Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 15, 2015

တမလွန်မှ ကာဒ့်ကိုဘိန်းရဲ့  တေးသွားများ


တမလွန်မှ ကာဒ့်ကိုဘိန်းရဲ့  တေးသွားများ
----------------------------------------

' ငါ့ အဖေကို နဗားနားတီးဝိုင်းရဲ့  အဆိုတော်အနေနဲ့ ကမ္ဘာက သိကျတယ်။ ဒါပေမယ့် သူက ဒီထက်ပိုခဲ့တဲ့ အနုပညာရှင်တယောက်၊ အနုပညာရှင်ဆိုတာတောင်မှ Capital 'A' ဆိုတဲ့ စာလုံးအကြီးနဲ့စတဲ့ အနုပညာရှင် ! '

By Frances Bean Cobain

'ပန်းချီဆွဲတယ် ရုပ်ရှင်လေးတွေဖန်တီးတယ် အနုပညာနဲ့ပတ်သက်သမျှ တော်တော်များများလုပ်ခဲ့တယ်၊ အဲဒီဘက်တွေမှာလည်း သူဖန်တီးခဲ့တဲ့ဟာတွေကို ကမ္ဘာကိုပြသင့်တယ်' 'ဒါပေမယ့် ရှင် ဒီအကြောင်းအရာကို ဖန်တီးမယ်လို့ ဆုံးဖြတ်ထားရင် ဘာပဲလုပ်လုပ် တကယ့်အစစ်အမှန်တွေအတိုင်းပဲလုပ်စေချင်တယ်၊ ရိုးသားစေချင်တယ်' လို့ ကာဒ့်ကိုဘိန်းရဲ့ သမီးဖြစ်သူ ဖရန်စီဘင်းကိုဘိန်းက ဒါရိုက်တာ Brett Morgen ကို အလေးအနက်တောင်းဆိုခဲ့ပါတယ်။

