မေ့လျော့ခြင်းနေ့စွဲများ
+++++++++++++
တစ်ခါက ဘုရားသခင်ဟာ.. ကမ္ဘာကြီးကို စတင်ဖန်ဆင်းခဲ့ပါသတဲ့..။ ကမ္ဘာဦးရဲ့ ပထမနေ့မှာ ဘုရားသခင်ဟာ "နွား" တစ်ကောင်ကို ဖန်ဆင်းခဲ့သတဲ့..။ ပြီးတော့ ဘုရားသခင်က "နွား" ကို ဒီလိုပြောခဲ့တယ်..
"အသင်နွား.. သင်ဟာ လယ်ကွက်ထဲကိုသွားရမယ်..။ လယ်သမားရဲ့ ခိုင်းစေတဲ့အတိုင်း ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေပူကြဲကြဲမှာ အလုပ်လုပ်ရမယ်.။ နွားလေးတွေမွေးထုတ်ရမယ်။ နွားနို့ထွက်လာတဲ့အခါမှာလည်း လယ်သမားကို နွားနို့တွေ ပေးရမယ်..။ အဲဒီအတွက် သင့်ကို နှစ်ပေါင်း ခြောက်ဆယ် အသက်ရှင်ခွင့်ပြုမယ်"
လို့ပြောခဲ့ပါသတဲ့..။အဲဒီလိုပြောတဲ့အခါ နွားက..
"အဖဘုရားသခင်ပေးတဲ့ နှစ်ခြောက်ဆယ်သက်တမ်းအတွက်. . ကျေးဇူးတင်ပါတယ်..။ ဒါပေမယ့် နှစ်ခြောက်ဆယ်ဆိုတာ နွားတစ်ကောင်အတွက်..များလွန်းပါတယ်..။ နှစ် (၂၀) လောက်ဆိုတော်ပါပြီ။ ကျန်တဲ့သက်တမ်း နှစ် (၄၀) ကို အဖဘုရားသခင်ကို ပြန်လည်အပ်နှင်းပါတယ်"'
လို့ ပြောခဲ့တယ်..။
ဘုရားသခင်က သဘောတူလိုက်တယ်..။ အဲဒီလိုနဲ့ ဒုတိယနေ့မှာ ဘုရားသခင်ဟာ "ခွေး" ကို ဖန်ဆင်းပြန်တယ်..ပြီးတော့ ဒီလိုပြောပြန်တယ်
"အသင်ခွေး သင်ဟာ လူတွေရဲ့ အိမ်ပေါက်ဝမှာ တစ်ချိန်လုံးစောင့်နေရတဲ့အလုပ်ကို လုပ်ရမယ်..။ အိမ်ရှေ့ကဖြတ်လျှောက်တဲ့သူမှန်သမျှကို လိုက်ပြီး ဟောင်ရမယ်..။ အဲဒီအတွက် သင့်ကို နှစ်ပေါင်း (၂၀) အသက်ရှင်ခွင့်ပြုမယ်"
လို့ ပြောပြန်တယ်..။ အဲဒီအခါခွေးက
"အဖဘုရားသခင်.. နှစ်ပေါင်း (၂၀) တိတိကြီးများတောင် ဟောင်နေရမယ်ဆိုတာ.ခွေးတစ်ကောင်အတွက် များလွန်းပါတယ်.. ကျွန်တော်မျိုးကို (၁၀) နှစ်ပဲပေးပါ..ကျန်တဲ့(၁၀)နှ စ်ကို ကျနော်ပြန်ပြီးအပ်နှင်းပါတယ်" လို့ ဆင်ခြေပေးပြန်တယ်..။ အဲဒီအခါ ဘုရားသခင်က
"အေးပါကွာ..အေးပါ"
လို့ပြောရင်း သဘောတူလိုက်ပြန်တယ်..။
အဲဒီလိုနဲ့ တတိယမြောက်နေ့ကိုရောက်ရှိလာ ပြန်တယ်..။ ဘုရားသခင်ဟာ ဒီတစ်ခါတော့ "မျောက်" ကိုဖန်ဆင်းပြန်တယ်.. ပြီးတော့ ဒီလိုပြောပြန်တယ်
"အသင်မျောက်.. သင်ဟာ. လူတွေကို ဖျော်ဖြေရမယ်..။ ပျော်အောင်လုပ်ရမယ်..။ သင့်ရဲ့ ရယ်စရာပြုအမူတွေကို လူသားတွေကိုလုပ်ပြရမယ်..။ သင့်ကိုလည်း နှစ်ပေါင်း (၂၀)တိတိ အသက်ရှင်ခွင့်ပေးမယ်"
လို့ပြောခဲ့တယ်..။ အဲဒီအခါ မျောက်က
"အောင်မယ်လေး.. နှစ်ပေါင်း (၂၀) ကြီးများတောင် လူတွေကိုရယ်အောင်လုပ်ရမှာလား..
