အပြီးသတ်ရွေးချယ်ချိန်
__________________________ _
written by Lwin Thandar Soe(YIT)
စစ်အာဏာရှင်များက အသွင်အမျိုးမျိုးပြောင်းပြီး အုပ်ချုပ်ခဲ့ရာ
နှစ်ငါးဆယ် ကျော်ကြာပြီးနောက် မြန်မာနိုင်ငံသည်
ကမာ့္ဘအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိ သွားခဲ့လေ၏။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်မည်ဟု ကြွေးကြော်ကတိပေး ခဲ့ရာ
နှစ် ၅၀ ကြာသောအခါ ခေတ်နောက်ကျန် ဘက်စုံချွတ်ခြုံကျသောနိုင်ငံ
အဖြစ်သို့ ရောက်ခဲ့ရလေ၏။
ကမာ့္ဘဘဏ်၏ နောက်ဆုံးထုတ်ပြန်သော စာရင်းဇယားအရ
ကမာ့္ဘနိုင်ငံပေါင်း (၂၁၅) နိုင်ငံတွင် ချမ်းသာဆင်းရဲဇယားတွင်
မြန်မာသည် (203) ဖြစ်၏။
အောက်မှ စရေတွက်လျှင် အဆင့် ၁၂ ဖြစ်၏။
အရှေ့တောင်အာရှနိုင်ငံ(၁၁)နိုင်ငံတွင် နံပါတ် (၁၁)ဖြစ်၏။
ကမ္ဘောဒီးယား၊ လာအိုတို့ထက်ပိုဆင်းရဲ၏။
အာရှတိုက်တွင် အဆင်ရဲဆုံးနိုင်ငံဖြစ်၏။
အာရှတွင် ဒုတိယအဆင်းရဲ ဆုံးဆိုသော
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင်
မြန်မာ့ထက် အဆင့်ငါးဆယ်မြင့်နေ၏။
ထိုစာရင်းဇယားအရ အီသီယိုးပီးယား၊ ဆိုမားလီးယား
စသည်ဆင်းရဲမွဲတေသော နိုင်ငံများသည်ပင် မြန်မာထက်
အဆင့်မြင့်သည်ဟုဆို၏။
ထိုသို့သောနိုင်ငံများသည် ပင် မြန်မာထက်ချမ်းသာသည်ဟု ဆိုနေ၏။
ရှက်ဖွယ်ကောင်းလှ၏။
ယခုတွက်ချက်သည့်နည်းမှာ G.D.P (Per Capiat Income) ကို
တွက်ချက် ခြင်းဖြစ်၏။
ဝင်ငွေကို လူဦးရေနှင့်စား၍ရသော အဖြေသာဖြစ်၏။
အကြမ်းဖျဉ်း အဖြေသာ ဖြစ်ပေသည်။
ယနေ့ကမ္ဘာတွင် တွက်ချက်သောနည်းမှာ
H.D.Iနည်း (Human Develop- -ment Index) ဖြစ်၏။
လူတစ်ယောက်ချင်းသည် တစ်နှစ်ဝယ်လိုအား ဒေါ်လာ သုံးသောင်း၊
ပညာသင်စရိတ် ဒေါ်လာခြောက်ထောင်၊ လူသက်တမ်း ရှစ်ဆယ်ဟု
စံထား၏။ထို့ထက်နိမ့်ကျလာသည် နှင့်အမျှ ဆင်းရဲသားစာရင်းဝင်လာ၏။
ထိုတွက် ချက်နည်းဖြင့် တွက်ချက်လျှင် မြန်မာသည် အဆင့် 203
ပင်မမှီနိုင်ပေ။
ယနေ့ကမ္ဘာ့စီးပွားရေးအဆင့်ကို တန်းမှီသည်ဟုဆိုနိုင်သော
အာရှနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ စင်္ကာပူ
တို့သည်တစ်ချိန်က မြန်မာ့ နောက်တွင်ရှိခဲ့၏။
ယခုစစ်အာဏာရှင်များက ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံ တော်ကြီးတည်ထောင်ကြသောအခါမှ မြန်မာသည်
ထိုနိုင်ငံများ၏ နောက်တွင် ကျန်ခဲ့ရုံသာမက
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရလေသည်။
