"ဟန်ပြစွမ်းအား"
**********
ငါက ဘာဘွဲ့ရ ထားတယ် ငါကပညာတတ်ကြီး
ငါကပညာရှိကြီးပဲဆိုပြီး သိပ်ပြီးစိတ်ကြီးဝင်မနေပါနဲ့ ..
ငါက စီးပွားရေး လူမှုရေး နိုင်ငံရေးမှာ ဘယ်လောက်အောင်မြင်တယ်
ဘယ်လောက်ကျော်ကြားတယ်
ဘယ်လောက်နာမည်ကြီးတယ် ဆိုပြီးလည်း
ဘဝင်မြင့်မသွားပါနဲ့..
ငါက ဘာရာထူးကြီးတယ် အာဏာရှိတယ်
ဘုန်းတန်ခိုး သြဇာအာဏာကြီးတယ်
ချမ်းသာပါတယ်ဆိုပြီး မာနတံခွန်ထူပြီး
မမောက်မာချင်ကြပါနဲ့..
ဒါတွေအားလုံးဟာ ဓမ္မသဘောနဲ့ နှလုံးသွင်းဆင်ခြင်ကြည့်တဲ့ အခါ ဟန်ပြစွမ်းအားသက်သက်မျှသာပါ ..
ဘယ်သူက ဘယ်သူ့ကိုမှ သိပ်တော့အထင်ကြီးစရာ မရှိလှပါဘူး..
လောကရဲ့ အလိမ်အညာခံရသူအချင်းချင်းပါ ပဲ..
အလိမ်ခံ အညာခံရသူအချင်းချင်းတွေ ဖြစ်တဲ့အတွက်ကြောင့်
အလိမ်ခံဘဝ အညာခံဘဝက လွတ်မြောက်ဖို့ဆိုတာ အသိမှန် အမြင်မှန်ရဖို့ လိုအပ်ပါတယ်..
အသိမှန် အမြင်မှန်ရစေနိုင်တဲ့ နည်းကတော့ ဝိပဿနာအလုပ်ကို မဖြစ်မနေ အားထုတ်ကြိုးစား
နိုင်မှသာ ဖြစ်ပါတယ်..
-------------------------- ------------------------
"ချမ်းသာနေကြပါတယ်လို့
သတ်မှတ်နေကြတဲ့ ရွှေငွေပစ္စည်း
ရာထူးဂုဏ်ပကာသန ကျော်ကြားမှုတွေဟာ
တစ်ကယ်ချမ်းသာ ဟုတ်သလား
မဟုတ်သလားဆိုတာ
သာသနာ့ ဓာတ်ခွဲခန်းထဲ
ထည့်ကြည့်လိုက်တော့
ဘယ်သူမှ ကန့်ကွက်လို့မရ
ငြင်းပယ်လို့မရတဲ့ ဒုက္ခလောင်စာတွေသာ
အဖြေထွက်လာပြီး နိဗ္ဗာန်ချမ်းသာ
သုခတွေလို့ အဖြေထွက်မလာပါဘူး"..
(တိပိဋကဓရ ယောဆရာတော်ဘုရားကြီး)
**********
ငါက ဘာဘွဲ့ရ ထားတယ် ငါကပညာတတ်ကြီး
ငါကပညာရှိကြီးပဲဆိုပြီး သိပ်ပြီးစိတ်ကြီးဝင်မနေပါနဲ
ငါက စီးပွားရေး လူမှုရေး နိုင်ငံရေးမှာ ဘယ်လောက်အောင်မြင်တယ်
ဘယ်လောက်ကျော်ကြားတယ်
ဘယ်လောက်နာမည်ကြီးတယ် ဆိုပြီးလည်း
ဘဝင်မြင့်မသွားပါနဲ့..
ငါက ဘာရာထူးကြီးတယ် အာဏာရှိတယ်
ဘုန်းတန်ခိုး သြဇာအာဏာကြီးတယ်
ချမ်းသာပါတယ်ဆိုပြီး မာနတံခွန်ထူပြီး
မမောက်မာချင်ကြပါနဲ့..
ဒါတွေအားလုံးဟာ ဓမ္မသဘောနဲ့ နှလုံးသွင်းဆင်ခြင်ကြည့်တဲ့
ဘယ်သူက ဘယ်သူ့ကိုမှ သိပ်တော့အထင်ကြီးစရာ မရှိလှပါဘူး..
လောကရဲ့ အလိမ်အညာခံရသူအချင်းချင်းပါ
အလိမ်ခံ အညာခံရသူအချင်းချင်းတွေ ဖြစ်တဲ့အတွက်ကြောင့်
အလိမ်ခံဘဝ အညာခံဘဝက လွတ်မြောက်ဖို့ဆိုတာ အသိမှန် အမြင်မှန်ရဖို့ လိုအပ်ပါတယ်..
အသိမှန် အမြင်မှန်ရစေနိုင်တဲ့ နည်းကတော့ ဝိပဿနာအလုပ်ကို မဖြစ်မနေ အားထုတ်ကြိုးစား
နိုင်မှသာ ဖြစ်ပါတယ်..
--------------------------
"ချမ်းသာနေကြပါတယ်လို့
သတ်မှတ်နေကြတဲ့ ရွှေငွေပစ္စည်း
ရာထူးဂုဏ်ပကာသန ကျော်ကြားမှုတွေဟာ
တစ်ကယ်ချမ်းသာ ဟုတ်သလား
မဟုတ်သလားဆိုတာ
သာသနာ့ ဓာတ်ခွဲခန်းထဲ
ထည့်ကြည့်လိုက်တော့
ဘယ်သူမှ ကန့်ကွက်လို့မရ
ငြင်းပယ်လို့မရတဲ့ ဒုက္ခလောင်စာတွေသာ
အဖြေထွက်လာပြီး နိဗ္ဗာန်ချမ်းသာ
သုခတွေလို့ အဖြေထွက်မလာပါဘူး"..
(တိပိဋကဓရ ယောဆရာတော်ဘုရားကြီး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။