Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 13, 2014

အစားထိုး၍မရသောဆုံးရှုံးမှုနှင့်အတူ

အစားထိုး၍မရသောဆုံးရှုံးမှုနှင့်အတူ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း
ကို လူငယ်လူရွယ်များ လေးစားအတုယူ နိုင်စေရန် ရည်ရွယ်၍
ကျွန်တော် ရှာဖွေရေးတင်နေခဲ့သည်မှာ သခင်အောင်ဆန်းဘဝ
အစသို့ရောက်ခဲ့ပါပြီ။ အခုလ ဇူလိုင်လ(၁၉)ရက်တွင်ကျရောက်
မည့် (၆ရ)ကြိမ်မြောက်၊အာဇာနည်နေ့အတွက် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည်ကိုကြားဖြတ်တင်ပြ
လိုစိတ်ဖြစ်လာမိပါသည်။ ထိုစိတ်ဖြင့်ပင် ကျွန်တော်၏ နူးညံ့သော
မုန်တိုင်း ကိုဆက်ရေးဖြစ်ပါသည်-

နူးညံ့သောမုန်တိုင်း(၃၀)
။။။။။။။။။။။။။။။။။။။။။။။။။။။
၁၉၄၆ခုနှစ်၊စက်တင်ဘာလ(၂၁)ရက်နေ့တွင် ဦးစော
သည် သေနတ်ဖြင့်ချောင်းမြောင်း အပစ်ခံရရာ ကားလေကာ
မှန်ကွဲကာမှန်စဖြင့် မျက်စိအောက် ရှပ်မှန်ခဲ့သည်။ ဤပစ်ခတ်မှု
သည် ဗိုလ်ချုပ်အောင်ဆန်း၏လက်ချက်ဟု တထစ်ချယုံကြည်၍
လက်စားချေရန် ဆုံးဖြတ်ထားသည်ဟုသိရသည်။(ရန်ကုန်ဘဆွေ
၏လက်ချက်ဟုကျွန်တော်ဖတ်ရဖူးသည်-သန်းဝင်း)
ယုတ်မာသော လုပ်ကြံမှုကြီး
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
ဦးစောသည် ၁၉၄၇ခု၊ဇူလိုင်လ(၁၉)ရက်မတိုင်မီကပင် ဗိုလ်ချုပ်တစ်ဦးတည်းကို လုပ်ကြံရန် ကြိုးစားခဲ့ဖူးသည်။
သို့ရာတွင် မအောင်မြင်ခဲ့ပေ။ ဦးစောသည် တန်ခိုးအာဏာကို
စိတ်ဝင်စားသူဟူသောအချက်သည် တိုင်းသိပြည်သိဖြစ်သည်။
ရာထူးတက်နိုင်ရန် ဆရာရင်း ဦးဘဘေကို နိုင်ငံရေးမှ ခေတ္တ
ဖယ်၍ သရက်ထောင်တွင် အကျဉ်းချဖူးသည်။ ဦးစောသည် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်စကပင် လူမိုက်မွေးသောအကျင့်
ကို ကျင့်သုံးခဲ့သူဖြစ်သည်။ မျိုးချစ်ပါတီကို ထူထောင်စဉ်ကပင် လူမိုက်မွေးခဲ့သည်။
၁၉၄၀ပြည့်နှစ်၊ ၉၁ဋ္ဌာန အုပ်ချုပ်ရေးအစိုးရ၊ နန်းရင်းဝန်
ဖြစ်စဉ်က ဦးစောသည်
ဂဠုန်တပ်ဖွဲ့ကာ အတိုက်အခံ သခင်များကိုဝါးရင်းတုတ်ဖြင့်
