Pho Thu Taw
ဆေးလိပ်အခွန်သုံးဆကောက်ခံခြင်းဖြင့် လူသန်းပေါင်းနှစ်ရာကို အရွယ်မတိုင်မီသေဆုံးခြင်းမှ တားဆီးနိုင်
ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်ခွန်အား သုံးဆ ပြုလုပ်လိုက်ခြင်းသည် အဆုတ်ကင်ဆာနှင့် အခြားရောဂါ များကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်းမှ လူသန်းပေါင်း၂၀၀ကို တားဆီးပေးနိုင်မည်ဖြစ်ကြောင်း သုသေတနသမားများက ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။
စီးကရက်တစ်လိပ်ခြင်းစီတွင် အခွန်အများအပြား ကောက်ယူ လိုက်ခြင်းက ဈေးပေါသည့်ဆေးလိပ်များကို ပြောင်းသောက်မည့် အစား လုံးဝပြတ်သွားခြင်းကို ပိုဖြစ်စေနိုင်ပြီး လူငယ်များကိုလည်း ဆေးလိပ်စွဲခြင်းမှ ရပ်တန့်ရန် ကူညီပေးမည်ဖြစ်ကြောင်း ဆေးပညာဆိုင်ရာ New England ဂျာနယ်၏ သုတေသနလေ့လာချက် တစ်ခုတွင် အင်္ဂလန် ကင်ဆာ သုသေတန(CRUK)မှ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အဆိုအရ ဆေးလိပ် သောက်သုံးခြင်းကြောင့် တစ်နှစ်လျှင် လူ ၆ သန်း သေဆုံးနေပြီး ဆေးလိပ်သောက်သုံးမှုနှုန်းကို တားဆီးရန်မလုပ်ဆောင်ပါက ၂၀၃၀၌ တစ်နှစ်လျှင် ၈သန်းအထက်သို့ ရောက်လာနိုင်သည် ဟုဆိုသည်။

ဈေးပေါသော ဆေးလိပ်များကို လွယ်လွယ်ကူကူရနိုင်သည့် အဆင်းရဲဆုံး နိုင်ငံများနှင့် လူလတ်တန်းစားများသည့် နိုင်ငံများတွင် ဆေးလိပ်ခွန် အလွန်တိုးမြှင့်လိုက်ခြင်းက အထူးထိရောက်မည် ဖြစ်ကြောင်း သုတေနအား ဦးဆောင်ခဲ့သူ CRUKမှ ရောဂါဗေဒပညာရှင် ရစ်ချတ်ဗီတိုက ပြောကြားခဲ့သည်။
ဆေးလိပ်သောက်သူများသည် ပုံမှန်ထက် ၁၀နှစ်ခန့် အသက်တိုကြပြီး အသက် ၄၀ မတိုင်မီ ဆေးလိပ်ဖြတ်ပါက ကျန်းမာရေးဆုံးရှုံးနိုင်မှုကို ၉၀ရာခိုင်နှုန်းခန့် ရှောင်ရှားနိုင်ပြီး အသက် ၃၀ မတိုင်မီ ရှောင်ရှားပါက ၉၇ ရာခိုင်နှုန်းခန့် ရှောင်ရှားနိုင်မည်ဖြစ်သည်။
လာမည့်ဆယ်စုနှစ်အတွင်း အခွန်တိုးမြှင့်ခြင်းကြောင့် ဆေးလိပ်ဈေးနှုန်းများ နှစ်ဆဖြစ်လာခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ ဆေးလိပ်သောက်သုံးမှုကို သုံးဆခန့် လျှော့ချနိုင်ပြီး တစ်ချိန်တည်းမှာပင် ဆေးလိပ်မှရရှိသော အစိုးရများ၏နှစ်စဉ်ဝင်ငွေသည် ဒေါ်လာသန်းထောင်ပေါင်း ၃၀၀ မှ ၄၀၀ ထိ သုံးဆခန့် မြင့်တက်သွားမည်ဖြစ်ကြောင်း CRUK၏သုသေတန က တွေ့ရှိခဲ့သည်။
ဆေးလိပ်သောက်သုံးခြင်း၏ အကြောင်းနှင့်အကျိုးကို နိုင်ငံအမြောက်အများတွင် လေ့လာထားသော စာတမ်း ၆၃ ခုဖြင့် ထိုသုသေတနကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆေးလိပ်သောက်သုံးခြင်း၏ အကြောင်းနှင့်အကျိုးကို နိုင်ငံအမြောက်အများတွင် လေ့လာထားသော စာတမ်း ၆၃ ခုဖြင့် ထိုသုသေတနကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖိုးသူတော် phothutaw.com
http://www.phothutaw.com/2014/02/blog-post_1287.html
http://www.phothutaw.com/2014/02/blog-post_1287.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။