8 DAYS A WEEK ENTERTAINMENT
ချစ်မေတ္တာရဲ့သူရဲကောင်း
=====================================
ပြက္ခဒိန်ကိုကြည့်ရင် လူငယ်တွေ ရင်ခုန်တဲ့ ဖေဖော်ဝါရီ ၁၄ မတိုင်ခင် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ နေ့ရက်တွေရှိပါတယ်။ ဖေဖော်ဝါရီ ၁၂ ဆိုတာ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ပေါင်းစည်းညီညွှတ်မှု အထိမ်းအမှတ် သင်္ကေတ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၃ က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင်ဗိုလ် ချုပ်အောင်ဆန်းရဲ့ မွေးနေ့၊ ဒီနေ့လေးတွေကိုလည်း လူငယ်တွေ အမှတ်တရရှိစေချင်ပါတယ်။ တကယ်တော့ ဒီ Valentine’s Day ဆိုတာကို စာရေးသူထက် ပိုမိုသိထားတဲ့ စာဖတ်သူများရှိနေနိုင်သလို မသိသေးတဲ့ သူတွေဆိုရင်လည်း Valentine’s Day ဆိုတာ ဘယ်လို ဖြစ်လာတယ် အဓိပ္ပာယ် ဘယ်လို ရှိတယ်ဆိုတာလေးတွေ သိစေချင်ပါတယ်။
တကယ်တော့ ဖေဖော်ဝါရီ ဆိုတာ အဖြူရောင်နှင်းတွေ အစွမ်းကုန်ကျတဲ့လ (ရန်ကုန်မှာတော့ သာမန်ထက် နည်းနည်းပိုအေးတဲ့ လပေါ့) ဟေမာန်တ ကုန်ခါနီးလို့ ဂိမ္မာန်နွေကိုကြိုတဲ့လ၊ ချစ်တတ်သူ တိုင်းအတွက် ရင်ခုန်စိတ်လှုပ်ရှားမှု တွေရှိတဲ့လလေးပါ။ အဲဒီ ဖေဖော် ၀ါရီ ၁၄ ကို ဘာကြောင့် Valentine’s Day လို့ဆိုလဲ ပါးစပ် ရာဇ၀င် အမျိုးမျိုးလွဲနေပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရောက်တိုင်း ကမ္ဘာအနှံ့မှာရှိတဲ့ ချစ်သူစုံတွဲတွေက တစ်ယောက်နဲ့ တစ်ယောက် ချစ်သက်သေလက်ဆောင်အဖြစ် သကြားလုံး၊ ချောကလက်၊ ပန်းစည်းနဲ့ တခြားသော ပစ္စည်းတွေပို့ကြပါ တယ်။ ဖေဖော်ဝါရီက အချစ်တွေ ထုံမွှမ်းတဲ့ လလို့တောင် ပြောလို့ ပါတယ်။ ဒါပေမဲ့ သူတော်စင် Valentine နဲ့ ပတ်သက်လို့တော့ သိသူရှားပါးမယ်ထင်ပါတယ်။ Valentine နဲ့ ပတ်သက်လို့ ဘယ်လိုပင် ပါးစပ် ရာဇင်ဝင်အမျိုးမျိုးရှိပေမယ့် တူညီတဲ့ အမှန်တရားတစ်ခုက အကြင် နာကရုဏာ တရားရှိမှု၊ သူရဲကောင်း ပီသမှု ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတွေ ပါဝင်နေတာတော့ အထင်အရှားပဲဖြစ်ပါတယ်။
Valentine ဆိုတာဘယ် သူလဲ
သူက ရောမခေတ်တုန်းက ဘုန်းတော်ကြီးတစ်ပါးပါ။ St. Valentine လို့ အမည်တွင်ပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်ခ် ၂ ဟာ စစ်ပွဲတွေ အမြဲတိုက်ပြီး နယ်ချဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့တိုင်း ပြည်က ယောက်ျားတွေကတော့ စစ်ပွဲတွေ ဆက်မတိုက်ချင်တော့ပဲ ဇနီး၊ သားသမီး၊ မိသားစုတွေနဲ့ပဲ နေ ထိုင်လိုပါတော့တယ်။ ဒါပေမဲ့ ကလောဒီးယပ်ခ်က ဒီလို အိမ်ထောင် ပြုတာဟာ ယောက်ျားတွေရဲ့ စစ် တိုက်ချင်စိတ်ကို ဟန့်တားတယ်လို့ တွေးပြီး တစ်နိုင်ငံလုံးက အရွယ် ရောက်လူငယ်တိုင်းလိုလိုကို အိမ် ထောင်မပြုဖို့ အမိန့်ထုတ်ပါတယ်။ ဒါဟာ လူငယ်တွေ အဖို့တော့ ရက်စက်တဲ့ အမိန့်တစ်ခုပါပဲ။ အဲဒီ ဥပဒေကို ဆန့်ကျင်တဲ့ ဘုန်းတော်ကြီး တစ်ပါးပေါ်လာပါတယ်။ သူက လက်ထပ်ပွဲတွေမှာ ကောင်းချီးပေးတဲ့ ဘုန်းကြီးဖြစ်ပြီး ဘုရင်တားမြစ် ထားတဲ့ကြားက လက်ထပ်ပွဲတွေကို သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ သတို့သား သတို့သမီး မင်္ဂလာ မောင်နှံနဲ့ သုံးယောက်သား သိုသို သိပ်သိပ် ကျင်းပကြပါတယ်။ တစ် နေ့မှာတော့ အဲဒီ သတင်းပေါက် ကြားပြီး မင်္ဂလာပွဲကျင်းပတဲ့ အခန်း ထဲ ၀င်ရောက်ဖမ်းဆီးကြတဲ့အခါ မင်္ဂလာမောင်နှံလွတ်မြောက်သွား ပေမယ့် ဘုန်းတော်ကြီးက အဖမ်းခံ ရပြီး သေဒဏ်ပေးခံရပါတယ်။ အဲဒီ ဘုန်းတော်ကြီးက St. Valentine လို့ ခေါ်ပါတယ်။
Valentine ထောင်ထဲမှာရှိစဉ်မှာ လူငယ်လေးတွေက ထောင်ကို လာတွေ့ပြီး ပန်းတွေပေး၊ မှတ်စုတို တွေလေးတွေရေးကြပါတယ်။ အဲဒီထဲမှာ ထောင်မှူးကြီးရဲ့ သမီးလည်း ပါဝင်ပါတယ်။ ထောင်မှူးကြီးရဲ့ ခွင့် ပြုမှုကြောင့် သူ့အခန်းထဲမှာ စကားတွေ အများကြီးပြောခွင့်ရပါတယ်။ Valentine သေခါနီးမှာ ထောင်မှူး ကြီးရဲ့သမီးအတွက် သူ့ရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှုတွေကို ကျေး ဇူးတင်တဲ့ အနေနဲ့ For your Valentine ဆိုတဲ့ စာတိုလေးတစ် စောင်ထားခဲ့ပါတယ်။ အဲဒီစာတို လေးက ယနေ့ချစ်သူတွေကြား ပေးပို့တဲ့ လက်ဆောင်တွေမှာ အသုံးပြု နေပါတယ်။ Valentine ကတော့ အေဒီ ၂၆၉ ဖေဖော်ဝါရီ ၁၄ ရက် မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ပြီးနောက် သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ Valentine’s Day ဆိုတာ ပေါ်ပေါက်လာတယ်လို့ မှတ်သားဖူး ပါတယ်။
Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံမှာ အတော်လေးရေးပန်းစားသလို အယူအဆလည်း အမျိုးမျိုးကွဲပါတယ်။ ဒါေ မဲ့ Valentine လက်ဆောင် စတင် တီထွင်သူကတော့ အမေရိကန်နိုင်ငံသား အက်သာအပ်ဟောင်လန် ဆိုသူဖြစ်ပါတယ်။ ကမ္ဘာမှာ လက်ဆောင်ပစ္စည်းပေးပို့တာဟာ ခရစ်စမတ်ပြီးရင် Valentine လက်ဆောင်က အများဆုံးလို့ အမေရိကန် စစ်တမ်းတစ်ခုကဆိုထားပါတယ်။ Valentine လက်ဆောင် အများဆုံးဝယ်တာက အမျိုးသမီး တွေဖြစ်လို့နေပြန်တယ်ဆိုတော့ ပို ချစ်တတ်သူက မိန်းမတွေများဖြစ် နေမလားလို့ တွေးမိပြန်ပါတယ်။
ယနေ့ခေတ်မှာတော့ Valentine’s Day ဆိုတာ အနောက် ဥရောပတင်မဟုတ်ဘဲ အာရှနိုင်ငံ တော်တော်များများထိ ပျံ့နှံ့လို့လာ ခဲ့ပါပြီ။ ချစ်တတ်သူတိုင်း ဆင်နွှဲနေ ကြပါပြီ။ ဖေဖော်ဝါရီ ၁၄က ချစ် တတ်သူတိုင်းအတွက် ရင်ခုန်ဆွတ် ပျံ့ဖွယ်နေ့လေးတစ်နေ့ဖြစ်နေခဲ့ပြီ။ သူတော်စင် Valentine ဆီက ပေါက်ဖွားလာတဲ့ ဒီနေ့လေးက လူ သားတွေရင်ထဲမှာ အချစ်ရှိနေ သရွေ့ ထာဝရတည်မြဲနေနိုင်မယ့် ရက်စွဲလေးအဖြစ် ရှိနေတော့မှာသေ ချာပါတယ်။ ဘာပဲဖြစ်ဖြစ် အချစ်ဆို တာ လူတစ်ယောက်ကို နူးညံ့မှု နွေးထွေးမှုရစေတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ အားလုံးပဲ ဖေဖော် ၀ါရီ ၁၄ မှ မဟုတ်ဘဲ နေ့တိုင်းကို အချစ်စစ်စစ်များနဲ့ ဖြတ်ကျော်နိုင်ပါ စေ..။ __________ Charcoal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။