Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 2, 2016

အင်ပါယာစတိတ်အဆောက်အဦးကြီး ဒီကနေ့မှာ သက်တမ်း ၈၅နှစ်ပြည့်ပြီတဲ့။

အင်ပါယာစတိတ်အဆောက်အဦးကြီး ဒီကနေ့မှာ သက်တမ်း ၈၅နှစ်ပြည့်ပြီတဲ့။
ဒီအဆောက်အဦးကို ၁၉၃ဝခုနှစ်မှာ နယူးယောက်မြို့ မာဟာတန်က ၅လမ်းမှာ စတင်တည်ဆောက်ခဲ့တယ်။ ရက်ပေါင်း ၄၁ဝအကြာမှာ လူတွေအံ့သြစေလောက်တဲ့မြန်နှုန်းနဲ့ သမိုင်းတွင်တဲ့ ဒီအဆောက်အဦးကြီး ဆောက်လုပ်ပြီးစီးသွားခဲ့တယ်။ ကမ္ဘာ့အံ့သြဖွယ်ရာ အင်ဂျင်နီယာပညာရပ် ၇ခုထဲက တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်။ နယူးယောက်ရဲ့nick name က “အင်ပါယာစတိတ်” ဖြစ်တာကြောင့် ဒီမိုးမျှော်တိုင်ကို အင်ပါယာစတိတ်အဆောက်အဦး (Empire State Building) လို့ အမည်ပေးခဲ့တယ်။




အမြင့် ၄၄၃မီတာရှိတဲ့ ဒီအဆောက်အဦးဟာ အမေရိကန်နိုင်ငံနဲ့ အမေရိကားတိုက်မှာ စတုတ္ထအမြင့်ဆုံးတိုက်ဖြစ်တယ်။ ကမ္ဘာ့ပေါ်မှာ နံပါတ် ၂၅နေရာမှာရှိတဲ့ တိုက်မြင့်ဖြစ်တယ်။ 



ခရီးသည်တင်လေယာဉ်ကြီးတွေ မပေါ်သေးခင်မှာ လူတွေက ဒီအဆောက်အဦးထိပ်မှာ လေသင်္ဘောကြီးတွေ ရပ်နားတဲ့နေရာလုပ်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။
၂၁ ရာစုမှာ ဒီအဆောက်အဦးကို ငွေကုန်ကြေးကျအများအပြားခံပြီး ပြုပြင်ဆောက်လုပ်ခဲ့ပါတယ်။ လျှပ်စစ်ကိုပိုချွေတာတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဆောက်အဦးကြီးတစ်ခုဖြစ်အောင် ကြိုးစားပြုပြင်ခဲ့ပါတယ်။


 (တရုတ်နှစ်သစ်ကူးညက တရုတ်လူမျိုးကိုယ်စားပြု အနီရောင်ကို ထွန်းညှိခဲ့ပါတယ်။)
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှာ ဒီအဆောက်အဦးကို မီးစနစ်အသစ်တွေလဲပစ်လိုက်ပါတယ်။ လျှပ်စစ်မီးချွေတာပြီး သဘာဝကိုထိန်းသိမ်းတဲ့ LED မီးတွေတပ်ဆင်လိုက်ပါတယ်။ ဆန်းသစ်တဲ့ မီးထိန်းချုပ်နည်းပညာနဲ့ ဒီအဆောက်အဦးကြီးကို မီးရောင်ပေါင်း ၁၆ မီလီယံပါတဲ့ ရောင်စုံမီးရောင်အဖြစ် မီးပဒေသာထွန်းညှိလို့ရခဲ့တယ်။
သာမန်အားဖြင့် ဒီအဆောက်အဦးရဲ့ထိပ်ပိုင်းမီးက အဖြူရောင်ပါ။ ထူးခြားတဲ့နေ့ရက်တွေမှာတော့ လှပတဲ့ရောင်စုံမီးတွေနဲ့ နယူးယောက်ကောင်းကင်ယံထက်မှာ ထိန်ထိန်ညီးနေတတ်ပါတယ်။ အစဉ်မပြတ်ပြောင်းလဲနေတဲ့ လှပတဲ့ဒီမီးရောင်တွေက နယူးယောက်မှာ ဘဝအတွက်ရုန်းကန်လှုပ်ရှားနေသူတွေကို စိတ်ကြည်နူးမှုပေးတဲ့ ဖျော်ဖြေမှုတစ်ခုဆိုလည်း မမှားပါဘူး။
ထူးခြားတဲ့နေ့ရက်မှာ ထူးခြားလှပတဲ့ ရောင်စုံမီးရောင်ရဲ့နောက်ကွယ်ကအဓိပ္ပာယ်ကို လူအများစိတ်ဝင်စားခဲ့ကြပါတယ်။ ထူးခြားတဲ့နေ့ရက်တွေမှာထွန်းညှိတဲ့ မီးရောင်တွေရဲ့အဓိပ္ပာယ်ကို ဒီဝက်ဆိုက်ဒ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
esbnyc.com/explore/tower-lights/calendar
ဒီညမှာလည်း နယူးယောက်မြို့တော်တော်များများနေရာကနေ အင်ပါယာစတိတ်အဆောက်အဦးရဲ့ လှပမှုကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ သူဟာ မီးပြတိုက်တစ်ခု၊ သင်္ကေတတစ်ခုလိုပါပဲ။ ရောင်စုံမီးတွေနဲ့ မနက် ၂ နာရီအထိ သူထိန်ထိန်လင်းနေမှာဖြစ်ပါတယ်။

