Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 16, 2016

ကျန်းမာရေးအဆင့် မြင့်တက်အောင် အမျိုးသားတို့ ရှောင်ရှားသင့်သော အရာများ

ကျန်းမာရေးအဆင့် မြင့်တက်အောင် အမျိုးသားတို့ ရှောင်ရှားသင့်သော အရာများ

အမျိုးသားတွေ အနေနဲ့ ကိုယ့်ကျန်းမာရေး အဆင့်ကို မြှင့်တင်နိုင်ဖို့ ကျန်းမာရေး ကောင်းမွန်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ပေးရပါမယ်။ အထူးသဖြင့် အမျိုးသားတွေကို ကျန်းမာရေး ထိခိုက်စေတဲ့ အောက်ပါ အပြုအမူနဲ့ အလေ့အထ တွေကို ရှောင်သင့်ပါတယ်။

ဆရာဝန်ကို ရှောင်ရှားခြင်း
ဆရာဝန်နဲ့ ပြသရမှာကို ရှောင်ရှားတတ်တဲ့ နေရာမှာ အမျိုးသားတွေက နာမည်ကြီးပါတယ်။ ဆေးခန်းနဲ့ ဆရာဝန်ကို ရှောင်ရှားတတ်တဲ့ အကျင့်ဆိုးကြောင့် ရောဂါတွေကို နောက်ကျမှ သိရပြီး လွန်သွားတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုံမှန် မဟုတ်တဲ့ ကျန်းမာရေး ဝေဒနာတွေ ပေါ်လာရင် ဒါမှမဟုတ် အလိုလိုနေရင်း ပျောက်မသွားတဲ့ ရောဂါ လက္ခဏာတွေ ရှိနေရင် လျစ်လျူမထားဘဲ ဆရာဝန်နဲ့ ပြပြီး ကိုယ့်ဝေဒနာ အကြောင်း သိနားလည်အောင် ဆွေးနွေးသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ လေဖြတ်ရောဂါ စတဲ့ အန္တရာယ်တွေကို တိုးမြင့်စေပါတယ်။ လေ့လာမှုတွေ အရ ဆေးလိပ်ကို ပုံမှန် သောက်တာနဲ့ သူများ သောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူတာဟာ အဆုတ်ကို ညီတူ ညီမျှ ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။ ဆေးလိပ်သောက်သူ နေခဲ့တဲ့ အခန်း နံရံတွေမှာ စွဲနေတဲ့ ဆေးလိပ်ငွေ့ကို Third Smoke လို့ ခေါ်ပြီး အဲဒီ ဆေးလိပ်နံ့ကို ရှူရှိုက်မိရင်လည်း အဆုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အဆီ၊ သကြားနှင့် ဆားများသော အစားအသောက်များကို စားခြင်း
အဆီ၊ ဆိုဒီယမ်နဲ့ သကြားများတဲ့ အစားအသောက်တွေကို စားတာက သွေးတွင်း ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး သွေးတိုးစေပါတယ်။ ဒီအခြေအနေကို စောစောစီးစီး ကုသမှု မခံယူရင် နှလုံးကြွက်သားတွေ ထိခိုက်ပြီး အားနည်းကာ နှလုံးရောဂါနဲ့ နှလုံးရောဂါထတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ သွေးတွင်း ကိုလက်စထရော များတဲ့ အခြေအနေတွေဟာလည်း အယ်လ်ဇိုင်းမား ရောဂါ ဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

တာရှည် ခံစားရသည့် စိတ်ဖိစီးမှုကို လျစ်လျူရှုခြင်း
ရံဖန်ရံခါ ခံစားရတဲ့ စိတ်ဖိစီးမှုကို ရှောင်လွှဲလို့ ရပေမယ့် တာရှည် စိတ်ဖိစီးမှု ခံစားရတဲ့ အခြေအနေကတော့ အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ တာရှည် ဖိစီးမှုကြောင့် နှလုံးကြွက်သားတွေ နာကျင်ကာ သွေးတိုးတာ၊ ကော်တီစောနဲ့ အက်ပီနက်ဖရင်လို ဖိစီးမှု ဆိုင်ရာ ဟော်မုန်းတွေ တိုးစေတာတွေကို ဖြစ်စေနိုင်ပါတယ်။

