" အောင်မြင်စေတဲ့ အဆောင် "
ကျနော်တို့ အားလုံး ဘ၀မှာ အောင်မြင်ချင်ကြမှာပါ။ကိုယ်လုပ်တဲ
့အလုပ်ပေါ်မူတည်ပြီး ပညာရေး၊စီးပွားရေး၊ လူမှုရေး စတဲ
့နယ်ပါယ်အမျိုးမျိုးမှာပေါ့ ။ဒါကြောင့် တစ်ချို့ ဆိုရင်
ကိုယ်ယုံကြည်ရာအလိုက် အဆောင် လေးတွေဆောင်တတ်ကြတယ်မဟုတ်လား။ပတ္တမြားတို
့၊ကျောက်စိမ်းတို့ ကို လက်စွတ်လုပ်ဝတ်တာတို့ ၊ စာမေးပွဲ ဖြေကာနီး
သင့်တော်ရာအဆောင်လေးတွေ ဆောင်တာတို့ ။ အန္တာရယ်ကင်းအောင် ပရိတ်ကြိုးကို ဆောင်တာတို့ .. အစရှိသဖြင့်ပေါ့ ။ အခုကျနော်ပြောပြမဲ့အောင်မြ င်စေတဲ့အဆောင်ကတော့ ဘ၀မှာ အောင်မြင်မှု အထွတ်အထိပ်ရောက်တဲ့သူတွေ၊ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေအမြဲဆောင်ထား ကြတဲ့ အဆောင်ပေါ့ ။ အဲဒီလိုအဆောင်မျိုး ရှိတယ်ဆိုရင် ဆောင်မထားချင်ကြဘုးလားဗျာ. ..
အဲဒီအဆောင်ဟာ ဘာလဲလို့ မပြောခင် ကျနော်ဇာတ်လမ်းအချို့ ပြောပြချင်ပါတယ်..
************************** *************
တခါက လူငယ်လေးတစ်ယောက်ဟာ သူလုပ်တဲ့ သတင်းစာတိုက်ကနေအလုပ်ဖြုတ်ခံခဲ့ရတယ်။“မင်းမှာ ဘာစိတ်ကူးစိတ်သန်းမှလဲ မရှိဘူး။ကိုုယ္ပိုုင္အေတြးေ ခၚလဲ
မရှိဘူး”.. လို့ သူရဲ့ဘော့စ်က ရက်ရက်စက်စက် ပြောပြီးတော့ ပေါ
့။နောက်ပိုင်းမှာ ဒီလူငယ်လေးဟာ သူ့ရဲ့ ဖျော်ဖြေရေးဆိုင်ရာစီးပွား ရေးလုပ်ငန်း စဖို့ အတွက် ဘဏ်ပေါင်း ၅၀ ကို ငွေချေးဖို့ ကြိုးစားခဲ့ပြန်တယ်။အားလုံးနီးပါးက ငြင်းပါယ်ခဲ့ပြီး နောက်ဆုံးဘဏ် တစ်ဘဏ်ကပဲ လက်ခံခဲ့လို့ သူ့အလုပ်စနိုင်ခဲ့တယ်။အဲ ဒီလူငယ်ကတော့ အခု ကမ္ဘာကျော် Disney ရုပ်ရှင်အင်ပါယာကြီးရဲ့ အရှင်သခင် Walt Disney ပါပဲ..
