"ကြိုးစားပါလျှက် မအောင်မြင်သေးတဲ့ အခါတိုင်း...."
ကျနော့် ငယ်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။တော်တော်ကြိုးစားတဲ့သူလို့တော့ပြောရမှာပါ။ ဘာလို့ လဲဆိုတော့ ကျနော်တို့ ၁၀ တန်းနှစ်လောက်ကတဲက သူက စီးပွားရေးစလုပ်နေပြီ။မနှစ်က
ကျနော် ရန်ကုန် ပြန် တော့ သူနေတဲ့ မြ၀တီဖက်ကနေ တကူးတက ကျနော့် ကိုလာတွေ
့တယ်။သူငယ်ချင်းတွေငယ်ငယ်က အကြောင်း ပြောရင်းနဲ့  သူ့ရဲ့  အကြောင်း
ရောက်သွားတယ်။ကျနော်က“အခုဆို သူငယ်ချင်းတော့  တော်တော်
အဆင်ပြေနေပြီပေါ့” လို့ ပြောတော့ သူက “ငါကြိုး စားတော့ ကြိုးစားတာပဲကွာ။
မင်းသိတဲ့အတိုင်းပဲ ငယ်ငယ်ကထဲက အလုပ်လုပ်လာတာ။
အခုအထိဖြစ်ဖြစ်မြောက်မြောက်
အဆင်မပြေ သေးပါဘူးကွာ”..တဲ့။ ကျနော်တော့ တော်တော်အံ့ 
သြသွားတယ်။သုဒီလောက် ကြိုးစားတာ။ ဒါနဲ့ ကျနော် ဆက်မေးဖြစ်တယ်
”မင်းတနေ့ကို နာရီဝက်လောက် အချိန်ပေးပြီးကိုယ်လုပ်နေ တာတွေ
ကို သုံးသပ်ဖြစ်သလား။ ကောင်းတယ်၊ မကောင်းဘူး။ မှန်တယ်၊ မမှန်ဘူး။
ဘယ်လိုနည်းလမ်း ပြောင်း ပြီး ကြိုးစားရမယ်ဆိုတာ မျိုးပေါ့”..လို့ ။
သူကပြန်ပြောတယ်..”အလုပ်တွေ သိပ်ရှုတ်နေတာနဲ့၊အဲဒီလို စဉ်းစားချိန်တောင် မရပါဘူးကွာ”..တဲ့။
ကျနော်ကတော့ ဒါဟာ သူု့ ရဲ့အဓိက ပြသနာလို့မြင်တယ်။ တခါလေကြိုးစားပေမယ့် အောင်မြင် မှု မရသေးတဲ့အချိန်တွေ ရှိတတ်တယ်။ ကြိုးစားပေမဲ့မအောင်မြင်မှု မရသေးရင် နည်းလမ်းလေး နဲနဲ လို နေသေးလို့  ဖြစ်နိုင်တယ်။ ဒါကိုစဉ်းစားဖို့  ကျနော်တို့အလုပ်ဘယ်လောက် များများ အချိန်တခုတော့ ပေးရမယ်။ လုပ်နေကျနည်းကနေ နဲနဲ ပြောင်းပြီးကြိုးစားကြည့်သင့်တယ် မဟုတ်လား။ ဒါနဲ့ ပါတ်သတ်လို့  ဆရာဖေမြင့်ဘာသာပြန်တဲ့ ”နှလုံးသားအာဟာရရသစာပေများ (တတိယတွဲ)” စာအုပ်ထဲက“လမ်းမသိသော ယင်ကောင်”ဆိုတဲ့အကြာင်းလေး ကို သူ့ကို ပြောပြမိတယ်။ သူတော်တော် သဘောကျသွားတယ်ဗျ။
ဒီအကြောင်းလေးကို ခင်ဗျားတို့ ကိုလဲ ရှယ်ပေးချင်ပါတယ်။ အတွေးကောင်း တခုခုရမှာပါ။မအောင်မြင်သေးလို့စိတ်ဓါတ်မကျပါနဲ့။့ ကြိုးစားသူအတွက် အောင်မြင်ရ မှာကတော့ သေချာတယ်။ နည်းလဲနဲနဲ ပြောင်းကြည့်ဖို့ ပါ..
.........................
