ကိုယ့်ဆားနဲ့ ကမ္ဘာကြီးကိုလင်းလက်စေမယ်
-------------------------- --------------------
“ကျွန်မကို ရေတစ်ခွက်နဲ့ ဆားနှစ်ဇွန်းပေးပါ။ သူတို့ကို ကျွန်မ ၈နာရီကြာအောင် လင်းစေနိုင်ပါတယ်”
၂ဝ၁၅ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့မှာ အမေရိကန်သမ္မတအိုဘားမား၊ အလီဘာဘာတည်ထောင်သူ Jack Marတို့ဟာ APEC ဆွေးနွေးပွဲမှာ ရာသီဥတုအပြောင်းအလဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ ရး စတဲ့ပြဿနာတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဆွေးနွေးရာမှာ “စွန့်ဦးတီထွင်စံပြလူငယ်”လို့ အိုဘားမားတင်စားခဲ့တဲ့ ဖိလစ်ပိုင်လုပ်ငန်းရှင် Aisa Mijeno ဟာလည်း သူ့စိတ်ကူးအတွေးတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကမ္ဘာ့အလင်းစွမ်းအင်ရဲ့ကွာဟ ချက်ကို ချုံ့နိုင်ဖို့မျှော်လင့်ပါ တယ်” လို့ Aisaက ဆိုပါတယ်။
Aisa က “မီးရောင်းသူ”ပါ။ အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ Aisa က အင်ဂျင်နီယာတစ်ဦးဖြစ်သလို Greenpeace အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၅%- ၂ဝ% သောလူတွေဟာ ကျွန်းပေါ်မှာပဲနေထိုင်နေကြပါသေးတယ်။ အဲဒီကျွန်းတွေမှာ လျှပ်စစ်မီးမရှိပါဘူး။ ဖိလစ်ပိုင်းကျွန်းစုပေါင်း ၇ထောင်ကျော်ပေါ်မှာ နေထိုင်နေကြတဲ့နိုင်ငံသားတွေမှာ လျှပ်စစ်မီးမရှိဘဲ ရေနံဆီမီးခွက်ကိုသာ အသုံးပြုနေသေးတယ်ဆိုတာကို သူသတိထားခဲ့မိပါတယ်။
ဒီလိုရေနံဆီမီးခွက်ကို အသုံးပြုနေတာဟာ အန္တရာယ်ရှိတဲ့အပြင် လေထုကိုလည်း ညစ်ညမ်းစေပါတယ်။ ဘာကြောင့် လူတွေကို လုံခြုံမှုမပေးနိုင်ရမလဲ၊ ပိုလင်းလက်တဲ့ပတ်ဝန်းကျင်မေ ပးနိုင်ရမလဲလို့ သူတွေးခဲ့မိပါတယ်။ ဖိလစ်ပိုင် De La Salle တက္ကသိုလ် အင်ဂျင်နီယာကျောင်းဆရာတစ်ဦးဖြစ်တဲ့ Aisa ဟာ စွမ်းအင်သစ်ကိုတီထွင်ဖို့ စိတ်ကူးရခဲ့မိပါတယ်။ ဖိလစ်ပိုင်းကျွန်းစုမှာ အများဆုံးအပေါဆုံးရနိုင်တဲ့ ဆားနဲ့ ပင်လယ်ရေကတဆင့် လျှပ်စစ်မီးထုတ်ယူနိုင်ဖို့ သူစဉ်းစားမိလိုက်ပါတယ်။
လေ့လာစမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက်
ဆားရည် LED မီးအိမ်တစ်မျိုးကို သူတီထွင်နိုင်ခဲ့ပါတယ်။ ရေတစ်ခွက်နဲ့
ဆားလက်ဖက်ရည်ဇွန်း နှစ်ဇွန်းရှိရုံနဲ့ အဲဒီမီးလုံးကို
