Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 8, 2014

နောက်ဆုံးအချိန်ထိ လူမှုရေးလုပ်ငန်းများလုပ် ဆောင်သွားသူ Paul Walker.


Mr. Magazine added 5 new photos to the album နောက်ဆုံးအချိန်ထိ လူမှုရေးလုပ်ငန်းများလုပ် ဆောင်သွားသူ Paul Walker.
မင်္ဂလာပါ။ ယခုလအတွက် Ideal Profile ကဏ္ဍကနေ မိတ်ဆက်ပေးမယ့် အနုပညာရှင် က တော့ The Fast and the Furious ဇာတ်ကား များဖြင့် ဟောလီးဝုဒ်အကျော်အမော် တစ်ဦးဖြစ် လာသူ မင်းသား Paul Walker ဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ နိုဝင်ဘာ ၃ဝ က ကားအက်စီးဒင့်ဖြင့် အသက် ၄ဝ အရွယ်မှာ ကွယ်လွန်ခဲ့သူ Paul Walker ရဲ့ သတင်းကို ပြည်တွင်းပြည်ပမီဒီယာတွေမှာ ကျယ် ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တာဖြစ်လို့ ပရိသတ်ကြီးလည်း သတိထားမိကြမယ်ထင်ပါတယ်။
ဒီသတင်းကြားရ ပြီးနောက် စာရေးသူတို့လည်း မိမိတို့ရောက်ရှိနေတဲ့ သက်တမ်းအတွင်း လူမှုပတ်ဝန်း ကျင်အပေါ် ဘယ် လိုတွေကောင်းကျိုး၊ ဆိုးကျိုးပြုခဲ့လို့ ဘာတွေက ကိုယ့်နောက်ပါနိုင်မလဲဆိုတာ ရုတ်တရက် သေဆုံး သွားသူ Paul Walker ရဲ့ ဘဝဖြတ်သန်းမှုများနဲ့ ချိန်ထိုးနှိုင်းစာကြည့်နိုင်ရန် ဒီလမှာသူ့အကြောင်း ရေးဖို့ ရွေးချယ်လိုက်ပါတယ်။ အနောက်နိုင်ငံသား များအဆိုအရ အသက် ၄ဝ မှ ဘဝစတယ်ဆိုပေ မယ့် ယခုလို ဘဝစစချင်းမှာပဲ လူ့လောကမှ ထွက် ခွာသွားသူတစ်ယောက် ဟာ သူ့ပတ်ဝန်းကျင်လူမှု အသိုင်းအဝိုင်းအပေါ် လုပ်ဆောင်သွားတဲ့ အ ထောက်အကူပြု ဖေးမမှုတွေကို အများသတိထား မိနိုင်အောင် မီးမောင်းထိုးပြရင်း ၄င်းရဲ့ Profile အကျဉ်းကို အနည်း ငယ် ဖော်ပြချင်တာပါ။ သရုပ် ဆောင်မှုအပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်ရုံမက အလှူအ တန်းများလည်း ပြုလုပ်လေ့ရှိတာကြောင့် ပရိသတ် များရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့သူ Paul Walker ကို ၁၉၇၃ စက်တင်ဘာ ၁၂ မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဂရမ်ဒဲလ်၌ မွေးဖွားခဲ့ တာဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာ ကြီးပြင်းခဲ့တဲ့ Paul ဟာ ၁၉၉၁ ခုနှစ်မှာ Sun Valley’s Village Christian School မှ အဏ္ဏဝါသိပ္ပံ ဘွဲ့ရရှိခဲ့သူ ဖြစ်ပေမယ့် မိမိဝါသနာပါရာ အနုပညာ လုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးသရုပ်ဆောင်ခဲ့တာကတော့ (အထက်တန်း ကျောင်းသားဘဝ ၁၃ နှစ် သားအရွယ်) ဟာသ ဇာတ်ကား Monster in the Closet ၌ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်အဖြစ် လုပ်ဆောင်ရာ မှာ အခက်အခဲများစွာရှိသော်လည်း အနုပညာ ဝါသနာအရင်းခံပြီး ဇွဲရှိရှိဖြင့် ကိုယ်ဝါသနာပါရာကို တစ်စိုက်မတ်မတ်လုပ်ခဲ့တာကြောင့် ၁၉၉၈ မှ ၂ဝဝဝ ခုနှစ်များမှာတော့ ဟာသမဟုတ်သည့် ဇာတ်ကားကြီးများမှာသရုပ်ဆောင်ခွင့်ရရှိခဲ့ပြီး ပရိသတ် ၏ အားပေးမှုကို ပိုမိုရရှိခဲ့ပါတယ်။ ဒီ နောက်ပိုင်း Paul ရဲ့ သရုပ်ဆောင်အရည်အချင်းတိုး တက်လာမှုများကြောင့် ရုပ်ရှင်ဇာတ်ကားကြီးများ တွင်သာမက ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင် သ ရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ရကာ စုစုပေါင်း ရုပ်သံ ဇာတ်လမ်းတွဲ ၁၂ ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၆ မှ ၁၉၈၇ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ၂၃ ပိုင်းပါ Throb ဇာတ် လမ်း တွဲကို အပိုင်းဆက်အများဆုံး ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးခဲ့ပြီး နောက်ဆုံးဇာတ်လမ်းတွဲအဖြစ် ၂ဝ၁၃ ခုနှစ်ရိုက်ကူးခဲ့သည့် Shark Week ဇာတ်လမ်း တွဲကိုလည်း ရိုက်ကူးခဲ့ပါတယ်။
ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်လာနိုင်မှုများကြောင့် ၂ဝဝ၁ ခုနှစ်မှာ မင်းသားကြီး Vin Diesel ရိုက်ကူးတဲ့ အက်ရှင် ပြိုင်ကား The Fast and the Furious ဇာတ် ကားမှာ အဓိက ဇာတ်ကောင် တစ်ဦးအဖြစ် စတင် သရုပ်ဆောင်ခွင့်ရရှိခဲ့ကာ ၄င်းဇာတ်ကားနှင့်အတူ ကမ္ဘာကျော်မင်းသားအဖြစ် ရပ်တည်နိုင်ခဲ့သည့်အ ပြင် Hollywood Breakthrough Award ဆုပေးပွဲတွင် အမျိုးသား ဇာတ်ဆောင်ဆုကို ဆွတ် ခူးနိုင်ခဲ့ပါတယ်။ ၂ဝဝ၁ ခုနှစ်မှ ကွယ်လွန်ချိန် ၂ဝ၁၃ ခုနှစ်အထိ ကာလတစ်လျှောက်ဟာ Paul ရဲ့ အနုပညာလောကအတွက် ရွှေရောင်လွှမ်းသော အချိန်များဖြစ်ခဲ့ပြီး ကမ္ဘာကျော် ဟောလီးဝုဒ်ဇာတ် လမ်းများတွင် အဓိက သရုပ်ဆောင်အဖြစ် သရုပ် ဆောင်ခွင့်များရရှိခဲ့ကာ စတင်အောင်မြင်ခဲ့သည့်The Fast and the Furious ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်ကားများတွင်လည်း နာမည် ကျော်မင်းသားများနှင့်အတူ သရုပ်ဆောင်နိုင်ခဲ့ပါ သည်။ ၂ဝ၁၃ မှာ တတိယမြောက် ဝင်ငွေအများ ဆုံးရရှိခဲ့တဲ့ The Fast and the Furious 6 ဇာတ်ကား၏ နောက်ဆက်တွဲ The Fast and the Furious 7 ဇာတ်ကားကို ရိုက်ကူးလျက်ရှိချိန်၊ တစ်ပြိုင်တည်းမှာပဲ Hitman ရုပ်ရှင်ထုတ်လုပ်ရေး မှ ရိုက်ကူးမည့် Agent 47 ဇာတ်ကားအတွက် သရုပ်ဆောင်ခွင့်ကိုလည်း လက်ခံထားချိန်မှာ မထင် မှတ်ဘဲ ရုတ်တရက်ကားတိုက်မှုဖြင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
