စွမ်းအင်ကုန်ခမ်းမှု ပြဿနာ ဘယ်လိုဖြေရှင်းမလဲ
========================== =
လူက ပင်ပန်းနုံးချိနေရော ဆိုတာ လူတော်တော်များများ၏ လက်သုံးစကား ဖြစ်နေသည်။ လူကနေမကောင်းချင် ဖြစ်နေလို့ နုံးချိအားနည်းနေတာမျိုး မဟုတ်ဘဲ အလိုလိုနေရင်း နုံးချိအားနည်းနေပြီ ဆိုလျှင်တော့ သတိထားတော့ဟု အကြံပြုလိုပါသည်။
ကူးစက် ဘက်တီးရီးယားများ ဒုက္ခပေးခြင်းကြောင့် မဟုတ်၊ ကိုယ့်နေပုံထိုင်ပုံ လွဲမှားနေလို့ ဆိုတာလည်း ချက်ချင်း သတိရလိုက်ပါ။
ကိုယ့်နေ့စဉ်ဘ၀ နေထိုင်မှု ပုံစံတွေထဲမှာ ကိုယ့်ကိုယ်ကို နှိပ်စက်ရာ ရောက်နေသော အပြုအမူများကို ဖော်ထုတ်ပါ။ ကျန်းမာရေး ပြဿနာ အတော်များများသည် နေ့စဉ်ဘ၀ပုံစံကို နည်းနည်းလောက်စီ ပြုပြင်ယူလိုက်ရုံနဲ့ ဖြေရှင်းလို့ ရသည်ကို လူတော်တော်များများ သတိမထားမိဘဲ ဖြစ်နေသည်မှာ စိတ်မကောင်းဖွယ် တစ်ချက်ဖြစ်သည်။
ဥပမာအားဖြင့် အပြင်ထွက် လမ်းလျှောက်ကာ လေကောင်းလေသန့် ရူခြင်းမျိုး၊ ရေများများ သောက်ခြင်းမျိုး၊ တစ်ညအိပ်ချိန် ခုနစ်နာရီမှ ကိုးနာရီကြား ရှိအောင် ဂရုစိုက်လိုက်ခြင်းမျိုးလော က်နဲ့တင် ကျန်းမာရေး သိသိသာသာ ကောင်းလာနိုင်သည်။
ကိုယ်ပိုင်ဘ၀နှင့် အလုပ်ခွင်ဘ၀ကိုလည်း မျှခြေရှိအောင် ချိန်ညှိထားပါဟု ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ လဒ်ဝင်း-မက်ဆီမီလန် တက္ကသိုလ်မှ အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင် တီလ်ရိုနင်ဘာ့ဂ်ျက ပြောသည်။
”ကိုယ်က နောက်ကျမှ အိပ်တတ်သူမျိုးလား။ ဆိုကြပါစို့ ၊ မနက် တစ်နာရီလောက်မှ ကိုယ်က အိပ်တတ်သူမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ အလုပ်ကလည်း မနက် (၉) နာရီ တက်ရမှာ ဆိုတော့ စောစောထရတာကြောင့် ကိုယ်ဟာ အမြဲလိုလို အိပ်ရေးမ၀ဖြစ်ပြီး နုံးချိ ချူချာနေတယ်ဆိုရင် ဒါဟာ ရောဂါဝင်လို့ မဟုတ်ဘူး။ ကိုယ့်နေထိုင်မှုပုံစံ အံမကိုက်တာကြောင့် ဆိုတာ ထင်ရှားတယ်။
လူဟာ ကိုယ်တွင်းက ဇီဝနာရီအတိုင်း လည်ပတ်တယ်။ ကိုယ်တွင်းက ဇီဝနာရီက အိပ်ချိန်လို့ သတ်မှတ်မှ အိပ်ပျော်လေ့ ရှိတယ်။ ဒါကြောင့် ဇီဝနာရီက စောစော အိပ်တတ်တဲ့ လူမျိုးတွေဟာ စောစောအိပ်၊ စောစောထ သမားတွေ ဖြစ်နေတတ်ပြီး ဇီဝနာရီက နောက်ကျမှ အိပ်တတ် သူတွေကတော့ နောက်ကျအိပ် နေမြင့်မှထတဲ့ သူတွေ ဖြစ်နေတတ်တယ်။