၂ဝ၁၆ခုနှစ် ကမ္ဘာ့အမျိုးသမီးနေ့၊ ကုလသမ္မဂ္ဂက ပထမဆုံးအကြိမ် ကျင်းပတဲ့ HeForSheရဲ့ဖွင့်ပွဲနေ့လည်းဖြစ်တဲ့နေ့မှာ အင်ပါယာစတိတ်အဆောက်အဦးက ခရမ်းရောင်မီးကို ထွန်းညှိခဲ့ပါတယ်။ ဒါဟာ လိင်ခွဲခြားမှုမရှိ တန်းတူအခွင့်ရဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေကို ထောက်ခံတာပဲဖြစ်ပါတယ်။

ကမ္ဘာ့တစ်ဝန်းသဘာဝရံပုံငွေ (WWF= World Wide Fund for Nature) က နှိုးဆော်တဲ့ “Earth Hour” (တစ်နာရီအမှောင်ချ) မှာ မှိန်းပျပျမီးရောင်နဲ့ ဒီကမ္ဘာမြေကြီးပူနွေးလာတာကို မလိုလားကြောင်း လူတွေရဲ့ကိုယ်စားပြသနေခဲ့ပါတယ်။

၂ဝ၁၅ခုနှစ် နွေရာသီမှာ ထွန်းညှိတဲ့မီးရောင်က နယူးယောက်ညကို အုံအုံကြွကိုင်လှုပ်စေခဲ့တဲ့ မီးရောင်တွေပဲဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် ပရိုဂျက်တာနဲ့ Oceanic Preservation Society တို့ပူးပေါင်းပြီး တောင်ဖက်ခြမ်းတိုက်နံရံပေါ်မှာ ရှားပါးလာပြီဖြစ်တဲ့ တိရစ္ဆာန်ပုံတွေကို ပြသခဲ့တာဖြစ်ပါတယ်။ မျိုးတုံးတော့မယ့် တိရစ္ဆာန်တွေကို လူတွေသတိထားမိလာအောင်၊ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးကို ပိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်အောင် ဖြစ်ပါတယ်။
အင်ပါယာစတိတ်အဆောက်အဦးကြီးဟာ လှပတဲ့ရောင်စုံမီးရောင်တွေနဲ့ နယူးယောက်ကောင်းကင်ယံထက်ကိုထိုးဖောက်ပြီး ညပေါင်း ထောင်သောင်းမက လင်းလက်ခဲ့ပြီးဖြစ်ပါတယ်။
ဒီည ၂ဝ၁၆ခုနှစ် မေလ ၁ရက်နေ့ညမှာတော့ သူဟာ ၈၅နှစ်ပြည့်ပြီဖြစ်ပါတယ်။
ဒီညမှာ ဘာမီးရောင်တွေထွန်းညှိမလဲလို့ မဲပေးစနစ်နဲ့ လူတွေကို မဲပေးထားခိုင်းပါတယ်။ ဘယ်လိုဒီဇိုင်းမျိုးနဲ့ ထွန်းညှိမလဲ။ ဖရောင်းတိုင်ပုံစံလား၊ လက်ဆောင်ပစ္စည်းထုပ်ပုံစံလား၊ မီးရှူးမီးပန်းပုံစံလား၊ လက်ဆောင်ပစ္စည်းထုပ်တဲ့ ကာလာစက္ကူပုံစံလား… ဘယ်လိုပုံစံဖြစ်မလဲ စိတ်ဝင်စားရင် ရွေးကြည့်လိုက်ပါဦး…

https://en.wikipedia.org/wiki/Empire_State_Building
နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။