အာရှကို ခြိမ်းခြောက်လာသော စမတ်ဖုန်းစွဲလမ်းမှု စိတ်ဝေဒနာ
ဆေးပညာနယ်ပယ်မှာ တော့ ဒီအခြေအနေကို Nomo-phobiaလို့ ခေါ်ဝေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ မိုဘိုင်းဖုန်းနဲ့ ကင်းကွာနေခြင်းကို ကြောက်ရွံ့ တဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါ တယ်။ ကိုယ့်ရဲ့စမတ်ဖုန်းနဲ့ ကင်း ကွာနေတဲ့အခါ စိတ်ထဲမှာ မတည် မငြိမ် ဆောက်တည်ရာမရ ဖြစ် နေတတ်တဲ့ စိတ်အခြေအနေမျိုး နဲ့ ပတ်သက်ပြီး ပညာရှင်တွေက သတိကြီးကြီး ဆွေးနွေး သုံးသပ် နေခဲ့တာ တော်တော်လေး ကြာခဲ...့ ပါပြီ။
ဒါပေမဲ့ Selfie Stick တွေ နဲ့ အင်တာနက်သုံး Emoji သင်္ကေ တတွေ စတင်မြစ်ဖျားခံရာ ဒေသ ဖြစ်တဲ့ အာရှတိုက်မှာတော့ စမတ် ဖုန်းတွေအပေါ် စွဲလမ်းမှုလွန်ကဲခြင်း ဖြစ်စဉ်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ တိုးပွားများပြားလာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အထူးသဖြင့် အာရှလူငယ်ထုမှာ Nomophobia ပြဿနာ စွဲကပ်မှု ထူပြောလာခြင်းဟာ ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်လာပါတယ်။
မကြာသေးခင်က တောင်ကို ရီးယားနိုင်ငံမှာ လူငယ်လူရွယ် ၁,၀၀၀ ကျော်ကို သဘောထား ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ခုအရ ကလေးငယ် ၇၂ ရာခိုင်နှုန်း လောက်ဟာ စမတ်ဖုန်းတစ်လုံး ပိုင်ဆိုင်ထားတယ်လို့ သိလာရပါတယ်။ အသက် (၁၁)နှစ်နဲ့ (၁၂) နှစ်အရွယ်ကြား ကလေးငယ်တွေ ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၅ ဒသမ ၄ နာရီလောက် စမတ် ဖုန်း အသုံးပြုဖို့ အချိန်ပေးနေပြီး ကလေးအရေအတွက် ၂၅ ရာ ခိုင်နှုန်းကတော့ စမတ်ဖုန်းတွေ အပေါ် လွန်လွန်ကဲကဲ စွဲလမ်းနေပြီလို့ ယူဆရတဲ့ထိ ဖြစ်နေပါ တယ်။ ၂၀၁၆ အတွင်းမှာ အသေးစိတ် ထုတ်ပြန်ဖို့ စီစဉ်ထားတဲ့ အဲဒီစစ်တမ်းအရ စမတ်ဖုန်း စွဲလမ်းမှု ပြဿနာဟာ အာရှတိုက်ရဲ့ နေ့စဉ် လူနေမှုဘဝမှာ ဘယ်လောက် ဂယက်ရိုက်ခတ်လာပြီလဲဆိုတာကို ပိုပြီးသိသာမြင်သာ ရှိလာစေ ခဲ့ပါတယ်။
မတူညီတဲ့ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းတွေမှာ စမတ် ဖုန်းတွေရဲ့ ကဏ္ဍဟာ အမျိုးမျိုး သက်ရောက် ပါဝင်နေပါတယ်။ ဒါပေမဲ့ အာရှတိုက် ယဉ်ကျေးမှု နယ်ပယ်ကိုတော့ စမတ်ဖုန်း စွဲ လမ်းမှုဟာ ကွဲပြားတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ထိုးဖောက် ဝင်ရောက် လာခဲ့ပါတယ်။ ဂျပန်မှာဆိုရင် တော့ ဖွယ်ဖွယ်ရာရာ ပြင်ဆင် ထားတဲ့ အစားအစာ တစ်မျိုးမျိုး ကို လက်တွေ့မစားသောက်ခင် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး လူ မှုကွန်ရက် ဝက်ဘ်ဆိုက်တွေပေါ် လွှင့်တင်ခြင်းဟာ မလုပ်မဖြစ်ကိစ္စတစ်ခုလိုပါပဲ ။ Food Porn လို့ ခေါ်ဝေါ်ကြတဲ့ ဒီအမူအကျင့်ကို ဂျပန်တွေက သူတို့ကိုယ်ပိုင် ဝေါဟာရနဲ့ ကီတိုင်ယဉ်ကျေးမှုလို့တောင် နာမည်ပေးထားပါသေး တယ်။
စမတ်ဖုန်း အသုံးပြုသူ ၂ ဒသမ ၅ ဘီလီယံ ရှိနေတဲ့ အာရှတိုက်ဟာ ဖုန်းအပေါ် သဲသဲမဲမဲ အာရုံစိုက်နေရာကနေ ကံမကောင်း အကြောင်းမလှ ဖြစ်သွားတဲ့ ခွကျကျ သတင်းတွေ ထွက်ပေါ်ရာ ဘူမိနက်သန်လည်း ဖြစ်နေပြန်တယ်။ တိုင်ပေအမျိုးသမီးတစ်ယောက်ဆိုရင် ဖေ့စ်ဘွတ်ခ်ကို ဖုန်းနဲ့သုံးရင်း ပတ်ဝန်းကျင်ကို သတိမထားမိဘဲ ဆိပ်ခံတံတားကို ကျော်ထွက်ပြီး ရေထဲ ပြုတ်ကျသွားလို့ ဘေးဘီက လူတွေက ကယ်တင်လိုက်ရတဲ့ ကိစ္စမျိုး ဆိုပါတော့။ တရုတ်နိုင်ငံ စီချွမ်ဒေသက တခြားအမျိုးသမီးတစ်ယောက်ဆို ရင်လည်း ဖုန်းကိုသဲကြီးမဲကြီး အာရုံစိုက်ရင်း လမ်းလျှောက်နေရာက ရေဆိုးမြောင်းထဲ ကျသွားလို့ မီးသတ်တပ်ဖွဲ့က ကယ်ဆယ်လိုက်ရပါသေးတယ်။
