အသံမဲ့ချစ်ခြင်း
-----------------
ဆောင်းနေ့တစ်နေ့ရဲ့ညနေခင်းမှာ ခါတိုင်းလိုပဲ အိမ်အပြန်ဘတ်စ်ကားစီးဖို့ တန်းစီစောင့်နေတဲ့လူတွေထဲ ကျွန်မဝင်ရောက်တန်းစီလိုက်ပါတယ်။
ကားစောင့်နေသူတွေ ၅ယောက် ၆ယောက်လောက်ပဲရှိပါတယ်။ အားလုံးက အစီစဉ်တကျနဲ့
တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က
ခွေးတစ်ကောင်ကိုဆွဲပြီး အဝေးဖက်ကနေ လျှောက်လာပါတယ်။ လမ်းဘေးမီးရောင်ကြောင့်
အဲဒီပုံရိပ်ဟာ ရွှေရောင်အနားကွပ်ထားသလို ဆည်းဆာနေရောင်အောက်မှာ လင်းလင်းထင်းထင်းရှိနေခဲ့ပါ တယ်။
အဲဒီပုံရိပ်ဟာ လျှောက်ရင်းလှမ်းရင်း ကျွန်မတို့နဲ့ နီးသထက်နီးလာခဲ့ပါတယ်။ အရပ်မြင့်မြင့် ခါးမတ်မတ် လူရွယ်တစ်ယောက်ဟာ တုတ်တစ်ချောင်းနဲ့ သူ့ခွေးအနား ထပ်ကြပ်မခွာလိုက်နေတာကို တွေ့မြင်လိုက်ပါတယ်။ ဒါဟာ မျက်မမြင်လမ်းပြအဖြစ် လေ့ကျင့်ထားတဲ့ခွေးဖြစ်ပြီး အဲဒီလူရွယ်က မျက်မမြင်တစ်ဦးဖြစ်ပါတယ်။ လူရွယ်ဟာ ကားဂိတ်ရှိရာဆီ လျှောက်လှမ်းလာပြီး ကားစောင့်ဆိုင်းတဲ့နေရာရဲ့မ လှမ်းမကမ်းမှာ ရပ်လိုက်ပါတယ်။
ဘယ်သူကမှ အဲဒီမျက်မမြင်လူရွယ်ကို လှမ်းမနှုတ်ဆက်ပါဘူး။ သူ့ကို တန်းစီတဲ့နေရာဖက်ဆီတွဲခေါ်လိုက်ရင် ကောင်းမလားလို့ ကျွန်မလည်းတွေဝေနေဆဲမှာ တန်းစီစောင့်ဆိုင်းနေတဲ့လူေ တွထဲက
လူလတ်ပိုင်းတစ်ဦးဟာ ဖတ်လက်စသူ့လက်ထဲကစာအုပ်ကို ပိတ်ပြီး
မျက်မမြင်လူရွယ်ရဲ့နောက် ဝင်ရောက်စီတန်းလိုက်ပါတယ်။
ကားစောင့်နေသူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် အဲဒီလူလတ်ပိုင်းရဲ့နောက်
ဝင်စီလိုက်ကြတယ်။ နေရာလု ရုန်းရင်းဆန်ခတ်တာမျိုး၊
ငြင်းခုန်တာမျိုးမရှိခဲ့ကြဘူး။
ဘတ်စ်ကားရောက်လာတဲ့အထိ အားလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။
“ကျေးဇူးပြုပြီး ခဏစောင့်ပါဦး.. ကျွန်တော်ချက်ချင်းပဲ….”
