Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 16, 2016

တွင်းထွက်သယံဇာတနှင့် အင်ဂျင်နီယာ ရှုထောင့် (၁)

တွင်းထွက်သယံဇာတနှင့် အင်ဂျင်နီယာ ရှုထောင့် (၁)

The Daily Eleven Newspaper မှာ ဆရာ တက္ကသိုလ်မိုးဝါရဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ဖတ်ရပါတယ်။ ပြည်သူတွေ သုံးစွဲနိုင်တဲ့အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ဖြန့်ချိမှု၊ သွယ်တန်းမှု၊ အဆင့်ဆင့်နှင့် ဓာတ်အား ပြတ်တောက်မှုစတဲ့ ဗဟုသုတတွေကို သိရှိခွင့်ရခဲ့ပါတယ်။ ဒါတွေဟာ အင်ဂျင်နီယာလုပ်ငန်း စဉ်တွေပဲ ဖြစ်ပါတယ်။ အခုတလောမှာ လျှပ်စစ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဘေးအန္တရာယ် များကလည်း သတင်းစာတွေမှာ မကြာခဏ တွေ့ရပါတယ်။ လျှပ်စစ်ကြောင့်ဖြစ်လာရင် လူတွေ သေဆုံးကြတာ များပါတယ်။ အင်ဂျင်နီယာ ကျောင်းတွေက မြို့ပြ၊ စက်မှု၊ သတ္ထုတွင်းစတဲ့ အင်ဂျင်နီယာပညာရပ် သင်တန်းများမှာလည်း အခြေခံ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြားကြရ ပါတယ်။ လျှပ်စစ်ဘာသာရပ်ရဲ့ အခြေခံသဘော တရားကို အခြားအင်ဂျင်နီယာ ပညာရပ်ကျောင်းသားများ သိစေတတ်စေချင်လို့ သင်ခဲ့ရတာဖြစ်ပေမဲ့ လျှပ်စစ် လုပ်ငန်းနှင့် ပတ်သက်လာရင် လျှပ်စစ်အင်ဂျင်နီယာက အဓိကဆောင်ရွက်တာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။

အင်ဂျင်နီယာဆိုတာ သူငယ်ချင်းတစ်ဦးက Engineering Profession နဲ့ ပတ်သက်ပြီး Facebook မှာ Post တစ်ခု တင်တာတွေ့လိုက်ပါတယ်။ အမေရိကန်သမ္မတဟောင်း Mr. Herbert Hoover ရဲ့ ၁၉၆၄ ခုနှစ်၊ သြဂုတ်လထုတ် The Mines Magazines မှာပါတဲ့ The Engineering Profession ဆိုတဲ့ မှတ်ချက်စကားများပါပဲ။ အနည်းငယ်ရှည်ပေမဲ့
အင်ဂျင်နီယာများနဲ့ ပတ်သက်တဲ့ အမေရိကန်သမ္မတ တစ်ဦးရဲ့ မှတ်ချက်ဖြစ်တာကြောင့် မူရင်းအတိုင်းပဲ ဖတ် ကြည့်စေချင်ပါတယ်။

The Engineering Profession

“It is a great profession. There is the fascination of watching a figment of the imagination emerge through the aid of science to a plan on paper. Then it moves to realization in stone or metal or energy. Then it brings jobs and homes to men. Then it elevates the standards of living and adds to the comforts of life. That is the engineer’s high privilege.”

“The great liability of the engineer compared to men of other professions is that his works are out in the open where all can see them. His acts, step by step, are in hard substance. He cannot bury his mistakes in the grave like the doctors. He cannot argue them into thin air or blame the judge like the lawyers. He cannot, like the politicians, screen his shortcomings by blaming his opponents and hope the people will forget. The engineer simple cannot deny he did it. If his works do not work, he is damned.”