များလွန်းတယ်.. ကျနော်လက်မခံနိုင်ဘူး၊ ကျနော့်ကိုလည်း ခွေး အတိုင်း (၁၀)
နှစ်ပဲ ရှင်သန်ခွင့်ပေးပါ ဘုရားသခင်၊ ပလိစ်.." လို့ပြောခဲ့တယ်..
အဲဒီအခါ ဘုရားသခင်က
"မင်းတို့သဘော..မင်းတို့သဘော"
လို့ပြောပြီးသဘောတူလိုက်ပြန်တယ်..။ အဲဒီလိုနဲ့ စတုတ္ထမြောက်နေ့မှာတော့ ဘုရားသခင်ဟာ လူသားကို ဖန်ဆင်းခဲ့တယ်.. ပြီးတော့ ဒီလိုပြောတယ်.
"အသင်လူသား.. သင်ဟာ.. အိပ်ရမယ်၊ စားရမယ်၊ ကစားပျော်မြူးမယ်၊ အရသာခံမယ်၊ ဘာကို မှ လုပ်စရာမလိုပဲ နှစ်ပေါင်း (၂၀) အသက်ရှင်ရမယ်၊ ဟုတ်ပြီလား"
လို့ ပြောခဲ့ပြန်တယ်...။ အဲဒီအခါ လူသားက
"ဗျာ.. နှစ်(၂၀) ဟုတ်စ၊ မဖြစ်နိုင်ဘူး.. ၊ ဒါတွေအားလုံးကို နှစ်(၂၀)နဲ့ ပြီးအောင်လုပ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး..။ ဒါကြောင့် ကျနော့်ကို နွားပြန်ပေးထားတဲ့ နှစ်(၄၀)၊ မျောက်နဲ့ ခွေးဆီက (၁၀) နှစ်စီ၊ စုစုပေါင်း နှစ် (၈၀) ပေးပါ အဖဘုရား၊ ဒါဆိုအဆင်ပြေပြီ"
လို့ဆင်ခြေတက်ပြန်တယ်..။ ဘုရားသခင်ဟာ လူသားကို နည်းနည်းတော့ အမြင်ကပ်သွားခဲ့တယ်..။ ဒါပေမယ့်လည်း.. နွား၊ ခွေး၊ မျောက်တို့ဆီက အသက်ရှင်ခွင့်တွေကိုယူပြီး လူသားကို ပေးအပ်လိုက်တယ်..။
အဲဒီအချိန်ကစပြီး လူသားဟာ ပထမနှစ်(၂၀) အတွင်းမှာ၊ အိပ်ခြင်း၊ စားခြင်း၊ တွေကိုသာပြုလုပ်ပြီး ဘ၀ရဲ့တာဝန်ဝတ္တရား တစ်ခုတစ်လေကိုမျှ လုပ်စရာမလိုဘဲ နေခဲ့ရတယ်..။
နွားဆီက ယူလာတဲ့ နှစ် (၄၀) အတွင်းမှာတော့ လူသားဟာ.. အလုပ်အကိုင်၊ စားဝတ်နေရေးတွေအတွက် နွားတစ်ကောင်လို ရှာဖွေပြီး မိသားစုကို ထောက်ပံ့ရတယ်..။
မျောက် အတွက် (၁၀) နှစ်မှာတော့ လူသားဟာ.. သူ့ရဲ့ မြေးမြစ်တွေအတွက် ဖျော်ဖြေသူ တစ်ယောက်လို ကလေးထိန်းရတယ်..။
နောက်ဆုံး ခွေးအတွက် (၁၀) နှစ်မှာတော့.. လူသားဟာ အိမ်ရှေ့ပေါက်ဝမှာ စကားပြောဖော်ကို စောင့်မျှော်ရင်.. လူတစ်ယောက်ကို တွေ့တာနဲ့ ခွေးတစ်ကောင်ဟောင်သလို .. စကားကိုဆက်တိုက်ပဲ ပြောဆိုခဲ့ရတယ်..။