ရုတ်တရက် ကြည့်ရင်တော့ ဒီသတင်းတွေဟာ ရယ်စရာသက် သက်လိုပါပဲ။ ဒါပေမဲ့ စင်ကာပူ မှာ ဆိုရင်လည်း စမတ်ဖုန်းတွေ ရဲ့ ဆွဲဆောင်မှုက လူငယ်တွေကို လွန်လွန်ကဲကဲ သိမ်းသွင်းလာတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပါပြီ။ လူဦးရေ ခြောက်သန်းလောက်ပဲ ရှိတဲ့ နိုင်ငံဟာ အချိုးအစားနဲ့ ယှဉ်ကြည့်ရင် ကမ္ဘာပေါ်မှာ စမတ်ဖုန်း အသုံးပြုမှု အထူထပ်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ အခုဆိုရင် စင်ကာပူမှာ ဒစ်ဂျစ်တယ်ပစ္စည်း တွေကို အလွန်အကျွံ စွဲလမ်းနေ မှုနဲ့ ပတ်သက်ပြီး ကုသပေးတဲ့ စိတ်ရောဂါအထူးကု ဆရာဝန် တွေ၊ ဆိုက်ဘာနယ်ပယ်နဲ့ ဆက် နွှယ်တဲ့ စိတ်ရောဂါအတွက် ဆေး ခန်းတွေတောင် ရှိနေပါပြီ။
ပြီးတော့ စမတ်ဖုန်း အပါအဝင် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ကိရိယာတွေအပေါ် စွဲလမ်းမှုတွေအပေါ် သတိပြုအလေးထားဖို့ လှုပ်ရှားတိုက်တွန်းမှုတွေလည်း ပြုလုပ်လာကြပါတယ်။
‘‘လူငယ်ပိုင်းက လုံလောက်
တဲ့ ရင့်ကျက်မှုမျိုး မရှိနိုင်သေးဘူး လေ။ ဒီတော့ စမတ်ဖုန်းအသုံးပြု မှုနဲ့ ပတ်သက်ပြီး သင့်တင့်မျှတ အောင် ထိန်းချုပ်စီမံနိုင်စွမ်းမျိုး လည်း အားနည်းတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လွတ်ထွက်သွားပြီး စမတ်ဖုန်း အ လွန်အကျွံ စွဲလမ်းမှုတွေဖြစ်ကုန် တယ်’’ လို့ စင်ကာပူနိုင်ငံ Touch Cyber Wellness စင်တာ မန်နေ ဂျာ ချောင်အီဂျေးက ဆိုပါတယ်။ အခုဆိုရင် ကလေးငယ်တွေလက် ထဲ ဖုန်းရောက်သွားတာနဲ့ သဲသဲမဲမဲ အာရုံကျသွားတဲ့ အမူအကျင့်တွေ၊ သဘောသဘာဝတွေအပေါ် သူ့အနေနဲ့ တော်တော်လေး စိုးရိမ်နေမိပြီလို့လည်း ချောင်က ဝန်ခံ ထားတယ်။
‘‘ပိုဆိုးတာက ကလေးငယ် တွေရဲ့ ကျောင်းသင်ရိုး ကိစ္စမျိုး တွေမှာပါ စမတ်ဖုန်း အသုံးပြုမှု က အစိတ်အပိုင်းတစ်ခုလို ဆက် နွှယ်လာတာပါပဲ’’ လို့လည်း သူက ထောက်ပြခဲ့တယ်။ စင်ကာပူမှာ တော့ ကလေးတွေ က အိမ်စာတွေ၊ အဆိုင်းမန့်တွေကို WhatsApp ကနေ ပြန်တင်တာမျိုးက အဆန်း တကြယ် မဟုတ်တော့ပါဘူး။
တောင်ကိုရီးယားမှာတော့ အသက် (၁၉) နှစ်အရွယ် အမ်မာယွန်း (နာမည်အမှန်မဟုတ်)ဟာ Nomophobia စိတ်အခြေအနေအတွက် ၂၀၁၃ ဧပြီလကတည်းက ကုသမှုတွေ ခံယူနေရပါ တယ်။
‘‘ကျွန်မရဲ့ဖုန်းက ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတယ်။ ကျွန်မရဲ့ ဖုန်းက ကျွန်မရဲ့ ကိုယ်အင်္ဂါ အ စိတ်အပိုင်း တစ်ခုလို ခံစားလာရ တယ်။ ကျွန်မရဲ့ဖုန်း ပျောက်နေပြီ ဆိုတာနဲ့ ရင်တွေ အရမ်းတုန်လာ တယ်။ လက်ဖဝါးမှာ ချွေးစေး တွေ ထွက်လာတယ်။ နောက်ဆုံး မှာတော့ ကျွန်မရဲ့ဖုန်းကို အနား ကနေ လုံးဝအခွာမခံနိုင်လောက် အောင် ဖြစ်လာတယ်’’ လို့ ယွန်း က ပြောပါတယ်။