“On the other hand, unlike the doctor, his is not a life among the weak. Unlike the soldier, destruction is not his purpose. Unlike the lawyer, quarrels are not his daily bread. To the engineer falls the job of clothing the bare bones of science with life, comfort, and
hope. No doubt as the years go by people forget what engineer did it, even if they ever knew. Or some politician puts his name on it. Or they credit it to some promoter who used other people’s money. But the engineer himself looks back at the unending stream of goodness which flows from his successes with satisfaction that few professions may know. And the verdict of his fellow professional is all the accolade he wants.”
Herbert Hoover (Naitonal Engineers’ Week, Feb-16-22. 1964)

Mr. Herbert Hoover ဟာ သတ္ထုတွင်း အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး ၁၉၀၄-၁၉၀၅ ခုနှစ်မှ ၁၉၂၀ ခုနှစ် ပတ်ဝန်းကျင်အထိ မြန်မာနိုင်ငံ ရှမ်းပြည် မြောက်ပိုင်း နမ္မတူဘော်တွင်းမှာ သတ္ထုတွင်း အင်ဂျင်နီယာ/ အစုရှယ်ယာ ပိုင်ရှင်အဖြစ် အလုပ် လုပ်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၂၉ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ (၃၁) ဆက်မြောက် သမ္မတ ဖြစ်လာခဲ့ပါတယ်။

Mr. Hoover ပြောခဲ့သလို အင်ဂျင်နီယာများဟာ သိပ္ပံနည်းကျ တွေးခေါ်မြော်မြင်မှုကို အခြေခံပြီး လူတွေ သက်သက်သာသာ နေမှုထိုင်မှု၊ သွားလာမှုစတဲ့ လှုမှုဘ၀နဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေကို ရှာဖွေဖန်တီးပေးသူများ ဖြစ်ပါတယ်။ အင်ဂျင်နီယာတွေရဲ့ လုပ်ငန်း သဘောသဘာဝ ဟာလည်း အခြား Professional များနှင့်မတူနိုင်ပါ။ အပြောနှင့်မဟုတ်ဘဲ အလုပ်နှင့် သက်သေပြရပါတယ်။ လုပ်ရတဲ့ အလုပ်ကလည်း ဖုံးကွယ်၍ မရသလို အမှားလည်း မခံပါ။ မှားလျှင်လည်း အသက်ပေါင်းများစွာ ပေးဆပ်ရပါမယ်။ လုပ်ကိုင်ခဲ့သော အလုပ်များဟာလည်း နှစ်ပေါင်းများစွာ ကြာရှည်သည့်တိုင် အကောင်းအဆိုး တာဝန်ရှိနေပါ တယ်။ ဒါပေမဲ့ အင်ဂျင်နီယာတိုင်းဟာ မိမိလုပ်ဆောင်ချက်များကို အများပြည်သူအတွက် အထင်ကရရှိမယ်ဆိုရင် ဂုဏ်ယူရမယ် ဖြစ်ပါတယ်။

အင်ဂျင်နီယာကျင့်ဝတ်

အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြ သူတွေဟာ ကျင့်ဝတ်ကိုယ်စီ ရှိကြပါတယ်။ ဆရာဝန်ကျင့်ဝတ်၊ ရှေ့နေကျင့်ဝတ်၊ စစ်သည်ကျင့်ဝတ် စသည်ဖြင့် လိုက်နာ စောင့်ထိန်း ရမယ့် ကျင့်ဝတ် (Professional Ethics) များ ရှိပါတယ်။ အင်ဂျင်နီယာများမှာလည်း လိုက်နာရမဲ့ ကျင့်ဝတ် ရှိပါတယ်။ အင်ဂျင်နီယာများဟာ မိမိတို့ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းရဲ လေးစားခံရမှု၊ ဖြောင့်မတ် တည်ကြည်မှုတို့ကို ထိန်းသိမ်းရန်နှင့် မိမိတို့လုပ်ငန်း ဂုဏ်သိက္ခာ တိုးတက်စေရန်အတွက် -

(၁) မိမိတို့ တတ်ကျွမ်းသောပညာရပ်ဖြင့် လူနေမှုဘ၀နှင့် ပတ်ဝန်းကျင်ကို တိုးတက်စေရန်။
(၂) ရိုးသားဖြောင့်မတ်စွာဖြင့် မိမိ၏အလုပ်ရှင်နှင့် အများပြည်သူတို့ကို အလုပ်အကျွေးပြုရန်။
(၃) မိမိအသက်မွေးဝမ်းကျောင်းလုပ်ငန်း၏ စွမ်းဆောင်မှု တိုးတက်ရေးနှင့် ဂုဏ်သိက္ခာမြင့်တင်ရေးကို ဆောင်ရွက်ရန်။ စတဲ့ ရည်ရွယ်ချက်နဲ့ အောက်ပါ အင်ဂျင်နီယာကျင့်ဝတ်တွေကို စောင့်ထိန်း လိုက်နာကြရပါမယ်။

