Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 14, 2015

မောင်ပိန်

 
 
မောင်ပိန်
--------------

ဒီ အကြောင်းကိုရေးမယ်ရေးမယ်နဲ့
ခုမှပဲရေးဖြစ်တော့တယ်---။
ကြာရင်လူငယ်တွေမသိတော့ဘဲ
ဖြစ်ကုန်မှာ----။

ဘာအရာနေနေ သမိုင်းကြောင်းက
နောက်ဆက်တွဲရှိပြီးသား---။
သမိုင်းနဲ့ ကင်းလို့ကိုမရဘူး။
တို့လူငယ်တွေ သမိုင်းကြောင်းမသိဘဲ
အတီးအတဖြစ်နေရင် နိုင်ငံတော်ပဲ နစ်နာမှာ--။

သာယာဝတီမင်းနတ်ရွာစံလို့
ပုံဂံမင်းနန်းတက်လာတယ်--။
သာမန် အဖေသေလို့ သားမင်းဖြစ်တာ---။
လုပ်ရိုးလုပ်စဉ်အတိုင်းပဲ----။
မင်းပြောင်းမင်းလွဲတွေမှာက နဂိုရှိရင်းရာထူးကနေပြုတ်တာရှိသလို ထပ်မြင့်သွားတာလည်းရှိတယ်----'။

ဘယ်လိုပဲနေနေ နေရာရလာတာက တက်လာတဲ့ဘုရင်မင်း မင်းသားဘဝက
အမှုထမ်းခဲ့တဲ့ အိမ်တော်ပါ ငယ်ကျွန်တွေပဲ။

အဲဒီအထဲမှာ အိမ်တော်ပါအမှုထမ်း
ဘိုင်ဆပ်လည်း ပါတယ်ဗျ---။
ဘိုင်ဆပ်ကိုချီးမြင့်တာလွန်ကဲပြီး မြို့ဝန်ရာထူးပါပေးလိုက်တော
ဇာတ်လမ်းကစတော့တာပဲ---။
ပုဂံမင်းလက်ထက်မှာ မြို့ဝန်နှစ်ယောက်ရှိပြီး
အဲဒီအပေါ်မှာ ဘိုင်ဆပ်ကို မြို့ဝန်ထပ်ခန့်ခဲ့တယ်--။

မြို့ဝန်ရာထူးဆိုတော့ အာဏာလည်းကျယ်ပြန့်လာတယ်။
မြို့ဝန်ဆိုတာရှိမှတော့ မြို့စာရေးတွေလည်းပါလာတာပေါ့။
ဘိုင်ဆပ် လက်သပ်မွေးလိုက်တာက
တပည့်ကျော် ငပိန်-----။

အရင်ကတော့ ငမျောက်ငခြောက်။
ခန့်ပြီးနှစ်အနည်းငယ်အတွင်းမှာ သဌေးကြီးဦးပိန်၊မြို့စာရေးကြီး
ဦးပိန်ဖြစ်လာတော့တာပေါ့။

ပုဂံမင်းမှာက မင်းသားဘဝထဲက ခါတွေချိုးတွေအကောင်ပလောင်တွေမွေးတဲ့ ဝါသနာကရှိတော့ ဘိုင်ဆပ်ကလည်း အဲဒီ
အလုပ်မှာကျွမ်းကျင်သူ----။

ဒါနဲ့ပဲမြို့ဝန်ရာထူးရလာတာ။
ဘုရင်ကိုဒီငှက်ကလေးတွေက
မြေခွေးပုရစ်လေးတွေကျွေးရင်
အသက်တစ်နှစ်ပိုရှည်ပါတယ်လို
ပေါက်တတ်ကရလျောက်လည်း
ဘုရင်ကလက်ခံပြီး မြေခွေးပုရစ်တွေ မြို့အနှံမှာရှာစေတယ်----။

ဘိုင်ဆပ်နဲ့မောင်ပိန်ရဲ့အကြိုက်ပေါ့---။
ကလိန်ကကျစ်ဥာဏ်တွေနဲ့
တစ်ခုလုပ်ရင် အလုပ်ငါးခုလောက်ပြီးမယ်ဆိုတဲ့ ဥာဏ်တွေပါထွက်လာတယ်---။

မြန်မာတွေမှာက ရှေးခေတ်က ဘဏ်တွေမရှိသေးတော့
အိမ်အောက်တွေမှာပဲ အိုးနဲ့ ရွှေတိုရွှေစ
တန်ဖိုးရှိတာတွေ မြုပ်ကြတာကိုး---။
ဒီအချက်ကို ဘိုင်ဆပ်တို့ကလည်းသိတယ်--။
မောင်ပိန်ကလည်းနောက်ကနေ အကြံတွေပေး---။