တခါတုန်းကလဲ ရော့ ခ်တေးဂီတ၀ိုင်းလေးတခုကိုတေးသံသွင်းကုပ္မဏီကြီးတစ်ခုက”ငါတို
့က မင်းတို့ရဲ့ တီးခတ်တဲ့ပုံစံကိုလဲ မကြိုက်ဘူး။နောက်ပြီး
ဒီလိုတေးဂီတ ဆိုတာကလဲ ခေတ်မရှိတော့ပါဘူးကွာ” ဆိုပြီးတော့ အသံသွင်းဖို
့ဖြန့် ချီဖို့ငြင်းပယ်ခဲ့တယ်။အဲ ဒီလို ငြင်းပယ်ခံခဲ့ရတဲ့ ဂီတအဖွဲ့ကတော့ နောက်ပိုင်းမှာ တေးဂီတလောကမှာကမ္ဘာကျော် ခဲ့တဲ့  Beatles ဂီတ၀ိုင်းပါ။
သူတို့ ကို ဒီလို ငြင်းပါယ်ခံရတာကနေဘာကြောင့် အောင်မြင်ခဲ့ရတာလဲဆိုတာ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ဘယ်အရာက အောင် မြင်မှုကိုဖြစ်စေခဲ့တယ်လို့ ထင်ပါသလဲ။
၁၅ နှစ်သားလူငယ်တစ်ယောက်ဟာ သူရဲ့ အထက်တန်းကျောင်းဘတ်စကက်ဘော အသင်းက ထုတ်ပယ်ခံလိုက်တယ်။စိတ်ပျ က်လက်ပျက်နဲ့ အိမ်ပြန်လာပြီး သူ့အခန်းတံခါးကိုပိတ်ပြီး
ငိုကြွေးမိခဲ့ တယ်။ အဲဒီလူငယ်လေးဟာ နောက်ပိုင်း အမေရိကန် နဲ့ကမ္ဘာ
့ဘတ်စ်ကက်ဘောလောကမှာ လျှမ်းလျှမ်း တောက် အောင်မြင်ကျော်ကြားခဲ့တဲ့ Michael
Jordan ပါ။ “ကျနော်ဟာကျနော့်ဘ၀မှာခဏခဏဆုံးရှုံးခဲ့တယ်။ ဒါကြောင့်လဲ အောင်မြင်ခဲ့တာပါ” လို့ သူကပြောခဲ့တယ်။သူကိုအဲဒီလိုဆုံးရှုံးမှုတွေကနေ အောင်ပွဲဆီကို ဘယ်အရာတွေက တွန်းပို့ ခဲ့သလဲ။
တနေ့မှာ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ ရထားပြတင်းပေါက်ကနေကြည့်ရင်း ၀တ္တု စာအုပ် တစ်အုပ်ရေးဖို့  အကြံရခဲ့တယ်။ဒါပေမယ့်  ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ရတော့မရေးဖြစ်ပါဘူး။အမေကလဲ မကြာသေးခင်ကမှ ဆုံးသွား၊အိမ်ထောင်နဲ့ လဲကွဲနေ၊စိတ်ဓါတ်ကျတဲ့ရောဂါရပြီး ကိုယ့် ကိုယ်ကိုတောင် သတ်သေမလိုဖြစ်နေရတဲ့အချိန်။
အစိုးရရဲ့လူမှုဖူလုံရေး ထောက်ပံ့ငွေလေးပေါ် ရပ်တည်ရင်းအိမ်ထောင်ကွဲတဲ့
လူမမယ်ကလေးတစ်ယောက်ရဲ့ မိခင် အနေနဲ့  ဘယ်လို မှ ၀တ္တူတစ်ပုဒ်ရေးဖို့
မဖြစ်နိုင်တဲ့အချိန်။ဒါပေမ ယ့် အဲဒီစာအုပ်လေးရေးချင်လွနု်းလို့ သမီးလေးအိပ်သွားအောင်ကြံစည်ရတယ်။ဒါမှ သူစာရေးလို့ ရမှာကိုး။ ကလေးတွန်းလှည်းလေး ကို တွန်းရင်း သမီးလေးပင်ပန်းပြီးအိပ်သွား အောင်စောင့် ရတယ်။ပြီးမှ ကော်ဖီဆိုင်တခုထဲဝင်ပြီး သူစိတ်ကူးထားတဲ့ဝတ္တုကိုစရေးခဲ့ရတယ်။သူမမှာ
ရှိတဲ့ လက်နှိပ်စက်အဟောင်းလေးနဲ့ ရိုက်ပြီး အဲဒီစာအုပ်ကို
ထုတ်ဝေဖို့ထုတ်ဝေသူ ၁၅ ယောက်ကို ပြကြည့်ခဲ့တယ်။ဘယ်သူမှ လက်မခံခဲ
့ဘူး။နောက်ဆုံးမှ စာအုပ်တိုက်ငယ်တခုကထုတ် ဝေဖို့ သဘောတူခဲ့တာ။အဲဒီ အမျိုးသမီးငယ်လေးကတော့ ဒီနေ့ ကမ္ဘာကျော် ဟယ်ရီပေါ်တာ HarryPotter ၀တ္တုတွေနဲ့  လျှမ်းလျှမ်းတောက်အောင်မြင် နေပြီး ကုဋေကြွယ်သူဋ္ဌေး ဖြစ်ခဲ့တဲ့ J.K.Rowling ပါပဲ။
သူတို့ ကို အစပိုင်းမှာ ဒုက္ခဆင်းရဲတွေ၊ငြင်းပါယ်မှု တွေကနေ ထိပ်တန်းအောင်မြင်သူတွေ ဖြစ်အောင် ဘယ်အရာတွေက တွန်းပို့ ခဲ့တယ်လို့ ထင်ပါသလဲ..
ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီပြောတာကိုကြားရရင်တော့ အဲဒီတွန်းပို့ ခဲ့တဲ့အရာတွေကို ရိပ်မိ ကြမယ်ထင်ပါတယ်။သူကပြောတယ်.. “ဘယ်တော့မှ၊ဘယ်တော့မှ၊ဘယ်တော့မှ အရှုံးမပေးပါနဲ့ ”တဲ့။ သူလဲ ကျောင်းမှာတုန်းက ၆တန်းမှာလဲကျခဲ့၊ပြီးတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလဲကျ။နောက် သူရဲ့ ပထမဆုံးလွှတ်တော် အမတ်အဖြစ်ရွေးကောက်ပွဲ မှာလဲ ရှုံးနိမ့်ခဲ့မှုတွေကနေဒီလိုဘ၀အတွက် အရေးကြီးတဲ့သင်ခန်းစာရခဲ့တာ ထင်ပါရဲ့။
ကဲ..ဒီလောက်ဆို အောင်မြင်မှုကို တွန်းပို့တဲ့ အရာ၊ဘ၀မှာ အောင်မြင်အောင်ဆောင်ရမဲ့ အဆောင် ဟာ ဘာလဲဆိုတာတော့ရိပ်မိကြပြီ ထင်ပါရဲ့။
************************** **
ဘယ်လိုအဆောင် မျိုးဆိုတာ တိတိကျကျမသိသေးရင် ဒေါက်တာ AngelaLee Duckworth မကြာသေးမီ က TED Talk မှာပြောခဲ့တဲ့ “Key to Success? Grit”(အောင်မြင်မှုအတွက်သော့ ချက်)ဆိုတဲ့ ဟောပြောမှု ထဲက အရေးကြီးတဲ့အပုဒ်လေးကို ထုတ်နှုတ်ဝေမျှပေးချင်ပါတယ်။သူမဟာအမေရိကန်၊
ပင်ဆယ်ဗေးနီးယား တက္ကသို်လ်က စိတ်ပညာပါမောက္ခပါ။ အောင်မြင်မှုနဲ့ဆိုင်တဲ့
သုတေသနတွေ၊ Grit ဇွဲသတ္တိနဲ့ဆိုင်တဲ့ သုတေသနတွေ ကို
တစို်က်မတ်မတ်လုပ်နေသူဖြစ်ပါတယ်။
“..ကျမဟာ ဘယ်လိုအရည်အချင်းမျိုးတွေ၊ ဘယ်လိုစိတ်ဓါတ်မျိုးတွေကဘ၀ မှာ အောင်မြင်မှုတွေရစေသလဲ ဆိုတဲ့ မေးခွန်းအတွက် လူအမျိုးမျိုးကိုအခြေအနေအမျိုးမျိုးမှာ သုတေသနတွေလုပ်ခဲ့ပါတယ်။ လုငယ်လူကြီး အမြောက်အများကိုခက်ခဲတဲ့မေးခွန်းတွေပေးပြီး လေ့လာခဲ့တာပါ။ ၀က်စ်ပွိုင့် စစ်တက္ကသို်လ်ကဗိုလ်လောင်းတွေကို သုတေသနလုပ်ခဲ့တယ်။ လေ့ကျင့် ရေးကျောင်းကသင်တန်းသားတွေ၊ ခက်ခဲတဲ့ နေရာမှာ ရောက်နေတဲ့ ကျောင်းဆရာတွေ နဲ့ ကုမ္ဗဏီက ၀န်ထမ်းတွေ..လူပေါင်းအမြောက်အများကို ကျမတို့ သုတေသန လုပ်ခဲ့ကြတာပါ။ (နောက်ပိုင်းမှာချီကာဂိုက အထက်တန်းကျောင်းသား ထောင်ပေါင်းများစွာကို လဲ သုတေသန လုပ်ခဲ့ပါတယ်)ဘယ်လိုမတူတဲ့ အခြေအနေမှာ ဖြစ်ဖြစ၊်အောင်မြင်မှုကို ဖြစ်စေတဲ့ အကြောင်းတရား ကတော့တစ်ခုထဲဆိုတာက်ို..
