Myanma Spectrum
ညညချောင်းဆိုးလျှင် ဘာလုပ်သင့်လဲ
6-2-2014
လည်ချောင်း ယားပြီး ချောင်းဆိုး ခြင်းဟာ နေ့ခင်းဘက်မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာ ပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့ အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့ စိတ်က ကြီးစိုး နေပါတယ်။
ဒါပေမယ့် အချိန်မတော် တစ်ရေးနိုးထပြီး ချောင်းတ ဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့် အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန် စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ညမအိပ်ခင် လည်ချောင်း မယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက်များက သင့်ပြဿနာကို အလွယ်တကူ ဖြေရှင်း ပေးနိုင် ပါလိမ့်မယ်-
မအိပ်ခင် ရေနွေးကြမ်း ပူပူလေးထဲ ပျားရည် ထည့်သောက်ပါ (နွယ်မျက် သစ်ပင် ဆေးဖက်ဝင် သတဲ့) မအိပ်ခင် လည်ချောင်းထဲရှိ ချွဲတွေ ရှင်းနေစေရန် ရေနွေးကြမ်းပူပူ လေးထဲကို ပျားရည် ထည့်သောက် ပေးပါ။ လက်ဖက်လို ကဖင်းပါတာကို မသောက်ချင်ဘူး ဆိုရင် ပူဒီနာလို မွှေးမြမြ ရနံ့ကောင်းတဲ့ အရွက်လေးသောက်၊ ဒါမှမဟုတ် ပင်စိမ်းရွက်လေး တွေဖြစ်စေ ခတ်သောက် ပေးနိုင်ပါတယ်။ ၄င်း ပူဒီနာရွက်နဲ့ ပင်စိမ်းရွက် လေးတွေဟာ ခံတွင်း ရှင်းစေသလို၊ လည်ချောင်း တစ်လျှောက်ရှိ ကလာပ် စည်းများထဲမှ ချွဲတွေကင်းစင်သွား အောင်လည်း ကူညီ ပေးနိုင်ပါတယ်။
ပျားရည်ကတော့ အရောင်အရမ်း လျော့ကျစေကာ ချွဲသလိပ်တွေ ကြေ စေပါတယ်။ ဘာမှမရှိရင်တောင် ရေနွေး ပူပူလေးထဲကို ဆားခတ်ပြီး ပလုတ် ကျင်းပေးပါက အရောင်အရမ်းကျစေလို့ အသက်ရှူ လမ်းတစ်လျှောက် ချွဲတွေ ဖြိုခွဲပစ် နိုင်ပါတယ်။ ပူဒီနာရွက် သို့မဟုတ် ပင်စိမ်းရွက်ကို ဝါးစားနိုင် ပါက ပိုပြီးအိပ်ပျော်စေနိုင်တဲ့ သတ္တိရှိလို့ အိပ်ရေး မပျက် စေနိုင်ပါ။ ချောင်းဆိုးလည်း သက်သာ၊ အိပ်လို့လည်း ကောင်းစေ ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။