ယနေ့မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတဟူသမျှ ကုန်ပါပြီ။
သူခိုးဈေးနှင့်ရောင်းလိုရောင်း၊ ခိုးလိုခိုး၊ ၀ှက်လိုဝှက်နှင့် ဘာသယံဇာတမှ
မကျန် တော့ပါ။
လူသယံဇာတကိုကြည့်ပါဦး။
ဘွဲ့လွန်ပညာတတ်များသည်ပင် သူများနိုင်ငံ တွင်အိမ်ကျွန်အဖြစ်
အလုအယက်သွားနေကြရရှာပြီ။
စင်္ကာပူဈေးကွက်တွင် မြန်မာ
အမျိုးသမီးငယ်များကို ဈေးကွက်တွင်ချရောင်း နေကြပါပြီ။
တရုတ်တွင် လိင်ကျွန် တရုတ်မယား လုပ်စားနေရ၏။
သည့်ထက်အောက်ကျစရာမရှိတော့ပါ။
တိုင်းပြည်ကိုနှစ် ၅၀ အတွင်းမွဲပြာကျအောင် လုပ်ခဲ့ပြီးနောက် အရှက်မရှိ၊
သိက္ခာမရှိ နောက်ထပ်သက်ဆိုးရှည်အောင် ကြိုးပမ်းနေကြပါပြီ။
၂၀၁၅ တွင် အနိုင်ရအောင် ညစ်နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပါပြီ။
သူတို့လက်ထဲကို နိုင်ငံအား ထည့်လိုက်ပါ နောက်(၅)နှစ်တွင် နိုင်ငံပျောက်၍
အိမ်နီးချင်းနိုင်ငံတစ်ခု၏ ပြည်နယ်
တစ်ခုအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားပေလိမ့်မည်။
သန်း(၆၀)သော မြန်မာပြည်သူတို့သည် လက်တစ်ဆုပ်စာ
လူတစ်စုကို ကြောက်၍
တိုင်းပြည်ဆင်းရဲမွဲတေ ကျွန်ဖြစ်သည့်ဘ၀ကို ကျရောက်ခံကြမလား။
ဒီလူတစ်စုကို ဖယ်ရှားမလား။
အပြီးသတ်ရွေးချယ်ရမည့်
အချိန်ရောက်ပါပြီ။
__________________________
written by Lwin Thandar Soe(YIT)
စစ်အာဏာရှင်များက အသွင်အမျိုးမျိုးပြောင်းပြီ
နှစ်ငါးဆယ် ကျော်ကြာပြီးနောက် မြန်မာနိုင်ငံသည်
ကမာ့္ဘအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိ သွားခဲ့လေ၏။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
နှစ် ၅၀ ကြာသောအခါ ခေတ်နောက်ကျန် ဘက်စုံချွတ်ခြုံကျသောနိုင်င
အဖြစ်သို့ ရောက်ခဲ့ရလေ၏။
ကမာ့္ဘဘဏ်၏ နောက်ဆုံးထုတ်ပြန်သော စာရင်းဇယားအရ
ကမာ့္ဘနိုင်ငံပေါင်း (၂၁၅) နိုင်ငံတွင် ချမ်းသာဆင်းရဲဇယားတွင်
မြန်မာသည် (203) ဖြစ်၏။
အောက်မှ စရေတွက်လျှင် အဆင့် ၁၂ ဖြစ်၏။
အရှေ့တောင်အာရှနိုင်ငံ(၁၁)န
ကမ္ဘောဒီးယား၊ လာအိုတို့ထက်ပိုဆင်းရဲ၏။
အာရှတိုက်တွင် အဆင်ရဲဆုံးနိုင်ငံဖြစ်၏။
အာရှတွင် ဒုတိယအဆင်းရဲ ဆုံးဆိုသော
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင်
မြန်မာ့ထက် အဆင့်ငါးဆယ်မြင့်နေ၏။
ထိုစာရင်းဇယားအရ အီသီယိုးပီးယား၊ ဆိုမားလီးယား
စသည်ဆင်းရဲမွဲတေသော နိုင်ငံများသည်ပင် မြန်မာထက်
