ကမ္ဘာ့ဖလားပွဲပြီး နောက်တစ်နေ့ ကျောင်းနောက်ကျနိုင်ကြောင်း စင်ကာပူစာသင်ကျောင်းများ ခွင့်ပြု
စင်ကာပူ၊ ဇူလိုင် ၁၁
ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးကို အာဂျင်တီးနားနှင့် ဂျာမနီတို့ ခြိမ့်ခြိမ့်သဲ ယှဉ်ပြိုင်ကြတော့မည်ဖြစ်ရာ ယင်းပွဲကို ကြည့်ရှုကြမည့် ကျောင်းသားများ အနေနှင့် နောက်တစ်နေ့ နံနက်ခင်း ကျောင်းနောက်ကျနိုင်ကြောင်း စင်ကာပူနိုင်ငံရှိ ကျောင်းတစ်ချို့က ခွင့်ပြုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဘရာဇီးနိုင်ငံ ရီယိုမြို့ရှိ မာရာကာနာ အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကြမည့် ထိုပွဲသည် စင်ကာပူစံတော်ချိန်အရ မနက်သုံးနာရီတွင် စတင်မည် ဖြစ်သောကြောင့် ကြည့်ရှုမည့် ကျောင်းသားပရိသတ်များ နံနက်ခင်း အတန်းချိန်များ လွတ်သွားနိုင်ပေသည်။
စင်ကာပူ ကျောင်းတစ်ကျောင်းဖြစ်သော ဆီရန်ဂွန်း အလယ်တန်း ကျောင်းသည် နံနက် ၇ နာရီခွဲခါနီးတွင် စတင်မည် ဖြစ်သော်လည်း ဗိုလ်လုပွဲပြီး နောက်တစ်နေ့ကို နံနက် ၁၁ နာရီထိုးမှ ကျောင်းလာနိုင်ကြောင်း ကြေညာပေးထားပြီး အတန်းချိန်က ညနေမှ ပြီးတော့မည် ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းက မည်သည့်မှတ်ချက်မှ မပေးသော်လည်း မိဘအုပ်ထိန်းသူများကိုမူ ကျောင်း၏ ကျောင်းသားများကို ဂရုစိုက်တတ်သောမူနှင့်အညီ ဘောလုံးပွဲဝါသနာကြီးသော တပည့်များကို ကူညီပေးလိုသည့် သဘောဖြစ်ကြောင်း အသိပေးခဲ့သည်။ ထို့ပြင် ကျောင်းလာသည့်အချိန်တွင် မနက်စာကို ကောင်းကောင်းစားလာ စေချင်သောကြောင့် ယင်းသို့ဖြေလျှော့ ပေးရခြင်းဟုလည်း ဆိုထားသည်။ ယင်းသို့ လုပ်ဆောင်ပေးမှုသည် စင်ကာပူတွင် လူကြိုက်များလျက် ရှိကြောင်းလည်း သတင်းမီဒီယာများက ရေးသားကြသည်။
“ဆီးမီးဖိုင်နယ်ပွဲတွေနဲ့ ဖိုင်နယ်ပွဲကို အခမဲ့ထုတ်လွှင့်မှုကြောင့် ကျောင်းသားအများက ဘောလုံးပွဲတွေလာမယ့် လင်းအားကြီး အပေါ့သွားမယ့်အချိန်ကို ထကြည့်ကြရမှာပါ” ဟု အသက် ၁၅ နှစ်အရွယ် အလယ်တန်းကျောင်းသား ဟာယာတီဂျူဟာရီက ပြောကြားခဲ့သည်။
စင်ကာပူ အားကစားကျောင်းကလည်း ကျောင်းသား ၅၀၀ ခန့်ကို မနက်ခင်း လေ့ကျင့်ခန်း အစီအစဉ်များ မလုပ်ဘဲ နေနိုင်ကြောင်း ဗိုလ်လုပွဲနေ့ မနက်ကို ဖြေလျှော့ပေးခဲ့သည်။ ထို့ပြင် အဆိုပါအား/ကာသိပ္ပံ၏ ပြဇာတ်ရုံကြီးတွင် ပရိုဂျက်တာ အကြီးကြီးဖြင့် ကျောင်းသားများ ဘောလုံးပွဲစုကြည့်မည့် အစီအစဉ်ကို ပြုလုပ်ပေးထားသေးသည်။ တစ်ကျောင်းလုံး၏ ထက်ဝက်ခန့်က ဘောလုံးပွဲကို အတူတူစုပြီး ကြည့်ရှုကြမည် ဖြစ်သည်။