ဇီဝနာရီဟာ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် တစ်ရပ်လုံးကိုလည်း ထိန်းချုပ်ထားတယ်။ လူရဲ့အပြုအမူ၊ ဦးနှောက် အပြုအမူတွေကိုလည်း ဇီဝနာရီက လွှမ်းမိုးမှုရှိတယ်။ ဒါကြောင့် လူဟာ ဇီဝနာရီ လည်ပတ်မှု အတိုင်း အပြင်မှာ နေထိုင်ရှင်သန်ရခြင်း မရှိတာနဲ့ ဖောက်လွဲ ဖောက်ပြန်တွေ ဖြစ်လာတော့တာပဲ။ အကျိုးဆက်ကတော့ ကျန်းမာရေး ထိခိုက်ပြီး လူက အမြဲလိုလို နုံးချိ ပင်ပန်းနေတော့တယ်” ဟု မစ္စတာ ရိုနင်ဘာ့ဂ်ျက ပြောသည်။
ထိုသို့ ဇီဝနာရီနှင့် ပြင်ပနာရီ တလွဲတချော် ရှင်သန်နေရသူများ ဦးဆုံးလုပ်ရန်ကား ကိုယ်ပိုင်ဘ၀နှင့် အလုပ်ခွင် ဘ၀ကို ချိန်ညှိယူရန် ဖြစ်သည်။ ကိုယ်က နောက်ကျမှ အိပ်ရာ ထတတ်သူမျိုး ဖြစ်ပါက နောက်ကျမှ အလုပ်ဝင်ပြီး နောက်ကျမှ အလုပ်ဆင်းရတာမျိုးကို ရွေးချယ်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။
အကယ်၍ အလုပ်လည်း ပြောင်းဖို့မလွယ်၊ အလုပ်ချိန်ကလည်း ညှိလို့မရဘဲ မနက်ကိုးနာရီမှာ ရုံးတက်ရမည့် အခြေအနေမျိုး ဖြစ်လာပါက မိမိ၏ ဇီဝနာရီကို ပြောင်းလဲဖို့သာ ကြိုးစားရချေတော့မည်။ ဇီဝနာရီသည်လည်း လူ၏ နေမှုအကျင့်ကို လိုက်ပြီး ပြောင်းသွားနိုင်စွမ်း ရှိသည်။
သို့ဖြစ်ရာ ညနေကတည်းက အိမ်ခန်းမီးကို ခပ်မှိန်မှိန် လုပ်ထားခြင်းဖြင့် အိပ်ချင်စိတ် စောစောပေါ်အောင် ဖန်တီးထားရမည်။ မနက်ခင်း မထချင် ဖြစ်နေပါကလည်း အတင်းထပြီး အလင်းရောင် တောက်တောက်ရှိသည့် နေရာများမှာ နေထိုင်ခြင်းဖြင့် ခန္ဓာကိုယ် ဇီဝနာရီကို နေ့ပိုင်းရောက်ပြီ ဆိုတာ သိစေကာ တက်ကြွလာအောင် နှိုးဆွပေးရမည်။
အလားတူပင် စောစောထပြီး မိုးချုပ်လျှင် အိပ်ချင်နေတတ် သူများသည်လည်း ညည့်နက်သည့် အလုပ်မျိုး လုပ်နေရပါက အလုပ်ပြောင်းခြင်း၊ သို့မဟုတ် အလုပ်နှင့် ကိုက်အောင် ကျင့်ယူခြင်းဖြင့် လူမှုဘ၀နှင့် အလုပ်ခွင်ဘ၀ လိုက်ဖက်အောင် ညှိယူကြရမည်။
ကယ်လိုရီအပိုတွေ ဂရုစိုက်။
ရှိသင့်သည်ထက် ကယ်လိုရီပိုများကာ ကိုယ်လေးချိန်တွေ တက်နေသူတို့သည် ပင်ပန်းနုံးချိမှု အများဆုံး ဖြစ်ပွားသည်။ ပုံမှန်လှုပ်ရှားရတာချင်း တူလျှင်ပင် ၀သူတို့သည် ကျစ်လျစ်သူတို့ထက် ပိုပြီး ပင်ပန်းတတ်သည်မှာလည်း လူတိုင်းအသိ ဖြစ်သည်။
ကယ်လိုရီ အပိုတွေ ရှိနေခြင်းသည် လူကိုဝစေသည့် အကြောင်းရင်းများထဲက တစ်ချက်သာ ရှိသေးသည်။ အအိပ်အစား မမှန်ခြင်း၊ ခန္ဓာဇီဝဖြစ်စဉ် မမှန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေခြင်းသည်လည်း လူကို အ၀လွန်စေနိုင်ကြောင်း လေ့လာမှု စစ်တမ်းများအရ သိရသည်။ ထိုအချက်များ အားလုံးသည် လူ၏စွမ်းအင်သုံးစွဲမှု ဖြစ်စဉ်ကို အနှောင့်အယှက် ပြုနေကြသည်။