ဘတ်စ်ကားမောင်းသူက နေရာကခွာပြီး မျက်မမြင်လူရွယ်ကို ကားပေါ်တွဲခေါ်ဖို့လုပ်ပါတယ်။
“ကျေးဇူးတင်ပါတယ်.. ကိစ္စမရှိပါဘူး”
မျက်မမြင်လူရွယ်က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ပြီး လမ်းပြခွေးရဲ့ဦးဆောင်မှုနဲ့ ကားပေါ်တက်လိုက်ပါတယ်။ အဲဒီအချိန်က ရုံးဆင်းချိန်မို့ ကားပေါ်မှာလူအများနဲ့ပြည့်ကျ ပ်နေချိန်ပါ။ ဒါပေမယ့် မျက်မမြင်လူရွယ်ကားပေါ်ရောက် တာနဲ့
လူတွေအားလုံး ကားနောက်ပိုင်းဆီ စုပုံရောက်သွားကြပါတယ်။
ပြည့်ကျပ်နေတဲ့ကားပေါ်မှာ သူ့အတွက် သေးငယ်တဲ့လမ်းတစ်နေရာစာ
ဖယ်ပေးကြတာဖြစ်ပါတယ်။
ကားမောင်းသူရဲ့နောက်ခုံမှာ အသက် ၆နှစ် ၇နှစ်အရွယ် ကလေးတစ်ယောက်ထိုင်နေပါတယ်။ ကလေးရဲ့ဘေးမှာရပ်နေတဲ့ အမေဖြစ်သူက ကလေးငယ်ကိုဖြတ်ခနဲဆွဲထပြီး မျက်မမြင်လူရွယ်အတွက် ထိုင်ခုံနေရာဖယ်ပေးလိုက်တယ် ။ အမေဖြစ်သူက ရုတ်တရက်ပြုမူလိုက်တယ်ဆိုပေ မယ့် လိမ်မာတဲ့ကလေးငယ်လေးမှာ မကျေမနပ်ဖြစ်သွားတဲ့ပုံစံမျိုး မတွေ့လိုက်ရပါဘူး။
လမ်းပြခွေးက ခေါင်းတစ်ချက်မော့ကြည့်ပြီး
မျက်မမြင်လူရွယ်ကို ထိုင်ခုံအလွတ်နား လမ်းပြခေါ်ဆောင်သွားပါတယ်။ အဲဒီနောက်
လူရွယ်ဘေးမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်ချလိုက်ပါတယ်။
ကားပေါ်ဖြစ်ပျက်သွားတဲ့အဖြစ် အားလုံးကို မျက်မမြင်လူငယ် မတွေ့မသိလိုက်ပါဘူး။
“ဘယ်မှာ ဆင်းမလဲခင်ဗျား”
“ဟုတ်ကဲ့.. ကျွန်တော် ရူခင်းသာလမ်းမှာ ဆင်းမှာပါ”
“ဟုတ်ကဲ့ပါ.. အရှင်…”
ကားမောင်းသူရဲ့ ရယ်ရွှင်ဖွယ်စကားက ကားပေါ်ပါလာတဲ့ခရီးသည်အားလုံးကို ရယ်မောစေခဲ့ပါတယ်။
ကားပေါ်ကခရီးသည်တွေဟာ လေးစားနှစ်လိုထိုက်တဲ့လမ်ြး ပခွေးကို
အကဲခတ်ကြည့်ရှုနေကြတယ်။ လမ်းအကွေ့အကောက်ရောက်လို့ ကားအနည်းငယ်ယိုင်သွားလည်း
သူဟာ ဟန်မပျက် ရှေ့တူရှုကိုသာ စိုက်စိုက်မတ်မတ်ကြည့်နေခဲ့ ပါတယ်။ ဒါဟာ အိမ်မွေးခွေးအပေါ်ဆက်ဆံတာမျိုးနဲ့
မတူတဲ့ အခြေအနေမျိုးပါ။ ဘယ်သူကမှ အဲဒီလမ်းပြခွေးနားသွားပြီး
လက်နဲ့သပ်ပေးတာမျိုး၊ ဓာတ်ပုံရိုက်တာမျိုး မရှိခဲ့ပါဘူး။
ကျွန်မဘေးနားရပ်နေတဲ့ ထိုင်ခုံနေရာဖယ်ပေးတဲ့ကလေးင ယ်လေးက လက်ထဲကစားလက်စပေါင်မုန့်တစ် ဝက်ကို ကိုင်မြှောက်ပြီး လမ်းပြခွေးကိုကျွေးဖို့ပြင် တော့
အမေဖြစ်သူက သူ့နားနားကပ်ပြီး “သူအလုပ်လုပ်နေတယ်.. သူ့မှာ သူ့တာဝန်ရှိတယ်..
