အစာအိမ်ရောဂါသည်များအတွက် share ပေးခြင်းဖြင့် ကုသိုလ်ယူပါ။
Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျ သိပ္ပံ ပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင် ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံး ရှာဖွေတွေ့ရှိပြီး ဒီ ဘက်တီးရီး ယားပိုးကြောင့် အစာအိမ် ရောဂါများဖြစ်ပွါးလာကြောင်း တွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။
ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာ မသိခဲ့ကြ ပါဘူး။ အစာအိမ် အနာဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ် အနာပိုဆိုး စေတဲ့အကြောင်းတွေကိုသာသိ ခဲ့ကြတာမို့ ဆေးကုသ ရာမှာ လည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင် မကုသ နိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်း အောင် ကုသနိုင် မှာဖြစ်ပါတယ်။
H. pylori ပိုးဘယ်လိုကူးဆက်ပြန့်ပွါးတ ယ်ဆိုတာကိုတော့ တိတိကျကျ မသိသေး ပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေက တစ်ဆင့် ကူးဆက်တယ်လို့ယူဆပါတယ်။ ရောဂါပိုး ရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှ လည်း ကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေ ရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည် တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ် ရောဂါ လက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ တွေ့ရပါ တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ် ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။
Helicobacter pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကို ခြေဖျက်နိုင်တဲ့ အင်ဇိုင်းထုတ်လုပ်နိုင်တြာေ ကာင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အြ ပင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကို လည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာ အနာ ဖြစ်စေပါတယ်။
အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာ အများစုကတော့ အစာအိမ်ရောဂါ လို့သာ ပြောကြ ပါတယ်။ အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ လက်လုပ်ချဉ်၊ ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ် အနာမှ သွေးထွက်ခြင်း၊ အစာအိမ် အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံပေါက် သည် အထိဖြစ်နိုင် ပါတယ်။
Helicobacter pylori များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့ အစာတွေ ရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။
Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ် ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ် တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။ Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သော လေနဲ့ဝမ်းမှာစမ်းသပ်နိုင် ပါတယ်။
Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကို သတ်နိုင်တဲ့ ပိုးသတ်ဆေး တွေဖြစ်တဲ့ amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်းပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။ ပိုးသတ်နေစဉ်နဲ့ အနာကောင်း ကောင်းမကျက်ခင်မှာတော့ အထက်မှာဖေါ်ပြတဲ့ အနာပိုဆိုးစေတဲ့ အစားအစာများ ရှောင်ရပါ မယ်။ ပိုးပြန်မကူးအောင်လည်း အစာစား သောက်တဲ့အခါမှာသန့်ရှင်း လတ်ဆတ် စွာစားသုံးဖို့ လိုအပ်ပါမယ်။ တစ်ချို့ H.pylori များဆေးယဉ်နေ ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပိုးသေ စေတဲ့ဆေးသောက်ဖို့လိုအပ်ပါတ ယ်။
အနာပျောက်ဆေးများကြောင့်ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ ဆေးတွေကို ရပ်ပြစ်ခြင်း၊ လျော့သောက်ခြင်း၊အခြားဆေးဖြ င့် ပြောင်းလဲခြင်းများ ပြုလုပ်ရ ပါမယ်။
တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက် (မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက် တင်ကြိုသောက်ခြင်း ကြောင့်ပျောက်ကင်း ကြောင်း ဖေါ်ပြထားပါတယ်။
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာ တော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင်း။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။
ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။
ကျမ ကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ ဆေးရုံဟောင်း) မှာ တစ်လ တိတိ တင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ် ထားတဲ့ဆန်ပြုတ်ပ စားရပါတယ်။ ဆေးရုံက ဆင်းလာ တော့ အနာ သက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ ကောက်ညှင်း ပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည် ဘု ကို ရင်ခေါင်း မှာထားပြီး မှောက်အိပ်ထဲ့ အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲ ပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်း ကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်း အလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါ တယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရ ခြင်းအကြောင်းကိုသိရပါတယ်။ တစ်ဆက်ထဲမှာ မြတ်ဘုရားဟောတဲ့ တရားတော်တစ်ပုဒ်ကို အမှတ်ရ မိလိုက်ပါတယ်။ တရားနာမည်အတိအကျတော့ မမှတ်မိပါဘူး။ ဆိုလိုရင်းကတော့ နိဗ္ဗာန်ရောက်လိုကြောင်း ဘယ်လိုပဲဆုတောင်းပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ေ တွကိုမကျင့်ရင်မရောက်ဘူး။ နိဗ္ဗာန် ရောက် ကြောင်းအကျင့်တွေကိုကျင့်ရင်တော့ ဆုမတောင်းပေမဲလည်းရောက်မှာပဲတဲ့။
ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှော က်လှမ်းနိုင်ကြပါစေ။
ကျမ်းကိုး။
၁။ အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ။ http:// lannthit.burmapress.com/ 2011/06/05/294
ဗာဒံပင်မှအရွက်(မှည့်ရင့်နေ သောအနီရွက်)ကိုသုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်း။
၂။ ဆေးမြီးတိုအစွမ်း။ အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)။ မေတ္တာရနံ့။
၃။ နေ့စဉ်ဘ၀နေထိုင်မှုပုံစံနှင့် အစာအိမ်ရောဂါ ။http://www.cherrymyay.com/ 2012/
၎။ အစာအိမ်ရောဂါ http:// komoethee.blogspot.fr/2012/ 07/blog-post_6.html
၅။ http:// digestive.niddk.nih.gov/ ddiseases/pubs/hpylori/
ဖတ်သင့်သောအခြားပိုစ့်များမှကောက်နုတ်ချက်။
ခေတ်နဲ့အတူ အစားအသောက်ပြုလုပ်ပုံ၊ စားသောက်ပုံများ ပြောင်းလဲ လာခြင်းကြောင့် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါများလည်း ပြောင်းလဲ လာပါတယ်။
စားသုံးသီးနှံများစိုက်ပျိုးရာ၌ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ အစားအစာများ တွင် ဆိုးဆေးများ အသုံးပြုလာခြင်း၊ အလွယ်တကူ အသင့်စားသုံးနိုင် သောအစာ (Fast Food) များ စားသုံးလာခြင်း များကြောင့် အစာအိမ်ရောဂါအပြင် အခြား သောခေတ်ပေါ်ရောဂါများဖြစ်ပွါးလာပါတယ်။
အစာအိမ်အတွင်း အဖြစ်များသော ရောဂါများမှာ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာ နှင့် အစာအိမ်ကင်ဆာတို့ ဖြစ်ပါတယ်။ ရင်ညွှန့်တွင် ပူလောင်သော နာကျင်မှုကို ခံစားရပြီး အစာစားချိန် လွန်လျှင် သိသာစွာ နာကျင်ကာ အစာကို စားလိုက်ပါက သက်သာသွားလျှင် ၄င်းလက္ခဏာသည် အစာအိမ်အနာနှင့် သက်ဆိုင်သော လက္ခဏာများ ဖြစ်သည်။
အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာဖြစ်သောအကြောင်းအ ရင်းများ
၁။ H. Pylori ရောဂါပိုးရှိခြင်း။
၂။ အကိုက်အခဲပျောက်ဆေးများကို အစာမပါပဲ သောက်ခြင်း။
၃။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
၎။ အပူအစပ် အသုပ်နှင့် လက်လုပ်ချဉ်များ စားခြင်း။
၅။ အစာစားချိန် မမှန်ခြင်း။
