ပြောင်းလဲလာသော.အကြမ်းဖက်သမားတို့ရဲ့နည်းဗျူဟာ။
တနေ့ညက.ပြင်သစ်နိုင်ငံ.ပါရီ မြို့လည်ခေါင်က.လူစည်ကားတဲ့ .ကဇာတ်ရုံ.စားသောက်ဆိုင်.ဘီ ယာဆိုင်တွေမှာ.အကြမ်းဖက်သမားတွေက.အဖွဲ့၃ဖွဲ့ခွဲပြီး.သေ နတ်တွေနဲ့ဝင်ပစ်ကြလို့.လူ(၁ ၂၈)ယောက်သေပြီး.လူပေါင်း(၃၀ ၀)ကျော်ဒဏ်ရာရသွားတယ်။.ပြင် သစ်သမတကြည့်နေတဲ့ဘောလုံးကွင်းအနီးက.မက်ဒေါ်နယ်စားသောက်ဆိုင်မှာလဲ.ဗုံးတွေပေါက်ကွဲတ ယ်။.အကြမ်းဖက်သမား(၈)ယောက်စ လုံး.သေဆုံးသွားကြတယ်။.အဲဒီ အထဲက.(၇)ယောက်ဟာ.သူတို့ကိုယ်မှာချည်ထားတဲ့ဗုံးတွေဖေါက်ခွဲလိုက်ပြီး.အဆုံးစီရင်သွားကြတာပါ။
ဒီအဖြစ်အပျက်ကိုကြည့်ရင်.အြ ကမ်းဖက်သမားတွေရဲ့လုပ်ရပ်တွေဟာ.အရင်နဲ့မတူ.ပြောင်းလဲလာ ခဲ့ပြီဆိုတာ.အရင်အကြမ်းဖက်လုပ်ရပ်တွေကို.ကြည့်ရင်သိနို င်ပါတယ်။
(၁၉၇၀)ခုနှစ်လောက်တုံးက.ပါလ က်စတိုင်းလူမျိုးတယောက်ဟာ.သူ့ရည်းစားရဲ့ခရီးဆောင်အိပ်ထဲမှာ.လက်လုပ်ဗုံးတလုံးထဲ့ထားပြီး.သူ့ရည်းစားကို.အစ္စရေး နိုင်ငံရဲ့လေဆိပ်ထဲက.လိုက်ပါမဲ့လေကြောင်းကောင်တာနားအထိ .လိုက်ပို့ပါတယ်။.အဲဒီအမျိုးသမီး.ကောင်တာကိုဖြတ်တော့.ရှာဖွေရေးကိရိယာက.အသံမြည်လာလို့.လေဆိပ်ရဲ့အစ္စရေးလုံခြုံ ရေးတွေက.အမျိုးသမီးရဲ့အိပ်ကို.ဖွင့်စစ်လိုက်တော့.ဗုံးကို.တွေ့သွားတယ်။.အမျိုးသမီး ကလဲ.သူမ.မသိအောင်.ဗုံးထဲ့ပေးလိုက်တဲ့သူမရဲ့ရည်းစားအကြောင်းကို.စိတ်နာနာနဲ့.အသေးစိ ပ်ပြောပြလို့.အဲဒီလူကို.အစ္စ ရေးထောက်လှမ်းရေးက.နာရီပိုင်းအတွင်း.ဖမ်းမိလိုက်တယ်။.အဲဒီတုံးက.အကြမ်းဖက်သမားတွေရဲ့နည်းဟာ.သူတို့သေမှာတော့ြေ ကာက်ကြတယ်။
လွန်ခဲ့တဲ့(၇)နှစ်လောက်က.ပါ ကစ္စတန်နိုင်ငံက.မူဆလင်အကြမ်းဖက်သမားတစ်စုဟာ.ပင်လယ်ပြင် ကနေ.စက်လှေတွေနဲ့အိန္ဒိယနိုင်ငံဖက်ကိုကူးပြီး.အိန္ဒိယနို င်ငံရဲ့မြိုကြီးတမြို့ဖြစ်တဲ့မန်ဘိုင်း(Mumbai)မြို့ပေါ်က.စူပါစတိုးဆိုင်ကြီးတခုထဲ က.ဈေးဝယ်လာသူတွေကို.သွေးအေးအေးနဲ့ပစ်သတ်ခဲ့ပါတယ်။.လူေ ပါင်း(၁၆၆)ယောက်သေဆုံးခဲ့ပြီး.အမြောက်အများဒဏ်ရာရခဲ့ကြ တယ်။.အကြမ်းဖက်သမားတွေအားလုံးနီးပါး.အိန္ဒိယထောက်လှမ်းေ ရးစစ်တပ်က.အသေပစ်သတ်လိုက်ကြ နယ်။.တယောက်ကို.အရှင်ဖမ်းမိ ပြီး.နောက်တော့.