http://www.zaygwet.com/ vision.php?id=611
ကန်ရေသောက်မြက်ခြောက်စား ဘ၀များ
တကယ်တမ်း ကန်ရေ သောက်၊ မြက်ခြောက်စားနေရတာ ခိုင်းနွားတွေပါ။ တစ်ဆယ့်နှစ်ရာသီ လုံးလုံး မြက်စိုစိုစားရတဲ့အခါက တစ်လနှစ်လပါ။ တတ်နိုင်တဲ့ ယာခင်းပိုင်ရှင်တွေနဲ့ ရွာသူဌေးတွေရဲ့ နွားတွေကတော့ နှမ်းဖတ်၊ မြေပဲ ဖတ်တွေနဲ့ အဆင်ပြေ အူစိုကြတာပေါ့ဗျာ။
မြေလတ်ဒေသမှာ မြစ်ရေတင်ပြီး စိုက်ကြတာရှိတယ်။ ဆည်ရေကို အဓိက အားထားရတဲ့ နယ်တွေရှိတယ်။ ချောင်းကို အားပြုရ တဲ့ ဒေသတွေ ရှိတယ်။ မိုးကို မျှော်ရတဲ့ နယ်တွေ ရှိတယ်။ တ ကယ်တော့ ကန်ရေ၊ ချောင်းရေ၊ မြစ်ရေနဲ့ တွင်းရေတွေက သူတို့ ဘဝတွေပါ။ သီးနှံအထွက်မ ကောင်းတဲ့နှစ်တွေ၊ မိုးမမှန်တဲ့နှစ် တွေဆိုရင် အကြွေးတင်ရုံမက တ ချို့ ယာတွေ၊ နွားတွေပါဆုံးရပြီး အငှားယာလုပ်ရတဲ့ ဘဝတွေကို ရောက်ရပါတယ်။
မိုးမှန်လေမှန်ပြီး သီးနှံ အထွက်ကောင်း၊ ဈေးကောင်းရတဲ့ နှစ်တွေမှာတော့ ထမင်းရေချောင်း စီး၊ မောင်းတီးပြီးလှူတဲ့အလှူဆို တာ အညာမှာပဲ ရှိတာပါ။ ရတဲ့ ပစ္စည်းက သမ္မာအာဇီဝကျပြီးရတဲ့ငွေကလည်း သန့်တယ်လေ။
အဲ့လို ဘာသာ၊ သာသနာအကျိုးကိုလည်း ရှေ့တန်းတင်ခဲ့တဲ့ ဒေသတွေပါ။ နဖူးကချွေး ခြေမကျအောင် ထွန်ယက်လုပ်ကိုင်ပြီး အူ စိုအောင် ရုန်းကန်နေရတဲ့ ဒေသတွေပါ။ ဘဝထိုထိုမှာ မြေနဲ့ ဖက်ပြီး လုပ်ကိုင်စားသောက်နေကြ ရတဲ့ ဘဝတွေက တိုင်းပြည်မှာ အများသား။
ပညာရှင်များအဆိုအရ အသုံးချလို့ မရတဲ့မြေရယ်လို့မရှိပါဘူးတဲ့ ။ စိုက်လို့ပျိုးလို့မရပေမယ့်
စက်မှုဇုန်တွေ တည်ဆောက်မယ်၊ ငါး ကန်တွေတူးမယ် အစရှိသဖြင့် တစ်နည်းနည်းနဲ့
သုံးလို့ရတဲ့ မြေတွေ ရှိပါတယ်လို့ဆိုကြပါ တယ်။ ဒါပေမယ့် ရှေ့အနာဂတ် အ
တွက်ရေရော၊ မြေပါ ရေရှည် ဖူလုံဖို့အန္တရာယ်တွေရှိတယ်။ လက်ရှိအခြေအနေအရ မြေဆီ လွှာပြုန်းတီးမှုကို ရင်ဆိုင်နေရတဲ့ ဒေ သတွေတိုးလာတယ်လို့ သိရ တယ်။
ရှမ်းတောင်တန်းတွေဘက်မှာ လှေကားထစ်စိုက်ပျိုးကြတယ်။ ဒီနည်းစနစ်က မြေဆီလွှာအတွက် အကျိုးရှိပါတယ်။ တချို့ဒေသတွေ မှာ ဥယျာဉ်လို့ခေါ်တဲ့ ထွန်ယက်စိုက်ပျိုးခြင်းမရှိ ဘဲ
စိုက်ပျိုးကြတာ ရှိတယ်။ ဒါလည်း မြေဆီလွှာအတွက် အကျိုးရှိတာပါပဲ။ ထွန်ပြီး