သို့ဖြစ်ရာ ကျန်းမာသော ကိုယ်အလေးချိန် ရှိအောင် ထိန်းထားခြင်းသည် ခန္ဓာကိုယ် စွမ်းအင်ကို အကောင်းဆုံး ဖြစ်နေအောင် ထိန်းထားခြင်းလည်း မည်၏။ ကျန်းမာ ကျစ်လျစ်သော ခန္ဓာကိုယ် ရှိနေအောင် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ရန် လိုအပ်သည် မှန်သော်လည်း တန်ဆေး လွန်ဘေး သဘောတရားကိုလည်း ဂရုထားရမည်။
အလွန်အကျွံ လေ့ကျင့်ခန်း လုပ်ခြင်း၊ အလွန်အကျွံ အစားအသောက် ရှောင်ကြဉ်ခြင်းမျိုးသည် ခန္ဓာကိုယ် စွမ်းအင်ကို မတက်စေရုံ သာမက အားကုန်သော ဘက်ထရီတုံးကြီး ဘ၀သို့ပါ ကိုယ့် ကိုယ်ကိုယ် ဆွဲချရာ ရောက်နိုင်သည်။
ကိုယ်အလေးချိန် များနေလို့ လျှော့ချလိုသူများ အနေနှင့်လည်း မလွန်ကျွံအောင် ဂရုထားဖို့ လိုသည်။ လူတစ်ယောက် ပျမ်းမျှအားဖြင့် ရက်သတ္တပတ် တစ်ပတ်လျှင် (၀ ဒသမ ၉) ကီလိုဂရမ်ထက် ၀ိတ်ပိုမကျသင့်ဟု သုတေသီတို့က ဆိုထားသည်။ ထိုထက်ပိုပြီး ၀ိတ်ကျနေလျှင်တော့ ကယ်လိုရီ မလုံလောက်မှုကြောင့် ခန္ဓာကိုယ်သည် အစာငတ် ရေငတ်သူလို အားအင်ချိနဲ့ကာ အကျိုးထက်အဆိုး ပိုများလာလိမ့်မည်။
The Messenger
=============
==========================
လူက ပင်ပန်းနုံးချိနေရော ဆိုတာ လူတော်တော်များများ၏ လက်သုံးစကား ဖြစ်နေသည်။ လူကနေမကောင်းချင် ဖြစ်နေလို့ နုံးချိအားနည်းနေတာမျိုး မဟုတ်ဘဲ အလိုလိုနေရင်း နုံးချိအားနည်းနေပြီ ဆိုလျှင်တော့ သတိထားတော့ဟု အကြံပြုလိုပါသည်။
ကူးစက် ဘက်တီးရီးယားများ ဒုက္ခပေးခြင်းကြောင့် မဟုတ်၊ ကိုယ့်နေပုံထိုင်ပုံ လွဲမှားနေလို့ ဆိုတာလည်း ချက်ချင်း သတိရလိုက်ပါ။
ကိုယ့်နေ့စဉ်ဘ၀ နေထိုင်မှု ပုံစံတွေထဲမှာ ကိုယ့်ကိုယ်ကို နှိပ်စက်ရာ ရောက်နေသော အပြုအမူများကို ဖော်ထုတ်ပါ။ ကျန်းမာရေး ပြဿနာ အတော်များများသည် နေ့စဉ်ဘ၀ပုံစံကို နည်းနည်းလောက်စီ ပြုပြင်ယူလိုက်ရုံနဲ့ ဖြေရှင်းလို့ ရသည်ကို လူတော်တော်များများ သတိမထားမိဘဲ ဖြစ်နေသည်မှာ စိတ်မကောင်းဖွယ် တစ်ချက်ဖြစ်သည်။
ဥပမာအားဖြင့် အပြင်ထွက် လမ်းလျှောက်ကာ လေကောင်းလေသန့် ရူခြင်းမျိုး၊ ရေများများ သောက်ခြင်းမျိုး၊ တစ်ညအိပ်ချိန် ခုနစ်နာရီမှ ကိုးနာရီကြား ရှိအောင် ဂရုစိုက်လိုက်ခြင်းမျိုးလော
