TechSpace Journal
Facebook Look Back ဗီဒီယိုများကို အသုံးပြုသူများ မကြာမီ Edit လုပ်နိုင်တော့မည်
====================================
====================================
Facebook ၏ ၁၀ နှစ်မြောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် Facebook အသုံးပြုသူများ၏ History များကို ဗီဒီယိုဖိုင်ဖြင့် ကြည့်ရှု နိုင်ရန် Look Back ဟူသည့် Facebook App အသစ်ကို ထုတ်လွှင့်ပေးခဲ့သည်။ အဆိုပါ Look Back ကို Facebook အသုံးပြုအများ နှစ်ခြိုက်စွာ အသုံးပြုခဲ့ကြသည်။ ယခုအခါတွင် Look Back ဗီဒီယိုဖိုင်ကို Share လုပ်နိုင်ရုံသာ ရှိသေးသည်။
မကြာမီကာလအတွင်း အဆိုပါ ဗီဒီယိုဖိုင်ကို ပြုပြင်နိုင်ဖို့ Editing Tool ကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း Editing Tool ဖြင့် ဗီဒီယိုအတွင်း ထည့်သွင်းလို သည့် ဓာတ်ပုံများကို ကိုယ်တိုင်
ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Editing Tool နှင့်ပတ်သက်၍ Facebook မှ “Look Back ဗီဒီယိုဖိုင်ကို ကိုယ်တိုင်ပြုပြင်နိုင်စေဖို့ Edit Feature တစ်ခုကို အသုံးပြု သူတွေ မကြာခင်မှာ ထိတွေ့ခွင့်ရတော့မှာပါ။ ဒီလို ပြန်လည်ပြုပြင်လိုက်တဲ့ ဖိုင်တွေကိုလည်း Share လုပ်နိုင်ပါဦးမယ်။ ဒါပေမယ့် ဗီဒီယိုရဲ့ ကြာချိန်ကိုတော့ ချိန်ညှိနိုင်ဦးမှာ မဟုတ်ဘူး” ဟု အတည်ပြုပြောကြားလိုက်သည်။
Look Back Feature ကို စမ်းသပ်အသုံးပြုလိုသူများအနေဖြင့်https://www.facebook.com/lookback ကို Facebook အကောင့်ဖြင့် ဝင်ရောက်ကာ စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်သည်။
Ref : Techcrunch
----------------------------------------
May Thazin (TSJ Team)
----------------------------------------
May Thazin (TSJ Team)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။