ပိုးဟပ်
----------
Google ရဲ့ CEO Sundar Pichai ပြောပြခဲ့တဲ့ သင်ခဏ်းစာလေး တစ်ခုကို မျှဝေပါရစေ။
စားသောက်ဆိုင် တစ်ဆိုင်မှာ အမျိုးသမီး တစ်ဦးရဲ့ ပုခုံးပေါ်ကို ပိုးဟပ်လေးတစ်ကောင် လာနားတယ်။ ပိုးဟပ်ကို တွေ့တဲ့အခါမှာ အမျိုးသမီးဟာ ကြောက်လန့်တကြား အော်ဟစ်လို့ ခုန်ပေါက်ပြီး ပိုးဟပ်ကို ခါချနေခဲ့တယ်။ ဒီလိုမျိုး ပြုမူနေတဲ့အခါ သူ့စိုးရိမ်မှုက ဘေးမှာ ပါလာတဲ့ သူငယ်ချင်းတွေဆီကိုပါ ကူးစက် သွားတယ်။ သူတို့လဲ ဒီအခါမှာ သူငယ်ချင်းနည်းတူ အကြီးအကျယ် အော်ဟစ်လို့ ခုန်ပေါက် နေကြတာပေါ့။
နောက်ဆုံး မှာတော့ ပိုးဟပ်လေးဟာ အမျိုးသမီးဆီက ထပျံသွားတယ်။ သို့သော်... စောစောက အမျိုးသမီးရဲ့ နံဘေးက အပေါင်းအဖော် တစ်ယောက်ဆီကို ပျံသွားခြင်း ဖြစ်တဲ့အတွက်ကြောင့် ဦးဆောင် အော်ဟစ်သူသာ ပြောင်းလဲသွားတယ်။ ဆူညံသံက လျော့မသွား။
ဒီလိုနဲ့ စားပွဲထိုးလေးတစ်ယောက်က မှာထားတဲ့ ဟင်းလျာ လာချတဲ့အခါ ပိုးဟပ်လေးဟာ တစ်ယောက်ပြီး တစ်ယောက် ကူးနေရင်းက စားပွဲထိုးလေးဆီကို နောက်ဆုံး ရောက်လာတယ်။
စားပွဲထိုးလေးဟာ အခြေအနေကို ဘာမှ မသိသေးတဲ့အခါ ချက်ချင်းခြေလှမ်းတွေရပ်လို က်တယ်။
သူ့အင်္ကျီပေါ်မှာ နားနေတဲ့ ပိုးဟပ်လေးရဲ့ အပြုအမူကို ငြိမ်သက်စွာ နဲ့
စူးစမ်းကြည့်လိုက်တယ်။ နားလည်ပြီ ဆိုတော့မှ ပိုးဟပ်လေးကို တစ်ချက်ထဲနဲ့
သေချာယူလိုက်ပြီးတော့ စားသောက်ဆိုင် အပြင်ကို လွှင့်ပစ်လိုက်တယ်။
ကော်ဖီသောက်ရင်း အဖြစ်အပျက်တွေ အကုန်တွေ့လိုက်ရတဲ့ ကျွန်တော်ဟာ ဒီဖြစ်စဉ်ကနေ အတွေးအချို့ ရရှိခဲ့တယ်။ စောစောက ကမ္ဘာပျက်မတတ် အော်ဟစ်သံတွေရဲ့ တရားခံက ပိုးဟပ်ရော ဟုတ်ရဲ့လား။ ဟုတ်ခဲ့ရင် စားပွဲထိုးကရော ဘာကြောင့် နည်းနည်းလေးမှ ထိခိုက်မှုမရှိရတာလဲ။ ဘာကြောင့် အတည်ငြိမ်ဆုံးနဲ့ ယောက်ယက်မခတ်ပဲ ဖြေရှင်းသွားနိုင်ရတာလဲ။ သေချာစွာ ဆန်းစစ် ကြည့်တော့ တကယ့် အဓိက တရားခံက ပိုးဟပ်မဟုတ်။ ပိုးဟပ်ကို လက်ခံနိုင်စွမ်း မရှိခြင်းက တရားခံပါပဲ။