ထောင်ထဲမှာ. ကြိုးပေးကွပ်မျက်လိုက်တယ်။. အဲဒီအဖြစ်အပျက်ဖြစ်ပြီးကတဲက .နိုင်ငံတကာက.ထောက်လှမ်းရေး အဖွဲ့တွေဟာ.ဒီလိုပဲ.မြို့ကြီးတွေမှာ.ဝင်ရောက်စီးနင်းပစ်ခတ်တာတွေလုပ်အုံးမယ်ဆိုတာ. ခန့်မှန်းထားခဲ့ကြတယ်။.ဘယ်အ ချိန်မှာ.တိုက်ခိုက်မယ်လဲဆိုတာသာ.မသိတာပါ။.အဲဒီအဖြေကို .အခု.ပါရီမှာဖြစ်ခဲ့တာက.အြေ ဖပေးလိုက်ပါပြီ။
အစ္စရေးလေဆိပ်မှာ.အမျိုးသမီး ရဲ့ခရီးဆောင်အိပ်ထဲ.ဗုံးထဲ့ ပေးလိုက်တုံးက.အကြမ်းဖက်သမားတွေဟာ.သူတို့အသက်သေမှာကိုေ ကြာက်ကြတယ်။.မန်ဘိုင်းမြို့ နဲ့ပါရီမြို့က.အဖြစ်အပျက်တွေက.အကြမ်းဖက်သမားတွေဟာ.သေမှာကို.လုံးဝမကြောက်ကြတော့ဖူး ။.အဖမ်းမခံပဲ.သူတို့ကိုယ်သူ တို့ဗုံးခွဲသတ်သေဖို့.ဆုံြး ဖတ်ထားခဲ့ကြတယ်။.သူတို့သေသွားရင်.အာဇာနီသူရဲကောင်းဖြစ် ပြီး.ကောင်းကင်ဘုံရောက်မယ်လို့ယုံကြည်ထားကြတယ်။
သူတို့ဟာ.ဘာလို့စစ်တပ်တို့. ရဲစခန်းတို့.ဝန်ကြီးရုံးတွေ ကိုမတိုက်ပဲ.မြို့ကြီးတွေက. အပြစ်မဲ့လူတွေကို.သတ်ဖြတ်ရတာလဲ။.အဲဒီ.စစ်တပ်.ရဲစခန်း.ဝ န်ကြီးရုံတွေက.အစောင့်အကြပ် ထူထပ်စွာချထားလို့.တိုက်ခို က်ဖို့မလွယ်ဘူး။.လူစည်ကားတဲ့ နေရာမှာ.လုပ်ဖို့က.အစောင့် အကြပ်နဲပြီး.လူကြားထဲမှာ.ကိုယ်ယောင်ဖျောက်နေလို့ရတယ်။. အချိန်ကျမှ.ထပစ်ကြတယ်။.အဓိက ရည်ရွယ်ချက်က.လူအများစုဟာ.သူတို့ကို.ကြောက်လန့်သွားအော င်.လုပ်လိုက်တာပါ။.ကမ္ဘာ့မြို့ကြီးမှာလုပ်တော့.တကမ္ဘာလုံးကို.ဒီသတင်းရောက်သွားပြီး. ကမ္ဘာကြီးတခုလုံးကလူတွေ.သူတို့ကိုကြောက်လန့်သွားစေဖို့ပါ။
ဒီလို.မြို့ကြီးတွေမှာ.အကြမ်းဖက်သမားတွေက.အပြစ်မဲ့တဲ့လူတွေကို.သွေးအေးအေးနဲ့သတ်ဖြ တ်တာတွေဟာ.ဘယ်နိုင်ငံမှာမဆို.ထပ်မံဖြစ်ပွားနိုင်သေးတယ် ဆိုတာ.သတိမူနေကြဖို့လိုအပ်ပါတယ်။
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၁၅)ရက်
တနေ့ညက.ပြင်သစ်နိုင်ငံ.ပါရီ
ဒီအဖြစ်အပျက်ကိုကြည့်ရင်.အြ
(၁၉၇၀)ခုနှစ်လောက်တုံးက.ပါလ
လွန်ခဲ့တဲ့(၇)နှစ်လောက်က.ပါ
အစ္စရေးလေဆိပ်မှာ.အမျိုးသမီး
သူတို့ဟာ.ဘာလို့စစ်တပ်တို့.
ဒီလို.မြို့ကြီးတွေမှာ.အကြမ
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၁၅)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။