ယွန်းရဲ့ မိဘတွေကလည်း သူတို့သမီးရဲ့ စမတ်ဖုန်း အလွန် အကျွံ အသုံးပြုမှုဟာ တခြားအ မူအကျင့်ပိုင်း ပြဿနာတွေပါ ဆက်နွှယ် ဖြစ်ပေါ်လာစေတယ် လို့ မှတ်ချက်ပေးကြပါတယ်။ ယွန်းဟာ သူဝါသနာပါတဲ့ ကိစ္စ တွေ၊ ပညာရေး ကဏ္ဍတွေကို လုံးဝ မျက်ကွယ်ပြုလာတယ်။ လူ တွေက ကိုယ်ဖုန်းထည့်ထားတဲ့ အိတ်ကပ်ထဲမှာ နေရာလွတ်ပြီး ပေါ့နေပြီဆိုရင် ရုတ်တရက်တော့ စိတ်ပူသွားတတ်ကြတာ ဓမ္မတာ ပါပဲ။ ဒါပေမဲ့ အခုကိစ္စကတော့ အဲဒီထက် အများကြီး ပိုလေးနက် တယ်။ ပိုပြီး ပြဿနာကြီးတယ်။ တောင်ကိုရီးယားမှာ ကောက်ခံခဲ့ တဲ့ သဘောထား စစ်တမ်းအရ စမတ်ဖုန်းတွေကို လူမှုကွန်ရက် တွေနဲ့ ချိတ်ဆက် အသုံးပြုလိုတဲ့ ရည်ရွယ်ချက်က စွဲလမ်းမှုကို ပို နက်ရှိုင်းစေတယ်လို့လည်း သိ လာရပါတယ်။
ဒီအီလက်ထရွန်နစ် ကိရိ ယာလေးဟာ လူအချင်းချင်း တိုက် ရိုက်ထိတွေ့ ဆက်သွယ်မှုမှာ အ ခရာ အကျဆုံး သော့ချက်ပစ္စည်း လေးလို ဖြစ်လာတယ်။ စိတ် ဓာတ်ခိုင်မာမှု အားနည်းပြီး ထိန်း ချုပ်နိုင်စွမ်း လျော့နည်းနေသေးတဲ့ ကလေးအရွယ်တွေ၊ လူငယ်ပိုင်း တွေဟာ ရေရှည်မှာတော့ ဒီ ဆက်နွှယ်မှုကို အပျောက်မခံနိုင် လောက်အောင် ဖြစ်လာကြတယ်။ အာရှတိုက်ရဲ့ တချို့သော လူ့အ ဖွဲ့ အစည်းတွေမှာတော့ ကျောင်း သူ ကျောင်းသား ကလေးငယ်တွေဟာ ကြီးလေးပြီး အချိန်ပြည့် မြှုပ်နှံထားရတဲ့ အိမ်စာတွေ၊ ကျောင်းစာတွေနဲ့ ပိနေတတ်ပါတယ်။ ဒီတော့ သူတို့ခင်မင်တဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့၊ ပျော်စရာကိစ္စတွေ ဖလှယ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က သူတို့ရဲ့ ဖုန်းတွေ ဖြစ်လာတော့တယ်။ အကျိုးဆက်အနေနဲ့ ရေရှည်မှာ တော့ စမတ်ဖုန်းတွေက သူတို့ဘဝရဲ့ မရှိမဖြစ် အရေးအပါဆုံး အရာတွေလို့ မသိစိတ်က ရှုမြင်သွား တော့တာပါပဲ။
လူတစ်ယောက်ဟာ ကိုယ့် အနေနဲ့ စမတ်ဖုန်းတွေအပေါ် အလွန်အကျွံ စွဲလမ်းနေပြီလား ဆိုတာကို ပြန်သုံးသပ်ဖို့ ခက်ခဲ ကောင်း ခက်ခဲနိုင်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စဉ်းစားသင့်တဲ့ ကြိုတင်သတိပေး သင်္ကေတတွေ ရှိနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဲဒါတွေကတော့ အကြောင်းပြချက် မည်မည်ရရ မရှိဘဲ အချိန်တိုင်းလိုလို ဖုန်းကို စစ်ဆေး ကိုင်တွယ်နေမိတာ၊ ကိုယ့်ဖုန်းနဲ့ ကင်းကွာနေပြီဆိုရင် နေမထိထိုင်မသာနဲ့ လိုတာထက် ပိုပြီး စိတ်လှုပ်ရှား ပူပန်နေတတ် တာ၊ ပတ်ဝန်းကျင် လူမှုရေး ကိစ္စ တွေကို မျက်ကွယ်ပြုပြီး ဖုန်းအသုံး ပြုဖို့ပဲ အဓိက အချိန်ပေးနေမိ တာ၊ ညသန်းခေါင် တစ်ရေးနိုး တာနဲ့ စမတ်ဖုန်းကို ကောက်ယူ ကြည့်ရှုဖို့ အရင်ဆုံးလုပ်တတ် တာ၊ ဖုန်းကို အချိန်အကြာကြီး သုံးစွဲတာနဲ့ ဆက်နွှယ်ပြီး ပညာ ရေးနဲ့ လုပ်ငန်းခွင် စွမ်းဆောင် ရည်တွေ ကျဆင်းလာတာတွေ၊ အီးမေးလ်နဲ့ Smart App တွေရဲ့ ဆွဲဆောင်မှုတွေမှာ အလွယ်တကူ အာရုံပြောင်းသွားတတ်တာတွေ က စမတ်ဖုန်းအပေါ် အလွန်အကျွံ စွဲလမ်းမှုရဲ့ ရှေ့ပြေးနိမိတ်တွေပဲ ဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာ့နိုင်ငံ တချို့ ဟာ စမတ်ဖုန်း အသုံးပြုမှုနဲ့ ပတ် သက်ပြီး ပြဋ္ဌာန်းချက်၊ ကန့်သတ် ချက်တွေ ထုတ်ပြန်ဖို့တောင် ပြင် ဆင်နေပါပြီ။ တောင်ကိုရီးယား မှာဆိုရင် ဆယ်ကျော်သက်လူ ငယ်တွေရဲ့ စမတ်ဖုန်း သုံးစွဲမှုကို စောင့်ကြည့်မယ့် အစိုးရ App တစ်ခု တီထွင်အသုံးပြုရေး အဆို ပြုချက်ဟာ အပြင်းအထန် ငြင်းခုံ စရာတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ကစလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ကလေးငယ်တွေကို ညသန်းခေါင်ကျော်သွားရင် အွန်လိုင်းဂိမ်းတွေ ဆော့ကစားခွင့် ရပ်ဆိုင်းတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီး ကန့်သတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။