ယက်ပြီး စိုက်ရတဲ့ ယာတွေမှာ လည်း စိုက်ပျိုးတဲ့အပင်ကို အလှည့်ကျစနစ်နဲ့
စိုက်ကြရင်လည်း မြေဆီလွှာပျက်စီးတာနည်းပါတယ် ။
ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲတာလည်း မြေဆီလွှာအတွင်းမှာရှိတဲ့
ကောင်းကျိုးပြုတဲ့ ပိုးတွေ သေဆုံးစေတဲ့အတွက် မြေ ဆီလွှာအတွက် အန္တရာယ်ရှိပါ
တယ်။
ပြည်တွင်းမှာ မိရိုးဖလာ နည်းအတိုင်း မျိုးစေ့ချန်ပြီး အဲဒီမျိုးရင်းကိုပဲ ပြန်ပြီးစိုက်ပျိုးတာလည်း အကျိုးများပါတယ်။ ကိုယ့်ယာခင်း ရဲ့ အနီးမှာ ဥယျာဉ်အတွင်းမှာ သက်ရင့်ပင်တွေကို စိုက်ပျိုးထား ခြင်းကလည်း မြေဆီလွှာရဲ့တန်ဖိုးကို အကျိုးရှိစေပါတယ်။ မြေဆီလွှာ အတွင်းမှာရှိတဲ့ ဆားငန်ဓာတ် ကလည်း မြေဆီလွှာအတွက် အကျိုးရှိစေတဲ့အတွက်ထိန်းထားဖို့လိုအပ်ပါတယ်။
ဒီအကြောင်းတွေက ပညာရှင်တွေဆီမှ သိရတဲ့ နည်း စနစ်တွေပါ။ တကယ့်တကယ်တော့ မြေနဲ့ဖက်ပြီးလုပ်စားနေရတဲ့
တောင်သူ ယာလုပ်နေကြတဲ့ သူတွေအပေါ်မှာသာ တာဝန်ရှိတာပါ။ ကိုယ့်ကို
အကျိုးရှိစေတဲ့ မြေ၊ ရေ၊ တော၊ တောင်တွေကို ကိုယ်ကပဲ ထိန်း
သိမ်းစောင့်ရှောက်ရမှာဖြစ်ြ ပီး ဒီသဘာဝပတ်ဝန်းကျင်တွေကို အမြဲမပြတ် ကာကွယ်စောင့်ရှောက်ရမှာပါ။
သောက်ရသုံးရတော့ ကန်ရေ၊ တွင်းရေ၊ မြစ်ရေ၊ ချောင်း ရေ။ ဒီမြေ ဒီရေမှာ ဘိုးစဉ်ဘောင် ဆက် ကိုယ့်ဆီကိုယ်ကြိတ်စားပြီး ကိုယ့်ပြောင်း၊ ကိုယ့်ဆန်၊ ကိုယ့်သီး နှံတွေနဲ့ တစ်ဝမ်းတစ်ခါးကို ရှာဖွေ လုပ်ကိုင် စားသောက်နေရတဲ့ ကျေးလက်ဒေသတွေမှာ သင်ရတဲ့ စာက ဘုန်းကြီးကျောင်းပညာရေး၊ ကျေးလက်တွဲဖက်ကျောင်း။ ခေတ် ပညာတတ်ဆိုတာ မြို့ကြီးပြကြီး တွေမှာသာ ရှိတဲ့ ဒေသတွေပါ။ ရွာ တွဲဖက်ကျောင်းဆိုတာကလည်း ဆရာ၊ ဆရာမက မမြဲ။ သင်ခန်း စာတွေက တိုးလိုးတန်းလန်းနဲ့။ လေးတန်းနဲ့ ကျောင်းထွက်။ သေ စာရှင်စာလေး တတ်ရင် ပြီးပြီဆိုပြီး နွားနဲ့အတူ ရုန်းကန်နေကြရတဲ့ ဘဝတွေပေါ့။
ဒါပေမယ့် သဘာဝ ပြောင်းစစ်စစ်ကို စားရတယ်။ လတ်ဆတ်ပြီးသန့်ရှင်းတဲ့ ကောက်ပဲသီးနှံတွေကို စားရတယ်။ ဆီစစ်စစ်ကို စားသုံး ရတယ်။ သရေစာဖြစ်တဲ့ ဖရဲသီးကိုတောင် လတ်လတ်ဆတ်ဆတ် စားရပါတယ်။ အိမ်မှာ ဘူးစင်လေးရှိတယ်။ ချဉ်ပေါင်ခင်း ရှိတယ်။ ရွာရိုးမှာ ဆူးပုပ်၊ ကင်းပုံဆိုတဲ့ ဟင်း စားပင်တွေ ရှိတယ်။ ငရုတ်သီးဆို တာကလည်း ကိုယ့်ငရုတ်ကိုယ် အခြောက်လှန်းပြီး ထောင်း ထားတာဆိုတော့ အရောအနှောကင်းတဲ့ ငရုတ်သီးမှုန့်ကို စားရတယ်။