“လမ်းမသိသော ယင်ကောင်”
မီလ်ခရော့(ဖ)စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျနော် ထိုင်နေသည်။စားသောက်ဆိုင်ကတိုရွန်တိုမြို့ပြင်ဘက် တစ်နာရီခရီးလောက်မှာ ရှိနေသည်။ ထင်းရှုးပင်များကြားမှာ ပုန်းရှိုးတည်ရှိသည့်ငြိမ်းချမ်းသောနေရာကလေး။သို့သော်ကျ နော်နှင့် သုံးလေးပေအကွာလောက်မှာ သေရေးရှင်ရေးတစ်မျှအမောတကော ကြိုးပမ်း ရုန်းကန်နေသံ တစ်ခုကျွန်တော် ကြားနေရသည်။
ယင်ကောင်လေးတစ်ကောင်ပြတင်းမှန်ချပ်ကိုဖောက်ထွက်နိုင်ရန် အသည်းအသန် ကြိုးစားနေခြင်းပင်။ သူ့ခန္ဓာကိုယ် ကြွင်းကျန်သမျှစွမ်းအားကြို ဖစ်နိုင်စရာမရှိသည့် သည်အရေးကိစ္စကြီးအတွက် သူဖြုန်းတီးနေသည်။ ညံသထက် ညံလာသည့်တောင်ပံခတ်သံကကြေကွဲဖွယ်ကောင်းလှသည့် ယင်ကောင်၏ လုပ်ငန်းလမ်းစဉ်ကိုဖော်ပြနေ သည်။ ကြိုးစား၊မအောင်မြင်လျှင်သည့်ထက်သည့်ထက်ပိုကြိုးစား..ဟူသောလုံ့လ၀ါဒ လမ်းစဉ်။
သို့သော်လောလောဆယ်သည်လမ်းစဥ်ကအလုပ်မဖြစ်ပေ။အသည်းအသန်ကမူးရှုးထိုး ကြိုးစားနေခြင်းကြောင့် သူ့အတွက်လွတ်လမ်းပေါ်မလာ။ရှင်သန်မည့်အလားအလာလည်း စိုးစဉ်းမျှမမြင်ရ။စင်စစ် မစဉ်းမစား အားထုတ်နေမှုကြောင့်ပင် သည်ထောင်ချောက်အတွင်းမှသူထွ က်မရခြင်းဖြစ်သည်။ သူမည်မျှမည်မျှပင် ပို၍ အားထုတ်ရုန်းကန်သော်လည်း ပြတင်းမှန်ချပ်ကိုကားဖောက်ထွက်လာနိုင်စရာအကြောင်းမရှိ။
မည်သို့ပင်ဖြစ်စေ၊ ယင်ကောင်လေးကတော့သူ့ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိ ရေးအတွက် အသက်ပင် သေသေ ဟူသော စိတ်ဓါတ်မျိုးဖြင့်ကျားခုတ် ကျားခဲ အားထုတ်ရုန်းကန်သွားရန်သန္နိ ဋ္ဌာန်ခိုင်မာလျက် ရှိနေသည်။ ၀မ်းနဲစရာပင်။ယင်ကောင်၏ ဘ၀နိဂုံးကို သိမြင်နေရသည်။သူသည်သည်ပြတင်းပေါက် ဘောင်ပေါ်မှာပင် သေပွဲဝင်ရမှာသေချာလျှက်ရှိသ ည်။
စင်စစ်..အခန်း၏တစ်ဖက်ခြမ်းသ ည်မှန်ပြတင်းမှခြေလှမ်းဆယ်လှမ်းခန့် အကွာ..တံခါးတစ်ခုသည် ဟင်းလင်းပွင့်လျှက်ရှိ၏။ သုံးလေးစက္ကန့်ပျံသန်းရုံဖြင့်ပင်ယင်ကောင်ငယ်သည် သူမျှော်လင့်တောင့်တသည့် ပြင်ပကမ္ဘာသို့ လှစ်ခနဲရောက်ရှိသွားနိုင်၏။ သည်မှာ အသည်းအသန် အားထုတ်ရုန်းကန်နေသည်ကို ခဏလေး နားကာ ဘေးဘီသို့အသာ လှည့်ကြည့်ရုံမျှဖြင့်မိမိဘာသာ ထည့်သွင်းထားသည့် လှောင်ချိုင့်အတွင်းမှ သူလွတ်မြောက်သွားနိုင်၏။မှန်နံရံကိုဖောက်ထွက်နိုင်သော အခွင့်အလမ်း သို့မဟုတ် သည်အခန်းတွင်းမှ လွတ်မြောက်နိုင်သော အခွင့်အလမ်းသည် ထိုအနီးအနားလေးမှာပင်ရှိနေ၏ ။သိသူအတွက်ကား လွယ်ကူလှဘိသည်။
