Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 16, 2015

Facebook ပေါ်က ဘ၀စာမျက်နှာများ



ဒီကနေ့ လူတွေကြား­မှာ ခေတ်အစားဆုံး၊ လူသုံးအများဆုံး၊ စိတ်အဝင်စားဆုံးအရာကတော့ facebook ပါ။ FB ကို တွင်တွင် ကျယ် ကျယ် မြန်မာနိုင်ငံမှာ အသုံးပြုလာခဲ့တာ သိပ်မကြာသေးပါဘူး။ ပြောရမယ်ဆို Hand Phone ဆိုတာ အရင်ကမြင်တောင် မမြင်ဖူး ခဲ့ကြ ပါပဲ ကြိုးဖုန်းကိုသာ အားကိုးပြီး ဆက်သွယ် အသုံးပြုခဲ့ကြရတာပါ။ မှတ်မိသ လောက်ပြောရရင် ၁၉၉ဝ ဝန်းကျင် လောက်ကထင်ပါရဲ့။ Hand Phone လို့ခေါ်တဲ့ဖုန်းမည်းမည်းကြီးတွေ (အဲသည်တုန်းက နံပါတ်ကို နှိပ်ရတာ၊Touch မဟုတ်ဘူး) စမြင်ခဲ့ဖူးပြီး စကိုင် ခဲ့ကြရပါတယ်။ ဒါတောင် ကိုင်နိုင်သူက တစ်ဦးစနှစ်ဦးစလောက်ပါ။
အဲသည်တုန်းကတော့ အထူးအဆန်းပေါ့။ FB ဆိုတာ ဝေလားဝေး။ ကြိုးမပါဘဲ ဖုန်းပြောလို့ရတာကိုပဲ ထူးဆန်းလှပြီ။ အဲဒီကမှ တစ်ဆင့် ဖုန်းတွေ ဝင်လာပြီး ခေါက်ဖုန်း handset လေးတွေ ခေတ် စားလာ သလို ဖုန်းကတ်တွေကလည်း သိန်းဆယ်ကျော်အထိ ဈေးကောင်းခဲ့ပါပေါ့။ အဲဒီခေတ်က hand phone ကိုင်နိုင်ရင် သူဌေးလို့ ထင်ခဲ့ရ တဲ့ခေတ်။ နောက်ပိုင်းတော့ဖုန်းပြောရုံတင်မက အခြားသော ကိစ္စအဝဝကိုပါ လုပ်ဆောင်နိုင်တဲ့ ဖုန်းတွေ သွင်းလာကြရင်းက FB  ကြီးပါ သုံးလာနိုင်တဲ့အထိ ဖုန်းက အသုံးဝင်လာသလို ခုချိန်များဆို ပေါလိုက်တဲ့ ဖုန်းကတ်၊ သွင်းလိုက်တဲ့ handset  တွေ  လူတိုင်း ဖုန်းကိုင်၊ လူတိုင်းဖုန်းပြော၊ ဖုန်းပွတ်နေကြတာ တွေ့ရမှာပါ။ သူဌေးလည်း ဖုန်း နဲ့ ဈေးသည်လည်း ဖုန်းနဲ့၊ အမှိုက်သိမ်းတဲ့သူလည်း ဖုန်းနဲ့ အိမ်တိုင်းစေ့ လူရှိရင် ဖုန်းကိုယ်စီနဲ့ ကလေးတွေတောင် ဖုန်းတကိုင်ကိုင် Tablet  တကိုင်ကိုင်နဲ့ ပွဲတွေများမှာဆို ရိုက်လိုက်ကြတဲ့ဓာတ်ပုံ ဘယ်မှာမှ ရှောင်လို့မလွတ်နိုင်ဘူး။ မြန်မာနိုင်ငံကို ခဏလာသွားတဲ့ အမေရိကန် သမ္မတ ကြီးအိုဘားမားကတောင် ” လူတွေ အင်္ကျီ သာမရှိတာ၊ ဖုန်းတော့ အားလုံးရှိတယ်” လို့ အံ့သြချီး ကျူးသွားရတာပဲကြည့်။