၆။ ကော်ဖီ၊လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်း။
၇။ စိတ်ဖိစီးမှုများခြင်း။
H. Pylori ရောဂါပိုး
အစာအိမ်ကို H. Pylori ပိုးကူးစက်ခံရခြင်းသည် အစာအိမ်အနာဖြစ်ရသော အဓိကအကြောင်းအရင်း ဖြစ် သည်။ အစာအိမ်အနာဖြစ်သောသူများ၏ ၃၀% မှ ၆၀% တို့တွင် H. Pylori ပိုးတွေ့ရှိရပြီး အူသိမ်တွင် အနာဖြစ်သော သူများ၏ ၇၀% ခန့်တွင် H. Pylori ပိုးတွေ့ရှိရသည်။ အစာအိမ်ကင်ဆာ ဖြစ်ပွားစေမှု တွင် လည်း H. Pylori ပိုးသည် ပါဝင်ပတ်သက်မှုရှိနေကြောင်း တွေ့ရှိရသည်။ ၎င်းပိုးများသည် အစာအိမ်ကဲ့သို့ သော အက်ဆစ် ထုတ်လုပ်သည့် ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်နိုင်ရန် အတွက် Urease Enzyme ကို ထုတ်လုပ်ပြီး အစာအိမ်၏ pH ပမာဏကို Alkaline ဖြစ်အောင်လုပ်၍ အစာအိမ်အတွင်း ရှင်သန် နေထိုင်ကြသည်။ H. Pylori ပိုးအမျိုးအစား အမျိုးမျိုးရှိ၍ ရောဂါပေးစွမ်းနိုင်သော ဗီဇပါရှိမှု ကွာခြားသဖြင့် ရောဂါဖြစ်မှုလည်း ကွာခြား နိုင်ပေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၂၀ ကျော်သော လူဦးရေ၏ ၈၀% မှာ H. Pylori ပိုး ကူးစက်ခံနေရပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွ င် ၂၀ % မှ ၅၀ % ရှိကြောင်းတွေ့ရသည်။ လေ့လာမှုများအရလူကြီးဘဝထက် ကလေး ဘဝတွင် ကူးစက်ခံရမှု ပိုများကြောင်းတွေ့ရှိရသည်။ H. Pylori ပိုးကူးစက်မှုများစေသော အဓိက အချက်နှစ်ချက်မှာ လူမှုစီးပွားရေးနိမ့်ကျမှုနှင့် ပညာရေးနည်းပါးမှု တို့ ပင်ဖြစ်သည်။ အခြားဖြစ်နိုင်သော အချက် များမှာ အိမ်တွင်လူဦးရေများခြင်း၊ မသန့်ရှင်းသောပတ်ဝန်း ကျင်တွင် နေထိုင်ရခြင်း၊ မသန့်ရှင်းသောရေနှင့် အစား အသောက်၊ ရောဂါပိုးရှိသောလူများ၏ အန်ဖက်များနှင့် ထိတွေ့မိခြင်းတို့ဖြစ်သည်။
အကိုက်အခဲပျောက်ဆေးများ
လူအများ ယေဘုယျအသုံးများဆုံးဆေးများ မှာ အကိုက်အခဲပျောက်ဆေးများပင်ြ ဖစ်သည်။ ဆေးဆိုင် များ တွင်လည်း အကိုက်အခဲပျောက်ဆေးများမှာ အရောင်းသွက်လှပေသည်။ အရပ်အခေါ် ကိုယ်ပူကျဆေး၊ ဖျားနာပျောက်ဆေးများသည်လည်း အကိုက်အခဲပျောက်ဆေး အုပ်စုဝင်များသာဖြစ်သည်။ အကိုက်အခဲပျောက် ဆေးများ၏ ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် နှစ်စဉ်လူပေါင်း နှစ်သောင်းခန့် သေဆုံးလျှက်ရှိ သည်။
အကိုက်ခဲပျောက်ဆေး (NSAID) များသည် Prostaglandins ထွက်ရှိမှုကို ပိတ်ထားခြင်းဖြင့် နာကျင်မှု ကို သက်သာစေသည်။ ၎င်း Prostanglandins များသည် အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ကောင်းမွန်ခိုင် မာနေစေရန် ထိန်းသိမ်းပေးထားသည်။ အကိုက်ခဲပျောက်ဆေး (NSAID) များကြောင့် Prostanglandins များ နည်းလာသောအခါ အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ပျက်စီးလွယ်၍ အစာအိမ်အနာ ဖြစ်ပေါ် စေ သည်။ ထို့အ ပြင် အကိုက်ခဲ ပျောက်ဆေး (NSAID) များသည် အက်ဆစ်အပျော့ စားလေးများ ဖြစ် သောကြောင့် အစာအိမ်နံရံ ပေါ်ရှိ ချွှဲမြှေးလွှာများကို တိုက်ရိုက်နည်းအားဖြင့်လည်း ပျက်စီးစေသည်။ Asprin ကဲ့သို့သော ဆေးများကို နေ့စဉ် ၇၅ မီလီဂရမ်ခန့် သောက်သုံးခြင်းသည်ပင် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည်ကို တွေ့ရှိရသည်။အသက်အရွယ်ကြီြး ခင်း၊ အစာအိမ်အနာဖြစ်ဖူးခြင်း၊ စတီးရွိုက်ဆေး၊ သွေးကျဲဆေးများနှင့် တွဲသောက် ခြင်း၊ အကိုက်ခဲပျောက်ဆေး ပမာဏများခြင်း၊ အကိုက်ခဲ ပျောက်ဆေး နှစ်မျိုးသုံးမျိုး တို့ကိုတွဲလျက် သောက်ခြင်းတို့သည် အစာအိမ်အနာ ဖြစ်စေနိုင်သော အကြောင်း များဖြစ်သည်။
အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည်လည်း အစာအိမ်ရောဂါကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ် သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် အစာအိမ်အနာ ပိုမိုဖြစ်ပွားရုံသာမက အနာအကျက်နှေးခြင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ပိုမိုဖြစ်ပွား လွယ်ခြင်းတို့ကိုပါ တွေ့ရှိရသည်။ ဆေးလိပ်မှ ထွက်သော အန္တရာယ်ရှိသော ဒြပ်ပေါင်းများ သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီး လွယ်စေသည်။ အရက်သောက်ခြင်း သည် အစာချေရည် (Gastric Acid) ကို ပိုမိုထွက်စေသည်။ အစာချေရည်သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီးစေရာတွင် အဓိကအခန်းမှ ပါဝင်သည်။ အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများသည် အစာအိမ်နံရံများကို အဓိက ကာကွယ်ပေးထားသူများ ဖြစ်သည်။ ၎င်း အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွာများ ခိုင်ခံမှု အားနည်းစေသော အကြောင်းများ အားလုံးသည် အစာအိမ်အနာကို ဖြစ်ပေါ်စေနိုင်သည်။
အစားအသောက်များနှင့် အစာစားချိန်
အစာအိမ်အနာဖြစ်စေသော အကြောင်းများတွင် အစားအသောက်များသည်လည်း အရေးကြီး သော အခန်းကဏ္ဍမှပါဝင်သည်။ အစာမကြေလွယ်သောအစာများ၊ အပူအစပ်များ၊ လက်လုပ်ချဉ် များ သည် အစာအိမ်ကို ဒုက္ခပေးနိုင်သော အစားအစာများဖြစ်သည်။ ကော်ဖီ သည် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများကို ပျော့ပျောင်းစေသဖြင့် လေချဉ် တက်ခြင်း ကိုပိုမိုဖြစ်စေနိုင်သည်။ အစာလွန်ခြင်း၊ အစာစားချိန်မမှန်ခြင်းတို့သ ည် အစာချေရည်များမှ အစာအိမ်နံရံ ချွဲမြှေးလွှာများကို ပျက်စီးစေခြင်းဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။ စိတ်ဖိစီးမှုများလွန်းခြင်းသ ည်လည်း အစာစားချင်စိတ် မရှိခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ဆေးလိပ်နှင့် အရက် သောက်ဖြစ်လွယ်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။
အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်နာရောဂါ လက္ခဏာများ
• ဗိုက်နာဗိုက်အောင့်ခြင်း၊
• ရင်ခေါင်းပူခြင်း၊
• ပျို့ခြင်း၊
• အော့အန်ခြင်းနှင့် အစာစားချင်စိတ်မရှိခြင်းတို့ သည် အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာရောဂါလက္ခဏာများဖြ စ်သည်။
• ဗိုက်နာဗိုက်အောင့်ခြင်းသည် ရင်ညွှန့် အနားတစ်ဝိုက်တွင်ဖြစ်ပြီး ပူလောင်သော သို့မဟုတ် ကိုက်ဖြတ်ခံနေရသော နာကျင်မှုမျိုးဖြစ် သည်။ ကျောနှင့် ရင်နှင့် ညှပ်အောင့် သည်ဟုလည်း လူနာများကပြောပြတတ်သည်။ ၎င်းနာကျင်မှုသည် အစာစားလျှင် သက်သာ ခြင်း၊ ပိုဆိုးခြင်းရှိပါက အစာအိမ်ရောဂါလက္ခဏာဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
• အစာအိမ် သွေးကြောပေါက်ခြင်းသည် အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုး ကျိုးဖြစ်သည်။ အသက်ကြီးသောသူများ အထူးသဖြင့် အသက် ၆၅ နှစ်ထက်ကြီးသော သူများတွင် အစာအိမ်သွေးကြော ပေါက် ခြင်း ပိုဖြစ်တတ်သည်။ ကော်ဖီရောင် အန်ခြင်း၊ ကတ္တရာစေးကဲ့သို့ ၀မ်းမဲမဲသွားခြင်း တို့သည် အစာအိမ် သွေးကြော ပေါက်ခြင်း ၏ လက္ခဏာများဖြစ်သည်။ အစာအိမ်ရောဂါ လူနာများ၏ ၂၀ % သော လူနာများတွင် အစာအိမ်ရောဂါ လက္ခဏာမပြဘဲ အစာအိမ် သွေးကြောပေါက်ခြင်း ဖြစ်သွားသည်ကို တွေ့ရှိ ရသည်။
• အစာအိမ်ပေါက်ခြင်းသည် ဒုတိယအဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အစာအိမ် ရောဂါ လူနာများ၏ ၆ % မှ ၇% တွင် အစာအိမ်ပေါက်ခြင်း နောက်ဆက်တွဲ ဆိုးကျိုး တွေ့ရှိရသည်။ ၀မ်းဗိုက် ဖောင်းလာခြင်း၊ ၀မ်းဗိုက်အထိ မခံနိုင်အောင်နာခြင်း တို့သည် အစာအိမ်ပေါက်ခြင်း၏ လက္ခဏာများ ဖြစ်သည်။ အစာအိမ် ထွက်ပေါက် ပိတ်ခြင်း သည် အတွေ့ရနည်းသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပြီး ၁% မှ ၂% ခန့်သော လူနာများတွင်သာ တွေ့ရသည်။ အစာစားပြီးတိုင်းအန်ခြင်း၊ ဗိုက်ဖောင်း လာခြင်း၊ ၀မ်း ချုပ်ခြင်းတို့သည် အစာအိမ် ထွက်ပေါက် ပိတ်သော လက္ခဏာ များဖြစ်သည်။ အစာအိမ်ကင်ဆာသို့ ပြောင်း လဲခြင်းသည် အစာအိမ်အတွင်း အနာဖြစ်သောနေရာ၊ H.Pylori ပိုးကူးစက်မှု၊ အသက်အရွယ်ကြီး ရင့်မှုတို့ ပေါ်တွင် မှုတည်သည်။
ရှောင်ရန်
အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊အကြော်)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြည်ရမည်။
ဆောင်ရန်
အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်း တို့သည် သင်၏ အစာအိမ် ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ အနာဖြစ်ချိန်တွင် အစာပျော့ပျော့ အဖြူထည်စားခြင်းနှင့် နွားနို့သောက် ခြင်းတို့သည် အနာကျက်မြန်စေနိုင်သည်။
‘ဘဝနေထိုင်မှုပုံစံ’ (Life Style) ပြောင်းလဲ ပစ်ဖို့လိုသည်
လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှု ဘဝ နေထိုင်မှုဟန်ပန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစု အဝေးကို ကူးစက်မှု မရှိ သောရောဂါများ (Non Communicable Diseases) ဟုခေါ်သည်။ ယနေ့ကမ္ဘာတွင် စုစုပေါင်း သေဆုံးမှု၏ ၆ဝ ရာခိုင်နှုန်းသည် NCDs ရောဂါများကြောင့်ဖြစ်ပြီး ၎င်းသေဆုံးမှု၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်ဖြစ်သည်။ နေ့စဉ်ဘ၀ နေထိုင်မှု ပုံစံတွင် အန္တရာယ်အမူအကျင့် (Behavior Risk Factors) များဖြစ် သည့် ဆေးလိပ် သောက်ခြင်း၊ ဆေးရွက်ကြီးငြုံခင်း၊ ကွမ်းစားခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစား အသောက်များစားခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလှုပ်ရှားမှုနည်းခြင်း၊ အရက်ကိုအလွန်အကျွှံ သောက်ခြင်း တို့သည် ကျန်းမာရေး၊ လူမှုရေးပြဿနာများ ဖြစ်ပေါ်စေသည့် အဓိက အကြောင်း အရင်းများ ဖြစ်သည်။
အစာအိမ်ရောဂါသာမက အခြားသောရောဂါများ မခံစားရစေရန် ဆေးလိပ်လုံးဝမသောက်၊ အရက် ကို လုံးဝမဖြတ်နိုင်သည့်တိုင် အရက်ကိုချင့်ချိန်သောက်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ်နာရီ ဝက်ခန့် မှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းဆိုေ သာ ‘ဘဝနေထိုင်မှုပုံစံ’ (Life Style) ပြောင်းလဲ ပစ်ဖို့လိုသည်။
အထူးသဖြင့် နေ့စဉ်စားသုံးသည့် အစား အသောက် များတွင် သရက်သီးမှည့်၊ သင်္ဘောသီး မှည့်စသော အဝါရောင်သစ်သီးများ၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥနီ စသော အဝါရောင်နှင့် အနီရောင် သစ်ဥ သစ်ဖုများကို ရွေးချယ်ပြီး ဖောဖောသီသီ စားသုံးသင့်သည်။ အဆီမျိုးစုံကို တတ်နိုင်သမျှ ဆင်ခြင်၍စားရမည်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ်စသည့် ပြည့်ဝဆီများသည့် အစာများကို တတ်နိုင်သမျှရှောင်သင့်သည်။ အငန်ကို ဆင်ခြင်ပြီး အိုင်အိုဒင်း ဆားများကို သာစားရမည်။ အချိုရည်ကို လည်း တတ်နိုင်သမျှ ရှောင်ရမည်။ သို့မှသာ ကူး စက် မဟုတ်သော ရောဂါများကြောင့်ဖြစ်ပေါ်လာေ သာ ရောဂါဖြစ်ပွားမှု၊ မသန်မစွမ်းဖြစ်မှု နှင့် အရွယ်မရောက်မီ သေဆုံးမှုများ လျော့နည်းလာမည် ဖြစ်ပါ တော့ သည်။
အစာအိမ်ရောဂါ http:// komoethee.blogspot.fr/2012/ 07/blog-post_6.html
ဗက်တီးရီးယား ကြောင့်ဆိုတာကိုတွေ့ တဲ့အတွက် ဗက်တီးယီးယားကိုသတ်တဲ့ ပိုးသတ်ဆေးတမျိုးကို တလလောက်တိုက်တော့မှ လုံးဝ ပျောက်ကင်းသွားတယ်။ ဂျပန် ဆရာဝန်တယောက်က လည်း ကျနော် ရဲဘော်တယောက်ကိုဒီလိုနည်း မျိုး နဲ့ ကုသပေးလို့ လုံးဝပျောက်သွားတယ်လို့ ဆိုတယ်။ သူက ဗိုက်အောင့် လို့  ဂျပန်ဆရာဝန်ကိုပြတဲ့အခါမှာ ဆရာဝန်က သွားဆိုက်ဆရာဝန်ဆီကို သွားပြီး သွားတွေကို ခြစ် ထုတ် ပြစ်ဖို့  ညွန်ကြားလိုက်ပါတယ်။ သွားတွေကြားမှာ ဗက်တီးယီးယားရှိနေတယ်။ ကျနော်တို့ မြန်မာ အများ စုက သွားကို ခြစ်ထုတ်လေ့မရှိပါ။ တချို့က ပိုက်ဆံရှိသော်လည်း နစ် ၃၀ မှ တခါခြစ်ကြတယ်လို့ သိရပါ တယ်။ ထိုင်းနိင်ငံမှာ တနစ်တခါလောက် ခြစ်ကြတယ်။ အမေရိကန်တို့ ဂျပန် မှာတော့ ၆ လ တခါခြစ် ပါတယ်။ သွားထဲမှာ ခိုအောင်းနေတဲ့ဗက်တီးယီယား က ညဖက်အိပ်ချိန်မှာ သရေနဲ့အတူ ဗိုက်ထဲကိုဝင် ပါတယ်။
Credit to : Posted by ဒေါ်စိုး at http:// machunlay.blogspot.jp/2012/ 07/blog-post_27.htmlLabels: ကျန်းမာရေး အားပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။
Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျ သိပ္ပံ ပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင် ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံး ရှာဖွေတွေ့ရှိပြီး ဒီ ဘက်တီးရီး ယားပိုးကြောင့် အစာအိမ် ရောဂါများဖြစ်ပွါးလာကြောင်း
ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာ မသိခဲ့ကြ ပါဘူး။ အစာအိမ် အနာဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ် အနာပိုဆိုး စေတဲ့အကြောင်းတွေကိုသာသိ ခဲ့ကြတာမို့ ဆေးကုသ ရာမှာ လည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင် မကုသ နိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်း အောင် ကုသနိုင် မှာဖြစ်ပါတယ်။
H. pylori ပိုးဘယ်လိုကူးဆက်ပြန့်ပွါးတ
Helicobacter pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကို ခြေဖျက်နိုင်တဲ့ အင်ဇိုင်းထုတ်လုပ်နိုင်တြာေ
အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာ အများစုကတော့ အစာအိမ်ရောဂါ လို့သာ ပြောကြ ပါတယ်။ အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ လက်လုပ်ချဉ်၊ ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာမျာ
Helicobacter pylori များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့ အစာတွေ ရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။
Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ် ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ် တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။ Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သော လေနဲ့ဝမ်းမှာစမ်းသပ်နိုင် ပါတယ်။
Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကို သတ်နိုင်တဲ့ ပိုးသတ်ဆေး တွေဖြစ်တဲ့ amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်းပျောက်အေ
အနာပျောက်ဆေးများကြောင့်ဖြစ
တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ
ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။
ကျမ ကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ ဆေးရုံဟောင်း) မှာ တစ်လ တိတိ တင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ် ထားတဲ့ဆန်ပြုတ်ပ စားရပါတယ်။ ဆေးရုံက ဆင်းလာ တော့ အနာ သက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ ကောက်ညှင်း ပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည် ဘု ကို ရင်ခေါင်း မှာထားပြီး မှောက်အိပ်ထဲ့ အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲ ပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်း ကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်း အလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါ
ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှော
ကျမ်းကိုး။
၁။ အစာအိမ်ရောဂါနှင့်ကိုယ်တွေ့
ဗာဒံပင်မှအရွက်(မှည့်ရင့်နေ
၂။ ဆေးမြီးတိုအစွမ်း။ အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ
၃။ နေ့စဉ်ဘ၀နေထိုင်မှုပုံစံနှင
၎။ အစာအိမ်ရောဂါ http://
၅။ http://
ဖတ်သင့်သောအခြားပိုစ့်များမ
ခေတ်နဲ့အတူ အစားအသောက်ပြုလုပ်ပုံ၊ စားသောက်ပုံများ ပြောင်းလဲ လာခြင်းကြောင့် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါများလည်း ပြောင်းလဲ လာပါတယ်။
စားသုံးသီးနှံများစိုက်ပျို
အစာအိမ်အတွင်း အဖြစ်များသော ရောဂါများမှာ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာ နှင့် အစာအိမ်ကင်ဆာတို့ ဖြစ်ပါတယ်။ ရင်ညွှန့်တွင် ပူလောင်သော နာကျင်မှုကို ခံစားရပြီး အစာစားချိန် လွန်လျှင် သိသာစွာ နာကျင်ကာ အစာကို စားလိုက်ပါက သက်သာသွားလျှင် ၄င်းလက္ခဏာသည် အစာအိမ်အနာနှင့် သက်ဆိုင်သော လက္ခဏာများ ဖြစ်သည်။
အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာဖြစ်သောအကြောင်းအ
၁။ H. Pylori ရောဂါပိုးရှိခြင်း။
၂။ အကိုက်အခဲပျောက်ဆေးများကို အစာမပါပဲ သောက်ခြင်း။
၃။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
၎။ အပူအစပ် အသုပ်နှင့် လက်လုပ်ချဉ်များ စားခြင်း။
၅။ အစာစားချိန် မမှန်ခြင်း။
၆။ ကော်ဖီ၊လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်း။
၇။ စိတ်ဖိစီးမှုများခြင်း။
H. Pylori ရောဂါပိုး
အစာအိမ်ကို H. Pylori ပိုးကူးစက်ခံရခြင်းသည် အစာအိမ်အနာဖြစ်ရသော အဓိကအကြောင်းအရင်း ဖြစ် သည်။ အစာအိမ်အနာဖြစ်သောသူများ၏ ၃၀% မှ ၆၀% တို့တွင် H. Pylori ပိုးတွေ့ရှိရပြီး အူသိမ်တွင် အနာဖြစ်သော သူများ၏ ၇၀% ခန့်တွင် H. Pylori ပိုးတွေ့ရှိရသည်။ အစာအိမ်ကင်ဆာ ဖြစ်ပွားစေမှု တွင် လည်း H. Pylori ပိုးသည် ပါဝင်ပတ်သက်မှုရှိနေကြောင်း တွေ့ရှိရသည်။ ၎င်းပိုးများသည် အစာအိမ်ကဲ့သို့ သော အက်ဆစ် ထုတ်လုပ်သည့် ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်နိုင်ရန် အတွက် Urease Enzyme ကို ထုတ်လုပ်ပြီး အစာအိမ်၏ pH ပမာဏကို Alkaline ဖြစ်အောင်လုပ်၍ အစာအိမ်အတွင်း ရှင်သန် နေထိုင်ကြသည်။ H. Pylori ပိုးအမျိုးအစား အမျိုးမျိုးရှိ၍ ရောဂါပေးစွမ်းနိုင်သော ဗီဇပါရှိမှု ကွာခြားသဖြင့် ရောဂါဖြစ်မှုလည်း ကွာခြား နိုင်ပေသည်။ဖွံ့ဖြိုးဆဲနိုင
အကိုက်အခဲပျောက်ဆေးများ
လူအများ ယေဘုယျအသုံးများဆုံးဆေးများ
အကိုက်ခဲပျောက်ဆေး (NSAID) များသည် Prostaglandins ထွက်ရှိမှုကို ပိတ်ထားခြင်းဖြင့် နာကျင်မှု ကို သက်သာစေသည်။ ၎င်း Prostanglandins များသည် အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ကောင်းမွန်ခိုင် မာနေစေရန် ထိန်းသိမ်းပေးထားသည်။ အကိုက်ခဲပျောက်ဆေး (NSAID) များကြောင့် Prostanglandins များ နည်းလာသောအခါ အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ပျက်စီးလွယ်၍ အစာအိမ်အနာ ဖြစ်ပေါ် စေ သည်။ ထို့အ ပြင် အကိုက်ခဲ ပျောက်ဆေး (NSAID) များသည် အက်ဆစ်အပျော့ စားလေးများ ဖြစ် သောကြောင့် အစာအိမ်နံရံ ပေါ်ရှိ ချွှဲမြှေးလွှာများကို တိုက်ရိုက်နည်းအားဖြင့်လည်း
အရက်သောက်ခြင်း၊ဆေးလိပ်သောက
ဆေးလိပ်သောက်ခြင်းသည်လည်း အစာအိမ်ရောဂါကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ် သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် အစာအိမ်အနာ ပိုမိုဖြစ်ပွားရုံသာမက အနာအကျက်နှေးခြင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ပိုမိုဖြစ်ပွား လွယ်ခြင်းတို့ကိုပါ တွေ့ရှိရသည်။ ဆေးလိပ်မှ ထွက်သော အန္တရာယ်ရှိသော ဒြပ်ပေါင်းများ သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီး လွယ်စေသည်။ အရက်သောက်ခြင်း သည် အစာချေရည် (Gastric Acid) ကို ပိုမိုထွက်စေသည်။ အစာချေရည်သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီးစေရာတွင် အဓိကအခန်းမှ ပါဝင်သည်။ အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများသည် အစာအိမ်နံရံများကို အဓိက ကာကွယ်ပေးထားသူများ ဖြစ်သည်။ ၎င်း အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွာများ ခိုင်ခံမှု အားနည်းစေသော အကြောင်းများ အားလုံးသည် အစာအိမ်အနာကို ဖြစ်ပေါ်စေနိုင်သည်။
အစားအသောက်များနှင့် အစာစားချိန်
အစာအိမ်အနာဖြစ်စေသော အကြောင်းများတွင် အစားအသောက်များသည်လည်း အရေးကြီး သော အခန်းကဏ္ဍမှပါဝင်သည်။ အစာမကြေလွယ်သောအစာများ၊ အပူအစပ်များ၊ လက်လုပ်ချဉ် များ သည် အစာအိမ်ကို ဒုက္ခပေးနိုင်သော အစားအစာများဖြစ်သည်။ ကော်ဖီ သည် အစာမျိုပြွန်အောက်ပိုင်းရှိ
အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်နာရောဂါ လက္ခဏာများ
• ဗိုက်နာဗိုက်အောင့်ခြင်း၊
• ရင်ခေါင်းပူခြင်း၊
• ပျို့ခြင်း၊
• အော့အန်ခြင်းနှင့် အစာစားချင်စိတ်မရှိခြင်းတို