ဒီမိုး၊ ဒီမြေ၊ ဒီရေနဲ့ နဖူးကချွေး မြေကျရတဲ့အထိ ချွေးနဲ့ရင်းရတဲ့ဒေသတွေမှာ ချွေးနှဲစာလို့ခေါ်တဲ့ ကိုယ့်ချွေးနဲ့ရင်းပြီးမှရတဲ့ အကျိုး အမြတ်တွေကိုသာတန်ဖိုးထားကြတဲ့
ဒေသတွေပါ။ တချို့စံပြကျေးရွာတွေကတော့ ခေတ်မီသလောက်ရှိလာပေမယ့် ခေါင်တဲ့
ရွာတွေ မှာတော့ မိကန်ရေသောက် မြက်ခြောက်စားဆိုပြီး
ခပ်နှိမ်နှိမ်ပြောကြတဲ့စကား က
မှန်ပါတယ်။ ရိုင်းမလိုလိုနဲ့ ယဉ်ပါတယ်။ လူတွေ က တော့ ခုထိကန်ရေသောက်နေရ
ပြီး နွားတွေက မြက်ခြောက်စားနေ ရသေးတဲ့ ဘဝတွေ ရှိနေပါသေးတယ်။ရိုးဖလာနေထို င်နည်း အတိုင်း နေထိုင်နေကြတုန်း ပါ။
နိုင်သာ
ကန်ရေသောက်မြက်ခြောက်စား ဘ၀များ
တကယ်တမ်း ကန်ရေ သောက်၊ မြက်ခြောက်စားနေရတာ ခိုင်းနွားတွေပါ။ တစ်ဆယ့်နှစ်ရာသီ လုံးလုံး မြက်စိုစိုစားရတဲ့အခါက တစ်လနှစ်လပါ။ တတ်နိုင်တဲ့ ယာခင်းပိုင်ရှင်တွေနဲ့ ရွာသူဌေးတွေရဲ့ နွားတွေကတော့ နှမ်းဖတ်၊ မြေပဲ ဖတ်တွေနဲ့ အဆင်ပြေ အူစိုကြတာပေါ့ဗျာ။
မြေလတ်ဒေသမှာ မြစ်ရေတင်ပြီး စိုက်ကြတာရှိတယ်။ ဆည်ရေကို အဓိက အားထားရတဲ့ နယ်တွေရှိတယ်။ ချောင်းကို အားပြုရ တဲ့ ဒေသတွေ ရှိတယ်။ မိုးကို မျှော်ရတဲ့ နယ်တွေ ရှိတယ်။ တ ကယ်တော့ ကန်ရေ၊ ချောင်းရေ၊ မြစ်ရေနဲ့ တွင်းရေတွေက သူတို့ ဘဝတွေပါ။ သီးနှံအထွက်မ ကောင်းတဲ့နှစ်တွေ၊ မိုးမမှန်တဲ့နှစ် တွေဆိုရင် အကြွေးတင်ရုံမက တ ချို့ ယာတွေ၊ နွားတွေပါဆုံးရပြီး အငှားယာလုပ်ရတဲ့ ဘဝတွေကို ရောက်ရပါတယ်။
မိုးမှန်လေမှန်ပြီး သီးနှံ အထွက်ကောင်း၊ ဈေးကောင်းရတဲ့ နှစ်တွေမှာတော့ ထမင်းရေချောင်း စီး၊ မောင်းတီးပြီးလှူတဲ့အလှူဆို
အဲ့လို ဘာသာ၊ သာသနာအကျိုးကိုလည်း ရှေ့တန်းတင်ခဲ့တဲ့ ဒေသတွေပါ။ နဖူးကချွေး ခြေမကျအောင် ထွန်ယက်လုပ်ကိုင်ပြီး အူ စိုအောင် ရုန်းကန်နေရတဲ့ ဒေသတွေပါ။ ဘဝထိုထိုမှာ မြေနဲ့ ဖက်ပြီး လုပ်ကိုင်စားသောက်နေကြ ရတဲ့ ဘဝတွေက တိုင်းပြည်မှာ အများသား။
ပညာရှင်များအဆိုအရ အသုံးချလို့ မရတဲ့မြေရယ်လို့မရှိပါဘူးတဲ
