BBC Burmese
အချစ်ချင်းပြိုင်ရင် ဘယ်သူနိုင်မလဲ
ဒီမှာ မိတ်ဆွေ … ချစ်ရတာ ပျော်စရာ မကောင်းဘူးလား။
ပျော်စရာကောင်းတဲ့ မိတ်ဆွေတို့ ချစ်သူနှစ်ယောက်ရဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေ၊ အချစ်ဇာတ်လမ်းလေး အကြောင်းကို ချစ်သူများနေ့ Valentine’s Day မှာ ဘီဘီစီရေဒီယိုနဲ့ Facebook တွေကနေ ထုတ်လွှင့်ပေးမယ်ဆိုရင် ပိုလို့တောင် ပျော်စရာ၊ အမှတ်ရ စရာလေး ဖြစ်မသွားနိုင်ဘူးလား။
ဒီတော့ ကိုယ့်ရဲ့ စိတ်ဝင်စားဖွယ်၊ ပျော်ရွှင်မြူးတူးဖွယ်၊ ချစ်ခင်နှစ်သက်ဖွယ်၊ ထိခိုက်ခံစားဖွယ် ဇာတ်လမ်းလေးတွေ ရှိရင် ဘီဘီစီကို ရေးသားပေးပို့ နိုင်ပါတယ်။
ဘီဘီစီကို ပေးပို့တဲ့ ဇာတ်လမ်းလေးတွေထဲကနေ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်လမ်းတချို့ကို ရွေးပြီး ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်လွှင့်တင်ဆက်ပေးမှာပါ။
ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့ကိုလည်း ထည့်သွင်း ရေးသားပေးပို့စေလိုပါတယ်။
ဘီဘီစီကို အီးမေးလ်နဲ့ ဆက်သွယ်မယ်ဆိုရင် burmese@bbc.co.uk ဒါမှ မဟုတ် bbcburmese@gmail.com ကနေဖြစ်ဖြစ်၊ Facebook ကနေ ဆိုရင်တော့ BBC Burmese ရဲ့ ''Message'' ဆိုတဲ့ နေရာကနေ ရေးသားပေးပို့နိုင်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။