ဒီပုံပြင်လေးဟာ.. ရယ်စရာဟာသ ပုံပြင်လေးတစ်ပုဒ်သာ ဖြစ်ပေမယ့်.. ကျနော့်အတွက် စဉ်းစားစရာအချက်တွေ တသီကြီးထားပစ်ခဲ့တယ်.. တကယ်လည်း ကျနော်တို့ရဲ့ အပူအပန်ကင်းတဲ့ ဘ၀ဟာ မိဘရင်ခွင်မှာနေခဲ့ရတဲ့ နှစ် (၂၀) ၀န်းကျင် အချိန်ပဲဖြစ်တယ်..။ ကျန်တဲ့ဘ၀ တစ်လျှောက်လုံးမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ လွတ်လပ်ပေါ့ပါးတဲ့ သာယာမှုတွေအစား၊ ရုန်းကန်ရခြင်းတွေ၊ လူရာမ၀င်ခြင်းတွေ၊ အထီးကျန်ဆန်ခြင်းတွေဟာ အစားထိုးဝင်ရောက်လာကြတယ်..
ကျနော်တို့ရဲ့ သက်တမ်းဟာ နှစ် (၈၀) လို့ အကြမ်းဖျဉ်းယူဆနိုင်ပေမယ့်. . ခုချိန်ခါရဲ့ အစာအဟာရအရည်အသွေးနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ကျနော်တို့တွေဟာ ပိုမို တိုတောင်းတဲ့ သက်တမ်းကိုသာ ရလာခဲ့ကြတယ်..။ အဲဒီလို တိုတောင်းတဲ့သက်တမ်းအတွင်းမှာပဲ ကျနော်တို့ထဲက လူအများစုဟာ ပုံပြင်ထဲကလို သမားရိုးကျ နည်းလမ်းနဲ့ပဲ ဘ၀တစ်ခုလုံးကို အဆုံးရှုံးခံသွားကြရတယ်..။
လူသားရဲ့ ပတ်ဝန်းကျင်ဟာ လူငယ်ဘ၀ နှစ်(၂၀) အတွင်းမှာတော့ ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့အတွက်.. နောင်ကျန်ရစ်တဲ့ နှစ်(၆၀) စာအတွက် ကြိုတင်ပူပန်ခြင်းနဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေကို ပြုလုပ်ဖို့စိတ်မ၀င်စားလှသလို..ပြုလုပ်လေ့လည်းမရှိပြန် ဘူး..။ နောင်သံသရာအတွက် ကုသိုလ်တရားဆိုတာဟာ အိုမင်းခြင်းရဲ့ ပြယုဂ်လို့ပဲ ထင်မှတ်ထားကြပြန်တယ်..။
နွားအတွက် နှစ် (၄၀) မှာလည်း.. သား၊ သမီး မိသားစုအတွက် ကိုယ့်ဘ၀ရဲ့အချိန်တွေကို ရုန်းကန်လောင်ကျွမ်းရင်း ပေးဆပ်နေကြပြန်တယ်..။ အဲဒီအခိုက်အတန့်မှာလည်း အိုမင်းခြင်းနဲ့၊ သေဆုံးခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းအမှုကို မပြုဘဲ နေခဲ့ကြပြန်တယ်..။ မရုန်းသာအောင် တုပ်နှောင်ထားတဲ့ သားသမီး၊ ဇနီးကြင်ယာတွေကြားမှာ ပျော်မွှေ့ရင်း သံသရာအတွက် ပြင်ဆင်ခြင်းအထုပ်ကို ထုပ်ပိုးဖို့ မေ့လျော့ကြပြန်တယ်..။
လူသားရဲ့နေ၀င်ချိန်တွေဖြစ်တဲ့
မျောက်အတွက် (၁၀) နှစ် မှာလည်း.. အသစ်အသစ်သော သံယောဇဉ်တွေ အမျှင်တန်းကာ..