အရက်ကို အလွန်အမင်း သောက်ခြင်း
တစ်နေ့မှာ ဝိုင်တစ်ခွက်ပဲ သောက်တာက နှလုံး ကျန်းမာရေး အန္တရာယ်ကို လျော့ကျစေတယ် ဆိုပေမယ့် အရက်ကို အလွန်အမင်း သောက်ရင်တော့ ကျန်းမာရေး ပြဿနာ အများစုရဲ့ ဖြစ်နှုန်းကို မြင့်တက်လာစေပါတယ်။ ခန္ဓာကိုယ်တွင်းက အင်္ဂါ အစိတ်အပိုင်း တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

နေရောင်ခံခြင်း
နေရောင်ခံတာ၊ နေပူထဲကို နေရောင်ကာ ခရင်မ် မလိမ်းဘဲ ထွက်တာနဲ့ နေပြင်းပြင်း ပူတဲ့ နံနက် ၁၀ နာရီနဲ့ ညနေ သုံးနာရီကြား အပြင်ထွက်တာ စတာတွေဟာ အရေပြားကင်ဆာ ဖြစ်နှုန်းကို မြင့်တက်စေတဲ့ အချက်တွေပါ။ ဒါကြောင့် နေရောင်ထဲကို တတ်နိုင်သမျှ မထွက်ဖို့နဲ့ အပြင်ထွက်ချိန်မှာ နေကာခရင်မ် လိမ်းဖို့ လိုပါတယ်။

ကိုယ်အလေးချိန် များစွာ မြင့်တက်ခြင်း
ကိုယ်အလေးချိန် များစွာ မြင့်တက်တာက ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ အခြေအနေ တစ်ရပ်ပါ။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ ဆီးချို သွေးချို ရောဂါ စတာတွေရဲ့ ဖြစ်နိုင်ခြေကို တိုးလာစေတာကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာ အထိပဲ ထားသင့်ပါတယ်။
စိတ်ကျရောဂါ လက္ခဏာများကို လျစ်လျူရှုထားခြင်း
အမေရိကန် အမျိုးသားတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက သေဆုံးနှုန်း အများဆုံး အကြောင်းရင်း ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရတဲ့ အဓိက အကြောင်းဟာ စိတ်ကျရောဂါကြောင့်ပါ။ သင့်အနေနဲ့ အစာ စားချင်စိတ် မရှိတာ၊ စိတ်တိုလွယ်တာ၊ ပင်ပန်း နုံးချိနေတာ၊ လိင်ဆန္ဒ လျော့ပါးတာ စတဲ့ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို ခံစားနေရရင် ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။

ဆရာဝန်၏ အကြံဉာဏ်ကို နားမထောင်ခြင်း
ခေတ်သစ် ဆေးပညာ တိုးတက်မှုဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် ဖွံဖြိုးနေပါတယ်။ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ ကုသနည်းအတိုင်း မလိုက်နာရင် ရောဂါ အခြေအနေကို ပိုဆိုးသွားစေနိုင်သလို နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း အများကြီး ခံစားရတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ပေးတဲ့ ဆေးတွေကို ဝေဒနာ သက်သာလာတယ် ဆိုရင်တောင် ရပ်မပစ်ပါနဲ့။ ဆရာဝန် ညွှန်ကြားတဲ့ ကာလအထိ ပြည့်အောင် သောက်ပေးပါ။ ဆေးကုသမှုနဲ့ ပတ်သက်ပြီး သင့်စိတ်ထဲ သိလိုတာ ရှိရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းပါ။

ကေအမ်
By Good Health
http://natureenergycares.blogspot.com/ မှရယူဖော်ပြအပ်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။