ကျမတို့ သုတေသနတွေကနေ တွေ့ ရှိခဲ့ကြတယ်။အဲဒါက SocialIntelligence
မဟုတ်ဘူး။အဲဒါက ရုပ်ရည်ချောမောတာ၊ ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။အဲဒါက IQ
မဟုတ်ဘူး။ အဲဒီ အရည်အချင်းက Grit ပါ။
Grit ဆိုတာ ကိုယ့် ဘ၀ရဲ့ ရည်မှန်းချက်တွေအတွက်ဘယ်လောက်ပဲအခက်အခဲတွေ ရှိပါစေ..ဇွဲရှိရှိ၊ စိတ်အားထက်ထက်သန်သန်ုလုပ် တာ မျိုး ကိုပြောတာပါ။ အခက်အခဲတွေ ဘယ်လောက်ရှိရှိ အံကြိတ်ခံရင်း၊ဒုက္ခတွေကို ခါးစည်းခံရင်းကိုယ်ရည်မှန်းချက်
ကို ရောက်ကိုရောက်ရမယ် ဆိုတဲ့ စိတ်ဓါတ်။ လှေခွက်ချည်းကျန်အလံမလှဲ ဘူး
ဆိုတဲ့စိတ်ဓါတ်မျိုးပေါ့ ။ ကိုယ်ရဲ့ဘ၀ရည်မှန်းချက်ကိုမျှော် မှန်းပြီး တရက်ထဲ၊ တပါတ်ထဲ၊ တလထဲမဟုတ်ပဲ လပေါင်းများစွာ၊နှစ်ပေါင်းများစွာ..ဇွဲရှိရှိ၊ စိတ်ပါလက်ပါ လုပ်တတ်တဲ့ အရည်အချင်းမျိုးပါ။တကယ်တော့ ဘ၀ကို တာတိုပြေးပွဲလို့ မမြင်ပဲ မာရသွန် တခုလိုသဘောထားပြီးကြိုးစားတာမျိုးပါပဲ “
(မှတ်ချက်။Grit ကို စိတ်ပညာမှာတော့  perseverance and passion forlong-term goals လို့  အဓိပ္ဗါယ်ဖွင့်ပါတယ်။ မြန်မာစာအဖွဲ့အဘိဓာန်မှာ သတ္တိစိတ်ဓာတ်ကြံခိုင်ခြင်း လို့ ဆိုပြီး သာလွန်အဘိဓာန်မှာတော့ ဇွဲသတ္တိ လို့ အဓိပ္ဗါယ်ဖွင့် ထားတာတွေ့ ရပါတယ။်)
************************** *****************
ဒီနေရာမှာ ကျနော့ အတွေ့ အကြုံလေးကိုပြောပြ ချင်တယ်။ ရေနံချောင်း မှာ ၈တန်းနှစ်ကလူရည်ချွှန် ရခဲ့ တဲ့အကြောင်းလေး ပါ။ ကျနော်တို့တုန်း ကလူရည်ချွှန်ဆိုတဲ့ပညာရေးစီ မံကိန်းတစ်ခု
ရှိပါတယ်။ ၇တန်း နှစ်ကနေ စဖြေရတာပေါ့။ မြို့ နယ် တခုမှာ
ရှိတဲ့ကျောင်းတွေက အတန်း တခုမှာပထမ ရတဲ့သူကို မြို နယ်အဆင့်မှာ
ပြိုင်ကြ။ အဲဒီအထဲကမှ တမြို့ နယ်အတွက် အတန်းတတန်းမှာ တစ်ယောက်
ကိုရွေးပြီးခရိုင်အဆင့် ကို သွားဖြေ၊ အဲဒီ မှာ ပထမရတဲ့သူကို လူရည်ချွှန်
အဖြစ် ရွေးတာပေါ့ ။ဥပမာ..မကွေးခရို်င်မှာ ၇တန်း လူရည်ချွှန် တစ်ယောက်၊
၈တန်း လူရည်ချွှန် တစ်ယောက်..စသဖြင့်ပေါ့ ။ ဖြေရတာကတော့ ရေးဖြေတွေ ရော၊
အားကစားနဲ့ ၊ လူတွေ့ နှုတ်ဖြေရောပါ။