မြေး၊ မြစ်တွေကို ထိန်းရင်း၊ ဖျော်ဖြေရင်း၊ ပုံပြောရင်း၊
ကျောင်းပို့ရင်းနဲ့.. ကိုယ်ပိုင်အထုတ်ကို ထုတ်ပိုးဖို့မေ့နေကြပြန်တယ် ..။ ပင်စင်စားတစ်ယောက်အတွက်.. မြေးလေးရယ်မြူးဖို့၊ မြေးလေးကိုကျောင်းပို့ဖို့၊
မြေးလေးကို ပုံပြောပြဖို့ဟာ လူသားရဲ့ဘ၀လည်းဖြစ်တယ်..။ အဲဒီလိုဘ၀မှာပဲ
ပျော်ဝင်ရင်း.. သံသရာထမင်းထုပ်ကို ထုပ်ပိုးဖို့ မေ့ကြပြန်တယ်..။
နောက်ဆုံး (၁၀) နှစ်ဖြစ်တဲ့ ခွေးရဲ့နှစ်မှာတော့ လူသားဟာ သနားစရာကောင်းတဲ့ သတ္တ၀ါတစ်ကောင် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြန်တယ်..။ မစွမ်းတော့တဲ့ ကိုယ်ခန္ဓာကြောင့် အလုပ်နည်းလာတဲ့အတွက်၊ အပြောဟာ အားကောင်းလာခဲ့ပြန်တယ်..။ မိမိရဲ့ တသက်တာအတွေ့အကြုံကို လက်ဆင့်ကမ်းချင်ပေမယ့်လည်း. ."ဒီအဖိုးကြီး၊
အဖွားကြီးက စကားကိုများတယ်" လို့ လူတစ်ကာက ကွယ်ရာမှာ
မှတ်ချက်ပြုကြပြန်တယ်..။ အသုံးမ၀င်တော့တဲ့ လူတစ်ယောက်ဖြစ်လာတဲ့အတွက်..
ခွေးတစ်ကောင်ရဲ့ အိမ်စောင့်ခြင်းနဲ့တူတဲ့.. စကားပြောဖော်ကို
စောင့်မျှော်ခြင်း အမှုကို ပြုရင်း.. မိမိရဲ့အနာဂတ်ခရီးအတွက် ရိက္ခာထုတ်ကို
ထုတ်ပိုးဖို့ မေ့လျော့ကြပြန်တယ်.။
ဒီလိုနည်းနဲ့ပဲ လူသားရဲ့ သက်တမ်းဟာ ကုန်ဆုံးခဲ့ရတယ်..။ သံသရာရဲ့ခရီးကြမ်းကို စားရေရိက္ခာ တစ်စုံတစ်ရာမပါဘဲ ဖြတ်သန်းသွားကြရတယ်...။
အနာဂတ်ခရီးအတွက် ပြင်ဆင်နိုင်ကြပါစေ..