အဲဒီလို ဖုန်းတွေ သုံးကြ၊ FB တွေ ကြည့်ကြ ပွတ်ကြတာကောင်းပေမယ့် ဘယ်အရာမဆို ကောင်းတာနဲ့အတူ ဆိုးတာပါ တွဲပါလာ တတ်တဲ့သဘောအရ တချို့သော အဆိုးများက FB ကြောင့် ဖြစ်လာကြတာ ငြင်းလို့မရပါဘူး။ FB ကြောင့် တစ်ဦးနဲ့ တစ်ဦး မိတ်ေ ဆွ၊ မောင်နှမ၊ ဆွေမျိုး သားချင်း၊ ရည်းစား၊ ချစ်ခင်သူတွေ အပြန်အလှန် သာကြောင်း မာ ကြောင်း စာတွေ၊ ဓာတ်ပုံတွေ၊ ဘယ် သွား တယ်၊ ဘယ်ရောက်တယ်၊ ဘာ လုပ်နေတယ်ကအစ မွေးနေ့ပွဲ မိတ်ဆုံပွဲ ဘာပွဲ ညာပွဲအဆုံး တင်ကြ တော့ အဆက် အသွယ် မပြတ် ခဲ့ကြ ရတာ FB ရဲ့ ကောင်းကျိုးတွေပါ။ ဟိုးအရင်ကစာမူတွေဆိုရင် ဂျာနယ်တိုက်သွားပေးကြရပေမယ့် အခုဆို ဖုန်းထဲကလှမ်း ပို့ လိုက် ရုံပဲ။ ကြော်ငြာဒီဇိုင်းကအစ Mail ထဲ ပို့မလား၊ viber ထဲပို့မလား ဖွင့်ကြည့် ယူလိုက်ရုံပဲ။ အချိန်ကုန်သက်သာ လူသက်သာ ဘယ်လောက်ကောင်းသလဲ။
FB သုံးကြတဲ့အထဲမှာ တချို့ကလည်း ဒီဆိုင်မှာ စားနေတယ်တို့၊ ဒါဝယ်လာတာတို့၊ ချစ်သူကပေးတာတို့၊ ဒါမျိုးပဲသုံးတယ်ဆိုတာတို့၊ ဓာတ်ပုံလေးတွေနဲ့ ပြပြကြွားကြတာလည်းရှိပေါ့။ တချို့လည်း ဘယ်နိုင်ငံမှာ ရိုက်ခဲ့တာ။ ဒါဘယ်သွားတုန်းက။ ဒါမွေး နေ့ပွဲမှာ။ ဒါအလှူသွားခါနီး။ ဒါ Shopping ထွက်နေတာ။ ဒါအိပ်ရာထတုန်းမှာ။ ဒါလေယာဉ်ခုံပေါ်မှာ။ ဒါကားပေါ်မှာနဲ့၊ အံမယ် တချို့လေ တိုက်နေ တုန်း လျှပ်တစ်ပြက်ရိုက်တဲ့ပုံဆိုတဲ့ ဆိုက်ရောက်ရာပြပုံတွေ တင်ထားကြသူတွေလည်းရှိပါ့။ တချို့လည်း သူရေးတင်တဲ့ စာကို အောက်က မဟုတ်တရုတ် Comment  ဝင်ရေးတဲ့ သူနဲ့ ရန်ဖြစ်တဲ့သူနဲ့။ ချီးမွမ်းတဲ့သူနဲ့။ မြှောက်ပင့်တဲ့ သူနဲ့။ လှောင်ပြောင်တဲ့သူနဲ့။ သူ့အရပ် နဲ့ သူ့ ဇာတ်နဲ့တော့ ဟုတ်နေတာ။
တချို့လည်း FB ပေါ်မှာ ချစ်သူနဲ့ကွဲလို့ လွမ်းရတာ၊ ယောက်ျားမရှိတော့လို့ လွမ်းရတာ၊ အမေ့ကိုလွမ်းတာ၊ အဖေ့ကိုလွမ်းတာနဲ့ ဟိုလွမ်း ဒီလွမ်း..အလွမ်း ကြော်ငြာ ထိုးကြသူတွေလည်း တွေ့ရ။ တချို့ကတော့ ကောင်းတဲ့စာ လေးတွေ၊ ဘုန်းဘုန်းတွေရဲ့ ဆုံးမစာေ လးတွေ၊ သံဝေဂစာလေးတွေ တွေ့ရင် ရှယ်ကြ၊ ကောင်းတဲ့ သတင်း လေးတွေ ဝေမျှကြတာတွေ ရတော့လည်း good ပေါ့။ ဒါမျိုးဆို ကိုယ်တောင် ဝင်ရှယ်လိုက်သေး။ တချို့ကလည်း online ပေါ်မှာ ဈေးရောင်းဈေးဝယ် ဟိုဟာဒီဟာ ဟိုတယ်ကအစ အိမ်၊ ကား၊ ပရိဘော ဂ၊ အလှကုန်၊ ကလေးပစ္စည်း၊အဝတ် အထည်မီးဖိုချောင်သုံး ပစ္စည်းအထိ ဘယ်ဟာက ဘယ်လောက်၊ ဘယ် ဈေး Promotion ရက်က ဘယ် အထိ၊ အိမ်လာပို့ရင် ပို့ခဘယ် လောက်၊ ဒါမျိုးလေးတွေက ဈေးဝယ်ဝါသနာပါသူတွေ အတွက်တော့ အိုကေ။ ကားလမ်းကျပ်လို့ မသွားချင်၊ မသွားနိုင်သူတွေအတွက်က စာလေးပို့လိုက် Phone ဆက်လိုက်ရုံ နဲ့ အိမ်အရောက်လာပို့ ရော ပို့ခ ၁ဝဝဝ၊ ၁၅ဝဝ။ ကိုယ်တိုင်သွား ရင် ကားခက ဒီထက်ပိုမှာ။ ခုတော့ FB ကြီးကြောင့် အိမ်က လှမ်းဈေးဝယ်ရုံပဲ။
FB ပေါ်က တိုင်းရေးပြည်ရေး နိုင်ငံရေးတွေကတော့ အကုန်လုံးသိကြတဲ့အတိုင်း ကောင်းတာရော၊ မကောင်းတာရော၊ ဟုတ်တာရော၊ မဟုတ်တာရော၊ မှန်တာရော မမှန်တာရော အားလုံးရောထွေးနေတာဆိုတော့ ကိုယ့်အသိနဲ့ ကိုယ်ကောင်း တာ လေးရွေးကြ ည့်ကြေ ပါ့နော့။ ခုချိန်မှာဆို ရွေးကောက်ပွဲကြီးအတွက် သူ့ပါတီ ကိုယ့်ပါတီ အပြိုင်မဲဆွယ် ကြတဲ့ပုံတွေ၊ စာတွေ ဖတ်ရတော့ ဘယ်ပါ တီ ဘယ် သူ ဘယ်လောက် အင်အားရှိတယ်ဆိုတာ သိရသလို၊ မီးသတ်ကားသံကြားရင် FB ဖွင့် လိုက်၊ ဘယ်နေရာမှာလောင်နေပြီး၊ မီးအခြေ အနေ ဘယ်လိုကအစ ဖုန်းနဲ့ တင်ကြတော့ ဘာသတင်းဖြစ်ဖြစ် FB ကြီးကြောင့် Up to date သိကြရတာပေါ့။ဒါကြောင့် သတင်း ဆိုတာ အကောင်းရှိသလို၊ အဆိုးလည်းရှိပါတယ်လို့။ တချို့အဆိုးတွေက လူတွေကို သတိပေးသလိုဖြစ်တဲ့ ရန်ပြုခံရတာတို့၊ အလုခံရတာတို့၊ အလိမ်ခံရတာတို့၊ မိန်းကလေးတွေ အန္တရာယ်ရှိတာတို့၊ အစားအစာတွေမှာ မစားသုံးသင့်တာတွေ၊ ဆိုးဆေးသုံးထားတဲ့ အစားအစာတွေ၊ ဘာစားရင်ဘာဖြစ်တယ်၊ ဘာသုံးရင် သတိထားဆိုတဲ့ စာတွေပုံတွေကတော့ အဆိုးထဲက အကောင်းတွေပေါ့။
တချို့ကတော့ FB ပေါ် မဟုတ်တရုတ်ပုံတွေကြောက်စရာပုံလန့်စရာ ပုံတွေကို ပြူးပြဲတင်ကြ၊ မဟုတ်တဲ့ ပုံတွေကို ဖိုတိုရှော့နဲ့လုပ်ပြီး အဟုတ်ထင်အောင် တင်ကြတာတွေ၊ ညစ်ညမ်းပုံတွေကိုသူများ page ထဲလိုက်တင်ကြတာကတော့ မကောင်းဘူးပေါ့။ စိတ်ညစ်စရာနဲ့ ရယ်စရာ ကောင်းတာတချို့များ ပြောပါတယ်။ မုန့်ဟင်းခါးတို့၊ အုန်းနို့ခေါက်ဆွဲတို့၊ ကိုယ့်အိမ်မှာ ချက်တဲ့ ဟင်းတွေကို ဓာတ်ပုံရိုက်ပြီး “စားကြပါဦးလား” လို့ တင်ထားတာလောက် စိတ်ညစ်တာ မရှိဘူး။ ပုစွန်ထုပ်ကြီး ချက်ရင်တင်ပြီး ချဉ်ပေါင်ဟင်းချက်ရင်တော့ မ တင်တော့ဘူး။ အံ့ချက်ပဲ။
