Myanmar News Update
ရေစိုသွားတဲ့ Phone ကို ဘယ်လို ကာကွယ်မလဲ
TechSpace Journal 12 April 2013
သင့်ဖုန်းဟာ ရေစိမ်ခံ ရေစိုခံ ဖုန်းတစ်လုံး မဟုတ်ဘူး ဆိုရင် သင်္ကြန်ရက်တွေမှာ ဆက်သွယ်ဖို့ အတွက် ဖုန်းတစ်လုံး သယ်ဆောင် သွားရတာ အိမ်မက်ဆိုးကြီး တစ်ခုလို ဖြစ်နေနိုင်ပါတယ်။ တကယ်လို့များ အဲ့ဒီ အသက်တမျှ ကာကွယ်ဖို့ လိုတဲ့ သင့်ရဲ့ဖုန်း သင်္ကြန်ရေနဲ့ ထိတွေ့သွားလို့ စိတ်သောက ဖြစ်ရမလား။ ဒါဆိုရင် အောက်ပါ အဆင့်တွေအတိုင်း ဆောင်ရွက်ကြည့်နိုင် ပါတယ်။
00. အရမ်းကြီး အစိုးရိမ် မလွန်ပါနဲ့။ စက္ကန့်ပိုင်းလောက် ရေစိုတာ လောက်က တန်ဖိုးကြီး ဖုန်းတွေ အားလုံးနီးပါးက ခံနိုင်ရည်ရှိပါတယ်။
...

01. ရေစိုသွားတဲ့ ဖုန်းကို ချက်ခြင်း ပိတ်လိုက်ပါ။
02. Battery၊ SIM card နဲ့ memory card တွေရှိရင် အကုန်ဖြုတ်ပါ။
03. သန့်ရှင်းခြောက်သွေ့နေတဲ့ အ၀တ်စနဲ့ ဖုန်းမျက်နှာပြင် ကိုယ်ထည်၊ KeyPad၊ ကျောဘက်၊ Simcard၊ Battery၊ Memory Card အစရှိတဲ့ ရေစိုနေသမျှ နေရာတွေကို သုတ်ပါ။
04. သဘာဝလေ၊ နေရောင်တွေရှိတဲ့ နေရာမှာ Phone ကို အခြောက်ခံပါ။ Air-conditioned အခန်း သို့မဟုတ် ကားထဲမှာ အခြောက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး ပူပြင်းတဲ့နေရာတွေမှာ မထားပါနဲ့။ Hair dryer ရှိမယ်ဆိုရင် ခပ်ပျော့ပျော့ အနွေးဓာတ်ကို ခပ်လှမ်းလှမ်းကနေ ပေးပါ။
05. Display screen ရဲ့ အတွင်းဘက် တွေ၊ Cover အတွင်းဘက်တွေမှာ ရေကျန်မကျန် စစ်ဆေးပါ။ Protector အတွင်းဘက်မှာရေ ၀င်နေမယ် ဆိုရင်တော့ ခွာပစ်လိုက်ပါ။
06. Display မျက်နှာပြင်တွေကို နေရောင် အရမ်းပြင်းတဲ့နေရာမှာ မထားပါနဲ့ အကြာကြီးလည်း မထားပါနဲ့။ Dryer နဲ့လည်း တိုက်ရိုက် မမှုတ်မိပါစေနဲ့။ Display တွေဟာ အပူဒါဏ်ကို ခံနိုင်စွမ်း သိပ်မရှိလို့ပါ။
07. လုံးဝ အရင်မလိုပါနဲ့။ ၃၊ ၄နာရီလောက် ရေတွေ ခြောက်သွားအောင်၊ ရေငွေ့ပြန်သွားအောင် စောင့်လိုက်ပါ။ အကယ်လို့သာ လောလော လောလောနဲ့ ဖုန်းကို ပြန်ဖွင့်လိုက်မယ်ဆိုရင် ဖုန်းအတွင်းပိုင်းမှာ ကျန်နေသေးတဲ့ ရေတွေက Circuit တွေကို ရှော့ဖြစ်စေနိုင်ပါတယ်။ လုံးဝခြောက်သွားပြီလို့ သင့်စိတ်က ထင်တဲ့အချိန်ထက် ပိုပြီးအချိန်ပေး လိုက်ပါ။ အဲ့ဒီ အချိန်အတွင်းမှာ ဖုန်းကို Power ပေးနိုင်တဲ့ Battery ပြန်တပ်တာ၊ မီးပလပ်ထိုး အားသွင်းတာ လုံးဝမလုပ်မိပါစေနဲ့။
08. လုံလောက်တဲ့ အချိန်ပေးပြီး ခြောက်သွေ့အောင် ထားလိုက်မယ်ဆိုရင် ဖြုတ်ထားတဲ့ အစိတ်အပိုင်းတွေကို ပြန်တပ်ပြီး အရင်ကလို ပြန် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
09. အခု လို အခြောက်ခံလိုက်တာ အောင်မြင်လား မအောင်မြင်ဘူးလား ဆိုတာကတော့ Screen ပြန်တက်လာမလာကို စောင့်ကြည့်ရပါမယ်။
10. ရေထိတဲ့အချိန် မကြာဘူး၊ လုံးဝခြောက်သွေ့သွားအောင်လည်း အချိန်ပေး အခြောက်ခံထားတယ်၊ မြင်သာတဲ့ ပျက်စီးမှုတွေလည်း မတွေ့ရဘူး ဆိုရင်တော့ သင့်ဖုန်းကို အကောင်းတိုင်း ပြန်ရဖို့ နီးစပ်ပါတယ်။
11. အကယ်လို့သာ ကံမကောင်းလို့ Power ပြန်ဖွင့်တာ ၃၊ ၄ ကြိမ်အထိမှ ပြန်တက်မလာဘူး ဆိုရင်တော့ သင့်ဖုန်းကို အနီးဆုံး ဆိုင်ကို ပို့ပြီး ပြန်ပြင်ပါ။ သေချာတာကတော့ SimCard၊ Memory တွေကတော့ အကောင်းပကတိ အတိုင်း ပြန်ရနိုင်ပါတယ်။
THA: TSJ Tech Team
Via:TechView - All Rights Reserved
TechSpace Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။