နားလေးခြင်းကို မကုသလျှင်
7 Days News
အကြားအာရုံချွတ်ယွင်းနေပြီး မကုသဘဲနေပါက အခြေအနေပိုမိုဆိုး ရွားလာကာ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ထိခိုက်ဆုံးရှုံးခြင်းတို့ ဖြစ် လာနိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။
နားလေးနေသူများကို ခေတ်မီနားကြားကိရိယာများ ပေးအပ်ခြင်းဖြင့် သိသိသာသာ အပြောင်းအလဲ ဖြစ်သွားစေနိုင်သည်ဟု ဒေါက်တာဒေးဗစ်မီရာက ပြောသည်။
နားလေးသူများသည် ၎င်းတို့ဘေးနားရှိ အခြားလူများနှင့် အဆက်အသွယ်မပြတ်စေရန် ခက်ခက်ခဲခဲကြိုးပမ်းရမှု အပါအဝင် မမြင်နိုင်သော အကြားအာရုံအခက်အခဲများစွာနှ င့်
တိတ်တဆိတ် ရုန်းကန်နေကြရသည်ဟု ဒေါက်တာမီရာကပြောသည်။ ၎င်းတို့သည်
ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ခြင်းများ
အများဆုံးခံစားရနိုင်သည်ဟု ၎င်းကပြောသည်။
သာမန်အားဖြင့် အကြားအာရုံချွတ်ယွင်းမှု ပထမဆုံးလက္ခဏာ ပြသချိန်တွင် မသေချာ၍ (သို့မဟုတ်) အကူအညီတောင်းခံရန် ဆန္ဒ မရှိ၍ ခြောက်နှစ်ကြာအထိ စောင့်ဆိုင်းနေတတ်ကြသည်ဟု ဒေါက်တာ မီရာက ပြောသည်။
နားကြားကိရိယာ တပ်ဆင်ထားခြင်းမရှိသူများသည် ဝမ်းနည်းခြင်း(သို့မဟုတ်) စိတ်ဓာတ်ကျခြင်း ခံစားရနိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုကဖော်ပြသည်။
နားကြားကိရိယာနောက်ဆုံးပေါ် နည်းပညာများ အသုံးပြုခွင့်ရရှိခဲ့ပါက ၎င်းတို့ဘဝကို ပြန်လည်ထိန်းချုပ်နိုင်ရန် အထောက်အကူပြုနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရနိုင်ကာ စဉ်းစားတွေးခေါ်မှုဆိုင်ရာ မှတ်ဉာဏ်လုပ်ဆောင်ချက် ပိုကောင်းလာနိုင်ကြောင်း ဒေါက်တာမီရာကပြောသည်။
နားလေးသူများကို နားကြားကိရိယာများ တပ်ဆင်ပေးရေး၊ ဆေးဝါးကုသပေးရေးတို့အတွက် အာဏာပိုင်များ စဉ်းစားသင့်သည် ဟု သုတေသီများက ပြောသည်။
—Ref: UPI
7 Days News
အကြားအာရုံချွတ်ယွင်းနေပြီး
နားလေးနေသူများကို ခေတ်မီနားကြားကိရိယာများ ပေးအပ်ခြင်းဖြင့် သိသိသာသာ အပြောင်းအလဲ ဖြစ်သွားစေနိုင်သည်ဟု ဒေါက်တာဒေးဗစ်မီရာက ပြောသည်။
နားလေးသူများသည် ၎င်းတို့ဘေးနားရှိ အခြားလူများနှင့် အဆက်အသွယ်မပြတ်စေရန် ခက်ခက်ခဲခဲကြိုးပမ်းရမှု အပါအဝင် မမြင်နိုင်သော အကြားအာရုံအခက်အခဲများစွာနှ
သာမန်အားဖြင့် အကြားအာရုံချွတ်ယွင်းမှု ပထမဆုံးလက္ခဏာ ပြသချိန်တွင် မသေချာ၍ (သို့မဟုတ်) အကူအညီတောင်းခံရန် ဆန္ဒ မရှိ၍ ခြောက်နှစ်ကြာအထိ စောင့်ဆိုင်းနေတတ်ကြသည်ဟု ဒေါက်တာ မီရာက ပြောသည်။
နားကြားကိရိယာ တပ်ဆင်ထားခြင်းမရှိသူများသည
နားကြားကိရိယာနောက်ဆုံးပေါ် နည်းပညာများ အသုံးပြုခွင့်ရရှိခဲ့ပါက ၎င်းတို့ဘဝကို ပြန်လည်ထိန်းချုပ်နိုင်ရန် အထောက်အကူပြုနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရနိုင်ကာ
နားလေးသူများကို နားကြားကိရိယာများ တပ်ဆင်ပေးရေး၊ ဆေးဝါးကုသပေးရေးတို့အတွက် အာဏာပိုင်များ စဉ်းစားသင့်သည် ဟု သုတေသီများက ပြောသည်။
—Ref: UPI
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။