ပိုရယ်ရတာက Like လုပ်ကြတာပါပဲ။ ဘယ်သူ ဘာစာရေးတင်တင် ဘာဓာတ်ပုံတင်တင် Like လုပ်မှ ကောင်းမယ်လို့ ထင်နေကြ တာပါပဲ။တချို့ကနားပဲမလည်တာလား၊ ပြီးပြီးရော ဘာတင်တင် Like ပြီးတာပဲဆိုပြီး တွေ့သမျှ Like ကြတာပဲ။  တချို့က ” ဒီနေ့ည ကျွန်တော့် အမေဆုံးသွားပါတယ်” ဆိုလည်း Like ၊ ” ညက နေမကောင်းလို့အိပ်လို့မရဘူး” ဆိုလည်း Like ၊ဘယ်သူ ဘယ်ဆေးရုံမှာ ဘာရောဂါနဲ့ တင်ထားပါတယ်ဆိုလည်း Like ၊ ကားတိုက်တာ ဘယ်နှယောက်သေ သွားတယ်ဆိုလည်း Like ၊ ကဲ… ဘယ်လိုလုပ်မလဲ။ တစ်ညကလည်း ဆရာ ဦးဝင်းငြိမ်းက ” ဒီညမီးပြတ်သွားလို့ အောက်ဆီဂျင်မရလို့ အိပ်လို့ မရ တော့ဘူးထင်ပါတယ်” လို့ ဆိုတာကို Like တဲ့။ ဆရာက ” သြော်.. ငါဒု က္ခရောက်တာကို Like ဆိုတော့  ကောင်းတယ်လို့ ပြောတာပေါ့လေ” လို့ ထေ့ထားတာကို ဖတ်ရတာတော့ ပိုလို့ရယ်ရပါတယ်။ ဒါကြောင့် Like တာလည်း ကြည့် Like ကြပါ။ အ Like မကောင်းရင် မိတ်ပျက်ရပါလိမ့်မယ်။ Like များတိုင်း လည်း ကောင်းတာမဟုတ်ပါဘူး။
(ဒါပေမဲ့ တချို့ကတော့ သူတို့ ဓာတ်ပုံတွေ၊ စာတွေတင်ထားတာကို Like ရင် လှမ်းရန်ထောင်တဲ့လူ လည်းရှိတယ်နော်။ တချို့ကလည်း Like Like ၊ မ Like Like တင်မှာပဲဆိုတဲ့ ဇွတ်တွေကရှိသေး)
တကယ်တော့ FB သုံးကြတဲ့ သူတို့တင်ထားတဲ့စာ၊ သူတို့တင်ထားတဲ့ပုံ၊ သူ Share ထားတဲ့ Status ၊ သူဝင်ရေးတဲ့ comment နဲ့ သူ Like ထားတဲ့ အပေါ်ကြည့်ပြီး သူ့အဆင့်အတန်း၊ သူ့အနေအထား၊ သူ့စိတ်ခံစားမှု၊ သူ့အခြေအနေကိုသိနိုင်တာမို့ FB ပေါ်မှာ ကိုယ့်ဘဝကို အကုန်လှစ်ဟပြနေသလိုဖြစ်တဲ့ အရာတွေကို ဆင်ခြင်အသုံးပြုနိုင်ကြမယ်ဆိုရင် FB ဆိုတာတကယ်သုံးလို့ကောင်းတဲ့ အသုံးဝင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် ဖုန်းသုံးတာ၊ FB သုံး တာကောင်းတာလည်းရှိသလို၊ ဆိုး တာ လည်းရှိတယ်။ စိတ်ညစ်စရာရှိသလို၊ ရယ်စရာ လည်းရှိတာမို့ မရှိမကောင်း၊ ရှိမကောင်း မသုံးလည်း ခက်သုံးလည်းခက်တဲ့ ဖုန်းပေါ်က FB ကြီးကို ဆင်ခြင်ပြီး MPT တို့၊ Telenor တို့၊ Ooredoo တို့ ရှေ့ ဆက်လှမ်းချီပြီး ဖလန်းဖလန်း ထသုံးပါ….သုံးပါ …သုံးကြပါလို့။ FB ဆိုတာ ဘဝတွေရဲ့ စာမျက်နှာတွေ ဖြစ်နေ တာမို့ လို့ပါ။
မေတ္တာဖြင့် နီနီ(ဥပဒေ)
 popularmyanma

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။