သားသမီးကို မုန့်ဖိုးအများကြီးမပေးနိုင်ရင်နေပါစေ
စာဖတ်တဲ့အကျင့်လေးတော့ရအောင်ကျင့်ပေးပါ။
အမေရိကန်ုနိုင်ငံရဲ့ နာမည်ကျော်သမ္မတကြီးဖြစ်ခဲ့
ဖူးတဲ့ အေဗရာဟင်လင်ကွန်းဟာ စာဖတ်တာကို
ငယ်ငယ်ကတည်းက အရမ်းကိုဝါသနာပါခဲ့ပါတယ်။
လင်ကွန်း ၉နှစ်သားမှာ အမေအရင်းက ဆုံးသွား
ခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖေနောက်ထပ်ယူတဲ့
မိထွေးက သူ့အပေါ်အရမ်းကောင်းခဲ့ပါတယ် ။
စာအုပ်စာပေတွေနဲ့ နီးစပ်အောင်လည်း ကူညီပေး
ခဲ့ပါတယ်။လင်ကွန်းဟာ စာအုပ်တစ်အုပ်ရှိတယ်လို့
သတင်းရတာနဲ့ အဲ့ဒိစာအုပ်ရှိရာကို မိုင်နဲ့ချီပြီးလမ်း
လျှောက်ကာ ရအောင်ငှားလေ့ရှိပါတယ်။ သူ့ရဲ့
စာဖတ်တဲ့အလေ့အကျင့်က သူ့ကိုအရမ်းထူးချွန်တဲ့
သူတစ်ယောက်ဖြစ်လာစေခဲ့ပါတယ် ။
သင့်မှာ ပိုက်ဆံတွေအများကြီးမရှိလို့  သင့်သားသမီး
ကို ပစ္စည်းအမွေမပေးနိုင်ရင် အနည်းဆုံးတော့
တကယ့် ပညာတတ်လေး တစ်ယောက်ဖြစ်အောင်
သင်လုပ်ပေးလို့ရပါတယ်။ ပညာတတ်ဆိုတာဘွဲ့တစ်ခု
ရထားတာကိုပြောတာမဟုတ်ပါဘူး။ စာအုပ်စာပေ
တွေဖတ်ပြီး လေ့လာတာတွေ များရင် ပညာတတ်ပါပဲ။
သူ့ရဲ့စဉ်းစားချင့်ချိန်ဥာဏ်ဟာ အခြားသူတွေနဲ့ကို
ကွာခြားနေပါလိမ့်မယ်။ သူ့ဘဝကိုလည်း သူ့ဘာသာ
ကိုင်တွယ်လာတတ်ပါလိမ့်မယ်။
အနည်းဆုံးတော့သားသမီးကို ငယ်ငယ်ကတည်းက
စာဖတ်တာမှာ ပျော်မွေ့အောင် ပြုလုပ်ပေးပါ။ ငယ်စဉ်
အခါမှာ ပုံပြင်လေးတွေ၊ ကာတွန်းလေးတွေနဲ့အစပျိုး
ပေးပါ။ နည်းနည်းအသက်ကြီးတဲ့အခါ ဗဟုသုတရမယ့်
စာမျိုးလေးတွေ ဖတ်ခိုင်းပါ။ စဉ်းစားချင့်ချိန်ဥာဏ်နည်း
နေသေးချိန်မှာတော့ ကလေးဖတ်တဲ့စာတွေကို စောင့်
ကြည့်ပေးပါ။ သူအရွယ်ရောက်လာတဲ့အချိန်မှာ တော့
ဘယ်လိုစာမျိုးက ဘဝအတွက်အသုံးဝင်လည်းဆိုတာ
သဘောပေါက်သွားပါလိမ့်မယ်။
ဥစ္စာပစ္စည်းဆိုတာ သူများခိုးလို့ရတယ်။ ပညာဆိုတာ
ဘယ်သူမှ ခိုးလို့မရပါဘူး။ ဒါ့ကြောင့် ပညာအမွေကို
ပေးဖြစ်အောင်ပေးပါ။
ကျွန်တော်ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ရင်းနှီး
အောင်လုပ်ပေးခဲ့တဲ့ အမေ့ကိုလည်းကျေးဇူးတင်ပါ
တယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
ဒီလိုစာမျိုးတွေဖတ်ချင်ရင်
https://www.facebook.com/ MoeShinnIMTFans/