တကယ်တော့ ကျနော့် အနေနဲ့..အစက ရမယ်လို့သိပ်မျှော်လင့် မထားပါဘူး။ ရေနံချောင်းကသာမာန် ကျောင်းသားလေး တစ်ယောက်၊အိမ်အလုပ်တွေကိုလဲကူရ။အမေဈေးရောင်းတာကိုလဲ ကူရ။
စာကြည့် ချိန် ဆိုတာ သူများလို သတ်သတ်မှတ်မှတ်ပေးနိုင်တာ မဟုတ်။ ဒါပေမယ်
့.ကျနော့စိတ်ထဲမှာတခုတော့ ရှိတယ်။လူရည်ချွှန် ရရ၊မရရ ငါလုပ်ရမှာကို
အကောင်းဆုံးလုပ်မယ်လို့ ။ဒါနဲ့ ၇တန်းမှာ စဖြေရတယ်။ မရပါဘူး။ ၈တန်းနှစ်
မှာလဲ ဒီစိတ်ဓါတ်နဲ့ ပဲ ၀င်ဖြေလိုက်တာပဲ။
အဲဒီမှာ အောင်မြင်ဖို့ စတာပါ ပဲ။အရင်စနစ်က အားကစား ၆ မျိုး ပြိုင်ရတာ၂ မျိုး မှာ မအောင်လဲ အခြား အမှတ်တွေကောင်းလို့..အမှတ် စုစုပေါင်းမှာပထမရရင်
လူရည်ချွှန် အရွေးခံရတယ်။ အဲဒီနှစ်ကြတော့ ..အားကစား၆ မျိုးလုံး အောင်မှ
အရွေးခံရမယ်ဖြစ်လာရော။ ကျနော်ကတော့ အားလုံးမှာ (ရေးဖြေရော၊
အားကစားရော၊နှုတ်ဖြေရောမှာပါ) မျှမျှတတအောင်တယ်ထင်ပါတယ် ။(တချို့ကတော့ ရေးဖြေ၊အားကစား၊နှုတ်ဖြေတို့ မှာ တခုခု မှာ အလွန်ထူးချွှန်ပေမယ့်  အားကစား တခုတခုတော့ မအောင်ဘူးထင်ပါရဲ့ ) ကျနော် လူရည်ချွှန် အဖြစ်အရွေးခံရရောဗျာ..ကျနော့်ရှေ့ မှာ ရေနံချောင်းက လူရည်ချွှန်ရတာက ရှားရှားပါးပါးဆိုတော့ တစ်ကျောင်းလုံးပျော်၊တမြို
့လုံးပျော် ပေါ့ ဗျာ။ ဒီအောင်မြင်မှုကပဲ ကျနော်ဆက်လျှောက်ရတဲ့ 
ပညာရေးခရီးမှာအောင်မြင်မှု တွေကို ဖြစ်စေခဲ့တာပါ။ ပြန်စဉ်းစားကြည့်တော
့တကယ်လို့သာ ကိုယ့် ဘ၀ မှာ အခက်အခဲတွေရှိလို့ အားလျှော့ စိတ်ပျက်ပြီး
ကိုယ်ရည်မှန်းချက်ကိုဇွဲ ရှိရှိ ဆက်မလုပ်ဖြစ်ရင် အခုလို ပညာရေးခရီးမှာ အောင်မြင်မှုတွေရနိင်မှာ မဟုတ်ဘူးလို့။
************************** *********
ဒါကြောင့်  ကျနော်လူငယ်တွေကိုပြောချင် တာကဘယ်လိုအခက်အခဲရှိရှိလက် မလျှော့ ပါနဲ့ ။ဇွဲရှိရှိ နဲ့ ကြိုးစားကြပါ။ဘ၀ကို မာရသွန်တခုလိုသဘောထားပြီး ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်တွေအတွက် ဘယ်လောက်ပဲဆုံးရှုံးမှုတွေ၊
အခက်အခဲတွေ ရှိပါစေ..ဇွဲရှိရှိ၊ စိတ်အားထက်ထက်သန်သန်ု နဲ
့ကြိုးစားကြပါ။ဒီအဆောင်ဟာ ထိပ်တန်းက အောင်မြင်သူတွေအားလုံး ဆောင်ထားကြတဲ့
အောင်မြင်စေတဲ့  အဆောင်ပါပဲလို့။
အားလုံးပျော်ရွှင်အောင်မြင် ကြပါစေ..