(ဖြိုးသုတ)
စာကြွင်း ။ ချစ်ခင်ရသော မိတ်ဆွေများခင်ဗျာ- ။ မိတ်ဆွေတို့ရဲ့ အားပေးစကားကြောင့်.. ကျနော်ဟာ ဒီပို့စ်ထိ ရေးဖြစ်ခဲ့တာဖြစ်ပါတယ်..။ ကျနော်စာအုပ်ထုတ်ဖို့အတွက် ဒီပို့စ်မှာ တစ်ဖြတ်ရပ်နားပါ့မယ်..။ ထွက်လာမဲ့စာအုပ်ဟာလည်း မိတ်ဆွေတို့ရဲ့ တွန်းအားကြောင့်လို့ပဲ ကျွန်တော်ခံယူပါတယ်..။ အတွေးအခေါ်ပုံပြင်ချည်းစုစည်းကာ.. စာအုပ်ပြုလုပ်ထုတ်ဝေနိုင်ဖို့ ကြိုးစားပါမယ်။ .ခုပို့စ်ကစလို့ နောင်ဆက်တင်တဲ့ပို့စ်တွေဟာ. . အတွေးအခေါ်ချည်းဇောင်းပေးမရေးတော့ပဲ.. အကြောင်းအရာစုံပုံတိုပတ်စများ၊ ဗဟုသုတများ၊ ပါ ထည့်သွင်းရေးသားပါ့မယ်..။ ဒါပေမယ့်စာအုပ်ထွက်ဖို့အတွက် အနည်းငယ်အားစိုက်ရမှာကြောင့်  ပို့စ်တွေ အတင်ကြဲသွားခဲ့ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်..။
+++++++++++++
တစ်ခါက ဘုရားသခင်ဟာ.. ကမ္ဘာကြီးကို စတင်ဖန်ဆင်းခဲ့ပါသတဲ့..။ ကမ္ဘာဦးရဲ့ ပထမနေ့မှာ ဘုရားသခင်ဟာ "နွား" တစ်ကောင်ကို ဖန်ဆင်းခဲ့သတဲ့..။ ပြီးတော့ ဘုရားသခင်က "နွား" ကို ဒီလိုပြောခဲ့တယ်..
"အသင်နွား.. သင်ဟာ လယ်ကွက်ထဲကိုသွားရမယ်..။ လယ်သမားရဲ့ ခိုင်းစေတဲ့အတိုင်း ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေပူကြဲကြဲမှာ အလုပ်လုပ်ရမယ်.။ နွားလေးတွေမွေးထုတ်ရမယ်။ နွားနို့ထွက်လာတဲ့အခါမှာလည်
လို့ပြောခဲ့ပါသတဲ့..။အဲဒီလိ
"အဖဘုရားသခင်ပေးတဲ့ နှစ်ခြောက်ဆယ်သက်တမ်းအတွက်.
လို့ ပြောခဲ့တယ်..။
ဘုရားသခင်က သဘောတူလိုက်တယ်..။ အဲဒီလိုနဲ့ ဒုတိယနေ့မှာ ဘုရားသခင်ဟာ "ခွေး" ကို ဖန်ဆင်းပြန်တယ်..ပြီးတော့ ဒီလိုပြောပြန်တယ်
"အသင်ခွေး သင်ဟာ လူတွေရဲ့ အိမ်ပေါက်ဝမှာ တစ်ချိန်လုံးစောင့်နေရတဲ့အလ
လို့ ပြောပြန်တယ်..။ အဲဒီအခါခွေးက
"အဖဘုရားသခင်.. နှစ်ပေါင်း (၂၀) တိတိကြီးများတောင် ဟောင်နေရမယ်ဆိုတာ.ခွေးတစ်ကေ
"အေးပါကွာ..အေးပါ"
လို့ပြောရင်း သဘောတူလိုက်ပြန်တယ်..။
အဲဒီလိုနဲ့ တတိယမြောက်နေ့ကိုရောက်ရှိလာ
"အသင်မျောက်.. သင်ဟာ. လူတွေကို ဖျော်ဖြေရမယ်..။ ပျော်အောင်လုပ်ရမယ်..။ သင့်ရဲ့ ရယ်စရာပြုအမူတွေကို လူသားတွေကိုလုပ်ပြရမယ်..။ သင့်ကိုလည်း နှစ်ပေါင်း (၂၀)တိတိ အသက်ရှင်ခွင့်ပေးမယ်"
လို့ပြောခဲ့တယ်..။ အဲဒီအခါ မျောက်က