အင်တာနက် အသုံးပြုမှု စွဲ လမ်းခြင်းကို ဆေးဘက်ဆိုင်ရာ စိတ်ရောဂါတစ်မျိုးအဖြစ် ပထမ ဆုံး တံဆိပ်ကပ်ခဲ့တဲ့ နိုင်ငံတွေထဲ က တစ်ခုဖြစ်တဲ့ တရုတ်မှာလည်း ခေတ်သစ် စွဲလမ်းမှု စိတ်ရောဂါကို တိုက်ထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ ဒီလိုပြဿနာ တွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ အကြံပေးနေတဲ့ စိတ်ရောဂါ ဆရာ ဝန် ဒေါက်တာသောမတ်စ်လီက အာရှတိုက် တစ်ခုလုံးဟာ စမတ်ဖုန်း စွဲလမ်းမှုကို တရားဝင် စိတ်ဝေဒနာ တစ်ရပ်အဖြစ် သတ်မှတ်ဖို့ လိုအပ်နေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ လိင်စိတ်နဲ့ ပတ်သက်ပြီး အလွန်အကျွံ တက်ကြွစွဲလမ်းမှု၊ လောင်းကစားနဲ့ ပတ်သက်ပြီး စွဲလမ်းမှုတွေနဲ့ စမတ်ဖုန်းမှာ ကြုံနေတဲ့ကိစ္စက သဏ္ဌာန်တူတယ် လို့ သူက ရှင်းပြပါတယ်။
‘‘ပြောရရင် စမတ်ဖုန်းတစ် လုံးကို အသုံးပြုချိန်မှာ လူတစ် ယောက်ရဲ့ စိတ်အပေါ် သက် ရောက်နိုင်စွမ်းဟာ မူးယစ်ဆေး ဝါးတစ်မျိုးရဲ့ အာနိသင်နဲ့ အတူတူလောက်ပဲ’’ လို့ လီက ပြောပါတယ်။
‘‘မူးယစ်ဆေး စွဲသလိုပဲ စမတ်ဖုန်း စွဲလမ်းတဲ့အခါ တုန်လှုပ်တာ၊ စိတ်ကစဥ့်ကလျား ဖြစ် တာ၊ ဒေါသကြီးတာမျိုး စိတ်ပိုင်း ဆိုင်ရာ မူမမှန်တဲ့ လက္ခဏာတွေ ပြသတတ်တယ်’’ လို့လည်း သူက နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီရှုထောင့်တွေ အားလုံးဟာ လို တာထက် ချဲ့ကားထားတဲ့ အမြင် တွေ ဖြစ်တယ်လို့ ပြင်းပြင်းထန် ထန် ဆန့်ကျင်ပြောဆိုမှုတွေ ရှိ နေပြန်တယ်။ တကယ်တော့ စမတ်ဖုန်းတွေကို လွန်လွန်ကဲကဲ အသုံးပြုနေခြင်းဟာ ခေတ်သစ် လူ့အဖွဲ့အစည်းရဲ့ ရိုးရှင်းတဲ့ အ စိတ်အပိုင်း တစ်ရပ်သာ ဖြစ်တယ် လို့ ဖြေရှင်းသူတွေလည်း မနည်းပါ ဘူး။ စင်ကာပူက စိတ်ရောဂါ ပါရဂူ တစ်ယောက်ဖြစ်တဲ့ ဒေါက် တာ မာလင်လီက နည်းပညာ ထွန်းကားလာချိန်မှာ လူတွေရဲ့ အပြုအမူတွေကို မူမှန်အခြေအ နေကနေ လွဲဖယ်သွားအောင် ရိုက်ခတ်တတ်တာဟာ ထူးထူးကဲ ကဲ ပြဿနာအသစ်တော့ မဟုတ် ဘူးလို့ ဖြေရှင်းပါတယ်။
‘‘စမတ်ဖုန်း စွဲလမ်းမှုနဲ့ ပတ် သက်ပြီး သုတေသနပြုမှုတွေက သက်တမ်း အရမ်းနုနယ်တဲ့ အ ဆင့်မှာပဲ ရှိသေးတယ်။ ဒီတော့ တကယ့် မေးခွန်းအတွက် အမှန် တကယ် ထိရောက်တဲ့ အဖြေမျိုး မဟုတ်နိုင်သေးဘူး။ နည်းပညာ တစ်ခု ထွန်းကားလာတိုင်း အဲဒီ အပေါ် အာရုံကျမှုဟာ တခြားစွဲ လမ်းမှုတွေနဲ့ ဇီဝဖြစ်ပျက်မှု သ ဘောသဘာဝ တူညီတယ်လို့ တိတိကျကျ ကောက်ချက်ချနိုင်ပါ့မလား။ တကယ်တော့ ဒါဟာ လူတွေအတွက် အာရုံလွှဲစရာ မျက်နှာစာ အသစ်တွေသာ ဖြစ်ပါတယ်’’လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
ဒီအဆိုကို စိတ်ပညာရှင် တစ်ဦးဖြစ်တဲ့ အက်ဒရီယန်ဝမ် ကလည်း ထောက်ခံခဲ့ပါတယ်။ သူက စမတ်ဖုန်းကို အလွန်အကျွံ စွဲလမ်းတဲ့ အခြေအနေမျိုးဟာ မိ သားစုကိုဖြစ်စေ၊ မိမိကိုယ်ကိုယ် ဖြစ်စေ ထိခိုက်လောက်အောင် ပြုမူတတ်တဲ့ စိတ်မူမမှန်မှုတွေနဲ့ ယှဉ်ရင် ကြီးကျယ်တဲ့ ပြဿနာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ပြီးတော့ စမတ်ဖုန်းတွေအပေါ် အာရုံကျနေခြင်းဟာ လူမှုရေး ပြဿနာတွေ ဖန်တီးခြင်းနဲ့ ကင်း ကွာသလို သဘောသဘာဝအား ဖြင့်လည်း ရိုးရှင်းတယ်လို့လည်း ဝမ်က ယူဆထားပြန်ပါတယ်။
