Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 16, 2016

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘဝဖြစ်စဉ်ကို ဂီတဖြင့်ပုံဖော်မယ့် လင်းလင်း နဲ့ တွေ့ဆုံခြင်း

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘဝဖြစ်စဉ်ကို ဂီတဖြင့်ပုံဖော်မယ့် လင်းလင်း နဲ့ တွေ့ဆုံခြင်း
လင်းလင်းဆိုတာ အကြောင်းအရာ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရော့ခ်သီချင်းတွေကို ရသမြောက်စွာရေးဖွဲ့နိုင်သူဖြစ်သလို ကိုယ်ပိုင်သံစဉ် တေးရေး၊ တေးဆိုတစ်ဦးလည်း ဖြစ်ပါတယ်။ နိုင်ငံ့အပြောင်းအလဲကာလတွေမှာလည်း တတ်အားသရွေ့ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး အခုလက်ရှိအချိန်မှာတော့ ဂီတအလုပ်တွေကို အင်ပြည့်အားပြည့် ပြန်လည်ဖန်တီးဖို့ လင်းလင်းက အသင့်ဖြစ်နေပါပြီ။ လင်းလင်းက မြန်မာနိုင်ငံရဲ့လွတ်လ ပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘဝဖြစ်စဉ် အတ္ထုပ္ပတ္တိ ကို ဂီတနဲ့ ပုံဖော်မယ်လို့ ကြားသိရတာကြောင့် ဒီအကြောင်းနဲ့ပတ်သက်ပြီး လင်းလင်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ခုလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ဖန်တီးမယ့် Project ကို ဘယ်အချိန်ကစပြီး စဉ်းစားဖြစ်တာလဲ။
ကျွန်တော့်အနေနဲ့ အမေစုလမ်းကြောင်းတွေ၊ ခရီးစဉ်တွေကိုလိုက်သွားတဲ့အခါ ဟောပြောပွဲ စင်မြင့်တွေမှာ အမေစုပြောတာတွေ အများကြီး နားထောင်ရတယ်။ ဗဟုသုတရစရာတွေ၊ လေ့လာစရာတွေ အများကြီးပေါ့။ အဲ့ဒီကနေမှတစ်ဆင့် ထပ်ပြီးတော့ ဒီအကြောင်းတွေကို ရှာ၊ စု၊ ဖတ်ရင်းနဲ့မှ စိတ်ကူးပေါ်လာတယ်လို့ ပြောရမယ်။ ဗိုလ်ချုပ် ရဲ့ဘဝအစအဆုံးကို အယ်လ်ဘမ်တစ်ချပ်အနေနဲ့ ပုံဖော်မယ့် စိတ်ကူးဖြစ်ခဲ့တာပါ။
ရှေ့မှာလည်း ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သီချင်းတွေ၊ အနုပညာဖန်တီးမှုတွေ ရှိခဲ့တယ်။ ဂုဏ်ပြုတဲ့သီချင်းတွေ၊ အနုပညာဖန်တီးမှုတွေပေါ့။ အခု လုပ်ဆောင်မယ့် စီးရီးကရော အဲဒီလို ဂုဏ်ပြုသီချင်းတွေပဲလား။ ဒါမှမဟုတ် သမိုင်းကိုပဲ ပြန်ပြောမှာလား။ ဘယ်လိုကွာခြားမှုရှိမလဲ။