သူ့ကို သွားမနှောင့်ယှက်ပါနဲ့” လို့ တိုးတိုးပြောလိုက်ပါတယ်။
“အလုပ်လုပ်နေတယ်”ဆိုတဲ့အသြံ ကားတာနဲ့ ကလေးငယ်လေးက သူ့လက်ကိုချက်ချင်းရုတ်လိုက်ပါတယ်။
မြို့ကသိပ်မကြီးတော့ မျက်မမြင်လူရွယ်သွားလိုတဲ့ဂိတ်ဆီ ကားရောက်လာခဲ့ပါတယ်။ လူရွယ်က ကားမောင်းသူကိုကျေးဇူးတင်စကားပြောပြီး
လမ်းပြခွေးနဲ့အတူ ကားပေါ်က ဆင်းသွားခဲ့ပါတယ်။ ကားထဲမှာ နဂိုအတိုင်းပဲ
တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အဲဒီအချိန်ကျမှ ဒီတိတ်ဆိတ်ငြိမ်သက်ခြင်းထဲမှာ အသံမဲ့ချစ်ခြင်းနဲ့ နက်ရှိုင်းတဲ့လေးစားစိတ်တွေကို ကျွန်မခံစားလိုက်မိပါတယ်။
--------
မူရင်းရေးသားသူ-- Féng xuě jùn
မူရင်းလင့်-- http://www.85nian.net/ chengzhang/17208.html
နိုင်းနိုင်းစနေ (April. 15. 2015)
-----------------
ဆောင်းနေ့တစ်နေ့ရဲ့ညနေခင်းမ
အဲဒီပုံရိပ်ဟာ လျှောက်ရင်းလှမ်းရင်း ကျွန်မတို့နဲ့ နီးသထက်နီးလာခဲ့ပါတယ်။ အရပ်မြင့်မြင့် ခါးမတ်မတ် လူရွယ်တစ်ယောက်ဟာ တုတ်တစ်ချောင်းနဲ့ သူ့ခွေးအနား ထပ်ကြပ်မခွာလိုက်နေတာကို တွေ့မြင်လိုက်ပါတယ်။ ဒါဟာ မျက်မမြင်လမ်းပြအဖြစ် လေ့ကျင့်ထားတဲ့ခွေးဖြစ်ပြီး
ဘယ်သူကမှ အဲဒီမျက်မမြင်လူရွယ်ကို လှမ်းမနှုတ်ဆက်ပါဘူး။ သူ့ကို တန်းစီတဲ့နေရာဖက်ဆီတွဲခေါ်လိ
ဘတ်စ်ကားရောက်လာတဲ့အထိ အားလုံးတိတ်ဆိတ်ငြိမ်သက်နေခ
“ကျေးဇူးပြုပြီး ခဏစောင့်ပါဦး.. ကျွန်တော်ချက်ချင်းပဲ….”
ဘတ်စ်ကားမောင်းသူက နေရာကခွာပြီး မျက်မမြင်လူရွယ်ကို ကားပေါ်တွဲခေါ်ဖို့လုပ်ပါတယ်။
“ကျေးဇူးတင်ပါတယ်.. ကိစ္စမရှိပါဘူး”
မျက်မမြင်လူရွယ်က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ပြီး လမ်းပြခွေးရဲ့ဦးဆောင်မှုနဲ့
ကားမောင်းသူရဲ့နောက်ခုံမှာ အသက် ၆နှစ် ၇နှစ်အရွယ် ကလေးတစ်ယောက်ထိုင်နေပါတယ်။ ကလေးရဲ့ဘေးမှာရပ်နေတဲ့ အမေဖြစ်သူက ကလေးငယ်ကိုဖြတ်ခနဲဆွဲထပြီး မျက်မမြင်လူရွယ်အတွက် ထိုင်ခုံနေရာဖယ်ပေးလိုက်တယ်
လမ်းပြခွေးက ခေါင်းတစ်ချက်မော့ကြည့်ပြီး
“ဘယ်မှာ ဆင်းမလဲခင်ဗျား”
“ဟုတ်ကဲ့.. ကျွန်တော် ရူခင်းသာလမ်းမှာ ဆင်းမှာပါ”
“ဟုတ်ကဲ့ပါ.. အရှင်…”
ကားမောင်းသူရဲ့ ရယ်ရွှင်ဖွယ်စကားက ကားပေါ်ပါလာတဲ့ခရီးသည်အားလုံ
ကားပေါ်ကခရီးသည်တွေဟာ လေးစားနှစ်လိုထိုက်တဲ့လမ်ြး
မြို့ကသိပ်မကြီးတော့ မျက်မမြင်လူရွယ်သွားလိုတဲ့ဂ
--------
မူရင်းရေးသားသူ-- Féng xuě jùn
မူရင်းလင့်-- http://www.85nian.net/
နိုင်းနိုင်းစနေ (April. 15. 2015)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။