ခေါင်းရိုက်ခွဲခဲ့၏။ ၁၉၄၆ခု
ဘုရင်ခံအမှုဆောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်စဉ်ကလည်း
ဦးစောသည်ဲကြည့်မြင်တိုင်လူမိုက် ကိုရင်ဖေနှင့်ကိုသန်းကြီး
တို့ကို ရာဇဝတ်အုပ်ရာထူးများပေး၍ သူ၏ သက်တော်စောင့်
များအဖြစ် တာဝန်ယူစေသည်။
ယခုလည်း သာယာဝတီနယ်ရှိ သူ၏လူခံများကို သတ်ရဲ
ဖြတ်ရဲသော လူငယ်များစုဆောင်းပေးရန် မှာကြားသည်။
လူငယ်များ ရန်ကုန်သို့ရောက်လာကြသည့်အခါ၊လက်နက်ကိုင်
တွယ်နည်း၊ ပစ်ခတ်နည်းများကို ဦးစောကိုယ်တိုင် လက်ထပ်
သင်ကြားပေး၏။ ထို့နောက်လက်နက်များကို ရအောင်ရှာသည်။
ဤကိစ္စတွင် ဗြိတိသျှစစ်ပုလိပ်ဘက်မှလက်ထောက်ရာဇဝတ်ဝန်
ထောက် ကပ္ပတိန်ဗီဗီယံက အကူအညီပေးသည်။ ဘရင်းစက်
သေနတ် နှစ်ရာကို ဦးစောအား ရအောင်ထုတ်ပေးသည်။
အေအိုဒီ ဝင်းထဲမှ ၄င်းလက်နက်များကိုရပြီးနောက် ဦးစောသည်
လိုအပ်သော ယမ်းတောင့်များကိုရသည်အထိဆက်လက်ကြိုးပမ်း
ခဲ့ပြန်ပါသည်။
ဤအချိန်တွင် ရန်ကုန်၌ လူပြောများသော ကောလဟာလနှင့် ဗိုလ်ချုပ်အောင် ဆန်း၏ ခံယူချက်ကို ဒေါက်တာမောင်မောင်က
ဤသို့ ဖေါ်ပြပါသည်။
" ရန်ကုန်မြို့တွင် ကောလဟာလတွေ ပြန့်ပွားနေသည်။
ဗိုလ်ချုပ်ကို လုပ်ကြမယ်တဲ့။ လက်နက်တိုက်က ဘရင်းစက်သေ
နတ် အလက် ၂၀၀ ကို ဦးစောလူတွေ ခိုးထုတ်သွားပြီတဲ့။ ဘရင်း
၂၀၀ ဆိုလျှင် နည်းသည်မဟုတ်၊ ဗမာ့တပ်မတော်တပ်ရင်းများ
တွင် ရှိသည်ထက်ပင် ပိုလိမ့်ဦးမည်။ ဗိုလ်ချုပ်၏လုပ်ဖေါ်ကိုင်
ဖက်များက ဗိုလ်ချုပ်ကိုစောင့်ရှောက်ချင်သည်။ သို့ရာတွင် သူက ပြည်သူ့မေတ္တာ၏တန်ခိုး ကိုယုံကြည်တယ်။ဦးစောလိုလူပင်လျှင်
သည်လောက်မိုက်မည်မဟုတ်ဟု သူယုံသည် "
အစီအစဉ်များအားလုံးလိုလို အသင့်ဖြစ်သည်နှင့် ဦးစောသည်
ဗိုလ်ချုပ်နှင့်အမှုဆောင်ကောင်စီဝင်များ၊ အမှုဆောင်ကောင်စီဝင်
မဟုတ်သည့် လွှတ်တော်ဥက္ကဋ္ဌသခင်နုကို သီးခြားသတ်ပစ်ရန်
ဦးစောက စီစဉ်သည်။ သို့ရာတွင် ထိုနေ့က ရုံးမလာသဖြင့်
သခင်နု အသက်ချမ်းသာရခဲ့သည်။ ဗိုလ်ချုပ်အား လုပ်ကြံရန်
