ဒီနွေကိုသာ မုန်းတော့သည်.....
**********************
လေက လေရူး၊ လေဘီလူးတည့်၊
ဟူးဟူးရိုင်းရိုင်း၊ ထင်ရာစိုင်းဆဲ...။
ဥဩငှက်လည်း.....
စိတ်ပျက်ဖွယ်ရာ၊ ဒီဂါထာချည်း၊
ကျက်စာ ရွတ်တုန်း၊ ဒီစာလုံးချည်း
ရွံမုန်းစရာ နွေရက်များ...။
ပန်းတွေက ကြွေ၊ စမ်းရေက ခန်း၊
လမ်းတွေက ခြောက်၊ ကမ်းက ကောက်လျှက်၊
နွားသောက်ရေမျှ မရခဲ့...။
ကြွေကျသစ်ရွက်၊ သစ်ကိုင်းထက်၌၊
ငှက်မျှမနား၊ မစည်ကားခဲ့...။
သစ် ဝါး မီးလောင်၊ ကတုံးပြောင်နှင့်၊
တောင်ပေါ်ရှုခင်း၊ ငေါင်စင်းစင်း...။
နွေပြင်းပြင်းတွင်.....
နေမင်းအာဏာ၊ စိုးသောခါမို့၊
မညှာညှင်းဆဲ၊ ရိုးတံမွဲနှင့်၊
ရပ်ထဲ ရွာမ၊ ချွတ်ခြုံကျခဲ့၊
ပူလှချည့်လေ၊ ဤသည့်နွေတွင်၊
မြေပပ်ကြားအက်၊ ဖုန်းဆိုးပျက်...။
မောင့်ချစ်သူငဲ့.....
နွေပူကြီးစိုး၊ ရာသီဆိုးတွင်၊
ပန်းမျိုးတစ်ရာ၊ ဘယ်ပွင့်မှာလဲ၊
မေတ္တာဆိတ်သုဉ်း၊ နွေကိုမုန်းသည်၊
မိုးချုပ်းသံကို ကြားရအောင်...။
တင်မိုး
**********************
လေက လေရူး၊ လေဘီလူးတည့်၊
ဟူးဟူးရိုင်းရိုင်း၊ ထင်ရာစိုင်းဆဲ...။
ဥဩငှက်လည်း.....
စိတ်ပျက်ဖွယ်ရာ၊ ဒီဂါထာချည်း၊
ကျက်စာ ရွတ်တုန်း၊ ဒီစာလုံးချည်း
ရွံမုန်းစရာ နွေရက်များ...။
ပန်းတွေက ကြွေ၊ စမ်းရေက ခန်း၊
လမ်းတွေက ခြောက်၊ ကမ်းက ကောက်လျှက်၊
နွားသောက်ရေမျှ မရခဲ့...။
ကြွေကျသစ်ရွက်၊ သစ်ကိုင်းထက်၌၊
ငှက်မျှမနား၊ မစည်ကားခဲ့...။
သစ် ဝါး မီးလောင်၊ ကတုံးပြောင်နှင့်၊
တောင်ပေါ်ရှုခင်း၊ ငေါင်စင်းစင်း...။
နွေပြင်းပြင်းတွင်.....
နေမင်းအာဏာ၊ စိုးသောခါမို့၊
မညှာညှင်းဆဲ၊ ရိုးတံမွဲနှင့်၊
ရပ်ထဲ ရွာမ၊ ချွတ်ခြုံကျခဲ့၊
ပူလှချည့်လေ၊ ဤသည့်နွေတွင်၊
မြေပပ်ကြားအက်၊ ဖုန်းဆိုးပျက်...။
မောင့်ချစ်သူငဲ့.....
နွေပူကြီးစိုး၊ ရာသီဆိုးတွင်၊
ပန်းမျိုးတစ်ရာ၊ ဘယ်ပွင့်မှာလဲ၊
မေတ္တာဆိတ်သုဉ်း၊ နွေကိုမုန်းသည်၊
မိုးချုပ်းသံကို ကြားရအောင်...။
တင်မိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။