အနာဂတ်မှာတော့ စမတ် ဖုန်းတွေနဲ့ ဆက်နွှယ်တဲ့ နောက် ထပ် ထိုးထွင်းဖန်တီးမှုအသစ်တွေ ထွက်ပေါ်လာဦးမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဥပမာ Selfie Stick လို၊ Emoji လို အရာတွေပေါ့။ အာရှရဲ့ စမတ်ဖုန်း စွဲလမ်းမှု နယ်ပယ်ဟာ စိတ်ကယောက်ကယက် ဖြစ်မှုတွေချည်း သက်သက်မဟုတ်ဘဲ အပေါင်းလက္ခ ဏာဆန်တဲ့၊ ဖန်တီးနိုင်စွမ်း ကောင်းမွန်တဲ့ တခြားဝေမျှမှုတွေကိုပါ လှုံ့ဆော်ပေးနိုင်ဖို့ကိုတော့  စိတ်ပညာဆိုင်ရာ ပါရဂူတွေက အလေးအနက် မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။
—Ref:BBC
(ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)
ဆေးပညာနယ်ပယ်မှာ တော့ ဒီအခြေအနေကို Nomo-phobiaလို့ ခေါ်ဝေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ မိုဘိုင်းဖုန်းနဲ့ ကင်းကွာနေခြင်းကို ကြောက်ရွံ့ တဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါ တယ်။ ကိုယ့်ရဲ့စမတ်ဖုန်းနဲ့ ကင်း ကွာနေတဲ့အခါ စိတ်ထဲမှာ မတည် မငြိမ် ဆောက်တည်ရာမရ ဖြစ် နေတတ်တဲ့ စိတ်အခြေအနေမျိုး နဲ့ ပတ်သက်ပြီး ပညာရှင်တွေက သတိကြီးကြီး ဆွေးနွေး သုံးသပ် နေခဲ့တာ တော်တော်လေး ကြာခဲ...့ ပါပြီ။
ဒါပေမဲ့ Selfie Stick တွေ နဲ့ အင်တာနက်သုံး Emoji သင်္ကေ တတွေ စတင်မြစ်ဖျားခံရာ ဒေသ ဖြစ်တဲ့ အာရှတိုက်မှာတော့ စမတ် ဖုန်းတွေအပေါ် စွဲလမ်းမှုလွန်ကဲခြင်း ဖြစ်စဉ်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ တိုးပွားများပြားလာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အထူးသဖြင့် အာရှလူငယ်ထုမှာ Nomophobia ပြဿနာ စွဲကပ်မှု ထူပြောလာခြင်းဟာ ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်လာပါတယ်။
မကြာသေးခင်က တောင်ကို ရီးယားနိုင်ငံမှာ လူငယ်လူရွယ် ၁,၀၀၀ ကျော်ကို သဘောထား ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ခုအရ ကလေးငယ် ၇၂ ရာခိုင်နှုန်း လောက်ဟာ စမတ်ဖုန်းတစ်လုံး ပိုင်ဆိုင်ထားတယ်လို့ သိလာရပါတယ်။ အသက် (၁၁)နှစ်နဲ့ (၁၂) နှစ်အရွယ်ကြား ကလေးငယ်တွေ ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၅ ဒသမ ၄ နာရီလောက် စမတ် ဖုန်း အသုံးပြုဖို့ အချိန်ပေးနေပြီး ကလေးအရေအတွက် ၂၅ ရာ ခိုင်နှုန်းကတော့ စမတ်ဖုန်းတွေ အပေါ် လွန်လွန်ကဲကဲ စွဲလမ်းနေပြီလို့ ယူဆရတဲ့ထိ ဖြစ်နေပါ တယ်။ ၂၀၁၆ အတွင်းမှာ အသေးစိတ် ထုတ်ပြန်ဖို့ စီစဉ်ထားတဲ့ အဲဒီစစ်တမ်းအရ စမတ်ဖုန်း စွဲလမ်းမှု ပြဿနာဟာ အာရှတိုက်ရဲ့ နေ့စဉ် လူနေမှုဘဝမှာ ဘယ်လောက် ဂယက်ရိုက်ခတ်လာပြီလဲဆိုတာကိ
မတူညီတဲ့ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းတွေမှာ စမတ် ဖုန်းတွေရဲ့ ကဏ္ဍဟာ အမျိုးမျိုး သက်ရောက် ပါဝင်နေပါတယ်။ ဒါပေမဲ့ အာရှတိုက် ယဉ်ကျေးမှု နယ်ပယ်ကိုတော့ စမတ်ဖုန်း စွဲ လမ်းမှုဟာ ကွဲပြားတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ထိုးဖောက် ဝင်ရောက် လာခဲ့ပါတယ်။ ဂျပန်မှာဆိုရင် တော့ ဖွယ်ဖွယ်ရာရာ ပြင်ဆင် ထားတဲ့ အစားအစာ တစ်မျိုးမျိုး ကို လက်တွေ့မစားသောက်ခင် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး လူ မှုကွန်ရက် ဝက်ဘ်ဆိုက်တွေပေါ် လွှင့်တင်ခြင်းဟာ မလုပ်မဖြစ်ကိစ္စတစ်ခုလိုပါပဲ