(က) အင်ဂျင်နီယာများသည် ပြည်သူလူထု၏ ကျန်းမာရေးနှင့် ထိခိုက်မှုဘေးအန္တရာယ် ကာကွယ်ရေးကိစ္စကို အရေးတကြီး ဆောင်ရွက်ရပါမယ်၊ ယင်းသို့ ဆောင်ရွက်ရင်း ၎င်းတို့၏ လူနေမှုဘ၀ တိုးတက်ရေးကိုလည်း ဆောင်ရွက်ရပါမယ်။
(ခ) မိမိတတ်ကျွမ်းသော ဘာသာရပ်နယ်ပယ်အတွင်းသာ လုပ်ငန်းဆောင်ရွက်ရပါမယ်။
(ဂ) ဖြောင့်မတ်မှန်ကန်သော ရပ်တည်ချက်အတွင်းသာ သတင်းထုတ်ပြန်ရပါမယ်။
(ဃ) အင်ဂျင်နီယာသိက္ခာနှင့်အညီ မိမိအလုပ်ရှင်နှင့် အလုပ်အပ်နှံသူတို့အကြား ဆက်သွယ်ဆောင်ရွက်ရာတွင်
မပြေလည်မှုများ ပေါ်ပေါက်စေရန် လှုံ့ဆော်မှုမပြုရပါ။
(င) အင်ဂျင်နီယာသည် မိမိ၏အရည်အချင်းကို အလုပ်ဖြင့် သက်သေပြရပါမယ်။
(စ) အင်ဂျင်နီယာလုပ်ငန်း၏ ဂုဏ်သိက္ခာကို အမြဲတမ်း ဆောင်ရွက်ပြီး မိမိကိုယ်တိုင်နှင့် မိမိလက်အောက် ငယ်သားများကို အရည်အချင်း ပြည့်မီသူ များဖြစ်အောင် ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။

သတ္ထုသယံဇာတနှင့် သတ္ထုတွင်းအင်ဂျင်နီယာ

ကျွန်တော်ကတော့ သတ္ထုတွင်းအင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါတယ်။ သတ္ထုတွင်းအင်ဂျင်နီယာကို လူတော်တော်များများက မသိကြပါ။ သာမန်အားဖြင့် မြို့ပြအင်ဂျင်နီယာ လျှပ်စစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင် နီယာစသဖြင့် “အင်ဂျင်နီယာများ” ဟု သိရှိကြပါတယ်။ ၁၉၇၁ ခုနှစ် ကျွန်တော်ကျောင်းပြီးတော့ မြို့ပြ အင်ဂျင်နီယာလား၊ လျှပ်စစ်အင်ဂျင်နီယာ လားဟု ကျွန်တော့်ဒေသခံတွေက မေးမြန်းခြင်း ခံခဲ့ရပါတယ်။

ဆိုခဲ့တဲ့အတိုင်း အင်ဂျင်နီယာဆိုတာ လူတွေရဲ့ နေထိုင်သွားလာ ဆက်သွယ်ဆောင်ရွက်မှုစတဲ့ လူမှုဘ၀ လုပ်ငန်းတွေကို သက်သက်သာသာနဲ့ အဆင့်မြင့်အောင် ဆောင်ရွက်ပေးကြတဲ့ လူတွေဖြစ်ပါတယ်။ ဒီအင်ဂျင်နီယာ အားလုံး မဖြစ်မနေ သုံးစွဲနေကြရတာကတော့ သတ္ထုတွင်း သယံဇာတပစ္စည်း တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးနဲ့ချီပြီးတော့ ခေတ်ကာလ အပိုင်းအခြား ကို ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် ခေါ်ဆို ကြတာဟာလည်း သတ္ထုတွင်းထွက် သယံဇာတတွေရဲ့ အရေးကြီးပုံကို ဖော်ညွှန်းနေခြင်း ဖြစ်ပါတယ်။