၁၉၄၇ခုနှစ်၊ဇူလိုင်လ(၁၉)ရက်နေ့ကို သတ်မှတ်လိုက်သည်။
ထိုနေ့တွင် ဦးစောသည် သူ၏ လူသတ်သမားလက်ရွေးစင်များကို
(၁၂)နံပါတ် ခြင်္သေ့တပ်မှ စစ်ဝတ်စုံများကိုဝတ်စေပြီး ကားနံပါတ်
အတု တပ်ထားသော ဂျစ်ကားဖြင့်ဗိုလ်ချုပ်တို့ ရုံးထိုင်သည့်
အတွင်းဝန်ရုံးသို့ လူသတ်ဝါဒကို အကောင်အထည်ဖေါ်ရန် စေလွှတ်လိုက်သည်။
အမှန်စင်စစ် ဇူလိုင်(၁၉)ရက်သည် အမှုဆောင်ကောင်စီ
ဝင်များ အစည်းအဝေးကျင်းပရန် ရက်မဟုတ်ချေ။ဗုဒ္ဓဟူးနေ့
တွင်ကျင်းပမြဲဖြစ်သည်။ ဤတစ်ကြိမ်တွင်မူကားဗုဒ္ဓဟူးနေ့ (၁၆)
ရက်သည်လွှတ်တော်ကောင်စီအစည်းအဝေးနှင့် တိုက်ဆိုင်နေ
သဖြင့် ဗိုလ်ချုပ်က ဇူလိုင်လ(၁၉)ရက်၊ စနေနေ့ကိုရွှေ့လိုက်၏။
သို့ဖြစ်ရာ ပုံမှန်အစည်းအဝေးနေ့ မဟုတ်သည့် စနေနေ့တွင် အမှုဆောင်အစည်းအဝေးကိုကျင်းပဖြစ်တော့သည်။ ထိုနေ့တွင်-
" ဝန်ကြီးများ၊ ကောင်စီအဖွဲ့၏ အတွင်းဝန် ဦးရွှေဘော်၊ လက်ထောက်အတွင်းဝန် ဦးတင်အုန်း၊ ရုံးအုပ်ကြီး ဦးခတို့မှာ အစည်းအဝေးဆိုင်ရာ မှတ်တမ်းစာရွက်စာတမ်းစသည်များကို ပြင်ဆင်ရှာဖွေရင်း အလုပ်ရှုပ်လျက်ရှိကြလေသည် " ဟု
ဗိုလ်ချုပ်၏အပါးတော်မြဲ ဗိုလ်ထွန်းလှ(ခေါ်)တက္ကသိုလ်နေဝင်း
က ဆိုသည်။ အစည်းအဝေးတွင် ဗိုလ်ချုပ်နှင့်အမှုဆောင်ကောင်
စီဝင်များသည် အတိုက်အခံပါတီ (စော-စိန်-မော်) တို့အား
မတရားအသင်း ကြေညာရန် သင့်,မသင့်ကိစ္စကို လည်းကောင်း ထိုအသင်းအမှုဆောင်များကို ဖမ်းဆီးရန်လို,မလိုဟူသည်ကို
လည်းကောင်းဆွေးနွေးကြရန် ဖြစ်သည်။ ဗိုလ်ချုပ်သည် နံနက်
၁၀နာရီ ၁၀မိနစ်တွင် ရောက်ရှိလာသည်။ ( ဗိုလ်ချုပ်အတွင်းဝန်
ရုံးသို့လာစဉ်တွင် ကိုယ်ရန်တော်တပ်ဖွဲ့ကိုနှင်ပစ်ခဲ့သည်ကို
ကျွန်တော် မနှစ်ကတင်ပေးခဲ့ပါသည်)
ဦးစော၏ လူသတ်သမားများသည် ၁၀နာရီမိနစ်၄၀ခန့်တွင် အစည်းအဝေးအခန်းအတွင်းသို့ လွယ်လွယ်ကူကူ ဝင်ရောက်
လာကြသည်။ ထိုအခါတွင် -
ဗိုလ်ချုပ်အောင်ဆန်းက ထိုင်ရာမှထ၍ ဟန့်တားသေးသည်။