"အောင်မယ်လေး.. နှစ်ပေါင်း (၂၀) ကြီးများတောင် လူတွေကိုရယ်အောင်လုပ်ရမှာလာ
အဲဒီအခါ ဘုရားသခင်က
"မင်းတို့သဘော..မင်းတို့သဘေ
လို့ပြောပြီးသဘောတူလိုက်ပြန
"အသင်လူသား.. သင်ဟာ.. အိပ်ရမယ်၊ စားရမယ်၊ ကစားပျော်မြူးမယ်၊ အရသာခံမယ်၊ ဘာကို မှ လုပ်စရာမလိုပဲ နှစ်ပေါင်း (၂၀) အသက်ရှင်ရမယ်၊ ဟုတ်ပြီလား"
လို့ ပြောခဲ့ပြန်တယ်...။ အဲဒီအခါ လူသားက
"ဗျာ.. နှစ်(၂၀) ဟုတ်စ၊ မဖြစ်နိုင်ဘူး.. ၊ ဒါတွေအားလုံးကို နှစ်(၂၀)နဲ့ ပြီးအောင်လုပ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး..။ ဒါကြောင့် ကျနော့်ကို နွားပြန်ပေးထားတဲ့ နှစ်(၄၀)၊ မျောက်နဲ့ ခွေးဆီက (၁၀) နှစ်စီ၊ စုစုပေါင်း နှစ် (၈၀) ပေးပါ အဖဘုရား၊ ဒါဆိုအဆင်ပြေပြီ"
လို့ဆင်ခြေတက်ပြန်တယ်..။ ဘုရားသခင်ဟာ လူသားကို နည်းနည်းတော့ အမြင်ကပ်သွားခဲ့တယ်..။ ဒါပေမယ့်လည်း.. နွား၊ ခွေး၊ မျောက်တို့ဆီက အသက်ရှင်ခွင့်တွေကိုယူပြီး လူသားကို ပေးအပ်လိုက်တယ်..။
အဲဒီအချိန်ကစပြီး လူသားဟာ ပထမနှစ်(၂၀) အတွင်းမှာ၊ အိပ်ခြင်း၊ စားခြင်း၊ တွေကိုသာပြုလုပ်ပြီး ဘ၀ရဲ့တာဝန်ဝတ္တရား တစ်ခုတစ်လေကိုမျှ လုပ်စရာမလိုဘဲ နေခဲ့ရတယ်..။
နွားဆီက ယူလာတဲ့ နှစ် (၄၀) အတွင်းမှာတော့ လူသားဟာ.. အလုပ်အကိုင်၊ စားဝတ်နေရေးတွေအတွက် နွားတစ်ကောင်လို ရှာဖွေပြီး မိသားစုကို ထောက်ပံ့ရတယ်..။
မျောက် အတွက် (၁၀) နှစ်မှာတော့ လူသားဟာ.. သူ့ရဲ့ မြေးမြစ်တွေအတွက် ဖျော်ဖြေသူ တစ်ယောက်လို ကလေးထိန်းရတယ်..။
နောက်ဆုံး ခွေးအတွက် (၁၀) နှစ်မှာတော့.. လူသားဟာ အိမ်ရှေ့ပေါက်ဝမှာ စကားပြောဖော်ကို စောင့်မျှော်ရင်.. လူတစ်ယောက်ကို တွေ့တာနဲ့ ခွေးတစ်ကောင်ဟောင်သလို .. စကားကိုဆက်တိုက်ပဲ ပြောဆိုခဲ့ရတယ်..။
ဒီပုံပြင်လေးဟာ.. ရယ်စရာဟာသ ပုံပြင်လေးတစ်ပုဒ်သာ ဖြစ်ပေမယ့်.. ကျနော့်အတွက် စဉ်းစားစရာအချက်တွေ တသီကြီးထားပစ်ခဲ့တယ်.. တကယ်လည်း ကျနော်တို့ရဲ့ အပူအပန်ကင်းတဲ့ ဘ၀ဟာ မိဘရင်ခွင်မှာနေခဲ့ရတဲ့ နှစ် (၂၀) ၀န်းကျင် အချိန်ပဲဖြစ်တယ်..။ ကျန်တဲ့ဘ၀ တစ်လျှောက်လုံးမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ လွတ်လပ်ပေါ့ပါးတဲ့ သာယာမှုတွေအစား၊ ရုန်းကန်ရခြင်းတွေ၊ လူရာမ၀င်ခြင်းတွေ၊ အထီးကျန်ဆန်ခြင်းတွေဟာ အစားထိုးဝင်ရောက်လာကြတယ်..