အနုပညာလောကမှာ အောင်မြင်မှုများရရှိလာ သည်နှင့်အမျှ စိတ်ရင်းကောင်းပြီး လူသားချင်းစာနာ ထောက်ထားမှုစိတ်ဓာတ်အပြည့်ရှိသည့် မင်းသား Paul ဟာ အများက လေးစားအားကျေ လာက် သည့် အလှူအတန်းများကို ပြုလုပ်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အစောပိုင်းကာလများက ပြုလုပ်ခဲ့ သော အလှူအတန်းများကို ပရိသတ်များမသိရှိခဲ့ သော်လည်း ၂ဝ၁ဝ ၌ ဟေတီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ၈.၈ မတ်ဂနီကျူအဆင့်ရှိအင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်သင့် ပြည်သူ များကိုလူသားချင်းစာနာထောက်ထား မှုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် Paul ကိုယ်တိုင် ဟေတီသို့သွားရောက်ပြီး ကိုယ်အားစိတ် အားအပြည့် ဖြင့် အကူအညီ များပေးအပ်ခဲ့ပါတယ်။ ဒီလိုသွားရောက်ကူညီခြင်းကပဲ ၂ဝ၁ဝ ဇန်နဝါရီမှာREACH OUT Worldwide(ROWW) Charity ဟု အမည်ပေးထားသည့် အသင်းအဖွဲ့ ကို ထူထောင်ပြီး သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခရောက်နေသူများကို ကယ်တင်ဖို့အတွက် Paul ကို တွန်းအားတစ်ရပ်ဖြစ်စေ ခဲ့ပါတယ်။REACH OUT Worldwide (ROWW) အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်သည့် နေရာများသို့ ၄၈ နာရီမှ ၇၂ နာရီအတွင်း သွား ရောက်အကူအညီပေး အပ်နိုင်ရေးဖြစ်တယ်လို့ ၄င်း တို့ရဲ့ Official Web Page မှာ ဖော်ပြထားပါ တယ်။ ဒီအဖွဲ့ကို စတင်တည်ထောင်တဲ့ ၂ဝ၁ဝ မှာပဲ ချီလီနိုင်ငံအတွင်း ငလျင်လှုပ်ခဲ့ရာ ၄င်းကြောင့် ဖြစ် ပေါ်ခဲ့တဲ့ ငလျင်ဘေးအန္တရာယ်သင့်ဒေသများသို့ သွားရောက်ကယ်တင်ကူညီမှုများပြုလုပ်နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် Paul က မိမိ၏ မတည်အလှူငွေ အပြင် အခြားသူများ၏ အလှူငွေများပါ ပါဝင်နိုင် အောင်လူမှုကွန်ယက်ဝက်ဘ်ဆိုဒ် များမှတစ်ဆင့်Message ဖြန့်ဝေကာ ပရိသတ်များကို လှူဒါန်းမှု တွင် ပါဝင်လာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ ဒီလို လူမှုကူညီရေးလုပ်ငန်းများ ဆောင် ရွက်လျက် ဘဝ ကို ပျော်ရွှင် စွာ ဖြတ်သန်းနေတဲ့ Paul ဟာ ၂ဝ၁၃ နိုဝင်ဘာ ၃ဝ မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့၌ ကျင်းပတဲ့ ဖိလစ်ပိုင်မုန်တိုင်း ရန်ပုံငွေပွဲသို့ သွားရောက်ရာမှာ ကားအက် ဆီးဒင့် အဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။Roger Rodus အမည်ရှိ မိတ်ဆွေတစ်ဦး မောင်းနှင်တဲ့ Porsche 911 GT ပြိုင်ကားကို မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် လမ်းဘေးရှိ ဓာတ်တိုင် တစ်တိုင် အား ဝင်တိုက်မိရုံမက သစ်ပင်နှစ်ပင်ကိုလည်း ဆက်တိုက်မိကာ ကားတစ်စီးလုံး မီးလောင်ကျွမ်း ပျက်စီးပြီး နှစ်ဦးလုံးကွယ်လွန်ခဲ့ရရှာပါတယ်။ Paul ရဲ့ သေဆုံးမှုသတင်းဟာ သူ့မိသားစု ဝင်များကိုသာ မက ပရိသတ်များနှင့် လုပ်ဖော်ကိုင်ဖက်များကိုပါ များစွာ ကြေကွဲဝမ်းနည်းစေခဲ့သလို မရေတွက်နိုင် တဲ့နာရေးကြေကွဲမှုအမှတ်တရပန်းစည်းများ၊ လက်ဆောင် ပစ္စည်းများဟာလည်း တစ်ပုံတပင်ဖြစ် လို့နေပါတယ်။ ပရိသတ်က သူတို့ရင်ထဲမှာ Paul ကို ဘယ်လောက်အတိုင်းအတာထိ အမှတ်ရနေကြ မယ်ဆိုတာ ပြသခဲ့ကြသလိုပဲ မိသားစုဝင်များက လည်း ပရိသတ်ကို ပြန် လည်အားပေးနှစ်သိမ့် စကားများ ပြောကြားကြပြီး အမှတ်တရပန်းစည်း၊ လက်ဆောင်များထားရှိကြမယ့်အစား Paul တည် ထောင်သွားတဲ့REACH Out Worldwide (ROWW) Charity အဖွဲ့အစည်းကို ဝိုင်းဝန်း ပံ့ပိုးလှူဒါန်းကြခြင်းဖြင့် ပိုမိုထိရောက်တဲ့ လုပ် ဆောင်ချက်များ ဖြစ်ပေါ်စေမယ်လို့ တိုက်တွန်းခဲ့ ပါတယ်။ Ellen Degeneres အမည်ရှိ ရုပ်သံ အစီအစဉ်တင်ဆက်သူ အမျိုးသမီး ကတော့ Paul ရဲ့ နာရေးကိုအကြောင်းပြုလို့ ROWW Charity အဖွဲ့အစည်းသို့ ဒေါ်လာတစ်သောင်း စတင်လှူဒါန်း ခဲ့ပါတယ်။
သရုပ်ဆောင်အလုပ်စတင်လုပ်ဆောင်စဉ်က အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပရိသတ် အားပေးမှုရရှိလာတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ကတည်းက အလှူအတန်းများမှာ လက် မတွန့်ခဲ့တဲ့ Paul ဟာ သူ့ဘဝရဲ့ နောက်ဆုံးချိန်အ ထိလူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်သွားခဲ့ သူတစ်ဦးဖြစ်ရုံမက ကျန်ရစ်သူများကိုလည်း လူ သားချင်း ကူညီထောက်ပံ့မှုများ လုပ်တတ်လာ အောင် သင်ပြပေးသွားသူတစ်ဦးဆိုလည်း မမှားပါ ဘူး။ စာရေးသူတို့သည်လည်း ဘယ်အချိန်၊ ဘယ် နေရာမှာဘယ်လိုပုံစံမျိုးနဲ့ လူ့လောကမှ ထွက်ခွာရ မလဲဆိုတာ မသိနိုင်ကြ တာဖြစ်လို့ ရှင်သန်စဉ်ကာလ တစ်လျှောက်မိမိနဲ့ မိမိပတ်ဝန်းကျင်အား အကျိုးရှိ စေမည့် တစ်စုံတစ်ရာကို အချိန်မဆွဲ၊ နေရာမရွေး ဘဲ တတ်နိုင်သလောက် ပြုလုပ်ကြဖို့ လိုအပ်တယ် မဟုတ်ပါလား။ဒါကြောင့် ကွယ်လွန်သူ Paul ရဲ့ လူမှုကူညီရေးလုပ်ဆောင်ချက်များကို ဂုဏ်ပြုဖော် ပြရင်း မိမိတို့လည်း အောင်မြင်မှုအသီးသီးရလာချိန် မှာ အများကောင်းကျိုးအတွက် တစ်တပ်တစ်အား ပါဝင်ေ ဆာင်ရွက်ကြပါစို့လို့ အကြံပြုရင်း ဒီလရဲ့Ideal Profile ကဏ္ဍလေးကိုအဆုံးသတ်လိုက်ရ ပါတယ်။
Diamond(SMM)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။