ကျွန်တော်သိတဲ့ OSC
မနေ့ကဆိုင်အတွက် အလုပ်သမားတွေ OSC ရုံးခန်းမှာလက်ဗွေသွားနှိပ် တော့ ကျွန်တော်တို့လိုပဲ ရွှေမြန်မာတွေ အများကြီးလာကြတယ်။တော်တော်များများ လက်ဗွေမနှိပ်ရပဲပြန်သွားတာေ တွ တွေ့ရတယ်။ တချို့ဆို အဝေးကြီးကနေ လာပြီးမှပြန်သွားကြရတယ်ပြော တယ်။
အိုဗာစတေးနဲ့ မနေချင်လို့ ပါမစ်အမှန် လုပ်ချင်လို့ ပတ်စပို့စာအုပ် လုပ်ပြီးမှ ဒီကိုလာ ဒီကနေသဌေးမပါရင် မလုပ်ပေးဘူးဆိုလို့ ဘူမသိ ကိုးမသိနဲ့ပြန်သွားတာမြင်တော့ ဒီပို့လေးကိုရေးပီးအသိပေးလိုက်တာပါ။
OSC ဆိုတဲ့ ပါမစ်မရှိတဲ့သူတွေကို ပါမစ်ပြန်ပေးမဲ့ ဒီအစီအစဉ်က အရင် 6P ပုံစံ လိုမဟုတ်တော့ဘူး။ပထမဆုံး ပါမစ်လျှောက်ချင်တဲ့ အလုပ်သမားက မိမိကိုတာဝန်ယူမဲ့ အလုပ်ရှင်ကိုအရင်ရှာရမယ်။ ပြီးလျှင် မြန်မာသံရုံးကိုသွား စာအုပ်လုပ်။၎င်းစာအုပ်နှင့် အတူ မိမိဧ။် သဌေးကိုခေါ်ပြီး OSC ရုံးခန်းသို့ သွားရမည်။သဌေးမှလည်း မိမိကုမ္ပဏီ ရဲ့ စာရွက်စာတမ်း လုပ်ငန်းလိုင်စင် အပါအဝင် လျှောက်ထားမည့် အလုပ်သမားရဲ့ ပါတ်စပို့ နောက်ခံ အပြာရောင်ပါတဲ့ လိုင်စင်ဓါတ်ပုံ ၄ ပုံ တို့ ပါယူဆောင်သွားရမည်။(ကုမ္ပဏီ နှင့်ပါတ်သတ်သောစာရွက် စာတမ်းများကို OSC ရုံးသို့ဖုန်းဆက်မေးမြန်းနိုင်သည်)
OSC ရုံးမှ သဌေးရဲ့ စာရွက်စာတမ်းများကို စစ်ဆေးပြီး ပါမစ်ချပေးရန် သင့်မသင့် နောက်သုံးရက်ခန့်ကြာမှ သဌေးကိုအကြောင်းကြားပါသည်။ ထိုအခါမှ သဌေးမှ ပါမစ် လျှောက်မည့် အလုပ်သမားများအား လက်ဗွေနှိပ်ရန် OSCရုံးခန်းသို့ ခေါ်ဆောင်၍ တစ်ဦးလျှင် ၆၀၀ Rm ပေးဆောင်ကာ လက်ဗွေနှိပ်ရမည် ဖြစ်ပါသည်။
လက်ဗွေနှိပ်ပြီး လေးလ ငါးလခန့် ကြာမှသာ ပါမစ်ကြေးပေးဆောင်ရန်နှင့် ဆေးစစ်ရန်ဖြစ်ပါသည်။၎င်း အတောအတွင်း ဖမ်းဆီးခံရပါက တာဝန်မယူဟုပြောပါသည်။အထက်ပါ အကြောင်းအရာ အားလုံးမှာ ကျွန်တော်ကိုယ်တိုင် ကျွန်တော့် ကုမ္ပဏီ အတွက် အလုပ်သမား သွားလျှောက်ရင်း ကြုံတွေ့ရသော အတွေ့အကြုံ ဖြစ်ပါသည်။
ယခုအစီအစဉ် သည် ယခင် 6p သကဲ့သို့ ပွဲစားများလုပ်စားရန် အခွင့်အရေးမပေးထားပေ။ထို့အြ ပင် ကုမ္ပဏီ တခုချင်းဆီကိုလည်း လိုအပ်သော အလုပ်သမား ပမာဏ ကိုသာချပေးရန် စီစဉ်ထားသည်ကိုတွေ့ရပါသည်။ထို့ကြောင့် မိတ်ဆွေ တို့ အနေနှင့် မိမိနှင့် သင့်တော်သော အလုပ်ရှင်ကိုသာ ရှာဖွေ၍ ပါမစ်လျှောက် သင့်ကြောင်း အကြံပြုလိုက်ပါသည်။ ကိုကျော် (ချမ်းမြေ့)
မနေ့ကဆိုင်အတွက် အလုပ်သမားတွေ OSC ရုံးခန်းမှာလက်ဗွေသွားနှိပ်
အိုဗာစတေးနဲ့ မနေချင်လို့ ပါမစ်အမှန် လုပ်ချင်လို့ ပတ်စပို့စာအုပ် လုပ်ပြီးမှ ဒီကိုလာ ဒီကနေသဌေးမပါရင် မလုပ်ပေးဘူးဆိုလို့ ဘူမသိ ကိုးမသိနဲ့ပြန်သွားတာမြင်တော့ ဒီပို့လေးကိုရေးပီးအသိပေးလိ
OSC ဆိုတဲ့ ပါမစ်မရှိတဲ့သူတွေကို ပါမစ်ပြန်ပေးမဲ့ ဒီအစီအစဉ်က အရင် 6P ပုံစံ လိုမဟုတ်တော့ဘူး။ပထမဆုံး ပါမစ်လျှောက်ချင်တဲ့ အလုပ်သမားက မိမိကိုတာဝန်ယူမဲ့ အလုပ်ရှင်ကိုအရင်ရှာရမယ်။ ပြီးလျှင် မြန်မာသံရုံးကိုသွား စာအုပ်လုပ်။၎င်းစာအုပ်နှင်
OSC ရုံးမှ သဌေးရဲ့ စာရွက်စာတမ်းများကို စစ်ဆေးပြီး ပါမစ်ချပေးရန် သင့်မသင့် နောက်သုံးရက်ခန့်ကြာမှ သဌေးကိုအကြောင်းကြားပါသည်။ ထိုအခါမှ သဌေးမှ ပါမစ် လျှောက်မည့် အလုပ်သမားများအား လက်ဗွေနှိပ်ရန် OSCရုံးခန်းသို့ ခေါ်ဆောင်၍ တစ်ဦးလျှင် ၆၀၀ Rm ပေးဆောင်ကာ လက်ဗွေနှိပ်ရမည် ဖြစ်ပါသည်။
လက်ဗွေနှိပ်ပြီး လေးလ ငါးလခန့် ကြာမှသာ ပါမစ်ကြေးပေးဆောင်ရန်နှင့် ဆေးစစ်ရန်ဖြစ်ပါသည်။၎င်း အတောအတွင်း ဖမ်းဆီးခံရပါက တာဝန်မယူဟုပြောပါသည်။အထက်ပါ
ယခုအစီအစဉ် သည် ယခင် 6p သကဲ့သို့ ပွဲစားများလုပ်စားရန် အခွင့်အရေးမပေးထားပေ။ထို့အြ
Plaza Gloma, Jalan SS7/19 , Kelana Jaya, 47301 , Petaling Jaya ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့် 0378874724 ဖြစ်ကြောင်းသိရှိရပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။