ကမ္ဘာမြေပေါ်မှာ သဘာဝအလျောက် ပေါ်ပေါက်လာတဲ့ လူနှင့် တိရိစ္ဆာန်တွေရဲ သတ္တလောက၊ သစ်ပင် သစ်ရွက်တွေရဲ့ ရုက္ခလောကရဲ့ တွင်းထွက်သယံဇာတလောကဆိုတဲ့ လောကကြီး (၃) ခုရှိပါတယ်။ ဒီလောကကြီး (၃) ခုဟာ တစ်ခုနှင့်တစ်ခု အမှီပြုပြီး ကမ္ဘာမြေကြီးရဲ့ သဘာဝ ပတ်ဝန်းကျင်များ ဖြစ်ပေါ်ပြောင်း လဲလျက် ရှိပါတယ်။ ဖြစ်တည်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးအောင်၊ ကောင်းမွန်အောင် လုပ်ဆောင်နိုင်သူ အများစုဟာ လူပင်ဖြစ်ပါတယ်။ လူဟာ လူအချင်းချင်း အပါအ၀င် သက်ရှိသတ္ထ၀ါများကို သတ်ဖြတ်နိုင်သူဖြစ်ပါတယ်။ သစ်ပင်သစ်တောများကို ခုတ်ထစ်ဖျက်ဆီး မီးရှို့သူ ဖြစ်ပါတယ်။ တွင်းထွက်သယံဇာတများကို တူးဖော် ထုတ်ယူ၊ ပြုပြင်အသုံးချသူဖြစ်ပါတယ်။

“တွင်းထွက်သယံဇာတ” ဆိုတာ ကမ္ဘာမြေကြီးမှာ သဘာဝအလျောက် တည်မြဲသော ဓာတုပစ္စည်းများနဲ့ ဖွဲ့စည်းပါဝင်ဖြစ်ထွန်းလာတဲ့ ဒြပ်ပစ္စည်း များပင်ဖြစ်ပါတယ်။ ဒါပေမဲ့ သဘာဝအလျောက် ဖြစ်ပေါ်လာသော တွင်းထွက် သယံဇာတများအားလုံးဟာလည်း လူတို့အသုံးပြုနိုင်တဲ့ “သတ္ထုရိုင်းသိုက်များ” မဟုတ်ကြပါ။ သတ္ထုရိုင်း သိုက်ဆိုတာ နည်းပညာနှင့် အရင်းအနှီးများစိုက်ထုတ်ပြီး စီးပွားဖြစ် ထုတ်ယူ အသုံးချနိုင်တဲ့ တွင်းထွက်သယံဇာတ အစုအဝေးကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သတ္ထုတွင်း အင်ဂျင်နီယာဆိုတာ တတ်ကျွမ်းထားသော ပညာရပ်ကို အခြေခံပြီး သတ္ထုရိုင်းသိုက်ကို လူတို့အကျိုးရှိအောင် ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ စနစ်တကျ ဖွင့်လှစ်တူးဖော် ထုတ်ယူပေးသူ ဖြစ်ပါတယ်။

သတ္ထုတွင်းအင်ဂျင်နီယာများဟာ သတ္ထုတွင်း အင်ဂျင်နီယာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပညာအရည်အချင်း (Education)၊ လေ့ကျင့်သင်ကြားမှု (Training)၊ လုပ်ငန်းအတွေ့အကြုံ (Experience) များရှိရပါမယ်။ အတွေ့အကြုံရှိတဲ့ သတ္ထုတွင်း အင်ဂျင်နီယာများဟာ သိပ္ပံပညာရပ်၊ စီးပွားရေးပညာရပ်၊ သတ္ထုရိုင်းသိုက်များ တည်ရှိနိုင်သည့် အနေအထား၊ သတ္ထုရိုင်းများ ဖွင့်လှစ်ထုတ်ယူနိုင်သည့် နည်းစနစ် ထုတ်ယူပြီးသည့် သတ္ထုရိုင်းများကို အရည်အသွေး မြှင့်တင်ပြီး ရောင်းချရမည့်အခြေအနေ၊ သတ္ထုထုတ်ယူ ရောင်းချသည့် လုပ်ငန်းစဉ် တစ်ခုလုံးအတွက် လက်တွေ့မှာ အမြတ်အစွန်း ရရှိနိုင်တဲ့ ငွေကြေးနှင့် ပတ်သက်သည့် အရေးကြီး အချက်လက် များနဲ့ သတ္ထုတွင်းအုပ်ချုပ်မှု ကိစ္စရပ်များ သိရှိသူဖြစ်ရပါမယ်။