ကွာခြားမှုတော့ရှိလိမ့်မယ်။ ကျွန်တော်က ဗိုလ်ချုပ်ရဲ့ဘဝသမိုင်းအစအဆုံးကို ဂီတနဲ့ ပုံဖော်မှာဆိုတော့ အကြောင်းအရာတွေ အများကြီးရှိတယ်။ ၁၉၁၅ ခုနှစ် ဗိုလ်ချုပ်မွေးတဲ့အချိန်ကစလို့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အချိန်အထိ ဘဝအစအဆုံးကို သေချာလေ့လာလိုက်တဲ့အခါမှာ အကြောင်းအရာတွေ အများကြီးရှိတယ်။ အဲ့ဒီထဲကမှ သေချာပြန်ဆွဲထုတ်ပြီး ဂီတနဲ့ပြန်ပုံဖော်ရမှာဖြစ်တဲ့အတွက် အရှေ့ကရှိထားတဲ့ သီချင်းတွေနဲ့တော့ ကွာခြားမှုရှိလိမ့်မယ်။ ဒီမှာ သီချင်းပုဒ်ရေ ကန့်သတ်မထားဘူး။ အကြောင်းအရာ နောက်ကို Music က လိုက်ရေးရတဲ့အတွက် သီချင်းပုံစံလည်း အစုံဖြစ်လိမ့်မယ်။ သမိုင်းဖြစ်စဉ်တွေကိုပဲ အခြေခံသွားမှာဖြစ်တဲ့အတွက် ဂုဏ်ပြုသီချင်း သက်သက်တော့မဟုတ်ဘူး။ ဘဝဖြစ်စဉ်သမိုင်းပုံစံက ပိုများလိမ့်မယ်။ ရေး တဲ့နေရာမှာတော့ တချို့အပုဒ်တွေမှာ အပြင်ကကြည့်ပြီးရေးတဲ့ ပုံစံမျိုးတွေပါမှာဖြစ်သလို ကိုယ်တိုင်ဝင်ခံစားပြီးသီကျူးထုတ်ဖော်တာမျိုးတွေ လည်းပါလိမ့်မယ်။ အသေးစိတ်ကတော့ ကျွန်တော်အားလုံးရေးပြီးမှ ရုပ်လုံးပေါ်ပါလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံးအတွက် တန်ဖိုးထားစရာ ပြယုဂ်တစ်ခုဖြစ်တာကြောင့် ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး အမှားအယွင်းအတိမ်းအစောင်းခံလို့လည်း မဖြစ်တဲ့အခါ ဒီအစီအစဉ်ကို ဖန်တီးဖို့ လင်းလင်းအနေနဲ့ ဘယ်လောက် Risk ယူခဲ့ရလဲ။
သေချာတာပေါ့။ ကျွန်တော်ရေးမယ့် သီချင်းအဖြစ်ဖန်တီးမယ့် ဘဝဖြစ်စဉ် သမိုင်းကြီးက ဗိုလ်ချုပ်ဖြစ်နေတယ်။ အဲ့ဒီအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံ မှုလည်းကြီး တယ်။ ကြီးတဲ့အလျောက်လည်း လိုအပ်တဲ့အချက်အလက်တွေကို ကြိုးစားပြီး ရှာဖွေဖြည့်ဆည်းတယ်။ အဓိကကတော့ သမိုင်းမှန်ကို သိဖို့လိုတယ်။ ကျွန်တော်တင်ပြလိုက်တဲ့အရာက သမိုင်းမှားလို့မဖြစ်ဘူး။ အခွေကထွက်ပြီးသွားရင် ပြန်သိမ်းလို့ရတာ မျိုးမဟုတ်ဘူး။ အဲ့ဒီအတွက် တာဝန်ယူမှုကြီးတဲ့အတွက် ဒီကိစ္စကို ကျွန်တော်တစ်ယောက်တည်းပဲ ခေါင်းခံတယ်။ ရေးတဲ့နေရာမှာလည်း ကျွန်တော်တစ်ယောက်တည်းပဲ ရေးတယ်။ သမိုင်းအချက်အလက်နဲ့ပတ်သက်ပြီး တတ်သိနားလည်တဲ့ ဆရာဆရာမတွေကို အကူအညီ တောင်းတာရှိတယ်။ အကြံဥာဏ်တောင်းတာရှိတယ်။ သူတို့ရဲ့ အကြံပေးမှု ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာမှတ်သားတယ်။ ဒါတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီကိစ္စမှာ တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ ကျွန်တော်တစ်ယောက်တည်းပဲ ယူထားတယ်။ ဆရာ တွေ အကြံပေးတာကလည်း တအားအကျိုးရှိပါတယ်။ ဆရာတွေက ကျွန်တော့်ကို လင်းလင်းတဲ့၊ မင်းက ဒါကို ဂီတနဲ့ ဖော်ကျူးမှာဖြစ်တဲ့အတွက် သတင်းအချက် အလက်ကို ပေးတာမဟုတ်ဘူး။ စာတမ်းပြုစုတာမဟုတ်ဘူး။ အဲ့ဒီအတွက် တချို့ နေရာတွေမှာ အကြောင်းအရာပေါ်မှာပဲ အခြေခံပြီး ရသမြောက်ဖို့ အဓိကဆိုတာမျိုးတွေက ကျွန်တော့်အတွက် တအားအကျိုးရှိတယ်။ ပြီးတော့ ကျွန်တော် အကူအညီတောင်းတဲ့ ဆရာတွေ အကုန်လုံးကလည်း ဒီအစီအစဉ်မှာ တောက်လျှောက် အကူအညီပေးမယ်ဆိုတော့ အားတက်စရာပါ။