ကျနော်တို့ရဲ့ သက်တမ်းဟာ နှစ် (၈၀) လို့ အကြမ်းဖျဉ်းယူဆနိုင်ပေမယ့်.
လူသားရဲ့ ပတ်ဝန်းကျင်ဟာ လူငယ်ဘ၀ နှစ်(၂၀) အတွင်းမှာတော့ ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့အတွက်.. နောင်ကျန်ရစ်တဲ့ နှစ်(၆၀) စာအတွက် ကြိုတင်ပူပန်ခြင်းနဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေကို ပြုလုပ်ဖို့စိတ်မ၀င်စားလှသလ
နွားအတွက် နှစ် (၄၀) မှာလည်း.. သား၊ သမီး မိသားစုအတွက် ကိုယ့်ဘ၀ရဲ့အချိန်တွေကို ရုန်းကန်လောင်ကျွမ်းရင်း ပေးဆပ်နေကြပြန်တယ်..။ အဲဒီအခိုက်အတန့်မှာလည်း အိုမင်းခြင်းနဲ့၊ သေဆုံးခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းအမှုကို မပြုဘဲ နေခဲ့ကြပြန်တယ်..။ မရုန်းသာအောင် တုပ်နှောင်ထားတဲ့ သားသမီး၊ ဇနီးကြင်ယာတွေကြားမှာ ပျော်မွှေ့ရင်း သံသရာအတွက် ပြင်ဆင်ခြင်းအထုပ်ကို ထုပ်ပိုးဖို့ မေ့လျော့ကြပြန်တယ်..။
လူသားရဲ့နေ၀င်ချိန်တွေဖြစ်တ
နောက်ဆုံး (၁၀) နှစ်ဖြစ်တဲ့ ခွေးရဲ့နှစ်မှာတော့ လူသားဟာ သနားစရာကောင်းတဲ့ သတ္တ၀ါတစ်ကောင် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြန်တယ်..။ မစွမ်းတော့တဲ့ ကိုယ်ခန္ဓာကြောင့် အလုပ်နည်းလာတဲ့အတွက်၊ အပြောဟာ အားကောင်းလာခဲ့ပြန်တယ်..။ မိမိရဲ့ တသက်တာအတွေ့အကြုံကို လက်ဆင့်ကမ်းချင်ပေမယ့်လည်း.
ဒီလိုနည်းနဲ့ပဲ လူသားရဲ့ သက်တမ်းဟာ ကုန်ဆုံးခဲ့ရတယ်..။ သံသရာရဲ့ခရီးကြမ်းကို စားရေရိက္ခာ တစ်စုံတစ်ရာမပါဘဲ ဖြတ်သန်းသွားကြရတယ်...။
အနာဂတ်ခရီးအတွက် ပြင်ဆင်နိုင်ကြပါစေ..
(ဖြိုးသုတ)
စာကြွင်း ။ ချစ်ခင်ရသော မိတ်ဆွေများခင်ဗျာ- ။ မိတ်ဆွေတို့ရဲ့ အားပေးစကားကြောင့်.. ကျနော်ဟာ ဒီပို့စ်ထိ ရေးဖြစ်ခဲ့တာဖြစ်ပါတယ်..။ ကျနော်စာအုပ်ထုတ်ဖို့အတွက် ဒီပို့စ်မှာ တစ်ဖြတ်ရပ်နားပါ့မယ်..။ ထွက်လာမဲ့စာအုပ်ဟာလည်း မိတ်ဆွေတို့ရဲ့ တွန်းအားကြောင့်လို့ပဲ ကျွန်တော်ခံယူပါတယ်..။ အတွေးအခေါ်ပုံပြင်ချည်းစုစည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။