္ဒတွေကို ဘာမှ ထည့်စဉ်းစားနေမှာမဟုတ်ဘူး။ သူ့အတွက်ပဲ သူစဉ်းစားမှာနော်။ ဘုရင်အသစ်တစ်ပါးလိုချင်တာ သေချာပြီလားလို့တော့ငါထပ်မေးချင်တယ်" လို့ပြန်ပြောလိုက်ပြန်တယ်..။ အဲဒီအခါ ဖားတွေက

"၀ီဝမ့် နယူကင်း..၊ ၀ီဝမ့်နယူးကင်း၊ ၀ီဝမ့် နယူကင်း နောင်း" ဆိုပြီးသာ ထပ်မံအော်ဟစ်ကြပြန်တယ်..။ အဲဒီအခါ ဇုက
"ကောင်းပြီလေ ကိုယ့်ဖြစ်ကိုယ်ခံပေရော့" လို့ပြောပြီး ငှက်ကျား(ဗျိုင်းမျိုးနွယ်ဝင်ငှက်တစ်မျိုး) တစ်ကောင်ကို ဖားတွေရဲ့ ဘုရင်အဖြစ် ဖန်ဆင်းပေးခဲ့သတဲ့..။

အဲဒီအချိန်ကစလို့ ငှက်ကျားဟာ ဖားတွေကို အမြဲတမ်းဖမ်းဆီးစားသောက်ပါသတဲ့..။ ဖားတွေဟာ သူတို့ရဲ့ တီကောင် သရံဇာတ အရင်းအမြစ်တွေထွက်တဲ့ ရေကန်စပ်နှုန်းမြေတွေကို တောင် လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိတော့ပဲ ရေကန်ထဲမှာသာ ပုန်းကွယ်နေကြရတယ်..။ အနေအထိုင်မတတ်ပဲ ဖားဘုရင်ငှက်ကျားကို ဆန္ဒပြ ဆူညံအသံပေးခဲ့ရင်လည်း ငှက်ကျားက ဖမ်းဆီးစားသောက်တာကြောင့် အသံတောင် ကျယ်ကျယ် မထွက်ရဲဘဲ ဖြစ်သွားကြသတဲ့..။ အဲဒီအခါမှာတော့ ဖားတွေဟာ ဒီလိုမျိုးညဉ်းကြသတဲ့

"ဖားကို ဖားက အုပ်ချုပ်တာလောက် မကောင်းဘူးဆိုတာ ငါတို့လက်ခံလိုက်ပြီ၊ ဒါပေမယ့် အချိန်နှောင်းသွားပြီ ဗျာတို့ရေ"

ဒီပုံပြင်လေးဟာ ကမ္ဘာကျော်လူသိများတဲ့ အီစွတ်ပုံပြင်ထဲက တစ်ပုဒ်ကို သင့်တော်သလို ပြန်လည်ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်..။ ကျွန်တော်တို့တွေဟာလည်း ဖားတွေလို ဆန္ဒမစောဖို့ လိုတယ်လို့ ဆိုချင်တယ်။ It's better to rule yourself than to be ruled by someone else. ဆိုတဲ့စကားလို၊ မိမိကိုယ်ကို မိမိ အုပ်ချုပ်တာက အခြားသူတွေအုပ်ချုပ်တာထက် ပိုပြီးကောင်းမွန်တယ်လို့ ဆိုလိုတာပဲဖြစ်တယ်။ မိမိကို ကိုယ်စားပြုသူ၊ မိမိဘ၀နဲ့ ထပ်တူကျသူ၊ စာနာနားလည်နိုင်သူ၊ မိမိတို့ရဲအခက်အခဲကို နားလည်၊ နားထောင်ပေးနိုင်သူတွေကသာ မိမိတို့ရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်လို့ ဆိုလိုတာပဲဖြစ်တယ်..။

အဲဒီလိုမှမဟုတ်ဘဲ မိမိတို့အထဲက ဘုရင်ဖြစ်လာတာကို အထင်မကြီးတဲ့ဖားတွေလို ဆန္ဒစောပြီး ဘုရင်သစ်တွေတောင်းဆို ကြမယ်ဆိုရင်တော့..ငှက်ကျားဘုရင်နဲ့တူတဲ့ မိမိတို့ကို နှိပ်ကွပ်၊ စားသုံးမယ့်ဘုရင်မျိုးကိုသာ ရရှိလိမ့်မယ်လို့ Message ပေးထားတာဖြစ်ပါတယ်..။ တကယ်တော့ ကျွန်တော်တို့တွေဟာလည်းပဲ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ ခေါင်းဆောင်ကိုသာ အလိုရှိကြတဲ့၊ အချိန်ပေး စဉ်းစားဆုံးဖြတ်ကြတဲ့ ဖားသူငယ်တွေပဲ ဖြစ်သင့်တယ်လို့ ဆိုချင်တယ်..။

နှိုင်းနှိုင်းချိန်ချိန်စဉ်းစားနိုင်ကြပါစေဗျာ-

မေတ္တာဖြင့်
(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။