၈နာရီကြာထွန်းထားနိုင်ပါတယ် ။ အကယ်၍ ပင်လယ်ရေကိုအသုံးပြုမယ်ဆိုရ င် မီးတိုက်ရိုက်လင်းနိုင်ပါတယ်။ တကယ်တော့ ဆားရည်LED မီးအိမ်ရဲ့လုပ်ဆောင်ချက်ဟာ သာမန်ဓာတ်ခဲရဲ့လုပ်ဆောင်မှုနဲ့ အတူတူပဲဖြစ်ပါတယ်။ လျှပ်လိုက်ရည်(Electrolyte) အစား ဆားရည်ကိုအသုံးပြုလိုက်တာပဲ ဖြစ်တယ်။ ကျွန်းပတ်လည်မှာရှိတဲ့ ပင်လယ်ရေအရင်းအမြစ်နဲ့ ဒီထုတ်ကုန်သစ်ဟာ ကျွန်းသူကျွန်းသားတွေအတွက် သဘာဝကိုထိန်းသိမ်းနိုင်တဲ့အ ပြင် ထပ်တလဲလဲလည်းအသုံးပြုနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။
သိပ်မကြာလိုက်ပါဘူး.. Aisa ဟာ “ဆား”ဆိုတဲ့ ကုမ္ပဏီသေးလေးတစ်ခုကို တည်ထောင်လိုက်ပါတယ်။ အဲဒီကုမ္ပဏီမှာ ဝန်ထမ်းဆိုလို့ သူနဲ့သူ့အစ်ကိုပဲရှိပါတယ်။ ဖိလစ်ပိုင်ပြည်သူတွေအလင်းရဖို့
ဒီဆားရည် LEDမီးအိမ်ဟာ အဆင်ပြေဆုံးဖြစ်ခဲ့ပါတယ်။ ဒီဆားရည် LEDမီးအိမ်ဟာ
အလင်းရရုံတင်မက မီးအိမ်ပေါ်ပါတဲ့ USBကိုအသုံးပြုပြီး
ဖုန်းအားလည်းသွင်းနိုင်ပါတယ်။ လောလောဆယ် မီးအိမ် အခု၆ဝဝဖန်တီးပြီး ကျွန်းသူကျွန်းသားတွေစမ်းသုံးနိုင်ဖို့ Aisa ကြိုးစားနေပါတယ်။ ၂ဝ၁၆ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်အကောင်အထည်ဖော်ဖို့ စီမံထားပါတယ်။
ကုမ္ပဏီသေးပေမယ့် Aisaက ရည်မှန်းချက်ကြီးကြီးထားပါတ ယ်။
ဒီဖန်တီးမှုကို တစ်ကမ္ဘာလုံးအရောက် တွန်းပို့နိုင်ဖို့
သူမျှော်လင့်ထားပါတယ်။ ဒီမီးအိမ်ဟာ ကုန်ပစ္စည်းတစ်ခုတင်မက “ကမ္ဘာလုံးဆိုင်ရာ
ကူးလူးလှုပ်ရှားမှု”တစ်ရပ်လည်းဖြစ်ပါတယ်။ “ကမ္ဘာကိုပြောင်းလဲ”မယ့် ပြင်းပြတဲ့ဆန္ဒကြောင့် ဒီလုပ်ရပ်ကို အမေရိကန်အစိုးရက သတိထားခဲ့မိတာဖြစ်ပါတယ်။
APEC ဆွေးနွေးပွဲမစခင် ရှေ့တစ်ပတ်မှာ Aisa ဟာ သူ့စီမံကိန်းအတွက် အနယ်နယ်အရပ်ရပ်မှာ ရံပုံငွေရှာဖွေနေခဲ့ပါသေးတယ်။ ရုတ်တရက် အိမ်ဖြူတော်ကသူ့ဆီဖုန်းဆက်ြ ပီး သူ့လုပ်ငန်းကို သမ္မတအိုဘားမားစိတ်ဝင်စားကြောင်း၊ သူနဲ့တွေ့ဆုံနိုင်ဖို့မျှော်လင့်ကြောင့် ပြောလာခဲ့ပါတယ်။
ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကာကွယ်တားဆီးဖို့ အမေရိကန်အစိုးရက စွမ်းအင်သစ်စီမံကိန်းတွေကို အင်တိုက်အားတိုက်အားပေးနေခဲ့ တာဖြစ်ပါတယ်။ အိမ်ဖြူတော်ကလည်း နိုင်ငံအသီးသီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ ရးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုစီမံကိန်းသစ်တွေ ကို စောင့်ကြည့်လေ့လာသတိထားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် Aisaရဲ့ ဆားရည် LEDမီးအိမ်စီမံကိန်းကို သူတို့သတိထားခဲ့မိကြတာဖြစ်ပါတယ်။