ဒီဘက်နှစ်ပိုင်းတွေမှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အနုပညာဖော်ကျူးမှုတွေ အများကြီးထွက်လာတာရှိသလို တချို့ဖန်တီးဖို့စီစဉ်ထားပြီး ထွက်မလာတာမျိုး တွေလည်းရှိတယ်။ အခု လင်းလင်းရဲ့ အစီအစဉ်ကကော ဘယ်လောက်ကြာမလဲ။
အခုလောလောဆယ် အခြေအနေမှာ တော်တော်လေး ခရီးပေါက်နေပြီ။ ကျွန်တော့်ရဲ့ ဂီတပိုင်းတွေပဲကျန်တော့တယ်။ တချို့သမိုင်းအချက်အလက် တွေကို ပြန်တိုက်၊ ပြန်စစ်ရမှာတွေတော့ ရှိတယ်။ လောလောဆယ် ရထားတဲ့ တိကျတဲ့သမိုင်းတချို့ကို အခြေခံပြီး ရေးထားတဲ့ အပုဒ်တွေလည်းရှိတယ်။ တအားကြီးကြာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ကျွန်တော့်အနေနဲ့ လတ်တလောရှိသမျှ တချို့အလုပ်တွေတောင် ဖယ်ထားတယ်။ ဥပမာ – သီချင်းရေးပေးဖို့ ရှိနေသေးတာတွေ ဘာတွေဆိုလည်း ရေးဖို့အချိန်မရတော့လို့ စရန်တွေ ပြန်ပေးတာလည်းရှိတယ်။ အကျိုးအကြောင်းလည်း ပြန်ပြောပြရတာပေါ့။ ဒီကိစ္စအပေါ်မှာပဲ စိတ်လုံးဝနှစ်ထားတဲ့အတွက် အချိန်တော့ တအားမကြာဘူး။ ဒါပေမဲ့ အခေါက်ခေါက်အခါခါ သေချာစစ်ပြီးမှ ထွက်ရှိမှာ ဖြစ်တဲ့အတွက် အချိန်ကိုတော့ ကန့်သတ်မထားဘူး။
lynn2
လင်းလင်းအနေနဲ့ ဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးစပ်မှုရှိသူဖြစ်တဲ့အတွက် ဒီကိစ္စကို စီစဉ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကကော
ဘယ်လို မှတ်ချက်ပြုလဲ။ ဘယ်လို အကြံဥာဏ်ပေးတာမျိုးရှိလဲ။

ကျွန်တော် ဒီအစီအစဉ်လေးကို စိတ်ထဲစပေါ်ပြီး စအကောင်အထည်ဖော်နေစဉ် အစောပိုင်းကာလမှာကတည်းက အမေ (ဒေါ်အောင်ဆန်းစုကြည်)ကို ဒီ အစီအစဉ်ရဲ့ ပုံစံလေးတွေ ဖွင့်ပြောတယ်။ အမေ (ဒေါ်အောင်ဆန်းစုကြည်)ကိုယ်တိုင်လည်း ကျေနပ်တယ်။ သဘောကျတယ်။ အခုအခွေ တကယ်လုပ်နေတဲ့ အချိန်မှာလည်း အားပေးတယ်။ ကျွန်တော်မရှင်းတဲ့ တချို့အချက်အလက်တွေကို မေးတဲ့အခါ ရှင်းပြတာမျိုးရှိတယ်။
ဒီအခွေ ဘယ်တော့ စတီးမလဲ။ စတူဒီယို၊ တီးဝိုင်း ဘယ်လိုစီစဉ်ထားလဲ။
ဒီအခွေက Dream Lover နဲ့ပဲ တီးမယ်။ ဒါပေမဲ့ တချို့က Music ပိုင်းအနေနဲ့ လိုအပ်တဲ့အတီးပညာရှင်တွေလည်းပါမယ်။ ဒီမှာ တစ်ခုရှိတာက ကျွန်တော်တို့ ဒီအခွေစတီးတော့မယ်ဆိုတာနဲ့ မြို့တစ်မြို့မြို့၊ တခြားနေရာ တစ်ခုခုကိုသွားမယ်။ စတူဒီယိုလိုက်ကြီး ရွှေ့သွားမယ်။ ဘယ်မြို့ဆိုတာတော့ ပြောလို့ မရသေးဘူး။