စမတ်ဖုန်း အသုံးပြုသူ ၂ ဒသမ ၅ ဘီလီယံ ရှိနေတဲ့ အာရှတိုက်ဟာ ဖုန်းအပေါ် သဲသဲမဲမဲ အာရုံစိုက်နေရာကနေ ကံမကောင်း အကြောင်းမလှ ဖြစ်သွားတဲ့ ခွကျကျ သတင်းတွေ ထွက်ပေါ်ရာ ဘူမိနက်သန်လည်း ဖြစ်နေပြန်တယ်။ တိုင်ပေအမျိုးသမီးတစ်ယောက်ဆ
ရုတ်တရက် ကြည့်ရင်တော့ ဒီသတင်းတွေဟာ ရယ်စရာသက် သက်လိုပါပဲ။ ဒါပေမဲ့ စင်ကာပူ မှာ ဆိုရင်လည်း စမတ်ဖုန်းတွေ ရဲ့ ဆွဲဆောင်မှုက လူငယ်တွေကို လွန်လွန်ကဲကဲ သိမ်းသွင်းလာတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပါပြီ။ လူဦးရေ ခြောက်သန်းလောက်ပဲ ရှိတဲ့ နိုင်ငံဟာ အချိုးအစားနဲ့ ယှဉ်ကြည့်ရင် ကမ္ဘာပေါ်မှာ စမတ်ဖုန်း အသုံးပြုမှု အထူထပ်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ အခုဆိုရင် စင်ကာပူမှာ ဒစ်ဂျစ်တယ်ပစ္စည်း တွေကို အလွန်အကျွံ စွဲလမ်းနေ မှုနဲ့ ပတ်သက်ပြီး ကုသပေးတဲ့ စိတ်ရောဂါအထူးကု ဆရာဝန် တွေ၊ ဆိုက်ဘာနယ်ပယ်နဲ့ ဆက် နွှယ်တဲ့ စိတ်ရောဂါအတွက် ဆေး ခန်းတွေတောင် ရှိနေပါပြီ။
ပြီးတော့ စမတ်ဖုန်း အပါအဝင် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ကိရိယာတွေအပေါ် စွဲလမ်းမှုတွေအပေါ် သတိပြုအလေးထားဖို့ လှုပ်ရှားတိုက်တွန်းမှုတွေလည်
‘‘လူငယ်ပိုင်းက လုံလောက်
တဲ့ ရင့်ကျက်မှုမျိုး မရှိနိုင်သေးဘူး လေ။ ဒီတော့ စမတ်ဖုန်းအသုံးပြု မှုနဲ့ ပတ်သက်ပြီး သင့်တင့်မျှတ အောင် ထိန်းချုပ်စီမံနိုင်စွမ်းမျ
‘‘ပိုဆိုးတာက ကလေးငယ် တွေရဲ့ ကျောင်းသင်ရိုး ကိစ္စမျိုး တွေမှာပါ စမတ်ဖုန်း အသုံးပြုမှု က အစိတ်အပိုင်းတစ်ခုလို ဆက် နွှယ်လာတာပါပဲ’’ လို့လည်း သူက ထောက်ပြခဲ့တယ်။ စင်ကာပူမှာ တော့ ကလေးတွေ က အိမ်စာတွေ၊ အဆိုင်းမန့်တွေကို WhatsApp ကနေ ပြန်တင်တာမျိုးက အဆန်း တကြယ် မဟုတ်တော့ပါဘူး။
တောင်ကိုရီးယားမှာတော့ အသက် (၁၉) နှစ်အရွယ် အမ်မာယွန်း (နာမည်အမှန်မဟုတ်)ဟာ Nomophobia စိတ်အခြေအနေအတွက် ၂၀၁၃ ဧပြီလကတည်းက ကုသမှုတွေ ခံယူနေရပါ တယ်။
‘‘ကျွန်မရဲ့ဖုန်းက ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတယ်။ ကျွန်မရဲ့ ဖုန်းက ကျွန်မရဲ့ ကိုယ်အင်္ဂါ အ စိတ်အပိုင်း တစ်ခုလို ခံစားလာရ တယ်။ ကျွန်မရဲ့ဖုန်း ပျောက်နေပြီ ဆိုတာနဲ့ ရင်တွေ အရမ်းတုန်လာ တယ်။ လက်ဖဝါးမှာ ချွေးစေး တွေ ထွက်လာတယ်။ နောက်ဆုံး မှာတော့ ကျွန်မရဲ့ဖုန်းကို အနား ကနေ လုံးဝအခွာမခံနိုင်လောက် အောင် ဖြစ်လာတယ်’’ လို့ ယွန်း က ပြောပါတယ်။
ယွန်းရဲ့ မိဘတွေကလည်း သူတို့သမီးရဲ့ စမတ်ဖုန်း အလွန် အကျွံ အသုံးပြုမှုဟာ တခြားအ မူအကျင့်ပိုင်း ပြဿနာတွေပါ ဆက်နွှယ် ဖြစ်ပေါ်လာစေတယ် လို့ မှတ်ချက်ပေးကြပါတယ်။ ယွန်းဟာ သူဝါသနာပါတဲ့ ကိစ္စ တွေ၊ ပညာရေး ကဏ္ဍတွေကို လုံးဝ မျက်ကွယ်ပြုလာတယ်။ လူ တွေက ကိုယ်ဖုန်းထည့်ထားတဲ့ အိတ်ကပ်ထဲမှာ နေရာလွတ်ပြီး ပေါ့နေပြီဆိုရင် ရုတ်တရက်တော့ စိတ်ပူသွားတတ်ကြတာ ဓမ္မတာ ပါပဲ။ ဒါပေမဲ့ အခုကိစ္စကတော့ အဲဒီထက် အများကြီး ပိုလေးနက် တယ်။ ပိုပြီး ပြဿနာကြီးတယ်။ တောင်ကိုရီးယားမှာ ကောက်ခံခဲ့ တဲ့ သဘောထား စစ်တမ်းအရ စမတ်ဖုန်းတွေကို လူမှုကွန်ရက် တွေနဲ့ ချိတ်ဆက် အသုံးပြုလိုတဲ့ ရည်ရွယ်ချက်က စွဲလမ်းမှုကို ပို နက်ရှိုင်းစေတယ်လို့လည်း သိ လာရပါတယ်။