မြေခွေးပုရစ်ဆိုတာ တွင်းအောင်းသတ္တဝါကိုး--။
ဘုရင်အမိန့်နဲ့မြေခွေးပုရစ်ရှာမယ်ဆိုပြီး
မြို့တော်က အိမ်တွေမှာရှာတယ်။

ဘုရင့်အမိန့်ဆိုတော့ ဘယ်ပြောရဲမှာတုန်း--။
မြေလှန်ရှာမှတော့
မြုပ်ထားတဲ့ရွှေအိုးတွေထွက်လ
ဘိုင်ဆပ်တို့ ဆရာတပည့်တွေကသိမ်းပိုက်---။

မြို့တော်ကြီးမှာ ပွဲတော်ကြီးကိုဖြစ်လို့---

မတည့်တဲ့အိမ်ဆို အရင်ရှာ။

နောက်ပိုင်းမှာ ချမ်းသာတဲ့လူတွေ
က ကိုယ့်အိမ်ကိုမရှာအောင် လဘ်ထိုး---။
ရလိုက်တဲ့ပိုက်ဆံ---။

ဒီလူတွေမှ မချမ်းသာရင်ဘယ်သူချမ်းသာမှာတုန်းဗျ--။

အိမ်တွေကိုရှာရင်းနဲ့သမီးပျိုရှိတဲ့အိမ်တွေမှတ်--။
နောက်နေ့မှာငွေလမ်းခင်းပြီး
အတင်းဖျက်စီး---။
အတင်းသိမ်းပိုက်--။

ဒီနှစ်ယောက်လုပ်လို့ မြန်မာအမျိုးကောင်းသမီးတွေပျက်စီးခဲ့ရတယ်ဗျ။

မသေမြို့ကြီးမှာ တိုင်းသူပြည်သားတွေက ဒီနှစ်ယောက်လုပ်လို့ ပူဆွေးရ၊ငိုကြွေးကြနဲ့
ဖြစ်နေပါတယ်---။

မှူးမတ်တွေကသိပေမယ့်လည်း
ဘုရင် ဒေါသထွက်မှာစိုးလို့ မလျောက်ရဲကြဘူး---။
အိမ်တော်ပါငယ်ကျွန်ကြီးကိုး---။

နောက်ပိုင်းမှာဘယ်လောက်တောင်ဖြစ်လာလည်း
ဆိုတော့နန်းတော်တွင်းမှာပါ
ဝင်ရောက်ချယ်လှယ်လာပါတယ်---

ဘုရင်မျက်နှာသစ်တော်ရေ ကျတာနဲ့
အရင်တွေ့ခွင့်ရှိတာ ဘိုင်ဆပ်ပဲဖြစ်နေတာကိုး--။
အဲဒီအချိန်မှာ ဘိုင်ဆပ်က သူနဲ့မတည့်တဲ့သူတွေ ဂုန်းချော၊တိုင်းပြည်ကိစ္စတွေပြော အဲလောက်ထိကို
ဘုရင် ကယုံခဲ့တာ---။

မင်းသားကြီးတွေမှူးမတ်တွေမှာ ဘုရင်နဲ့တွေ့ဖို့ ဘိုင်ဆပ်ဆီ သတင်းအရင်မေးရလောက်အောင် တန်ခိုးထက်လာပါတယ်---။

ဘိုင်ဆပ်ဆီကနေ အမှုအခင်းဖြစ်တဲ့လူတွေကလာဘ်ထိုး။
ဘိုင်ဆပ်က ဘုရင်ကိုလျောက်ပေးနဲ့ အာဏာကလည်း ကျယ်ပြန့်လာပါတယ်။

အမှုဖြစ်ရင် ဘိုင်ဆပ်ဆီ အရင်ပြေးကြတော့တာပဲ။

တစ်နေ့ရောက်တော့ ငပိန်က အင်းဝမြို့ဟောင်းကြီးကိုသွားပြီး သတိရတော့တယ်။

မြို့ဟောင်းကြီးကနေ သူတို့အတွက် ဘာရနိုင်လဲပေါ့--။
ဘကြီးတော်နန်းစံစဉ်ဆောက်လုပ်ခဲ့တာပါ---။

တော်တော်လေးကြီးကျယ်ခမ်းနားခဲ့တော့ ဖန်နန်းရှင် ဘွဲ့ကိုတောင်ရခဲ့တာပါ--။

ခုကျွန်တော်တို့နိုင်ငံမှာပြစရာနန်းတော်ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အင်းဝနန်းတော်ကြီးက ဘိုင်ဆပ်နဲ့မောင်ပိန် လက်ချက်ကြောင့် နန်းဆောင်တွေပျောက်ခဲ့ရတာ။

