အရှုံးပေးခြင်း မဟုတ်ပါ။
~~~~~~~~~~~~~~~~~
စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင် ကစားရာမှာ အရမ်းတော်ပါတယ်။ ဘယ်သူကမှ သူ့ကို နိုင်အောင် မကစားနိုင်ပါဘူး။
တစ်နေ့မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူ စစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ဒီ ရွာက အိမ်သေးသေးလေးတစ်လုံးမှာ -
“တစ်နိုင်ငံလုံးရဲ့ စစ်တုရင်ကစားရာမှာ နံပါတ်တစ်” လို့ ဆိုတဲ့ -
ဆိုင်းဘုတ်ချိတ်ထားတာကို သွားတွေ့ကြတယ်။ စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင် (၃) ပွဲ ပြိုင်ကစားကြတာ အိမ်ရှင်က (၃) ကြိမ်လုံးရှုံးခဲ့တော့ -
စစ်သူကြီးက ရယ်မောပြီးတော့ ပြောတယ်။
“ ဟား, ဟား .... မောင်မင်း ဆိုင်းဘုတ်ကြီးကို ဖြုတ်ပစ်လိုက်တော့ ” ဆိုပြီး,
စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက်သွားပါတော့တယ်။
မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ဒီ ရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့ရတယ်။
ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့ နောက်ထပ်စိန်ခေါ်စကားပြောကြရ င်း ထပ်ကစားဖြစ်ကြတယ်။
ဒီတစ်ခါကျတော့ စစ်သူကြီးက (၃) ပွဲ စလုံး ဆက်တိုက်ရှုံးသွားပါတယ်။ စစ်သူကြီး အရမ်းအံ့သြသွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ - ``ဘာကြောင့်လည်း´´ ပေါ့…။
အိမ်ပိုင်ရှင်ကပြောပြတာက -
“ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမယ့် တာဝန်ကြီးရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကိုချိုးပစ်လို့မသင့် ဘူး။ ဒီတစ်ခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာလျှိုထားစရာ မလိုတော့ဘူးပေါ့ ” တဲ့။
ကျွန်တော့်အမြင်နဲ့ ဒီပုံပြင်ကို တွေးကြည့်တာက -
တကယ်တော်တဲ့သူဆိုတာ, အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ, ခွင့်လွှတ်နိုင်စွမ်းရှိအောင်, စိတ်သဘောထားကြီးမြတ်တဲ့ သူပါပဲ။
လက်တွေ့ဘဝမှာလည်း အတူတူပါပဲ။
သိနေလည်း မလိုအပ်ဘဲ ပြောစရာမလိုပါဘူး။ မပြောဘူးဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။ - ။
[မေတ္တာဖြင့် ----- (တစ်ခုတည်းသော အဖြေ)]
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~
~~~~~~~~~~~~~~~~~
စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင် ကစားရာမှာ အရမ်းတော်ပါတယ်။ ဘယ်သူကမှ သူ့ကို နိုင်အောင် မကစားနိုင်ပါဘူး။
တစ်နေ့မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူ စစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ဒီ ရွာက အိမ်သေးသေးလေးတစ်လုံးမှာ -
“တစ်နိုင်ငံလုံးရဲ့ စစ်တုရင်ကစားရာမှာ နံပါတ်တစ်” လို့ ဆိုတဲ့ -
ဆိုင်းဘုတ်ချိတ်ထားတာကို သွားတွေ့ကြတယ်။ စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင် (၃) ပွဲ ပြိုင်ကစားကြတာ အိမ်ရှင်က (၃) ကြိမ်လုံးရှုံးခဲ့တော့ -
စစ်သူကြီးက ရယ်မောပြီးတော့ ပြောတယ်။
“ ဟား, ဟား .... မောင်မင်း ဆိုင်းဘုတ်ကြီးကို ဖြုတ်ပစ်လိုက်တော့ ” ဆိုပြီး,
စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက်သွားပါတော့တယ်။
မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ဒီ ရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့ရတယ်။
ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့
ဒီတစ်ခါကျတော့ စစ်သူကြီးက (၃) ပွဲ စလုံး ဆက်တိုက်ရှုံးသွားပါတယ်။ စစ်သူကြီး အရမ်းအံ့သြသွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ - ``ဘာကြောင့်လည်း´´ ပေါ့…။
အိမ်ပိုင်ရှင်ကပြောပြတာက -
“ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမယ့် တာဝန်ကြီးရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကိုချိုးပစ်လို့မသင်
ကျွန်တော့်အမြင်နဲ့ ဒီပုံပြင်ကို တွေးကြည့်တာက -
တကယ်တော်တဲ့သူဆိုတာ, အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ, ခွင့်လွှတ်နိုင်စွမ်းရှိအောင
လက်တွေ့ဘဝမှာလည်း အတူတူပါပဲ။
သိနေလည်း မလိုအပ်ဘဲ ပြောစရာမလိုပါဘူး။ မပြောဘူးဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။ - ။
[မေတ္တာဖြင့် ----- (တစ်ခုတည်းသော အဖြေ)]
~~~~~~~~~~~~~~~~~~~~~~~~~~
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။