ချစ်သူဆီမှကာမကို လှည့်ဖျားရယူနိုင်တဲ့ဆေး
--------
အခုပုံမှာ မြင်တွေ့ရတဲ့ France Silver Fox ဆိုတဲ့ဆေးဟာ ကာမစိတ်ကြွဆေးတစ်မျိုး ဖြစ်ပါတယ်။
အဲဒီဆေးခတ်ထားတဲ့ ရေ၊ ဖျော်ရည်၊ လက်ဖက်ရည်၊ အစားအစာ စတာတွေကို သောက်မိရင် ၁၅ မိနစ်မှ နာရီဝက်အတွင်း ချက်ချင်းဆိုသလို ကာမအာရုံသွေးကြောတွေကို အစွမ်းကုန် ပွင့်ထွက်လာစေပြီး အထူးသဖြင့် မိန်းကလေးတွေဟာ သတိလက်လွတ်ဖြစ်ပြီး ကာမဆက်ဆံချင်တဲ့ စိတ်ကို တဖွားဖွားပေါ်ပေါက်လာစေတယ်လို့ သိရပါတယ်။
ဆေးဗူးကာဗာမှာ ရေးထားတဲ့ ကပေါက်တိကပေါက်ချာ တရုတ်စာနဲ့ အင်္ဂလိပ်စာတွေကို ရေးထားတယ်ဆိုတော့ ဒီဆေးဟာ ဘယ်တိုင်းပြည်က ဘယ်လိုမသမာနည်းနဲ့ ထုတ်ပြီး တင်ပို့လိုက်သလဲဆိုတာ စာဖတ်သူအနေနဲ့ တန်းပြီးသိနိုင်မှာပါ။
ဆေးရည်တစ်ပုလင်းကိုမှ မြန်မာကျပ်ငွေ ၆၀၀၀ နဲ့ မူဆယ်၊ ရွှေလီ၊ မန္တလေး၊ ရန်ကုန် စတဲ့မြို့တွေမှာ လမ်းဘေးဆိုင်မှာကအစ အလွယ်တကူ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။
ဆရာဝန်တစ်ယောက်ကတော့ ဒီဆေးဗူးကို ဖောက်ကြည့်ပြီး အထဲက ဆေးအညွန်းစာတွေကို အခေါက်အခေါက်အခါခါ ဖတ်ကြည့်ပေမယ့် ဖြစ်ကတတ်ဆန်းရေးထားတဲ့ တရုတ်စာတွေကို ဘာသာပြန်ကြည့်ခြင်းအားဖြင့်
ကာမစိတ်ကြွဆေးလို့ အတိအကျပြောရခက်ပေမယ့် မူးယစ်စေတဲ့ဆေးတစ်မျိုး
ဖြစ်နိုင်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တယ်ဆိုတာကို
ဖွင့်ဟထားပါတယ်။
ကဲ... ပျိုမေတို့ရေ။
ချစ်သူများနေ့နဲ့ သင်္ကြန်တို့လိုအခါမျိုးမှာ ပျိုမေတို့ရဲ့ တန်းဖိုးရှိလှတဲ့ ဂုဏ်ရည်ကို မသမာနည်းနဲ့ လှည့်ဖြားရယူသွားနိုင်တဲ့ လူယုတ်မာအချို့ရဲ့ လှည့်ကွက်များကို အမှုမဲ့အမှတ်မနေပဲ သတိလေးသာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ကြပါလို့ သတိပေးစကား ပါးလိုက်ပါတယ်နော်။
---
မသမာသူတို့၏လက်မှ ရှောင်ကြဉ်နိုင်ရန်-
(၁) ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။
(၂) အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။
(၂) ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။
(၄) အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။
(၅) ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။
(၆) ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။
အမျိုးကောင်းသမီးလေးများ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေနော်။
မေသက်နှင်း (ပျိုမေတို့သိစေဖို့)
--------
အခုပုံမှာ မြင်တွေ့ရတဲ့ France Silver Fox ဆိုတဲ့ဆေးဟာ ကာမစိတ်ကြွဆေးတစ်မျိုး ဖြစ်ပါတယ်။
အဲဒီဆေးခတ်ထားတဲ့ ရေ၊ ဖျော်ရည်၊ လက်ဖက်ရည်၊ အစားအစာ စတာတွေကို သောက်မိရင် ၁၅ မိနစ်မှ နာရီဝက်အတွင်း ချက်ချင်းဆိုသလို ကာမအာရုံသွေးကြောတွေကို အစွမ်းကုန် ပွင့်ထွက်လာစေပြီး အထူးသဖြင့် မိန်းကလေးတွေဟာ သတိလက်လွတ်ဖြစ်ပြီး ကာမဆက်ဆံချင်တဲ့ စိတ်ကို တဖွားဖွားပေါ်ပေါက်လာစေတယ်လိ
ဆေးဗူးကာဗာမှာ ရေးထားတဲ့ ကပေါက်တိကပေါက်ချာ တရုတ်စာနဲ့ အင်္ဂလိပ်စာတွေကို ရေးထားတယ်ဆိုတော့ ဒီဆေးဟာ ဘယ်တိုင်းပြည်က ဘယ်လိုမသမာနည်းနဲ့ ထုတ်ပြီး တင်ပို့လိုက်သလဲဆိုတာ စာဖတ်သူအနေနဲ့ တန်းပြီးသိနိုင်မှာပါ။
ဆေးရည်တစ်ပုလင်းကိုမှ မြန်မာကျပ်ငွေ ၆၀၀၀ နဲ့ မူဆယ်၊ ရွှေလီ၊ မန္တလေး၊ ရန်ကုန် စတဲ့မြို့တွေမှာ လမ်းဘေးဆိုင်မှာကအစ အလွယ်တကူ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။
ဆရာဝန်တစ်ယောက်ကတော့ ဒီဆေးဗူးကို ဖောက်ကြည့်ပြီး အထဲက ဆေးအညွန်းစာတွေကို အခေါက်အခေါက်အခါခါ ဖတ်ကြည့်ပေမယ့် ဖြစ်ကတတ်ဆန်းရေးထားတဲ့ တရုတ်စာတွေကို ဘာသာပြန်ကြည့်ခြင်းအားဖြင့်
ကဲ... ပျိုမေတို့ရေ။
ချစ်သူများနေ့နဲ့ သင်္ကြန်တို့လိုအခါမျိုးမှာ ပျိုမေတို့ရဲ့ တန်းဖိုးရှိလှတဲ့ ဂုဏ်ရည်ကို မသမာနည်းနဲ့ လှည့်ဖြားရယူသွားနိုင်တဲ့ လူယုတ်မာအချို့ရဲ့ လှည့်ကွက်များကို အမှုမဲ့အမှတ်မနေပဲ သတိလေးသာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ကြပါလို့ သတိပေးစကား ပါးလိုက်ပါတယ်နော်။
---
မသမာသူတို့၏လက်မှ ရှောင်ကြဉ်နိုင်ရန်-
(၁) ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။
(၂) အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။
(၂) ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။
(၄) အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။
(၅) ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။
(၆) ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။
အမျိုးကောင်းသမီးလေးများ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေနော
မေသက်နှင်း (ပျိုမေတို့သိစေဖို့)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။