ဒေါသကိုပယ်နိုင်ဖို
့ကြိုးစားရမယ်၊ ဒေါသဆိုတဲ့ တရားကလည်း ကြည့်လေ၊ လူတိုင်း သဘောပေါက်ပါတယ်၊
အလိုမကျတဲ့ဒေါသ ဖြစ်ကြည့်ပါလား၊ မျက်နှာကြီး နီရဲသွားတယ်၊ တချို့ ကျတော့
ဒေါသကိုမထိန်းနိုင်တဲ့အခါ ဘာဖြစ်သွားလဲ၊ သွေးတက်တာတို့ သွေးတိုးတာတို
့ဦးနှောက် သွေးကြောပြတ်သွားတာတို့  ဖြစ်ကုန်တယ်၊ ဒီဘဝတင်ဘဲဖြစ်တာ။
ဒါတင်လားဆိုတော့ မဟုတ်ဘူး၊ ဒေါသအလျောက်ပြောလိုက်မိပြီဆိုရင် "ငါပြောလိုက်တာမှားလိုက်တာ" လို့ ရင်ထဲမှာပူလောင်တယ်၊
ဒါအနည်းဆုံး၊ ဟိုတစ်ဖက်ကလည်း ပြန်ပြီးတော့ ကိုယ်ဒေါသနဲ
့ပြောလိုက်တဲ့စကားကို မကျေနပ်လို့ ရန်ငြိုးဖွဲ့ မယ် (သို့ မဟုတ်)
တရားစွဲမယ်ဆိုရင် ပြဿနာမပြီးတော့ဘူး ဆက်သွားတယ်၊
ဒီလိုဆိုလိုတာ၊ ဒီဘဝတင်ပဲ problem တွေအများကြီး ဖြစ်လာတာ၊ ဒေါသမထိန်းနိုင်လို့ လူသတ်မှု ဖြစ်ပွားတယ်၊ ပြဿနာတွေ ဆင့်ကဲဆင့်ကဲ ရောက်လာတယ်၊ ဒါကြောင့်မို့  အဲဒီဒေါသကို ဖယ်ရှားရမယ်။
ဒေါသ မပယ်နိုင်သည့်ပုဂ္ဂိုလ်သည် ကိုယ့်ကိုယ်ကို သတ်သေတာတို့ နောက်ဆုံးမှာ ကိုယ့်ရဲ့  ကျေးဇူးအကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မိဘသတ်တာတို့ ဒါမျိုးတွေဖြစ်လာတယ်၊ ညီအစ်ကို မောင်နှမချင်း သတ်တာတို့ ဒါတွေဟာအားလုံး ဒေါသရဲ့ အပြစ်ကြီးပဲ၊ အဲဒီလို ဒေါသရဲ့ 
အပြစ်တွေကို ဆင်ခြင်ပြီးတော့ ဒေါသကင်းအောင် ကြိုးစားခြင်းသည် ကိုယ့်အကျိုး ကိုယ့်စီးပွား လုပ်တာပဲ၊ အတ္တဟိတ လုပ်ငန်းတစ်ခုပဲ၊ ဒီလို ပြောတာ။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။