ဟုတ်ကဲ့ 'Montage of Heck' အထူးထုတ်အခွေလေးကတော့ ကာဒ့်ကိုဘိန်းရဲ့  အတွေးအာရုံမှတ်တမ်းပေါင်းချုပ်လို့ ပြောရမလားပဲ၊ ၂၀၁၅ နှစ်စပိုင်းလောက်က HBO ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တင်ဆက်ထားခဲ့တဲ့ Montage of Heck ဆိုတဲ့ ကာဒ့်ကိုဘိန်းမှတ်တမ်းကားမှာ ပါဝင်ခဲ့တဲ့ ကိုဘိန်းရဲ့ အသံတွေ စကားပြောသံတွေ ဂစ်တာသံတွေစတဲ့ သူ့အိမ်က ရီကောတင်းမှာ စိတ်ထဲရှိသလို သွင်းထားခဲ့တဲ့ သီချင်းတွေ ပါဝင်ပါတယ်။ ဒီမှတ်တမ်းကားကို ရိုက်တဲ့ ဒါရိုက်တာ Brett Morgen (ဘရက်ဒ်မော်ဂန်) က ကိုဘိန်းရဲ့  နာရီ ၂၀၀ စာလောက်ရှိတဲ့ ကတ်ဆက်ခွေပေါင်းစုံကို မွှေနှောက်ပြီးသကာလ ခုအယ်လ်ဘမ်ထဲမှာပါတဲ့ ဒီမိုသီချင်းလေးတွေ စိတ်ကူးစိတ်သန်း အတိုအစလေးတွေ အကြမ်းသွင်းခဲ့တာတွေကို ရှာဖွေတွေ့ ခဲ့တာဖြစ်ပါတယ်။ ပုံမှန်ဗားရှင်းမှာတော့ သီချင်းချည်းပဲ သီးသန့် ၁၃ ပုဒ်ပါပါတယ်။ Deluxe version မှာတော့ အသံဖိုင် ၃၁ ဖိုင်နီးပါးလောက်ပါပြီး အချို့ ဖိုင်တွေဟာ နဗားနားတို့ရဲ့  နက်နဲတဲ့ စိတ်ခံစားမှု ကျယ်ပြန့်တဲ့အကြောင်းအရာတွေကို ထင်ဟပ်စေလိမ့်မယ်။ ပြီးတော့ နည်းနည်းလေးနဲ့ မယုံနိုင်လောက်စရာကောင်းတဲ့ အမွေအနှစ်တခုကို ဆွဲဆန့်ထားတဲ့ အယ်လ်ဘမ်တချပ်အနေနဲ့လည်း ကြည့်မြင်လို့ရပါတယ်။ ဘယ်လောက်ထိ ဖမ်းစားနိုင်မလဲဆိုတာ အံ့သြစရာဖြစ်ပေမယ့် တချို့ ဟာတွေဆို အမြင်သစ်ကိုတောင်မှ ပေးစွမ်းနေသလိုပါ။ အသစ်အဆန်းပဲပြောရမလား ၆၀ ခုနှစ် ကျေးလက်ဂီတ အငွေ့အသက်တွေဖက်ကို ယိုင်နေတဲ့ အကူးစတစ်ဂစ်တာသံအစုံလိုက်ပါနေတဲ့ "The Happy Guitar" နဲ့ "Retreat" စတဲ့ အသံဖိုင်တွေ၊ သီချင်းအသစ် တပုဒ်ဖြစ်တဲ့ အလွန်ပင်ပန်းစရာကောင်းတဲ့ "She Only Lies" သီချင်း၊ ပြီးတော့ ကာဒ့်ကိုဘိန်း နောက်ဆုံးသွင်းခဲ့ပြီး လှပတဲ့ သီချင်းအကြမ်းတပုဒ် "Do Re Mi (Medley)" ဒါပေမယ့် ဒီသီချင်းက အယ်လ်ဘမ်ဗားရှင်းမှာပဲ ထည့်ပေးထားပြီး ၁၀ မိနစ်လောက်တောင်ကြာပါတယ်။ ကာဒ့်ရဲ့ ဘီလ်တယ်တို့ရဲ့ သီချင်း And I Love Her ကို ကာဗာပြန်ဆိုထားတာကိုလည်း ကြားကျရမှာဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာလိုပဲ ဝါရှင်တန်ပြည်နယ် Aberdeen မြို့  မှာ ကာဒ့်က အလွန်းအမင်း စိတ်ပင်ပန်းဆင်းရဲစွာ ကြီးပြင်းလာရပုံကို စကားပြောပုံစံမျိုးနဲ့ ပြန်လည်အမှတ်ရပြောဆိုတဲ့နေရာမှာ ခံစားနာကျင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သူရဲ့ ဖန်တီးနိုင်မှုစွမ်းရည်ကို Aberdeen ဆိုတဲ့ အသံဖိုင်မှာ အရှိအတိုင်း ကြားကျရမှာပါ။ "Rehash" ဆိုတဲ့ ဒီမိုအသံဖိုင်မှာဆိုရင် power-sludge ( တန်ပိုနှေးပြီး အင်တိုက်အားတိုက်ရှိတဲ့ ) ဂစ်တာ ရစ်ဖ်သံရယ်၊ "solo" ဆိုလို ဆိုလိုနဲ့ "chorus" လို့ အော်လိုက်တာတွေဟာ နောင်မှာ အပြည့်အဝ ရုပ်လုံးပေါ်လာမယ့် သီချင်းတပုဒ်ကို တည်ဆောက်နေတာမျိုး ဒါမှမဟုတ် ဂီတပုံစံကို ပြောင်းပြီး ထပ်ဆင့်ဆက်ပေးလိုက်သလိုမျိုး ကြားရပါလိမ့်မယ်။ အသံဖိုင်တချို့ ပြီးတဲ့နောက်မှာ ဆယ်ကျော်သက်တယောက် ကိုယ့်ဟာကို သတ်သေဖို့ ကြိုးစားတာကို ဖော်ပြနေတဲ့ စကားပြောစာသားတခု ဖတ်ပြသလို သူပြောထားတယ်။ ဒါဟာ ဒီခွေထဲမှာပါတဲ့ အဖြစ်အပျက်ပေါင်းများစွာထဲက ဖြစ်ရပ်တခုဖြစ်ပြီး ဘာကိုပြနေသလဲဆိုရင် မိမိကိုယ်ကို မုန်းတီးပြီး သတ်သေချင်ခဲ့တာကို ထိန့်လန့်တကြား သိတာတောင်မှ တခါကရှိခဲ့ဘူးတဲ့ ကိုယ်ပိုင်အတိတ်ဖြစ်ရပ်နဲ့ ကိုယ့်ဟာကိုယ်ခြေဖျက်ခဲ့တယ်ဆိုတာကို ပြနေသလိုပါ။ သူရဲ့  တော်တော်များများ ရုပ်လုံးမပေါ်သေးတဲ့ဟာ ဒါမှမဟုတ် တက်သုတ်ရိုက် ဖန်တီးမှုတွေဟာ သမိုင်းမှတ်တမ်းတခုအနေနဲ့ ထိုက်တန်ခဲ့တယ်။ ဟုတ်တယ် သူမှန်ခဲ့တယ် မိမိကိုယ်မှတပါး အခြားမရှိသည်ပဲလေ။