မန္တလေးနန်းတော်ကြီးက မဟာမိတ်တပ်တွေလက်ချက်ကြောင့် ပြာပုံဖြစ်ခဲ့ရတာ-။
ကျွန်တော်ကတော့ စဉ်းစားရင်းနဲ့
ကိုမကျေနပ်နိုင်ဘူး--။

အင်းဝနန်းတော်ကြီးမှာက ကျွန်းတိုင်ပေါင်း ထောင်ကျော်တယ်။ကျွန်းသားပျဉ်ခင်းတွေက ထုလေးလက်မရှိတယ်။ဒီဟာတွေကို မောင်ပိန်က မျက်စိကျပြီး သူ့ဆရာဘိုင်ဆပ်ကို ဘုရင်ဆီ လျောက်ခိုင်း။ဘယ်လိုလျောက်ခိုင်းလဲဆိုတော့------

"တစ်ဘက်ကမ်းက ဘိုးတော်ဘုရားကောင်းမှုကျောက်တော်ကြီးဘုရားနဲ့ တစ်ဖက်ကမ်းက ဘကြီးတော်ကောင်းမှု ပုထိုးတော်ကြီးဘုရားကို တိုင်းသူပြည်သားလွယ်လွယ်ကူကူဖူးရအောင် တံတားဆောက်ချင်ပါတယ်"တဲ့----။

ဘုရင်ကလည်းကုသိုလ်ရေးဆိုတော
ဖျက်စေဆိုတော့ ဘိုင်ဆပ်တို့ မောင်ပိန်တို့ တပည့်တွေနဲ့ပျော်ပျော်ကြီး လှော်ကြတော့တာပေါ့---။

ဘကြီးတော်ရဲ့ အင်းဝနန်းတော်ကြီးလည်း
ခနနဲ့ စုတေပြီး ဘဝပျက်တော့တာပဲ---။

အဲဒီထဲကမှ တိုင်ကြီးတိုင်ကောင်းတွေ
ပျဉ်ကောင်းတွေတခြားထွက်လာတဲ့အရာတွေကို ဘိုင်ဆပ်နဲ့မောင်ပိန်ကဘုံးပါတယ်---။

လက်ရှိ တောင်သမန်တံတားနေရာရောက်လာတဲ့ တိုင်တွေကတော့ တိုင်ပိန်တိုင်ညောင် ပျဉ်ပိန်ပျဉ်ညောင်တွေပဲဖြစ်ပါတယ်-----။

ဒီနေ့ခေတ်မှာ ကမ္ဘာကတောင်
သိတဲ့တံတားကြီးဟာတကယ်တော့ ဘကြီးတော်နဲ့ပုဂံမင်းရဲ့ကောင်းမှုပါ---။
မောင်ပိန်တို့ကတော့
ကိုယ်ကျိုးကြည့်ပြီးဆောက်ခဲ့တာပါ----။

ကောင်းတဲ့ဘက်ကကြည့်ရင်တော့
ဒီဘက်ခေတ်မှာ ပြစရာကျန်ပြီး
သမိုင်းအမွေအနှစ်ကျန်ပါတယ်---။
ကမ္ဘာကတောင်သိပါတယ်--'။

မကောင်းတဲ့ဘက်ကကြည့်ရင်တော့
တံတားကြီးထဲမှာ
ဒီနှစ်ယောက်လုပ်လို့
ကျခဲ့တဲ့ ပြည်သူတွေရဲ့မျက်ရည်တွေပါနေမှာပါ---။

တံတားကိုရောက်တိုင်းသမိုင်းကိုပြန်သတိရပြီး တောက်ခေါက်မိပါတယ်---။
လျောက်ချင်စိတ်တောင်မရှိဘူး---။

စိတ်ယုတ်မာနဲ့
ဆောက်ခဲ့တဲ့တံတားဖြစ်နေလို့--။

ဒါကြောင့် တောင်သမန်တံတားလို့ပဲ
ခေါ်သင့်တယ်---။

ဒါကြောင့်လူငယ်တွေ တံတားကိုရောက်ရင် ဓာတ်ပုံရိုက်၊လမ်းလျောက်၊ဂုဏ်ယူတာကယူပါ--။

သမိုင်းကိုတော့မမေ့ကြပါနဲ့ ဗျာ။

သမိုင်းကိုတန်ဖိုးထားချစ်မြတ်နိုးသူများဖြစ်ကြပါစေ။

သုခ

အကိုးအကား

ဒဂုန်ခင်ခင်လေး-ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
PHOTO -ကိုBkg
Pyi Thar Yar ဖေ့ဘွတ်မှကူးယူသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။