ကိုယ်ပိုင်ဘ၀နှင့် အလုပ်ခွင်ဘ၀ကိုလည်း မျှခြေရှိအောင် ချိန်ညှိထားပါဟု ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ လဒ်ဝင်း-မက်ဆီမီလန် တက္ကသိုလ်မှ အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင် တီလ်ရိုနင်ဘာ့ဂ်ျက ပြောသည်။
”ကိုယ်က နောက်ကျမှ အိပ်တတ်သူမျိုးလား။ ဆိုကြပါစို့ ၊ မနက် တစ်နာရီလောက်မှ ကိုယ်က အိပ်တတ်သူမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ အလုပ်ကလည်း မနက် (၉) နာရီ တက်ရမှာ ဆိုတော့ စောစောထရတာကြောင့် ကိုယ်ဟာ အမြဲလိုလို အိပ်ရေးမ၀ဖြစ်ပြီး နုံးချိ ချူချာနေတယ်ဆိုရင် ဒါဟာ ရောဂါဝင်လို့ မဟုတ်ဘူး။ ကိုယ့်နေထိုင်မှုပုံစံ အံမကိုက်တာကြောင့် ဆိုတာ ထင်ရှားတယ်။
လူဟာ ကိုယ်တွင်းက ဇီဝနာရီအတိုင်း လည်ပတ်တယ်။ ကိုယ်တွင်းက ဇီဝနာရီက အိပ်ချိန်လို့ သတ်မှတ်မှ အိပ်ပျော်လေ့ ရှိတယ်။ ဒါကြောင့် ဇီဝနာရီက စောစော အိပ်တတ်တဲ့ လူမျိုးတွေဟာ စောစောအိပ်၊ စောစောထ သမားတွေ ဖြစ်နေတတ်ပြီး ဇီဝနာရီက နောက်ကျမှ အိပ်တတ် သူတွေကတော့ နောက်ကျအိပ် နေမြင့်မှထတဲ့ သူတွေ ဖြစ်နေတတ်တယ်။
ဇီဝနာရီဟာ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် တစ်ရပ်လုံးကိုလည်း ထိန်းချုပ်ထားတယ်။ လူရဲ့အပြုအမူ၊ ဦးနှောက် အပြုအမူတွေကိုလည်း ဇီဝနာရီက လွှမ်းမိုးမှုရှိတယ်။ ဒါကြောင့် လူဟာ ဇီဝနာရီ လည်ပတ်မှု အတိုင်း အပြင်မှာ နေထိုင်ရှင်သန်ရခြင်း မရှိတာနဲ့ ဖောက်လွဲ ဖောက်ပြန်တွေ ဖြစ်လာတော့တာပဲ။ အကျိုးဆက်ကတော့ ကျန်းမာရေး ထိခိုက်ပြီး လူက အမြဲလိုလို နုံးချိ ပင်ပန်းနေတော့တယ်” ဟု မစ္စတာ ရိုနင်ဘာ့ဂ်ျက ပြောသည်။
ထိုသို့ ဇီဝနာရီနှင့် ပြင်ပနာရီ တလွဲတချော် ရှင်သန်နေရသူများ ဦးဆုံးလုပ်ရန်ကား ကိုယ်ပိုင်ဘ၀နှင့် အလုပ်ခွင် ဘ၀ကို ချိန်ညှိယူရန် ဖြစ်သည်။ ကိုယ်က နောက်ကျမှ အိပ်ရာ ထတတ်သူမျိုး ဖြစ်ပါက နောက်ကျမှ အလုပ်ဝင်ပြီး နောက်ကျမှ အလုပ်ဆင်းရတာမျိုးကို ရွေးချယ်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။
အကယ်၍ အလုပ်လည်း ပြောင်းဖို့မလွယ်၊ အလုပ်ချိန်ကလည်း ညှိလို့မရဘဲ မနက်ကိုးနာရီမှာ ရုံးတက်ရမည့် အခြေအနေမျိုး ဖြစ်လာပါက မိမိ၏ ဇီဝနာရီကို ပြောင်းလဲဖို့သာ ကြိုးစားရချေတော့မည်။ ဇီဝနာရီသည်လည်း လူ၏ နေမှုအကျင့်ကို လိုက်ပြီး ပြောင်းသွားနိုင်စွမ်း ရှိသည်။
သို့ဖြစ်ရာ ညနေကတည်းက အိမ်ခန်းမီးကို ခပ်မှိန်မှိန် လုပ်ထားခြင်းဖြင့် အိပ်ချင်စိတ် စောစောပေါ်အောင် ဖန်တီးထားရမည်။ မနက်ခင်း မထချင် ဖြစ်နေပါကလည်း အတင်းထပြီး အလင်းရောင် တောက်တောက်ရှိသည့် နေရာများမှာ နေထိုင်ခြင်းဖြင့် ခန္ဓာကိုယ် ဇီဝနာရီကို နေ့ပိုင်းရောက်ပြီ ဆိုတာ သိစေကာ တက်ကြွလာအောင် နှိုးဆွပေးရမည်။
