တစ်ဘက်တည်းသောလက်နဲ့ ဆီးကြိုခဲ့တဲ့ဖခင်
_________________________
သမီးလေးက လက်နှစ်ဘက်ကို ဖွင့်
'ဖေဖေ အင့် အင့်' လို့
ချိုချိုမြှူမြှူ ပြေးလာတဲ့အခါ
ဖခင်ခမျာ လက်တစ်ဘက်နဲ့သာ ဆီးကြိုနိုင်ရှာ။
တခြားသော တစ်ဘက်မှာ လက်ထိပ်
သူ့လက်တွေ မလှုပ်ရှားသာအောင်
သူ့အတွေးတွေ မလွတ်လပ်သာအောင်
နောက်မှာ စောင့်ကြပ်နေသူလည်း အသင့်။
သမီးကို ပြုံးပြတဲ့ ဖခင်ရဲ့ အပြုံးဟာ ကြည်လင်ပေမယ့်
ဝေဒနာလေး စွက်နေတယ်။
ကိုယ့်သမီးကိုယ် မျက်နှာချင်းဆိုင်တွေ့ရပေမယ့်
ပိုင်ပိုင်၀၀ ထွေးပွေ့ခွင့်မရတဲ့ဘ၀လေ။
သမီးလေးစိတ်မှာ မေးချင်နေမလား။
သမီးဖေဖေကို ဘာလို့များ လက်ထိပ်ကြီး ခတ်ထားတာလဲ?
သမီးဖေဖေကို ဘာလို့များ ရဲကြီးကစောင့်ခေါ်လာသလဲ?
သမီးဖေဖေက လူဆိုးကြီးမို့လား?
ဒီလို ပြုံးတတ်တဲ့ဖေဖေ။
ဒီလို ပါးပါးလျလျဖေ။
သမီးနဲ့ မေမေ့ရဲ့ အားကိုးရာလေ။
ဖေဖေက စာရေးတယ်တဲ့
ဖေဖေက သတင်းတွေ ရေးတယ်တဲ့။
ဒါ သမီးလေးကို ပြောပြောပြနေတဲ့စကား
အဲဒါ အပြစ်ကြီးများလား ဟင်။
အဲဒါ ဆိုးသွမ်းမှုလေလား။
ဖေဖေရယ်
သမီးလေးတို့ဆီ မြန်မြန်ပြန်ခဲ့ပါ
သမီးကို ထွေးပွေ့စမ်းပါ
သမီးနဲ့ဆော့ပါ။
ဖေဖေ့လက်မောင်းနှစ်ဘက်ကြားမှာ
သမီးလုံခြုံနွေးထွေးလို့ပါ။
လူတွေပြောကြတယ်ဖေဖေ။
ဖေဖေနဲ့ အကြာကြီး
သမီးတို့ မတွေ့ရဘူးတဲ့။
ဆယ်နှစ်တောင်ဆိုလား။
အဲ့ဒါ သမီးအခု လူဖြစ်လာတာထက်တောင် ကြာသေးတယ်နော်
ဘာလို့များလဲ ဖေဖေရယ်။
သမီးဖေဖေက လူကောင်း
သမီးလေးဖေဖေက လူအေး
ဒါလေးတစ်ခုပဲ သမီးသိတယ်။
ဖေဖေက သမီးကို ချစ်တယ်
သမီးမေမေကိုလည်း ချစ်တာပဲ
သမီးကို တွေ့ရင် ပြုံးရွှင်သွားတဲ့ဖေဖေ
ဖေဖေနဲ့ တွေ့ရင် သမီးလည်း ပျော်တယ်လေ။
ဖေဖေ သမီးကို ခွံ့ကျွေးပါဦး။
ဖေဖေ သမီးကို ချော့မြှူပါဦး။
ဖေဖေ သမီးကို ထိန်းကျောင်းပါဦး။
သမီးတို့ဆီ မြန်မြန်ပြန်လာခဲ့ပါနော် ဖေဖေရယ်။
[အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၁၀နှစ်ကျသွားရှာတဲ့ Unity ဂျာနယ် သတင်းထောက်နဲ့ သူ့သမီးလေးရဲ့ပုံပါ]