ဒီအယ်လ်ဘမ်ဟာ နဗားနားတီးဝိုင်းမဟုတ်တဲ့ ကာဒ့်ကိုဘိန်းရဲ့  ပထမဆုံး တကိုယ်တော် ဆိုလိုအယ်လ်ဘမ်တချပ်ဖြစ်ပြီး ၂၀၁၅ နိုဝင်ဘာ ၁၃ ရက်မှာ တရားဝင်ထုတ်ခဲ့ပါတယ်။ သူ့အကြောင်းကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကတော့ အပြည့်စုံဆုံးမဟုတ်တောင် အတိုင်းအတာတခုအထိတော့ သိခွင့်ပေးနေပါလိမ့်မယ်။ ဒီမိုသီချင်းလေးတွေ သီချင်းအကြမ်းတွေ အတွေးစတွေ စိတ်ကူးစိတ်သန်းတွေ ရယ်မောသံတွေ စကားသံတွေကြားက ကာဒ့်ကို ခင်များတို့ ရှာဖွေတွေ့ ရှိပါလိမ့်မယ်။ တခုပဲကြိုမှာချင်တာက သီချင်းချည်းပဲ နားထောင်ချင်သူတွေအတွက်ကတော့ Normal ဗားရှင်းကိုပဲဒေါင်းပါ။ Deluxe ဗားရှင်းကို မဒေါင်းပါနဲ့။ ဘာလို့လည်းဆိုတော့ Deluxe version ဟာ သီချင်းအယ်လ်ဘမ်တချပ်ထက်ပိုတဲ့ ကိုဘိန်းရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို အသံဖိုင်မှတ်တမ်းအနေနဲ့ ထုတ်ထားခဲ့လို့ပါပဲ။ အမှတ်တရစုဆောင်းလိုသူတွေအတွက်ကတော့ Montage of Heck မှတ်တမ်းကား ဒီဗီဒီ၊ စာအုပ်နဲ့ ခုစီဒီအယ်လ်ဘမ်ကို ဝယ်ယူ သိမ်းဆည်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်...

ခင်သောမင်သောစကော်ပီယံများ

ref: rolling stone, Kerrang

p.s. အမ်ပီသရီး normal ဗားရှင်း ၊ Deluxe အယ်လ်ဘမ်ဗားရှင်းနဲ့ အိုင်ကျူးဗားရှင်းကို ဒေါင်းလို့ရအောင်တင်ပေးထားပါတယ်။ Do Re Mi (Medley) သီချင်းကတော့ အမ်ပီသရီး အယ်လ်ဘမ်ဗားရှင်းမှာပဲ ပါတာပါ။

(Normal) DL : http://www.mediafire.com/download/r3o1zi3jhrc9c0q/KCN15.rar

( Delux ) DL : http://www.mediafire.com/download/yhfh6yk8d6hk89c/KCD15.rar

(အိုင်ကျူး) DL: http://www.mediafire.com/download/xwri4i4gxugg5cl/KC15.rar

**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။