ဇွဲကြီးလှသောထိုယင်ကောင်သည် အဘယ်ကြောင့် နောက်တစ်မျိုးပြောင်း၍ ကြိုးစားရကောင်းမှန်း မသိခဲ့ပါသနည်း။သူရွေးချယ်ခဲ့ သည့်တစ်ခုတည်းသောနည်းလမ်းကို အဘယ်ကြောင့် သည်မျှ သဲသဲမဲမဲ စွဲနေရသနည်း။ သည်နည်းလမ်းအတိုင်းကျားခုတ် ကျားခဲလုပ်ခြင်းသည်သာ အောင်မြင်မှုရရန် အသေချာဆုံး ဖြစ်သည်ဟု အဘယ်ကြောင့် သည်မျှစွဲလမ်းယုံကြည်နေရသနည်း။သေချင်သေပစေ သည်နည်းလမ်းအတိုင်းပဲ စွဲစွဲမြဲမြဲ အားထုတ်သွားမည်ဟူ သောစိတ်သည် ဘယ်သို့သော ကျိုးကြောင်းဆင်ခြင်မှုမျိုး မှ ပေါ်ပေါက်ခဲ့သနည်း။ယင်ကောင်အ နေနှင့်တော့သူ၏ လုပ်ငန်းလမ်းစဉ်သည်ပင်ကျိုး ကြောင်း အသင့်မြတ်ဆုံးလမ်းစဉ် ဖြစ်ချင်ဖြစ်နေပါမည်။ သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်ကသူ့အ ယူအဆ သူ့လုပ်နည်းလုပ်ဟန် သည် အသက်ဆုံးရှုးံခြင်းဖြင့် နိဂုံးချုပ်ရမည့်အယူအဆမျိုး လုပ်နည်းလုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။
ကြိုးစား၊မအောင်မြင်လျှင်သည့်ထက်သည့်ထက်ပိုကြိုးစား၊ဟူ သောနည်းသည် အမြဲသင့်တော်မှန်ကန်သည့် အဖြေနည်းလမ်း မဟုတ်ပါ။သည်ဝါဒတစ်ခုတည်းကို အားပြုထားရုံဖြင့် သင်၏ဘ၀ရည်မှန်းချက်တွေ ထမြောက် အောင်မြင်လိမ့်မည်ဟုစိတ်ချယုံကြည်၍မရပါ။ စင်စစ် သည်လမ်းစဉ်ကို တရားသေကိုင်စွဲခြင်းကြောင့် ပင် ပြသနာတွေရင်ဆိုင်လာရနိုင်ပါ သည်။
နည်းလမ်းကိုပြန်လှန်သုံးသပ် မှုမပြု၊ပြုပြင်ပြောင်းလဲရန် လည်းမကြိုးစား။၊၀ီရိယကို အမြင့်ဆုံးတင်နိုင်လျှင်ရှိ သမျှအတားအဆီးကို ဖောက်ထွက်ကျော်လွှားနိုင်ရမ ည်ဟူသောအစွဲဖြင့်ချည်း လုပ်ကိုင်သွားမည်ဆိုကမအောင် မြင်ယုံမက အောင်မြင်မည့် အခွင့်အလမ်းများစွာကိုပင်မိ မိဘာသာ ဖျက်ဆီးပစ်မိနိုင်ပေသည်။
ကြိုးစားပါလျှက်ဖောက်ထွက်၍ မရသည့်အခါတိုင်း ယင်ကောင်ကို သတိရပါ။
[မူရင်း။ ။Price Pritchett ၏ Try something different]
အားလုံးပျော်ရွှင်အောင်မြင် ကြပါစေ
ဒေါက်တာအောင်မျိုး
(၅-၃-၂၀၁၃)
ကျနော့် ငယ်သူငယ်ချင်းတစ်ယောက်ရှိပ
ကျနော်ကတော့ ဒါဟာ သူု့ ရဲ့အဓိက ပြသနာလို့မြင်တယ်။ တခါလေကြိုးစားပေမယ့် အောင်မြင် မှု မရသေးတဲ့အချိန်တွေ ရှိတတ်တယ်။ ကြိုးစားပေမဲ့မအောင်မြင်မှု မရသေးရင် နည်းလမ်းလေး နဲနဲ လို နေသေးလို့  ဖြစ်နိုင်တယ်။ ဒါကိုစဉ်းစားဖို့  ကျနော်တို့အလုပ်ဘယ်လောက် များများ အချိန်တခုတော့ ပေးရမယ်။ လုပ်နေကျနည်းကနေ နဲနဲ ပြောင်းပြီးကြိုးစားကြည့်သင
ဒီအကြောင်းလေးကို ခင်ဗျားတို့ ကိုလဲ ရှယ်ပေးချင်ပါတယ်။ အတွေးကောင်း တခုခုရမှာပါ။မအောင်မြင်သေးလ
.........................
“လမ်းမသိသော ယင်ကောင်”
မီလ်ခရော့(ဖ)စားသောက်ဆိုင်၏
ယင်ကောင်လေးတစ်ကောင်ပြတင်းမ
သို့သော်လောလောဆယ်သည်လမ်းစဥ
မည်သို့ပင်ဖြစ်စေ၊ ယင်ကောင်လေးကတော့သူ့ရည်မှန်
စင်စစ်..အခန်း၏တစ်ဖက်ခြမ်းသ
ဇွဲကြီးလှသောထိုယင်ကောင်သည်
ကြိုးစား၊မအောင်မြင်လျှင်သည
နည်းလမ်းကိုပြန်လှန်သုံးသပ်
ကြိုးစားပါလျှက်ဖောက်ထွက်၍ မရသည့်အခါတိုင်း ယင်ကောင်ကို သတိရပါ။
[မူရင်း။ ။Price Pritchett ၏ Try something different]
အားလုံးပျော်ရွှင်အောင်မြင်
ဒေါက်တာအောင်မျိုး
(၅-၃-၂၀၁၃)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။