_________________________
သမီးလေးက လက်နှစ်ဘက်ကို ဖွင့်
'ဖေဖေ အင့် အင့်' လို့
ချိုချိုမြှူမြှူ ပြေးလာတဲ့အခါ
ဖခင်ခမျာ လက်တစ်ဘက်နဲ့သာ ဆီးကြိုနိုင်ရှာ။
တခြားသော တစ်ဘက်မှာ လက်ထိပ်
သူ့လက်တွေ မလှုပ်ရှားသာအောင်
သူ့အတွေးတွေ မလွတ်လပ်သာအောင်
နောက်မှာ စောင့်ကြပ်နေသူလည်း အသင့်။
သမီးကို ပြုံးပြတဲ့ ဖခင်ရဲ့ အပြုံးဟာ ကြည်လင်ပေမယ့်
ဝေဒနာလေး စွက်နေတယ်။
ကိုယ့်သမီးကိုယ် မျက်နှာချင်းဆိုင်တွေ့ရပေမယ
ပိုင်ပိုင်၀၀ ထွေးပွေ့ခွင့်မရတဲ့ဘ၀လေ။
သမီးလေးစိတ်မှာ မေးချင်နေမလား။
သမီးဖေဖေကို ဘာလို့များ လက်ထိပ်ကြီး ခတ်ထားတာလဲ?
သမီးဖေဖေကို ဘာလို့များ ရဲကြီးကစောင့်ခေါ်လာသလဲ?
သမီးဖေဖေက လူဆိုးကြီးမို့လား?
ဒီလို ပြုံးတတ်တဲ့ဖေဖေ။
ဒီလို ပါးပါးလျလျဖေ။
သမီးနဲ့ မေမေ့ရဲ့ အားကိုးရာလေ။
ဖေဖေက စာရေးတယ်တဲ့
ဖေဖေက သတင်းတွေ ရေးတယ်တဲ့။
ဒါ သမီးလေးကို ပြောပြောပြနေတဲ့စကား
အဲဒါ အပြစ်ကြီးများလား ဟင်။
အဲဒါ ဆိုးသွမ်းမှုလေလား။
ဖေဖေရယ်
သမီးလေးတို့ဆီ မြန်မြန်ပြန်ခဲ့ပါ
သမီးကို ထွေးပွေ့စမ်းပါ
သမီးနဲ့ဆော့ပါ။
ဖေဖေ့လက်မောင်းနှစ်ဘက်ကြားမ
သမီးလုံခြုံနွေးထွေးလို့ပါ။
လူတွေပြောကြတယ်ဖေဖေ။
ဖေဖေနဲ့ အကြာကြီး
သမီးတို့ မတွေ့ရဘူးတဲ့။
ဆယ်နှစ်တောင်ဆိုလား။
အဲ့ဒါ သမီးအခု လူဖြစ်လာတာထက်တောင် ကြာသေးတယ်နော်
ဘာလို့များလဲ ဖေဖေရယ်။
သမီးဖေဖေက လူကောင်း
သမီးလေးဖေဖေက လူအေး
ဒါလေးတစ်ခုပဲ သမီးသိတယ်။
ဖေဖေက သမီးကို ချစ်တယ်
သမီးမေမေကိုလည်း ချစ်တာပဲ
သမီးကို တွေ့ရင် ပြုံးရွှင်သွားတဲ့ဖေဖေ
ဖေဖေနဲ့ တွေ့ရင် သမီးလည်း ပျော်တယ်လေ။
ဖေဖေ သမီးကို ခွံ့ကျွေးပါဦး။
ဖေဖေ သမီးကို ချော့မြှူပါဦး။
ဖေဖေ သမီးကို ထိန်းကျောင်းပါဦး။
သမီးတို့ဆီ မြန်မြန်ပြန်လာခဲ့ပါနော် ဖေဖေရယ်။
[အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၁၀နှစ်ကျသွားရှာတဲ့ Unity ဂျာနယ် သတင်းထောက်နဲ့ သူ့သမီးလေးရဲ့ပုံပါ]
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။