ဒေါက်တာအောင်မျိုး
(၆-၆-၂၀၁၄)
ကျနော်တို့ အားလုံး ဘ၀မှာ အောင်မြင်ချင်ကြမှာပါ။ကိုယ
အဲဒီအဆောင်ဟာ ဘာလဲလို့ မပြောခင် ကျနော်ဇာတ်လမ်းအချို့ ပြောပြချင်ပါတယ်..
**************************
တခါက လူငယ်လေးတစ်ယောက်ဟာ သူလုပ်တဲ့ သတင်းစာတိုက်ကနေအလုပ်ဖြုတ
တခါတုန်းကလဲ ရော့ ခ်တေးဂီတ၀ိုင်းလေးတခုကို
သူတို့ ကို ဒီလို ငြင်းပါယ်ခံရတာကနေဘာကြောင့် အောင်မြင်ခဲ့ရတာလဲဆိုတာ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ဘယ်အရာက အောင် မြင်မှုကိုဖြစ်စေခဲ့တယ်လို
၁၅ နှစ်သားလူငယ်တစ်ယောက်ဟာ သူရဲ့ အထက်တန်းကျောင်းဘတ်စကက်ဘော အသင်းက ထုတ်ပယ်ခံလိုက်တယ်။စိတ္ပ်
တနေ့မှာ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ
သူတို့ ကို အစပိုင်းမှာ ဒုက္ခဆင်းရဲတွေ၊ငြင်းပါယ်မှု
ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီပြောတာကိုကြာ
ကဲ..ဒီလောက်ဆို အောင်မြင်မှုကို တွန်းပို့တဲ့ အရာ၊ဘ၀မှာ အောင်မြင်အောင်ဆောင်ရမဲ့ အဆောင် ဟာ ဘာလဲဆိုတာတော့ရိပ်မိကြပြီ ထင်ပါရဲ့။
**************************
ဘယ်လိုအဆောင် မျိုးဆိုတာ တိတိကျကျမသိသေးရင် ဒေါက်တာ AngelaLee Duckworth မကြာသေးမီ က TED Talk မှာပြောခဲ့တဲ့ “Key to Success? Grit”(အောင်မြင်မှုအတွက်သော့
“..ကျမဟာ ဘယ်လိုအရည်အချင်းမျိုးတွေ၊
Grit ဆိုတာ ကိုယ့် ဘ၀ရဲ့ ရည်မှန်းချက်တွေအတွက်ဘယ်လေ
(မှတ်ချက်။Grit ကို စိတ်ပညာမှာတော့  perseverance and passion forlong-term goals လို့  အဓိပ္ဗါယ်ဖွင့်ပါတယ်။ မြန်မာစာအဖွဲ့အဘိဓာန်မှာ သတ္တိစိတ်ဓာတ်ကြံခိုင်ခြင်း လို့ ဆိုပြီး သာလွန်အဘိဓာန်မှာတော့ ဇွဲသတ္တိ လို့ အဓိပ္ဗါယ်ဖွင့် ထားတာတွေ့ ရပါတယ။်)
**************************
ဒီနေရာမှာ ကျနော့ အတွေ့ အကြုံလေးကိုပြောပြ ချင်တယ်။ ရေနံချောင်း မှာ ၈တန်းနှစ်ကလူရည်ချွှန် ရခဲ့ တဲ့အကြောင်းလေး ပါ။ ကျနော်တို့တုန်း ကလူရည်ချွှန်ဆိုတဲ့ပညာရေးစီ
တကယ်တော့ ကျနော့် အနေနဲ့..အစက ရမယ်လို့သိပ်မျှော်လင့် မထားပါဘူး။ ရေနံချောင်းကသာမာန် ကျောင်းသားလေး တစ်ယောက်၊အိမ်အလုပ်တွေကိုလ
အဲဒီမှာ အောင်မြင်ဖို့ စတာပါ ပဲ။အရင်စနစ်က အားကစား ၆ မျိုး ပြိုင်ရတာ၂ မျိုး မှာ မအောင်လဲ အခြား အမှတ်တွေကောင်းလို့..အမှတ်
**************************
ဒါကြောင့်  ကျနော်လူငယ်တွေကိုပြောချင်
အားလုံးပျော်ရွှင်အောင်မြင်
ဒေါက်တာအောင်မျိုး
(၆-၆-၂၀၁၄)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။