ဟာသ
**ရှင့်ကြက်ဥ**
မြောက်ဒဂုံကားမှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသမီး တစ်ဦးသည် လူပြည့်ကျပ်နေသည့် ဟီးနိုးလိုင်းကားပေါ်သို့
အတင်းတိုးဝှေ့ ၍ လိုက်လာလေသည်။
မတ်တပ်ရပ်လျက် စီးနေကြသော ခရီးသည် ယောက်ကျား များကိုလည်း ပါးစပ်မှအော်ပြောနေ၏။
"သတိထားစီးကြနော်။ကြက်ဥတွေ ကွဲကုန်လိမ့်မယ်....ကျမဘက်ကိုမတိုးကြနဲ့..."
ထိုအခါ ယောက်ကျားကြီးတစ်ယောက်က မကျေမနပ် ဒေါသတကြီးနဲ့ ပြန်မေးလိုက်သည်။
" ကြက်ဥတွေပါ၇င်လည်း ဒီလောက်ကြပ်တဲ့ကားကို ဘာလို့များ တိုးစီးလာရသေးလဲ...တခြားကားစီးပါလားဗျ.."
ထိုအခါ အမျိုးသမီး ပြန်ပြောလိုက်တာက.....
"ကြက်ဥ တွေမဟုတ်ဖူးရှင့်။အိတ်ထဲမှာ အိမ်ရိုက်သံတွေပါလာလို့ ပါ။စေတနာနဲ့ပြောတာ"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။