ကိစ္စတစ်ခုနဲ့ ပတ်သက်လို့ အထက်အရာရှိက ဆူပူကြိမ်းမောင်းတာ ခံရတဲ့အခါ ကျွန်တော်တို့ တတွေ စိတ်ညစ်/ စိတ်ဆင်းရဲ ရပါတယ်။ ဒီလို ဖြစ်ရခြင်းရဲ့ အကြောင်း တရားခံက ဆူပူကြိမ်းမောင်းခြင်း မဟုတ်။ ဆူပူကြိမ်းမောင်းခြင်းကို လက်ခံနိုင်စွမ်းမရှိခြင်းက အဓိက တရားခံပါ။ ကားလမ်းပိတ်လို့ စိတ်တိုရတဲ့အခါလဲ ထို့အတူပါပဲ။ ကားလမ်းပိတ်တာကို လက်ခံနိုင်စွမ်း မရှိခြင်းက အဓိက တရားခံ ပဲပေါ့။ ထို့ကြောင့် ပြဿနာ တစ်ခုကို လက်မခံပဲ တုံ့ပြန်မိခြင်းဟာ ကျွန်တော်တို့ ဆောက်တည်ရာ မရ ဖြစ်ခြင်းရဲ့ အဓိက တရားခံပါပဲ။
ဒီကနေ့တော့ ပိုးဟပ်လေးက ကျွန်တော့် ဘဝအတွက် သင်ခဏ်းစာ တစ်ခု ကောင်းကောင်းကြီး ပေးသွားခဲ့ပါတယ်။ ပြဿနာတို့ကို လက်ခံပြီးတော့ သုံးသပ်ရပါမယ်။ သုံးသပ်ပြီးတော့မှ တုံ့ပြန် ရပါ မယ်။ ဒါမှသာ သေချာ တိကျစွာ ပြဿနာကို အရင်းအမြစ်ကနေ ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။
- မှတ်စုကြမ်းမှ ဘာသာပြန်သည်။ #kyawnge
----------
Google ရဲ့ CEO Sundar Pichai ပြောပြခဲ့တဲ့ သင်ခဏ်းစာလေး တစ်ခုကို မျှဝေပါရစေ။
စားသောက်ဆိုင် တစ်ဆိုင်မှာ အမျိုးသမီး တစ်ဦးရဲ့ ပုခုံးပေါ်ကို ပိုးဟပ်လေးတစ်ကောင် လာနားတယ်။ ပိုးဟပ်ကို တွေ့တဲ့အခါမှာ အမျိုးသမီးဟာ ကြောက်လန့်တကြား အော်ဟစ်လို့ ခုန်ပေါက်ပြီး ပိုးဟပ်ကို ခါချနေခဲ့တယ်။ ဒီလိုမျိုး ပြုမူနေတဲ့အခါ သူ့စိုးရိမ်မှုက ဘေးမှာ ပါလာတဲ့ သူငယ်ချင်းတွေဆီကိုပါ ကူးစက် သွားတယ်။ သူတို့လဲ ဒီအခါမှာ သူငယ်ချင်းနည်းတူ အကြီးအကျယ် အော်ဟစ်လို့ ခုန်ပေါက် နေကြတာပေါ့။
နောက်ဆုံး မှာတော့ ပိုးဟပ်လေးဟာ အမျိုးသမီးဆီက ထပျံသွားတယ်။ သို့သော်... စောစောက အမျိုးသမီးရဲ့ နံဘေးက အပေါင်းအဖော် တစ်ယောက်ဆီကို ပျံသွားခြင်း ဖြစ်တဲ့အတွက်ကြောင့် ဦးဆောင် အော်ဟစ်သူသာ ပြောင်းလဲသွားတယ်။ ဆူညံသံက လျော့မသွား။