သို့ရာတွင် လူသတ်သမားတို့က ဦးစောထံသစ္စာခံပြီးဖြစ်ကြသည်။ သူတို့တာဝန်က အားလုံးကို အသေသတ်ရန် ဖြစ်လေသည် ဟု ဒေါက်တာမောင်မောင်က ဖေါ်ပြထားလေသည်။
ဦးစောသည် ဗိုလ်ချုပ်နှင့်အခြားအမျိုးသားခေါင်းဆောင်
များကို အတွင်းဝန်ရုံး၌လွယ်လွယ်ကူကူ လုပ်ကြံနိုင်ခဲ့သည်။
ပုလိပ်ဘက်မှ တာဝန်ရှိသူများသည် ဗိုလ်ချုပ်ကိုလုံလုံခြုံခြုံ ရှိစေ
ချင်သည်။ အကာအကွယ်ပေးချင်ကြသည်။ သို့ရာတွင် ဗိုလ်ချုပ်
ကလက်မခံ။ သူ့ကို မည်သူကမျှလုပ်ကြံလိမ့်မည် မဟုတ်ဟု
ဗိုလ်ချုပ်ပြောလေ့ ရှိသည်။ ပုလိပ်မင်းကြီး ဦးဘမော်နှင်စုံထောက်
ပုလိပ်မင်းကြီး ဦးထွန်းလှအောင် တို့သည် စောစောကပင်
အထောက်အထား ခိုင်ခိုင်လုံလုံ ရထားသည့်အတွက် ဦးစော
အား ဖမ်းဆီးအရေးယူခွင့်ပြုရန် ဗိုလ်ချုပ်ထံ အမိန့်ခံခဲ့ဖူးသည်။
ထိုအစီအစဉ်ကို ဗိုလ်ချုပ် မလိုလားချေ။
ထို့ကြောင့်ပင် ဗိုလ်ချုပ်က -
" ခင်ဗျားတို့ ပုလိပ်တွေဟာ အရေးရှိလျှင် အတိုက်အခံ နိုင်ငံရေးသမားတွေကိုပဲ ဖမ်းဖို့လုပ်တတ်ကြတာပဲ။ ဒါတော့ ကျုပ်
မကြိုက်ဘူး။ သေသေချာချာပြနပြီးတော့ စုံစမ်းပါဦး " ဟု အမိန့်
ချသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဇူလိုင်လ(၁၈)ရက်နေ့တွင်
ဗိုလ်မှူးအောင်၊ ဗိုလ်စိန်မှန်တို့နှင့် တွေ့ဆုံသည်။ ဘရင်းအလက်
နှစ်ရာပျောက်ဆုံးမှုကို ဆွေးနွေးသည်။ ဗိုလ်မှူးအောင်နှင့်ဗိုလ်စိန်
မှန်တို့ ဗိုလ်ချုပ်အတွက် စိုးရိမ်ကြသည်။ လုံခြုံရေးအတွက်
၎င်းတို့ကို တာဝန်ပေးရန် ပန်ကြားကြသည်။ အစိုးရ၏လုံခြုံရေး
စီမံချက်များရှိလျှင်လည်း ၄င်းတို့ကပါ ဝိုင်း၍ စောင့်ရှောက်လို
ကြောင်း အစီရင်ခံကြသည်။ သို့ရာတွင် ဗိုလ်ချုပ်က စိုးရိမ်ခြင်း
မရှိရန်မှာကြားသည်။
ဆက်ပါဦးမည်။
ဗိုလ်ရဲထွဋ်(ရဲဘော်သုံးကျိပ်)နှင့် နိုင်ငံရေးသမားကြီးများ
ကမကထပြုလျှက်ရေးသားပြုစုကြသော " အမျိုးသားခေါင်း
ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း " အတ္ထုပ္ပတ္တိ စာအုပ်မှကူးယူ
ဖေါ်ပြပါသည်။

Than Win Thu

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။