ကိုLikeလုပ်ထားပေးအုံးနော်။
စာဖတ်တဲ့အကျင့်လေးတော့ရအောင
အမေရိကန်ုနိုင်ငံရဲ့ နာမည်ကျော်သမ္မတကြီးဖြစ်ခဲ့
ဖူးတဲ့ အေဗရာဟင်လင်ကွန်းဟာ စာဖတ်တာကို
ငယ်ငယ်ကတည်းက အရမ်းကိုဝါသနာပါခဲ့ပါတယ်။
လင်ကွန်း ၉နှစ်သားမှာ အမေအရင်းက ဆုံးသွား
ခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖေနောက်ထပ်ယူတဲ့
မိထွေးက သူ့အပေါ်အရမ်းကောင်းခဲ့ပါတယ်
စာအုပ်စာပေတွေနဲ့ နီးစပ်အောင်လည်း ကူညီပေး
ခဲ့ပါတယ်။လင်ကွန်းဟာ စာအုပ်တစ်အုပ်ရှိတယ်လို့
သတင်းရတာနဲ့ အဲ့ဒိစာအုပ်ရှိရာကို မိုင်နဲ့ချီပြီးလမ်း
လျှောက်ကာ ရအောင်ငှားလေ့ရှိပါတယ်။ သူ့ရဲ့
စာဖတ်တဲ့အလေ့အကျင့်က သူ့ကိုအရမ်းထူးချွန်တဲ့
သူတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်
သင့်မှာ ပိုက်ဆံတွေအများကြီးမရှိလို
ကို ပစ္စည်းအမွေမပေးနိုင်ရင် အနည်းဆုံးတော့
တကယ့် ပညာတတ်လေး တစ်ယောက်ဖြစ်အောင်
သင်လုပ်ပေးလို့ရပါတယ်။ ပညာတတ်ဆိုတာဘွဲ့တစ်ခု
ရထားတာကိုပြောတာမဟုတ်ပါဘူး။
တွေဖတ်ပြီး လေ့လာတာတွေ များရင် ပညာတတ်ပါပဲ။
သူ့ရဲ့စဉ်းစားချင့်ချိန်ဥာဏ
ကွာခြားနေပါလိမ့်မယ်။ သူ့ဘဝကိုလည်း သူ့ဘာသာ
ကိုင်တွယ်လာတတ်ပါလိမ့်မယ်။
အနည်းဆုံးတော့သားသမီးကို ငယ်ငယ်ကတည်းက
စာဖတ်တာမှာ ပျော်မွေ့အောင် ပြုလုပ်ပေးပါ။ ငယ်စဉ်
အခါမှာ ပုံပြင်လေးတွေ၊ ကာတွန်းလေးတွေနဲ့အစပျိုး
ပေးပါ။ နည်းနည်းအသက်ကြီးတဲ့အခါ ဗဟုသုတရမယ့်
စာမျိုးလေးတွေ ဖတ်ခိုင်းပါ။ စဉ်းစားချင့်ချိန်ဥာဏ်နည်း
နေသေးချိန်မှာတော့ ကလေးဖတ်တဲ့စာတွေကို စောင့်
ကြည့်ပေးပါ။ သူအရွယ်ရောက်လာတဲ့အချိန်မှာ
ဘယ်လိုစာမျိုးက ဘဝအတွက်အသုံးဝင်လည်းဆိုတာ
သဘောပေါက်သွားပါလိမ့်မယ်။
ဥစ္စာပစ္စည်းဆိုတာ သူများခိုးလို့ရတယ်။ ပညာဆိုတာ
ဘယ်သူမှ ခိုးလို့မရပါဘူး။ ဒါ့ကြောင့် ပညာအမွေကို
ပေးဖြစ်အောင်ပေးပါ။
ကျွန်တော်ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ရင်းနှီး
အောင်လုပ်ပေးခဲ့တဲ့ အမေ့ကိုလည်းကျေးဇူးတင်ပါ
တယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
ဒီလိုစာမျိုးတွေဖတ်ချင်ရင်
https://www.facebook.com/
ကိုLikeလုပ်ထားပေးအုံးနော်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။