အားတင်းထားပါသမီးလေး
_______________________
သမီးလေးရေ
ဆယ်နှစ်ဆိုတာ မမြန်လှပေမယ့်
အားတင်းထားပါ သမီး။
သမီးဖေဖေဟာ သူရဲကောင်းပါ
သမီးဖေဖေဟာ ရိုးသားသူပါ
သူတတ်တဲ့ပညာလေးနဲ့ သမ္မာအာဇီဝကျကျ
သမီးတို့ကို ရှာဖွေကျွေးမွေးခဲ့တာ။
ဒီလို အသက်မွေးဝမ်းကျောင်းခြင်းကပဲ
သူ့အတွက် နာကျင်စရာဖြစ်လေရော့သလား
သူတပါးကို ထိခိုက်အောင် သူမပြုဘူး
သူတပါးမျက်ရည်ကျမှစားရတဲ့ထမ င်းမျိုးမဟုတ်ဘူး
သူတပါး သွေးချွေးတွေပေလူးနေတဲ့
စည်းစိမ်မျိုးမဟုတ်ဘူး။
တကယ်တော့ သူ့မှာစည်းစိမ်လည်းမရှိရှာပါဘူး
သမီးရယ်။
သူမှားခဲ့တယ်ဆိုတောင်
အဲဒီအမှားအတွက်နစ်နာမှု မထင်ရှားပါ
ဒါပေမယ့် သူ့ခမျာ အပြစ်ကြီးကျခဲ့တယ် သမီး။
သမီးကလေးကို
သမီးလေးမေမေကို
ခွဲပြီး
အဝေးကြီးကို သူသွားရတော့မယ်။
ပြန်လာလို့မရတဲ့နေရာ
ကျဉ်းကျပ်လွန်းတဲ့နေရာ
လူမျက်နှာပျောက်နေတဲ့နေရာဆီ ။
လက်ထိပ်တွေအခတ်ခံထားရတဲ့ လက်နဲ့
သမီးကို သူကျွေးမွေးခဲ့ခြင်းဟာ
လက်ထိပ်တွေအခတ်ခံထားရတဲ့ကြားက
ပေးအပ်ချင်မိတဲ့
ဖခင်တစ်ယောက်ရဲ့မေတ္တာကိုပြခဲ့ခြင်းပါ။
ကိုယ်တိုင်မလွတ်မလပ် မလှုပ်ရှားသာတောင်မှ
ကိုယ့်ရင်သွေးကို ဝလင်စေချင်တဲ့ မေတ္တာ။
ဒီလို လူမျိုးဟာ ဘယ်လိုလုပ် လူဆိုးဖြစ်နိုင်မှာလဲ
သမီးရယ်။
သမီးလေး အားတင်းထားပါ။
ဒီစကားကိုပဲ ဘေးကပြောနိုင်ခဲ့
အမှောင်အားကြီးလွန်းတဲ့ ရာသီမှာ
ချစ်ခြင်းမေတ္တာဟာလည်း
တစ်ခါတစ်လေ ကျိန်စာသင့်တတ်တာ။
[ အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၁၀နှစ်ကျသွားရှာတဲ့ Unity ဂျာနယ် သတင်းထောက် သူ့သမီးလေးကို ကျွေးမွေးနေပုံပါ]
_______________________
သမီးလေးရေ
ဆယ်နှစ်ဆိုတာ မမြန်လှပေမယ့်
အားတင်းထားပါ သမီး။
သမီးဖေဖေဟာ သူရဲကောင်းပါ
သမီးဖေဖေဟာ ရိုးသားသူပါ
သူတတ်တဲ့ပညာလေးနဲ့ သမ္မာအာဇီဝကျကျ
သမီးတို့ကို ရှာဖွေကျွေးမွေးခဲ့တာ။
ဒီလို အသက်မွေးဝမ်းကျောင်းခြင်းကပ
သူ့အတွက် နာကျင်စရာဖြစ်လေရော့သလား
သူတပါးကို ထိခိုက်အောင် သူမပြုဘူး
သူတပါးမျက်ရည်ကျမှစားရတဲ့ထမ
သူတပါး သွေးချွေးတွေပေလူးနေတဲ့
စည်းစိမ်မျိုးမဟုတ်ဘူး။
တကယ်တော့ သူ့မှာစည်းစိမ်လည်းမရှိရှာပ
သမီးရယ်။
သူမှားခဲ့တယ်ဆိုတောင်
အဲဒီအမှားအတွက်နစ်နာမှု မထင်ရှားပါ
ဒါပေမယ့် သူ့ခမျာ အပြစ်ကြီးကျခဲ့တယ် သမီး။
သမီးကလေးကို
သမီးလေးမေမေကို
ခွဲပြီး
အဝေးကြီးကို သူသွားရတော့မယ်။
ပြန်လာလို့မရတဲ့နေရာ
ကျဉ်းကျပ်လွန်းတဲ့နေရာ
လူမျက်နှာပျောက်နေတဲ့နေရာဆီ
လက်ထိပ်တွေအခတ်ခံထားရတဲ့ လက်နဲ့
သမီးကို သူကျွေးမွေးခဲ့ခြင်းဟာ
လက်ထိပ်တွေအခတ်ခံထားရတဲ့ကြာ
ပေးအပ်ချင်မိတဲ့
ဖခင်တစ်ယောက်ရဲ့မေတ္တာကိုပြခ
ကိုယ်တိုင်မလွတ်မလပ် မလှုပ်ရှားသာတောင်မှ
ကိုယ့်ရင်သွေးကို ဝလင်စေချင်တဲ့ မေတ္တာ။
ဒီလို လူမျိုးဟာ ဘယ်လိုလုပ် လူဆိုးဖြစ်နိုင်မှာလဲ
သမီးရယ်။
သမီးလေး အားတင်းထားပါ။
ဒီစကားကိုပဲ ဘေးကပြောနိုင်ခဲ့
အမှောင်အားကြီးလွန်းတဲ့ ရာသီမှာ
ချစ်ခြင်းမေတ္တာဟာလည်း
တစ်ခါတစ်လေ ကျိန်စာသင့်တတ်တာ။
[ အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၁၀နှစ်ကျသွားရှာတဲ့ Unity ဂျာနယ် သတင်းထောက် သူ့သမီးလေးကို ကျွေးမွေးနေပုံပါ]
Kyaw Swar Myint shared Thorn Nay Soe's photo.
ယနေ.အကြိုက်ဆုံး ကဗျာတစ်ပုဒ်
===================
အားတင်းထားပါသမီးလေး
_______________________
သမီးလေး အားတင်းထားပါ။
ဒီစကားကိုပဲ ဘေးကပြောနိုင်ခဲ့
အမှောင်အားကြီးလွန်းတဲ့ ရာသီမှာ
ချစ်ခြင်းမေတ္တာဟာလည်း
တစ်ခါတစ်လေ ကျိန်စာသင့်တတ်တာ။
===================
အားတင်းထားပါသမီးလေး
_______________________
သမီးလေး အားတင်းထားပါ။
ဒီစကားကိုပဲ ဘေးကပြောနိုင်ခဲ့
အမှောင်အားကြီးလွန်းတဲ့ ရာသီမှာ
ချစ်ခြင်းမေတ္တာဟာလည်း
တစ်ခါတစ်လေ ကျိန်စာသင့်တတ်တာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။