တစ်နေရာမှာသွားပြီး ဒီအခွေ အစအဆုံးတီးမယ်။ လိုအပ်တဲ့ တခြားပလေယာတွေကိုလည်း ခေါ်သွားမယ်။ စားရေးသောက်ရေး စီစဉ်တဲ့ အဖွဲ့တွေလည်းပါမယ်။ အဲ့ဒီတစ်နေရာမှာ အချိန်ကိုတော့ လောလောဆယ် ၅ လ ၊ အဲ့ဒီထက်လည်း ကြာရင်ကြာမယ်။ မှန်းထားတယ်။ ငါးလလောက် အဲ့ဒီမှာပဲ အမြဲတောက်လျှောက်နေပြီး ဒီအခွေကို သေချာလုပ်မယ်။

အဲ့ဒီလို စတူဒီယိုတစ်ခုလုံး တစ်နေရာကို ရွှေ့သွားပြီး ဖန်တီးတာက ဘယ်လိုကြောင့်လဲ။
ဘယ်လိုကြောင့်လဲဆိုတော့ ဒီအစီအစဉ်စလုပ်ပြီး ပြီးဆုံးတဲ့အထိကို ဒီစိတ်နဲ့ပဲနေ၊ ဒီစိတ်နဲ့ပဲစား ဒီစိတ်နဲ့ ပဲလုပ်ချင်တာဖြစ်တဲ့အတွက် ဒီတစ်ခုအပေါ်မှာပဲ သေချာအာရုံ စိုက်လုပ်မယ်။ ကိုယ့်စိတ်ထဲ မု(ဒ်)လာရင်လာသလို ထလုပ်ဖို့အတွက်က လွတ်လွတ်လပ်လပ် လုပ်မယ့်နေရာလိုတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီလိုစီစဉ်တယ်။ ဒီမှာတော့ ကျွန်တော်တို့ ဝိုင်းနဲ့ ကျွန်တော်တို့ စတူဒီယိုနဲ့ အသားကျပြီးဆိုပေမယ့်လည်း ဒီမှာက အပြင်အာရုံစိုက်စရာတွေများတယ်။ ဒီစီးရီးအပေါ်မှာပဲ သေချာအာရုံစိုက် လုပ်ချင်တဲ့ အတွက် ဒီလိုစီစဉ်ဖြစ်တာပါ။
ဒီကိစ္စမှာ စတူဒီယိုတစ်ခုလုံး ရွှေ့သွားမယ်။ ဟိုမှာလည်း ၅ လ၊ ၆ လ နီးပါး အချိန်ယူနေရမှာဖြစ်တဲ့အတွက် ငွေကုန်ကြေးကျ အရင်းအနှီးလည်းကြီးတယ်။ ဒီစီးရီးရဲ့ကုန်ကျစရိတ်တွေကိုကော ဘယ်လိုစီစဉ်ထားလဲ။ စပွန်ဆာရှိလား။ လင်းလင်းပဲ အကုန် ထုတ်မှာလား။
အဲဒါကို ပြောပြမယ်။ ကျွန်တော် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သီချင်းတွေ စလုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ကတည်းက ဒီကိစ္စနဲ့ပတ်သက်တဲ့ အစအဆုံး ကုန်ကျမယ့် ကုန်ကျစရိတ်အားလုံးကို ကျွန်တော်တစ်ယောက် တည်းပဲခံမယ်။ ဗိုလ်ချုပ်ခေါင်းစဉ်မို့လို့ စေတနာနဲ့ ရန်ပုံငွေတွေ ဘာတွေ လှူတာဆိုလည်း လက် မခံဘူး။ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်ဘယ်သူ့ရဲ့ကူညီ မှုမှယူမှာ မဟုတ်ပါဘူး။ ကျွန်တော်တစ်ယောက်တည်းရဲ့ ကုန်ကျမှုနဲ့ပဲ လုပ်မယ်။ ဒါပေမဲ့ အချက်အလက်နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ သမိုင်း အချက်အလက်တွေ ကူညီတာတော့ လက်ခံမယ်။ တကယ်လို့ ဝယ်စရာ ရှိတာမျိုးဆိုလည်း ဝယ်လိုက်မယ်။အဲ့ဒီအတွက် ငွေရေးကြေး ရေးနဲ့ ပတ်သက်တာ မှန်သမျှကျွန်တော်ပဲ တာဝန်ယူမှာပါ။
ရဲရဲ -မေးမြန်းသည် Popular Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။