ဓာတ်သတ္ထု ရှာဖွေတူးဖော်ခြင်းလုပ်ငန်း

ဓာတ်သတ္ထု ရှာဖွေရေးလုပ်ငန်းဟာ ငွေအရင်းအနှီးကြီးမားပြီး အချိန်ယူ စီမံဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မြေအောက်မှ သယံဇာတ ပစ္စည်းများ ထုတ်ယူရတာဖြစ်လို့ ငွေကြေးစွန့်စား ရင်းနှီးရပါတယ်။ အဖိုးတန်သတ္ထုများ ရှာဖွေတွေ့ရှိ ထုတ်ယူနိုင်ပါကလည်း အကျိုးများစေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ သို့ဖြစ်ရာ တွင်းထွက်သယံဇာတပစ္စည်းများ ရှာဖွေထုတ်ယူဖို့ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။
(က) ဒေသန္တရဘူမိဗေဒ လေ့လာရေးလုပ်ငန်းများ၊
(ခ) ဓာတ်သတ္ထုစမ်းသပ်တိုင်းတာရှာဖွေရေးလုပ်ငန်း၊
(ဂ) ဖြစ်မြောက်နိုင်စွမ်းရှိ၊ မရှိ စူးစမ်းလေ့လာမှုလုပ်ငန်း
ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ စူးစမ်းလေ့လာမှုလုပ်ငန်းမှာ တွေ့ရှိထားသော သတ္ထုသယံဇာတသိုက်မှ သတ္ထုတွင်း တစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို လေ့လာစူးစမ်းတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပါဝင် စဉ်းစားရမည့် အချက်အလက်များကတော့ တွေ့ရှိထားသည့် သတ္ထုသိုက် အရည်အသွေးနှင့် တန်ချိန်ပမာဏ၊ သတ္ထုသိုက်၏ မြေအောက်တည်ရှိပုံ အနေအထား၊ နေရာဒေသ၏ ရာသီဥတု၊ မြေအောက်ရေ အခြေအနေ မြေပြင် အနေအထား၊ ဖယ်ထုတ်ရမည့် အပေါ်ယံ မြေပမာဏပေါ် မူတည်၍ ရရှိမည့် သတ္ထုရိုင်း တန်ချိန်တို့အား တွက်ချက်ခြင်း၊ တူးဖော်ရမည့် မြေပေါ်မြေအောက် သတ္ထုတွင်း နည်းစနစ် ရွေးချယ်ခြင်း၊ သတ္ထုသိုက်အား တူးဖော်ရမည့် သတ္ထုတွင်းပုံစံ (Mine Design)၊ တူးဖော်ရရှိမည့် သတ္ထုရိုင်းအား အရည်အသွေး မြှင့်တင် မည့် နည်းစနစ်၊ ကြိုချက် သန့်စင်မည့် နည်းစနစ်၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အစီအစဉ်၊ လမ်းပန်း ဆက်သွယ်ရေး၊ စက်မှုသုံးရေ လျှပ်စစ်ဓာတ်အား၊ အလုပ်သမား၊ အသုံးပြုရမည့် ကုန်ကြမ်းရရှိနိုင်မှု အခြေအနေ နိုင်ငံတော်သို့ ပေးဆောင် ရမည့် အခွန်အခ၊ ရင်းနှီးမြှုပ်နှံရသည့် အရင်းအနှီးအပေါ် ပြန်လည်ရရှိ မည့်နှုန်း၊ သတ္ထု တွင်းထုတ်လုပ်မှု ကုန်ကျစရိတ် စသည်တို့ဖြစ်ပါ တယ်။ ဖြစ်မြောက်နိုင်စွမ်း ရှိမရှိ အဆင့်ဆင့် စိစစ်တွက်ချက်ပြီးမှ သတ္ထုတွင်း တစ်ခုအဖြစ် ထူထောင်ပြီး သတ္ထုများကို ထုတ်လုပ်ရပါတယ်။ သတ္ထုတွင်းတစ်ခုအဖြစ် ဆက်လက် ထူထောင်ဆောင်ရွက် ရာတွင်လည်း အသေးစိတ်မြေပုံ ထုတ်ခြင်း၊ သတ္ထုတွင်းမြေပုံ ထုတ်ခြင်း၊ သတ္ထုတွင်းနယ်နမိတ် သတ်မှတ်ခြင်း၊ သတ္ထုတွင်းပုံစံ ရေးဆွဲခြင်း၊ သတ္ထုတွင်းသို့ ၀င်ရောက်မည့် မြေပေါ် (သို့) မြေအောက်ပါ ၀င်ပေါက်များ ဖောက်လုပ်ခြင်း၊ မြေဖယ်ရှားခြင်း စက်ရုံများ၊ လူနေအိမ်များ၊ ရုံးများ၊ လမ်းများနှင့် ရေမီးရရှိရေးကိစ္စများ အသုံးပြုမည့် စက်ယန္တရားများ အရွယ်အစားတွက်ချက် ရွေးချယ် စုဆောင်းခြင်း၊ တပ်ဆင်ခြင်း၊ ၀န်ထမ်းများ စုဆောင်းခြင်း၊ သတ္ထုရိုင်းများ တူးဖော်ခြင်း၊ ကြိတ်ခွဲသန့်စင်ခြင်း၊ သတ္ထုရိုင်းအား အရည်အသွေးမြှင့်တင်ခြင်း၊ ကျိုချက် သန့်စင်ခြင်း၊ ပုံသွင်းခြင်းနှင့် ရောင်းချခြင်းတို့ ပါဝင်ရပါတယ်။ ယင်းသို့ဆောင်ရွက်ရာမှာ သတ္ထုတွင်းအင်ဂျင်နီယာဟာ သတ္ထုတွင်းတစ်ခုမှာရှိတဲ့ လုပ်ငန်းခွင် အားလုံးမှာ အဓိကကျသည့် နေရာများတွင် ပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါ တယ်။ ဒီလုပ်ငန်းများကတော့ သတ္ထု စမ်းသပ်တိုင်းတာရှာဖွေခြင်း၊ မြေတိုင်း တာခြင်း၊ သတ္ထုနမူနာကောက်ယူခြင်း သတ္ထုရိုင်းသိုက်တန်ဖိုးသတ်မှတ်ခြင်း မှစပြီး မြေပေါ်မြေအောက် သတ္ထုတူးဖော်မည့် နည်းစနစ် ရွေးချယ်ခြင်း၊ နည်းစနစ်ဆိုင်ရာ စီမံခန့်ခွဲခြင်း၊ စက်ရုံအဆင့်ဆင့် တည်ဆောက် မည့်နေရာ ရွေးချယ်ခြင်း၊ စက်ရုံတည်ဆောက်ခြင်း၊ သတ္ထုအရည်အသွေး စစ်ခြင်း၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ ထိန်းသိမ်းခြင်း၊ သတ္ထုရိုင်းသိုက်၏ ဘူမိဗေဒ အခြေအနေ အမြဲမပြတ် စစ်ဆေးခြင်းနဲ့ သတ္ထုတွင်းလုပ်ငန်းတစ်ခုလုံး၏ စီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ဖြစ် ပါတယ်။ ဒီလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဘူမိဗေဒပညာရှင်များ၊ စက်မှု အင်ဂျင်နီယာများ၊ မြို့ပြအင်ဂျင်နီယာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ စီးပွားရေးပညာရှင်များ၊ သတ္ထုဗေဒ အင်ဂျင်နီယာပညာရှင်များ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပူးပေါင်းပြီး သတ္ထုတွင်းတစ်ခုလုံး၏ သတ္ထုရိုင်းမှသည် ရောင်းချနိုင်သည့် သတ္ထုကုန်ချော ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက်ရပါမယ်။ သတ္ထုတွင်းလုပ်ငန်းစဉ်အားလုံး ပြီးဆုံးပြီး သတ္ထုတွင်းအား ပိတ်သိမ်းမည် ဆိုပါကလည်း သတ္ထုတွင်းပိတ်ရင် ဆောင်ရွက်ရမည့် မြေပြုပြင်ခြင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း စသည်များကို သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် ကြိုတင်ညှိနှိုင်းပြီး စီမံချက်များ ကြိုတင်ချမှတ် ဆောင်ရွက်ရပါမယ်။

(ဆက်လက်ဖော်ပြပါမည်)
ထင်လင်းဖေ

Photo>> မုံရွာကြေးနီစီမံကိန်း - bbc.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။