အလားတူပင် စောစောထပြီး မိုးချုပ်လျှင် အိပ်ချင်နေတတ် သူများသည်လည်း ညည့်နက်သည့် အလုပ်မျိုး လုပ်နေရပါက အလုပ်ပြောင်းခြင်း၊ သို့မဟုတ် အလုပ်နှင့် ကိုက်အောင် ကျင့်ယူခြင်းဖြင့် လူမှုဘ၀နှင့် အလုပ်ခွင်ဘ၀ လိုက်ဖက်အောင် ညှိယူကြရမည်။
ကယ်လိုရီအပိုတွေ ဂရုစိုက်။
ရှိသင့်သည်ထက် ကယ်လိုရီပိုများကာ ကိုယ်လေးချိန်တွေ တက်နေသူတို့သည် ပင်ပန်းနုံးချိမှု အများဆုံး ဖြစ်ပွားသည်။ ပုံမှန်လှုပ်ရှားရတာချင်း တူလျှင်ပင် ၀သူတို့သည် ကျစ်လျစ်သူတို့ထက် ပိုပြီး ပင်ပန်းတတ်သည်မှာလည်း လူတိုင်းအသိ ဖြစ်သည်။
ကယ်လိုရီ အပိုတွေ ရှိနေခြင်းသည် လူကိုဝစေသည့် အကြောင်းရင်းများထဲက တစ်ချက်သာ ရှိသေးသည်။ အအိပ်အစား မမှန်ခြင်း၊ ခန္ဓာဇီဝဖြစ်စဉ် မမှန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေခြင်းသည်လည်း လူကို အ၀လွန်စေနိုင်ကြောင်း လေ့လာမှု စစ်တမ်းများအရ သိရသည်။ ထိုအချက်များ အားလုံးသည် လူ၏စွမ်းအင်သုံးစွဲမှု ဖြစ်စဉ်ကို အနှောင့်အယှက် ပြုနေကြသည်။
သို့ဖြစ်ရာ ကျန်းမာသော ကိုယ်အလေးချိန် ရှိအောင် ထိန်းထားခြင်းသည် ခန္ဓာကိုယ် စွမ်းအင်ကို အကောင်းဆုံး ဖြစ်နေအောင် ထိန်းထားခြင်းလည်း မည်၏။ ကျန်းမာ ကျစ်လျစ်သော ခန္ဓာကိုယ် ရှိနေအောင် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ရန် လိုအပ်သည် မှန်သော်လည်း တန်ဆေး လွန်ဘေး သဘောတရားကိုလည်း ဂရုထားရမည်။
အလွန်အကျွံ လေ့ကျင့်ခန်း လုပ်ခြင်း၊ အလွန်အကျွံ အစားအသောက် ရှောင်ကြဉ်ခြင်းမျိုးသည် ခန္ဓာကိုယ် စွမ်းအင်ကို မတက်စေရုံ သာမက အားကုန်သော ဘက်ထရီတုံးကြီး ဘ၀သို့ပါ ကိုယ့် ကိုယ်ကိုယ် ဆွဲချရာ ရောက်နိုင်သည်။
ကိုယ်အလေးချိန် များနေလို့ လျှော့ချလိုသူများ အနေနှင့်လည်း မလွန်ကျွံအောင် ဂရုထားဖို့ လိုသည်။ လူတစ်ယောက် ပျမ်းမျှအားဖြင့် ရက်သတ္တပတ် တစ်ပတ်လျှင် (၀ ဒသမ ၉) ကီလိုဂရမ်ထက် ၀ိတ်ပိုမကျသင့်ဟု သုတေသီတို့က ဆိုထားသည်။ ထိုထက်ပိုပြီး ၀ိတ်ကျနေလျှင်တော့ ကယ်လိုရီ မလုံလောက်မှုကြောင့် ခန္ဓာကိုယ်သည် အစာငတ် ရေငတ်သူလို အားအင်ချိနဲ့ကာ အကျိုးထက်အဆိုး ပိုများလာလိမ့်မည်။
The Messenger
=============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။