ဒီလိုနဲ့ စားပွဲထိုးလေးတစ်ယောက်က မှာထားတဲ့ ဟင်းလျာ လာချတဲ့အခါ ပိုးဟပ်လေးဟာ တစ်ယောက်ပြီး တစ်ယောက် ကူးနေရင်းက စားပွဲထိုးလေးဆီကို နောက်ဆုံး ရောက်လာတယ်။
စားပွဲထိုးလေးဟာ အခြေအနေကို ဘာမှ မသိသေးတဲ့အခါ ချက်ချင်းခြေလှမ်းတွေရပ်လို
ကော်ဖီသောက်ရင်း အဖြစ်အပျက်တွေ အကုန်တွေ့လိုက်ရတဲ့ ကျွန်တော်ဟာ ဒီဖြစ်စဉ်ကနေ အတွေးအချို့ ရရှိခဲ့တယ်။ စောစောက ကမ္ဘာပျက်မတတ် အော်ဟစ်သံတွေရဲ့ တရားခံက ပိုးဟပ်ရော ဟုတ်ရဲ့လား။ ဟုတ်ခဲ့ရင် စားပွဲထိုးကရော ဘာကြောင့် နည်းနည်းလေးမှ ထိခိုက်မှုမရှိရတာလဲ။ ဘာကြောင့် အတည်ငြိမ်ဆုံးနဲ့ ယောက်ယက်မခတ်ပဲ ဖြေရှင်းသွားနိုင်ရတာလဲ။ သေချာစွာ ဆန်းစစ် ကြည့်တော့ တကယ့် အဓိက တရားခံက ပိုးဟပ်မဟုတ်။ ပိုးဟပ်ကို လက်ခံနိုင်စွမ်း မရှိခြင်းက တရားခံပါပဲ။
ကိစ္စတစ်ခုနဲ့ ပတ်သက်လို့ အထက်အရာရှိက ဆူပူကြိမ်းမောင်းတာ ခံရတဲ့အခါ ကျွန်တော်တို့ တတွေ စိတ်ညစ်/ စိတ်ဆင်းရဲ ရပါတယ်။ ဒီလို ဖြစ်ရခြင်းရဲ့ အကြောင်း တရားခံက ဆူပူကြိမ်းမောင်းခြင်း မဟုတ်။ ဆူပူကြိမ်းမောင်းခြင်းကို လက်ခံနိုင်စွမ်းမရှိခြင်းက အဓိက တရားခံပါ။ ကားလမ်းပိတ်လို့ စိတ်တိုရတဲ့အခါလဲ ထို့အတူပါပဲ။ ကားလမ်းပိတ်တာကို လက်ခံနိုင်စွမ်း မရှိခြင်းက အဓိက တရားခံ ပဲပေါ့။ ထို့ကြောင့် ပြဿနာ တစ်ခုကို လက်မခံပဲ တုံ့ပြန်မိခြင်းဟာ ကျွန်တော်တို့ ဆောက်တည်ရာ မရ ဖြစ်ခြင်းရဲ့ အဓိက တရားခံပါပဲ။
ဒီကနေ့တော့ ပိုးဟပ်လေးက ကျွန်တော့် ဘဝအတွက် သင်ခဏ်းစာ တစ်ခု ကောင်းကောင်းကြီး ပေးသွားခဲ့ပါတယ်။ ပြဿနာတို့ကို လက်ခံပြီးတော့ သုံးသပ်ရပါမယ်။ သုံးသပ်ပြီးတော့မှ တုံ့ပြန် ရပါ မယ်။ ဒါမှသာ သေချာ တိကျစွာ ပြဿနာကို အရင်းအမြစ်ကနေ ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။
- မှတ်စုကြမ်းမှ ဘာသာပြန်သည်။ #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။