ဘဝလမ်းခရီးဆိုတာ အမြဲချောမွှတ်နေတာမျိုးပဲ မဖြစ်နိုင်သလို အခက်အခဲတွေချည်းနဲ့လည်း ပြည့်နှက်မနေပါဘူး။ အခက်အခဲတွေကြား တခါတလေ ပုခုံးဖက်ပြီး အားပေးမယ့်သူ မရှိတဲ့အချိန်တွေမှာ ကိုယ့်ဘာသာ နှစ်သိမ့် အားပေးတတ်ဖို့ လိုအပ်ပါတယ်။ အခက်အခဲကြား ကိုယ့်ဘာသာကိုယ် ရုန်းထွက်ပစ်နိုင်ဖို့ နည်းလမ်းလေးတွေကို အပိုင်း(၁)မှာ ဖော်ပြပြီးပြီဖို့ ခု အပိုင်း(၂)မှာ ကျန်ရှိနေသေးတဲ့ အချက်ကလေးတွေကို ထပ်မံ စုစည်းပေးထားပါတယ်။
၆။ ကျန်းမာစွာနေထိုင်ပါ။
အလွယ်တကူ စားနိုင်တဲ့ အစားအစာတွေ(ဘာကာ၊ အားလူးကြော်၊…) ကို နေ့တိုင်းစားသုံးခြင်း၊ ရေလုံလုံလောက်လောက်မသေက်ခြင်း၊ အအိပ်နည်းခြင်းတွေနဲ့ဆိုရင်တော့ သင့်အခက်အခဲကို ဘယ်လိုမှ ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ပုံမှန်ထမင်းစားပြီးတော့ လေ့ကျင့်ခန်းလုပ်တယ်ဆိုရင် ကျန်းမာပြီး ခံနိုင်ရည် ပိုရှိလာမှာဖြစ်ပါတယ်။
၇။ ဒိုင်ယာရီရေးပါ။
သင့်ရဲ့အတွေး၊ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းရေးသားတဲ့ နေရာတင်မကပါဘူး။ ကိုယ့်အခြေအနေ ဘယ်လောက် တိုးတက်လာပြီလဲဆိုတဲ့ ချင့်ချိန်မှုတွေ ပြုလုပ်နိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ အမှားကနေ ပြင်ဆင်စရာတွေ၊ ဘယ်အခြေအနေထိ တိုးတက်နေပြီလဲဆိုတဲ့ အတိုင်းအတာတွေကို ဒိုင်ယာရီကနေ သင်လေ့လာနိုင်ပါတယ်။
၈။ ကိုယ့်ကိုပျော်အောင်ထားနိုင်တယ်လို့ လက်ခံထားတဲ့ သူအနားမှာ အချိန်ပိုပြီးကုန်စေပါ။
သင်စိတ်ဓါတ်ကျနေတဲ့ အချိန်တွေမှာ သင့်မိဘ၊ လက်တွဲဖော်၊ သူငယ်ချင်းတွေနဲ့ ပိုပြီးအချိန်ကုန်သင့်ပါတယ်။ သူတို့အား ရင်ဖွင့်ပြီး ပြောပြစရာမလိုပါဘူး။ သင့်ရဲ့အခက်အခဲတွေဟာ သူတို့နဲ့အတူ အချိန်ကုန်ရင်း တဖြေးဖြေး သက်သာလာမှာ ဖြစ်ပါတယ်။
၉။ ကျေးဇူးတင်တတ်တဲ့ စိတ်မွေးပါ။
အရာရာဟာ ကိုယ်မထင်ထားတဲ့ အတိုင်းဖြစ်လာပြီဆိုရင် အားလုံးကို ကျေးဇူးတင်နေဖို့က အခက်ခဲဆုံး အရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုလုပ်ခြင်းကပဲ သင့်ကို သက်သာမှုရစေနိုင်မယ့် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ သင်ဒီနေ့ချိန်ထိ အသက်ရှင်နေသေးတာဟာ ဘယ်လောက် ကံကောင်းတဲ့သူ ဖြစ်ကြောင်းကို ပြန်သတိရမယ်ဆိုရင် သင့်မှာ ပေါ့ပါးတဲ့ခံစားချက်တွေ ရှိလာမှာ အသေအချာပါပဲ။
၁၀။ သင်ကိုယ်တိုင်ဟာ သင့်အတွက် အကောင်းဆုံး သူငယ်ချင်းဖြစ်အောင် လုပ်ပါ။
ဒီလိုလုပ်လိုက်မယ်ဆိုရင်တော့ သင့်အတွက် အခက်အခဲဆိုတာ မရှိနိုင်တာ့ပါဘူး။ သင့်မှာ ခင်လို့ရတဲ့ အကောင်းဆုံး သူငယ်ချင်းတွေတော့ ရှိမှာပါ။ ဒါပေမယ့် စကားပြောလို့အကောင်းဆုံးကတော့ သင်ရှိချင်မှ ရှိလိမ့်မယ်။ အဲဒါကြောင့် သင့်ကိုယ်သင် “ငါနင့်ကိုယုံကြည်ပြီးသားပါ။ နင်လုပ်နိုင်ပါတယ်။ နင့်ပြဿနာတွေထက် နင်ဟာပိုပြီး ခွန်အားရှိတယ်” ဆိုပြီး အားပေးနိုင်ပါတယ်။
Ref:en.amerikanki.com
http://www.trend.com.mm/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။