ရှမ်းတောင်တန်းတွေဘက်မှာ လှေကားထစ်စိုက်ပျိုးကြတယ်။ ဒီနည်းစနစ်က မြေဆီလွှာအတွက် အကျိုးရှိပါတယ်။ တချို့ဒေသတွေ မှာ ဥယျာဉ်လို့ခေါ်တဲ့ ထွန်ယက်စိုက်ပျိုးခြင်းမရှိ
ပြည်တွင်းမှာ မိရိုးဖလာ နည်းအတိုင်း မျိုးစေ့ချန်ပြီး အဲဒီမျိုးရင်းကိုပဲ ပြန်ပြီးစိုက်ပျိုးတာလည်း အကျိုးများပါတယ်။ ကိုယ့်ယာခင်း ရဲ့ အနီးမှာ ဥယျာဉ်အတွင်းမှာ သက်ရင့်ပင်တွေကို စိုက်ပျိုးထား ခြင်းကလည်း မြေဆီလွှာရဲ့တန်ဖိုးကို အကျိုးရှိစေပါတယ်။ မြေဆီလွှာ အတွင်းမှာရှိတဲ့ ဆားငန်ဓာတ် ကလည်း မြေဆီလွှာအတွက် အကျိုးရှိစေတဲ့အတွက်ထိန်းထာ
ဒီအကြောင်းတွေက ပညာရှင်တွေဆီမှ သိရတဲ့ နည်း စနစ်တွေပါ။ တကယ့်တကယ်တော့ မြေနဲ့ဖက်ပြီးလုပ်စားနေရတဲ့
သောက်ရသုံးရတော့ ကန်ရေ၊ တွင်းရေ၊ မြစ်ရေ၊ ချောင်း ရေ။ ဒီမြေ ဒီရေမှာ ဘိုးစဉ်ဘောင် ဆက် ကိုယ့်ဆီကိုယ်ကြိတ်စားပြီး ကိုယ့်ပြောင်း၊ ကိုယ့်ဆန်၊ ကိုယ့်သီး နှံတွေနဲ့ တစ်ဝမ်းတစ်ခါးကို ရှာဖွေ လုပ်ကိုင် စားသောက်နေရတဲ့ ကျေးလက်ဒေသတွေမှာ သင်ရတဲ့ စာက ဘုန်းကြီးကျောင်းပညာရေး၊ ကျေးလက်တွဲဖက်ကျောင်း။ ခေတ် ပညာတတ်ဆိုတာ မြို့ကြီးပြကြီး တွေမှာသာ ရှိတဲ့ ဒေသတွေပါ။ ရွာ တွဲဖက်ကျောင်းဆိုတာကလည်း ဆရာ၊ ဆရာမက မမြဲ။ သင်ခန်း စာတွေက တိုးလိုးတန်းလန်းနဲ့။ လေးတန်းနဲ့ ကျောင်းထွက်။ သေ စာရှင်စာလေး တတ်ရင် ပြီးပြီဆိုပြီး နွားနဲ့အတူ ရုန်းကန်နေကြရတဲ့ ဘဝတွေပေါ့။
ဒါပေမယ့် သဘာဝ ပြောင်းစစ်စစ်ကို စားရတယ်။ လတ်ဆတ်ပြီးသန့်ရှင်းတဲ့ ကောက်ပဲသီးနှံတွေကို စားရတယ်။ ဆီစစ်စစ်ကို စားသုံး ရတယ်။ သရေစာဖြစ်တဲ့ ဖရဲသီးကိုတောင် လတ်လတ်ဆတ်ဆတ် စားရပါတယ်။ အိမ်မှာ ဘူးစင်လေးရှိတယ်။ ချဉ်ပေါင်ခင်း ရှိတယ်။ ရွာရိုးမှာ ဆူးပုပ်၊ ကင်းပုံဆိုတဲ့ ဟင်း စားပင်တွေ ရှိတယ်။ ငရုတ်သီးဆို တာကလည်း ကိုယ့်ငရုတ်ကိုယ် အခြောက်လှန်းပြီး ထောင်း ထားတာဆိုတော့ အရောအနှောကင်းတဲ့ ငရုတ်သီးမှုန့်ကို စားရတယ်။
ဒီမိုး၊ ဒီမြေ၊ ဒီရေနဲ့ နဖူးကချွေး မြေကျရတဲ့အထိ ချွေးနဲ့ရင်းရတဲ့ဒေသတွေမှာ ချွေးနှဲစာလို့ခေါ်တဲ့ ကိုယ့်ချွေးနဲ့ရင်းပြီးမှရတ
နိုင်သာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။