ဒီအီလက်ထရွန်နစ် ကိရိ ယာလေးဟာ လူအချင်းချင်း တိုက် ရိုက်ထိတွေ့ ဆက်သွယ်မှုမှာ အ ခရာ အကျဆုံး သော့ချက်ပစ္စည်း လေးလို ဖြစ်လာတယ်။ စိတ် ဓာတ်ခိုင်မာမှု အားနည်းပြီး ထိန်း ချုပ်နိုင်စွမ်း လျော့နည်းနေသေးတဲ့ ကလေးအရွယ်တွေ၊ လူငယ်ပိုင်း တွေဟာ ရေရှည်မှာတော့ ဒီ ဆက်နွှယ်မှုကို အပျောက်မခံနိုင် လောက်အောင် ဖြစ်လာကြတယ်။ အာရှတိုက်ရဲ့ တချို့သော လူ့အ ဖွဲ့ အစည်းတွေမှာတော့ ကျောင်း သူ ကျောင်းသား ကလေးငယ်တွေဟာ ကြီးလေးပြီး အချိန်ပြည့် မြှုပ်နှံထားရတဲ့ အိမ်စာတွေ၊ ကျောင်းစာတွေနဲ့ ပိနေတတ်ပါတယ်။ ဒီတော့ သူတို့ခင်မင်တဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့၊ ပျော်စရာကိစ္စတွေ ဖလှယ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က သူတို့ရဲ့ ဖုန်းတွေ ဖြစ်လာတော့တယ်။ အကျိုးဆက်အနေနဲ့ ရေရှည်မှာ တော့ စမတ်ဖုန်းတွေက သူတို့ဘဝရဲ့ မရှိမဖြစ် အရေးအပါဆုံး အရာတွေလို့ မသိစိတ်က ရှုမြင်သွား တော့တာပါပဲ။
လူတစ်ယောက်ဟာ ကိုယ့် အနေနဲ့ စမတ်ဖုန်းတွေအပေါ် အလွန်အကျွံ စွဲလမ်းနေပြီလား ဆိုတာကို ပြန်သုံးသပ်ဖို့ ခက်ခဲ ကောင်း ခက်ခဲနိုင်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စဉ်းစားသင့်တဲ့ ကြိုတင်သတိပေး သင်္ကေတတွေ ရှိနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဲဒါတွေကတော့ အကြောင်းပြချက် မည်မည်ရရ မရှိဘဲ အချိန်တိုင်းလိုလို ဖုန်းကို စစ်ဆေး ကိုင်တွယ်နေမိတာ၊ ကိုယ့်ဖုန်းနဲ့ ကင်းကွာနေပြီဆိုရင် နေမထိထိုင်မသာနဲ့ လိုတာထက် ပိုပြီး စိတ်လှုပ်ရှား ပူပန်နေတတ် တာ၊ ပတ်ဝန်းကျင် လူမှုရေး ကိစ္စ တွေကို မျက်ကွယ်ပြုပြီး ဖုန်းအသုံး ပြုဖို့ပဲ အဓိက အချိန်ပေးနေမိ တာ၊ ညသန်းခေါင် တစ်ရေးနိုး တာနဲ့ စမတ်ဖုန်းကို ကောက်ယူ ကြည့်ရှုဖို့ အရင်ဆုံးလုပ်တတ် တာ၊ ဖုန်းကို အချိန်အကြာကြီး သုံးစွဲတာနဲ့ ဆက်နွှယ်ပြီး ပညာ ရေးနဲ့ လုပ်ငန်းခွင် စွမ်းဆောင် ရည်တွေ ကျဆင်းလာတာတွေ၊ အီးမေးလ်နဲ့ Smart App တွေရဲ့ ဆွဲဆောင်မှုတွေမှာ အလွယ်တကူ အာရုံပြောင်းသွားတတ်တာတွေ က စမတ်ဖုန်းအပေါ် အလွန်အကျွံ စွဲလမ်းမှုရဲ့ ရှေ့ပြေးနိမိတ်တွေပဲ ဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာ့နိုင်ငံ တချို့ ဟာ စမတ်ဖုန်း အသုံးပြုမှုနဲ့ ပတ် သက်ပြီး ပြဋ္ဌာန်းချက်၊ ကန့်သတ် ချက်တွေ ထုတ်ပြန်ဖို့တောင် ပြင် ဆင်နေပါပြီ။ တောင်ကိုရီးယား မှာဆိုရင် ဆယ်ကျော်သက်လူ ငယ်တွေရဲ့ စမတ်ဖုန်း သုံးစွဲမှုကို စောင့်ကြည့်မယ့် အစိုးရ App တစ်ခု တီထွင်အသုံးပြုရေး အဆို ပြုချက်ဟာ အပြင်းအထန် ငြင်းခုံ စရာတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ကစလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ကလေးငယ်တွေကို ညသန်းခေါင်ကျော်သွားရင် အွန်လိုင်းဂိမ်းတွေ ဆော့ကစားခွင့် ရပ်ဆိုင်းတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီး ကန့်သတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။
အင်တာနက် အသုံးပြုမှု စွဲ လမ်းခြင်းကို ဆေးဘက်ဆိုင်ရာ စိတ်ရောဂါတစ်မျိုးအဖြစ် ပထမ ဆုံး တံဆိပ်ကပ်ခဲ့တဲ့ နိုင်ငံတွေထဲ က တစ်ခုဖြစ်တဲ့ တရုတ်မှာလည်း ခေတ်သစ် စွဲလမ်းမှု စိတ်ရောဂါကို တိုက်ထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ ဒီလိုပြဿနာ တွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ အကြံပေးနေတဲ့ စိတ်ရောဂါ ဆရာ ဝန် ဒေါက်တာသောမတ်စ်လီက အာရှတိုက် တစ်ခုလုံးဟာ စမတ်ဖုန်း စွဲလမ်းမှုကို တရားဝင် စိတ်ဝေဒနာ တစ်ရပ်အဖြစ် သတ်မှတ်ဖို့ လိုအပ်နေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ လိင်စိတ်နဲ့ ပတ်သက်ပြီး အလွန်အကျွံ တက်ကြွစွဲလမ်းမှု၊ လောင်းကစားနဲ့ ပတ်သက်ပြီး စွဲလမ်းမှုတွေနဲ့ စမတ်ဖုန်းမှာ ကြုံနေတဲ့ကိစ္စက သဏ္ဌာန်တူတယ် လို့ သူက ရှင်းပြပါတယ်။
