"မိတ်ဟောင်းဆွေဟောင်း"
.
.
မမင်းအိမ်က ကပ်စေးနှဲကော်တရာကြီးလေ။
တစ်ရက်... ...
ဈေးသွားရင်းနဲ့ ကြက်တူရွေးတစ်ကောင် ဈေးချိုလို့ဆိုပြီး ဝယ်လာတယ်။
ရောင်းတဲ့သူက ပြောလိုက်တယ်... ...
"ဒီကောင်က မကောင်းတဲ့အိမ်မှာ မွေးထားတဲ့ကြက်တူရွေးနော် အမကြီး၊ စကားပြောရိုင်းတယ်၊ ဒ့ါကြောင့် ဈေးလျှော့ရောင်းလိုက်တာ"
ရိုင်းတာ ကိစ္စမရှိဘူး
စကားပြောတတ်တယ်၊ ဈေးလည်းချိုတယ်ဆိုတော့ ဝယ်လိုက်တယ်။
ဝယ်ပြီးပြန်လာလို့ အိမ်ထဲဝင်ခါရှိသေး ဆရာက အစွမ်းစပြရော... ...
"ဟ... ဘိ အသစ်ကလည်း မှောင်လိုက်တာ"... တဲ့။
သူ့အိမ်ကို ဘိ လို့ပြောရပ့ါမလားဆိုပြီး မမင်းအိမ်က ခေါင်းခေါက်လိုက်တော့ ပြန်ဆဲတယ်... ...
"တေနာမဂျီး"
ဒါနဲ့ လှောင်အိမ်ထဲ ထည့်ထားလိုက်တယ်။
ခဏနေတော့ မမင်းအိမ်ရဲ့ တူမနှစ်ယောက် အိမ်လာလည်တယ်။
အဲဒီမှာ ဆရာက ထအော်တယ်... ...
"ဟဲ့ ... ကလေးမတွေ အိမ်ထဲ မြန်မြန်ဝင် ရဲတွေ့လို့ ဖမ်းသွားအုံးမယ်"
မမင်းအိမ်လည်း ဒေါသထွက်သွားပေမယ့် တူမတွေရှေ့ဆိုတော့ ငြိမ်နေလိုက်ရတယ်။
သူတို့ စကားထိုင်ပြောနေတုန်း မမင်းအိမ်ယောက်ျား အလုပ်က ပြန်လာရော။
ဆရာကြက်တူရွေးက ဝမ်းသာအားရ လှမ်းအော်တယ်... ...
"ဟား... ကိုဖိုးသန်ကြီးပါလား... လာ လာ ခုပဲ အသစ်လေးနှစ်ယောက် ထပ်ရောက်လာတယ်".... တဲ့။
အဲဒီနေ့ ညနေ ဘီယာဝိုင်းမှာတော့ ကြက်တူရွေးကြော်နဲ့ပေါ့။
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/ thanlayko

https://www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။