အဆင့်မြင့်သည်ဟုဆို၏။
ထိုသို့သောနိုင်ငံများသည် ပင် မြန်မာထက်ချမ်းသာသည်ဟု ဆိုနေ၏။
ရှက်ဖွယ်ကောင်းလှ၏။
ယခုတွက်ချက်သည့်နည်းမှာ G.D.P (Per Capiat Income) ကို
တွက်ချက် ခြင်းဖြစ်၏။
ဝင်ငွေကို လူဦးရေနှင့်စား၍ရသော အဖြေသာဖြစ်၏။
အကြမ်းဖျဉ်း အဖြေသာ ဖြစ်ပေသည်။
ယနေ့ကမ္ဘာတွင် တွက်ချက်သောနည်းမှာ
H.D.Iနည်း (Human Develop- -ment Index) ဖြစ်၏။
လူတစ်ယောက်ချင်းသည် တစ်နှစ်ဝယ်လိုအား ဒေါ်လာ သုံးသောင်း၊
ပညာသင်စရိတ် ဒေါ်လာခြောက်ထောင်၊ လူသက်တမ်း ရှစ်ဆယ်ဟု
စံထား၏။ထို့ထက်နိမ့်ကျလာသည်
ထိုတွက် ချက်နည်းဖြင့် တွက်ချက်လျှင် မြန်မာသည် အဆင့် 203
ပင်မမှီနိုင်ပေ။
ယနေ့ကမ္ဘာ့စီးပွားရေးအဆင့်ကိ
အာရှနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ စင်္ကာပူ
တို့သည်တစ်ချိန်က မြန်မာ့ နောက်တွင်ရှိခဲ့၏။
ယခုစစ်အာဏာရှင်များက ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံ တော်ကြီးတည်ထောင်ကြသောအခါမှ
ထိုနိုင်ငံများ၏ နောက်တွင် ကျန်ခဲ့ရုံသာမက
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရလေသည်။
ယနေ့မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတဟူသမျှ ကုန်ပါပြီ။
သူခိုးဈေးနှင့်ရောင်းလိုရေ
မကျန် တော့ပါ။
လူသယံဇာတကိုကြည့်ပါဦး။
ဘွဲ့လွန်ပညာတတ်များသည်ပင် သူများနိုင်ငံ တွင်အိမ်ကျွန်အဖြစ်
အလုအယက်သွားနေကြရရှာပြီ။
စင်္ကာပူဈေးကွက်တွင် မြန်မာ
အမျိုးသမီးငယ်များကို ဈေးကွက်တွင်ချရောင်း နေကြပါပြီ။
တရုတ်တွင် လိင်ကျွန် တရုတ်မယား လုပ်စားနေရ၏။
သည့်ထက်အောက်ကျစရာမရှိတော့ပ
တိုင်းပြည်ကိုနှစ် ၅၀ အတွင်းမွဲပြာကျအောင် လုပ်ခဲ့ပြီးနောက် အရှက်မရှိ၊
သိက္ခာမရှိ နောက်ထပ်သက်ဆိုးရှည်အောင် ကြိုးပမ်းနေကြပါပြီ။
၂၀၁၅ တွင် အနိုင်ရအောင် ညစ်နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပါပြီ။
သူတို့လက်ထဲကို နိုင်ငံအား ထည့်လိုက်ပါ နောက်(၅)နှစ်တွင် နိုင်ငံပျောက်၍
အိမ်နီးချင်းနိုင်ငံတစ်ခု၏ ပြည်နယ်
တစ်ခုအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားပေလိမ
သန်း(၆၀)သော မြန်မာပြည်သူတို့သည် လက်တစ်ဆုပ်စာ
လူတစ်စုကို ကြောက်၍
တိုင်းပြည်ဆင်းရဲမွဲတေ ကျွန်ဖြစ်သည့်ဘ၀ကို ကျရောက်ခံကြမလား။
ဒီလူတစ်စုကို ဖယ်ရှားမလား။
အပြီးသတ်ရွေးချယ်ရမည့်
အချိန်ရောက်ပါပြီ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။