သမ္မတအိုဘားမားက Aisa ကို Jack Ma နဲ့ ပေါင်းကူးတံတားအဖြစ်တည်ဆောက်ပေးပြီး Aisa ကိုလက်တွဲခေါ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေ ပြုလုပ်နိုင်ဖို့ Jack ကိုအကြံပေးခဲ့ပါတယ်။ ရေတစ်ခွက်၊ ဆားနှစ်ဇွန်းနဲ့ စီးပွားရေးအခွင့်အလမ်းသစ်ကိုရှာရင်း Aisaဟာ သဘာဝဝန်းကျင်ကိုထိန်းသိမ်းနိုင်တဲ့ ဆားရည်LEDမီးအိမ်ကို APEC စင်မြင့်ထက်ပို့ဆောင်ပြီး လူတွေရဲ့အလင်းအာရုံကိုစွဲဆောင်ခဲ့ပါတယ်။
-------
How to make a salt water Battery Lamp
https://www.youtube.com/ watch?v=5vOuj_feM2s
https://www.youtube.com/ watch?v=KJPNbJAPL2A
မူရင်းလင့် -- http://www.85nian.net/ shiye/53318.html
နိုင်းနိုင်းစနေ (May. 16. 2016)
--------------------------
“ကျွန်မကို ရေတစ်ခွက်နဲ့ ဆားနှစ်ဇွန်းပေးပါ။ သူတို့ကို ကျွန်မ ၈နာရီကြာအောင် လင်းစေနိုင်ပါတယ်”
၂ဝ၁၅ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့မှာ အမေရိကန်သမ္မတအိုဘားမား၊ အလီဘာဘာတည်ထောင်သူ Jack Marတို့ဟာ APEC ဆွေးနွေးပွဲမှာ ရာသီဥတုအပြောင်းအလဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ
“ကမ္ဘာ့အလင်းစွမ်းအင်ရဲ့ကွာဟ
Aisa က “မီးရောင်းသူ”ပါ။ အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ Aisa က အင်ဂျင်နီယာတစ်ဦးဖြစ်သလို Greenpeace အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးလည်းဖြစ
ဒီလိုရေနံဆီမီးခွက်ကို အသုံးပြုနေတာဟာ အန္တရာယ်ရှိတဲ့အပြင် လေထုကိုလည်း ညစ်ညမ်းစေပါတယ်။ ဘာကြောင့် လူတွေကို လုံခြုံမှုမပေးနိုင်ရမလဲ၊ ပိုလင်းလက်တဲ့ပတ်ဝန်းကျင်မေ
လေ့လာစမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက
သိပ်မကြာလိုက်ပါဘူး.. Aisa ဟာ “ဆား”ဆိုတဲ့ ကုမ္ပဏီသေးလေးတစ်ခုကို တည်ထောင်လိုက်ပါတယ်။ အဲဒီကုမ္ပဏီမှာ ဝန်ထမ်းဆိုလို့ သူနဲ့သူ့အစ်ကိုပဲရှိပါတယ်။ ဖိလစ်ပိုင်ပြည်သူတွေအလင်းရဖ
ကုမ္ပဏီသေးပေမယ့် Aisaက ရည်မှန်းချက်ကြီးကြီးထားပါတ
APEC ဆွေးနွေးပွဲမစခင် ရှေ့တစ်ပတ်မှာ Aisa ဟာ သူ့စီမံကိန်းအတွက် အနယ်နယ်အရပ်ရပ်မှာ ရံပုံငွေရှာဖွေနေခဲ့ပါသေးတယ
ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကာက
သမ္မတအိုဘားမားက Aisa ကို Jack Ma နဲ့ ပေါင်းကူးတံတားအဖြစ်တည်ဆောက
-------
How to make a salt water Battery Lamp
https://www.youtube.com/
https://www.youtube.com/
မူရင်းလင့် -- http://www.85nian.net/
နိုင်းနိုင်းစနေ (May. 16. 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။