• ဗိုက်နာဗိုက်အောင့်ခြင်းသည်
နောက်ဆက်တွဲဆိုးကျိုးများ
• အစာအိမ် သွေးကြောပေါက်ခြင်းသည် အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုး ကျိုးဖြစ်သည်။ အသက်ကြီးသောသူများ အထူးသဖြင့် အသက် ၆၅ နှစ်ထက်ကြီးသော သူများတွင် အစာအိမ်သွေးကြော ပေါက် ခြင်း ပိုဖြစ်တတ်သည်။ ကော်ဖီရောင် အန်ခြင်း၊ ကတ္တရာစေးကဲ့သို့ ၀မ်းမဲမဲသွားခြင်း တို့သည် အစာအိမ် သွေးကြော ပေါက်ခြင်း ၏ လက္ခဏာများဖြစ်သည်။ အစာအိမ်ရောဂါ လူနာများ၏ ၂၀ % သော လူနာများတွင် အစာအိမ်ရောဂါ လက္ခဏာမပြဘဲ အစာအိမ် သွေးကြောပေါက်ခြင်း ဖြစ်သွားသည်ကို တွေ့ရှိ ရသည်။
• အစာအိမ်ပေါက်ခြင်းသည် ဒုတိယအဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အစာအိမ် ရောဂါ လူနာများ၏ ၆ % မှ ၇% တွင် အစာအိမ်ပေါက်ခြင်း နောက်ဆက်တွဲ ဆိုးကျိုး တွေ့ရှိရသည်။ ၀မ်းဗိုက် ဖောင်းလာခြင်း၊ ၀မ်းဗိုက်အထိ မခံနိုင်အောင်နာခြင်း တို့သည် အစာအိမ်ပေါက်ခြင်း၏ လက္ခဏာများ ဖြစ်သည်။ အစာအိမ် ထွက်ပေါက် ပိတ်ခြင်း သည် အတွေ့ရနည်းသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပြီး ၁% မှ ၂% ခန့်သော လူနာများတွင်သာ တွေ့ရသည်။ အစာစားပြီးတိုင်းအန်ခြင်း၊ ဗိုက်ဖောင်း လာခြင်း၊ ၀မ်း ချုပ်ခြင်းတို့သည် အစာအိမ် ထွက်ပေါက် ပိတ်သော လက္ခဏာ များဖြစ်သည်။ အစာအိမ်ကင်ဆာသို့ ပြောင်း လဲခြင်းသည် အစာအိမ်အတွင်း အနာဖြစ်သောနေရာ၊ H.Pylori ပိုးကူးစက်မှု၊ အသက်အရွယ်ကြီး ရင့်မှုတို့ ပေါ်တွင် မှုတည်သည်။
ရှောင်ရန်
အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊အကြော်)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကု
ဆောင်ရန်
အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်း
‘ဘဝနေထိုင်မှုပုံစံ’ (Life Style) ပြောင်းလဲ ပစ်ဖို့လိုသည်
လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှု ဘဝ နေထိုင်မှုဟန်ပန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစု အဝေးကို ကူးစက်မှု မရှိ သောရောဂါများ (Non Communicable Diseases) ဟုခေါ်သည်။ ယနေ့ကမ္ဘာတွင် စုစုပေါင်း သေဆုံးမှု၏ ၆ဝ ရာခိုင်နှုန်းသည် NCDs ရောဂါများကြောင့်ဖြစ်ပြီး ၎င်းသေဆုံးမှု၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်ဖြစ်သည်။ နေ့စဉ်ဘ၀ နေထိုင်မှု ပုံစံတွင် အန္တရာယ်အမူအကျင့် (Behavior Risk Factors) များဖြစ် သည့် ဆေးလိပ် သောက်ခြင်း၊ ဆေးရွက်ကြီးငြုံခင်း၊ ကွမ်းစားခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစား အသောက်များစားခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလှုပ်ရှ
အစာအိမ်ရောဂါသာမက အခြားသောရောဂါများ မခံစားရစေရန် ဆေးလိပ်လုံးဝမသောက်၊ အရက် ကို လုံးဝမဖြတ်နိုင်သည့်တိုင် အရက်ကိုချင့်ချိန်သောက်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ်နာရီ ဝက်ခန့် မှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းဆိုေ
အထူးသဖြင့် နေ့စဉ်စားသုံးသည့် အစား အသောက် များတွင် သရက်သီးမှည့်၊ သင်္ဘောသီး မှည့်စသော အဝါရောင်သစ်သီးများ၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥနီ စသော အဝါရောင်နှင့် အနီရောင် သစ်ဥ သစ်ဖုများကို ရွေးချယ်ပြီး ဖောဖောသီသီ စားသုံးသင့်သည်။ အဆီမျိုးစုံကို တတ်နိုင်သမျှ ဆင်ခြင်၍စားရမည်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ်စသည့် ပြည့်ဝဆီများသည့် အစာများကို တတ်နိုင်သမျှရှောင်သင့်သည်။
အစာအိမ်ရောဂါ http://
ဗက်တီးရီးယား ကြောင့်ဆိုတာကိုတွေ့ တဲ့အတွက် ဗက်တီးယီးယားကိုသတ်တဲ့ ပိုးသတ်ဆေးတမျိုးကို တလလောက်တိုက်တော့မှ လုံးဝ ပျောက်ကင်းသွားတယ်။ ဂျပန် ဆရာဝန်တယောက်က လည်း ကျနော် ရဲဘော်တယောက်ကိုဒီလိုနည်း
Credit to : Posted by ဒေါ်စိုး at http://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။