စင်ကာပူ၊ ဇူလိုင် ၁၁
ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးကို အာဂျင်တီးနားနှင့် ဂျာမနီတို့ ခြိမ့်ခြိမ့်သဲ ယှဉ်ပြိုင်ကြတော့မည်ဖြစ်ရာ ယင်းပွဲကို ကြည့်ရှုကြမည့် ကျောင်းသားများ အနေနှင့် နောက်တစ်နေ့ နံနက်ခင်း ကျောင်းနောက်ကျနိုင်ကြောင်း
ဘရာဇီးနိုင်ငံ ရီယိုမြို့ရှိ မာရာကာနာ အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကြမည့် ထိုပွဲသည် စင်ကာပူစံတော်ချိန်အရ မနက်သုံးနာရီတွင် စတင်မည် ဖြစ်သောကြောင့် ကြည့်ရှုမည့် ကျောင်းသားပရိသတ်များ နံနက်ခင်း အတန်းချိန်များ လွတ်သွားနိုင်ပေသည်။
စင်ကာပူ ကျောင်းတစ်ကျောင်းဖြစ်သော ဆီရန်ဂွန်း အလယ်တန်း ကျောင်းသည် နံနက် ၇ နာရီခွဲခါနီးတွင် စတင်မည် ဖြစ်သော်လည်း ဗိုလ်လုပွဲပြီး နောက်တစ်နေ့ကို နံနက် ၁၁ နာရီထိုးမှ ကျောင်းလာနိုင်ကြောင်း ကြေညာပေးထားပြီး အတန်းချိန်က ညနေမှ ပြီးတော့မည် ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းက မည်သည့်မှတ်ချက်မှ မပေးသော်လည်း မိဘအုပ်ထိန်းသူများကိုမူ ကျောင်း၏ ကျောင်းသားများကို ဂရုစိုက်တတ်သောမူနှင့်အညီ ဘောလုံးပွဲဝါသနာကြီးသော တပည့်များကို ကူညီပေးလိုသည့် သဘောဖြစ်ကြောင်း အသိပေးခဲ့သည်။ ထို့ပြင် ကျောင်းလာသည့်အချိန်တွင် မနက်စာကို ကောင်းကောင်းစားလာ စေချင်သောကြောင့် ယင်းသို့ဖြေလျှော့ ပေးရခြင်းဟုလည်း ဆိုထားသည်။ ယင်းသို့ လုပ်ဆောင်ပေးမှုသည် စင်ကာပူတွင် လူကြိုက်များလျက် ရှိကြောင်းလည်း သတင်းမီဒီယာများက ရေးသားကြသည်။
“ဆီးမီးဖိုင်နယ်ပွဲတွေနဲ့ ဖိုင်နယ်ပွဲကို အခမဲ့ထုတ်လွှင့်မှုကြောင့် ကျောင်းသားအများက ဘောလုံးပွဲတွေလာမယ့် လင်းအားကြီး အပေါ့သွားမယ့်အချိန်ကို ထကြည့်ကြရမှာပါ” ဟု အသက် ၁၅ နှစ်အရွယ် အလယ်တန်းကျောင်းသား ဟာယာတီဂျူဟာရီက ပြောကြားခဲ့သည်။
စင်ကာပူ အားကစားကျောင်းကလည်း ကျောင်းသား ၅၀၀ ခန့်ကို မနက်ခင်း လေ့ကျင့်ခန်း အစီအစဉ်များ မလုပ်ဘဲ နေနိုင်ကြောင်း ဗိုလ်လုပွဲနေ့ မနက်ကို ဖြေလျှော့ပေးခဲ့သည်။ ထို့ပြင် အဆိုပါအား/ကာသိပ္ပံ၏ ပြဇာတ်ရုံကြီးတွင် ပရိုဂျက်တာ အကြီးကြီးဖြင့် ကျောင်းသားများ ဘောလုံးပွဲစုကြည့်မည့် အစီအစဉ်ကို ပြုလုပ်ပေးထားသေးသည်။ တစ်ကျောင်းလုံး၏ ထက်ဝက်ခန့်က ဘောလုံးပွဲကို အတူတူစုပြီး ကြည့်ရှုကြမည် ဖြစ်သည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။