‘‘ပြောရရင် စမတ်ဖုန်းတစ် လုံးကို အသုံးပြုချိန်မှာ လူတစ် ယောက်ရဲ့ စိတ်အပေါ် သက် ရောက်နိုင်စွမ်းဟာ မူးယစ်ဆေး ဝါးတစ်မျိုးရဲ့ အာနိသင်နဲ့ အတူတူလောက်ပဲ’’ လို့ လီက ပြောပါတယ်။
‘‘မူးယစ်ဆေး စွဲသလိုပဲ စမတ်ဖုန်း စွဲလမ်းတဲ့အခါ တုန်လှုပ်တာ၊ စိတ်ကစဥ့်ကလျား ဖြစ် တာ၊ ဒေါသကြီးတာမျိုး စိတ်ပိုင်း ဆိုင်ရာ မူမမှန်တဲ့ လက္ခဏာတွေ ပြသတတ်တယ်’’ လို့လည်း သူက နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီရှုထောင့်တွေ အားလုံးဟာ လို တာထက် ချဲ့ကားထားတဲ့ အမြင် တွေ ဖြစ်တယ်လို့ ပြင်းပြင်းထန် ထန် ဆန့်ကျင်ပြောဆိုမှုတွေ ရှိ နေပြန်တယ်။ တကယ်တော့ စမတ်ဖုန်းတွေကို လွန်လွန်ကဲကဲ အသုံးပြုနေခြင်းဟာ ခေတ်သစ် လူ့အဖွဲ့အစည်းရဲ့ ရိုးရှင်းတဲ့ အ စိတ်အပိုင်း တစ်ရပ်သာ ဖြစ်တယ် လို့ ဖြေရှင်းသူတွေလည်း မနည်းပါ ဘူး။ စင်ကာပူက စိတ်ရောဂါ ပါရဂူ တစ်ယောက်ဖြစ်တဲ့ ဒေါက် တာ မာလင်လီက နည်းပညာ ထွန်းကားလာချိန်မှာ လူတွေရဲ့ အပြုအမူတွေကို မူမှန်အခြေအ နေကနေ လွဲဖယ်သွားအောင် ရိုက်ခတ်တတ်တာဟာ ထူးထူးကဲ ကဲ ပြဿနာအသစ်တော့ မဟုတ် ဘူးလို့ ဖြေရှင်းပါတယ်။
‘‘စမတ်ဖုန်း စွဲလမ်းမှုနဲ့ ပတ် သက်ပြီး သုတေသနပြုမှုတွေက သက်တမ်း အရမ်းနုနယ်တဲ့ အ ဆင့်မှာပဲ ရှိသေးတယ်။ ဒီတော့ တကယ့် မေးခွန်းအတွက် အမှန် တကယ် ထိရောက်တဲ့ အဖြေမျိုး မဟုတ်နိုင်သေးဘူး။ နည်းပညာ တစ်ခု ထွန်းကားလာတိုင်း အဲဒီ အပေါ် အာရုံကျမှုဟာ တခြားစွဲ လမ်းမှုတွေနဲ့ ဇီဝဖြစ်ပျက်မှု သ ဘောသဘာဝ တူညီတယ်လို့ တိတိကျကျ ကောက်ချက်ချနိုင်ပါ့မလား။ တကယ်တော့ ဒါဟာ လူတွေအတွက် အာရုံလွှဲစရာ မျက်နှာစာ အသစ်တွေသာ ဖြစ်ပါတယ်’’လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
ဒီအဆိုကို စိတ်ပညာရှင် တစ်ဦးဖြစ်တဲ့ အက်ဒရီယန်ဝမ် ကလည်း ထောက်ခံခဲ့ပါတယ်။ သူက စမတ်ဖုန်းကို အလွန်အကျွံ စွဲလမ်းတဲ့ အခြေအနေမျိုးဟာ မိ သားစုကိုဖြစ်စေ၊ မိမိကိုယ်ကိုယ် ဖြစ်စေ ထိခိုက်လောက်အောင် ပြုမူတတ်တဲ့ စိတ်မူမမှန်မှုတွေနဲ့ ယှဉ်ရင် ကြီးကျယ်တဲ့ ပြဿနာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ပြီးတော့ စမတ်ဖုန်းတွေအပေါ် အာရုံကျနေခြင်းဟာ လူမှုရေး ပြဿနာတွေ ဖန်တီးခြင်းနဲ့ ကင်း ကွာသလို သဘောသဘာဝအား ဖြင့်လည်း ရိုးရှင်းတယ်လို့လည်း ဝမ်က ယူဆထားပြန်ပါတယ်။
အနာဂတ်မှာတော့ စမတ် ဖုန်းတွေနဲ့ ဆက်နွှယ်တဲ့ နောက် ထပ် ထိုးထွင်းဖန်တီးမှုအသစ်တွေ ထွက်ပေါ်လာဦးမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဥပမာ Selfie Stick လို၊ Emoji လို အရာတွေပေါ့။ အာရှရဲ့ စမတ်ဖုန်း စွဲလမ်းမှု နယ်ပယ်ဟာ စိတ်ကယောက်ကယက် ဖြစ်မှုတွေချည်း သက်သက်မဟုတ်ဘဲ အပေါင်းလက္ခ ဏာဆန်တဲ့၊ ဖန်တီးနိုင်စွမ်း ကောင်းမွန်တဲ့ တခြားဝေမျှမှုတွေကိုပါ လှုံ့ဆော်ပေးနိုင်ဖို့ကိုတော
—Ref:BBC
(ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။