We Love Music
ကိုထီး(စိုင်းထီးဆိုင်)ကွယ်လွန်ခြင်း ၆နှစ်ပြည့် အမှတ်တရ
(စီစစ်ရေးက မျက်စိမှောက်သွားပုံရတဲ့ ဒီသီချင်းကို လူထုလက်ဝယ် အောင်မြင်စွာ အရောက်ပို့ပေးနိုင်ခဲ့ပေမယ့် ခံလိုက်ရတဲ့ စစ်စစ်ရေးက ဒုတိယအကြိမ် ဒီသီချင်းကို ကိုထီးကိုပြန်လည် သီဆိုခွင့်မပေးတော့ဘူးလို့ထင်ပါတယ်
ကိုထီးပြန်ဆိုတာမတွေ့ရသလို ၂၀၀၉ခုနှစ် ဧပြီလထုတ် (စိုင်းခမ်းလိတ်၏ သီချင်းများ)ဆိုတဲ့ စာအုပ်ထဲမှာလည်း ပါမလာတော့ပါဘူး ၁၉၇၅တုန်းက တကြိမ်သာ လူထုလက်ဝယ်ရောက်ရှိခဲ့တဲ့ ဒီသီချင်းဟာ နှစ်ပေါင်းလေးဆယ်ကြာညောင်းခဲ့တဲ့တိုင် လူထုရင်ထဲမှာ ဆွဲထင်နေဆဲဖြစ်ရတဲ့ အကြောင်းက ဒီနေ့မျက်မှောက်ခေတ်ထိတိုင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေဆဲ အခြေအနေတွေကို ထင်ဟပ်ချယ်မှုန်းထားတဲ့ ထားဆဲ သီချင်းတပုဒ်ဖြစ်နေလို့ပဲ မဟုတ်ပါလား....ဒီနေ့ ပြည်ထောင်စုအတုနေ့ ကိုထီးအမှတ်တရအဖြစ် ဖေါ်ပြလိုက်ပါတယ်....သီချင်းအမည်က
'အိပ်မပျော်သော ညများ'
ငါ့အိမ်မှာ ရောက်လို့နေတယ် ဘီလူးတောင်ရှုံးမယ့် ဧည့်သည်တွေပဲ မခံမရပ်နိုင်အောင် ငါ့အခန်းထဲမှာ ကျူးကျော်အိပ်စက်ဖျက်နေအသဲ ခြံမြေမှာ ထွက်တဲ့ အသီးအနှံသူယူတယ် ရင်နာမျက်ရည်ယိုစီးရင်းလေ ယနေ့တိုင်ကျနေဆဲ ပူလောင်မျက်ရည် ဘယ်တော့ ဆဲမယ် အမြဲပင် တွေးပူတယ်
ကိုယ့်အိမ်ကို ရောက်လို့လာရင် အခွင့်ရယ်တောင်းမှ အထဲဝင်နိုင်တယ် စကားကိုတောင်ကွယ် တိုးတိုးနဲ့သာ ညမှောင်မိုက်မှ ပြောမဆိုရဲတယ် ရင်နာစရာတွေနဲ့ ပြည့်ကာနေပေမယ့် အမှန်တရားတွေ ဖွင့်ပြောမရပါ ယနေ့တိုင် ဖုံးကွယ်ဆဲ နာကျင်မှုတွေ မျိုသိပ်လို့ရယ် အတွင်းမှာ ပြင်းထန်မြဲ
CHO:(နာကျင်မှုတွေ ဘယ်တော့ ပျောက်မယ် ပူပင်မှုတွေ ဘယ်တော့ ကင်းမယ် ပူလောင်မျက်ရည် ဘယ်တော့ဆဲမယ် တွေးကာ တွေးကာရယ် တမိုး သာသောက်သော်လည်း)
*(ရင်နာမျက်ရည် ယိုစီးရင်းကွယ် အတွေးဝယ် မြောနေဆဲ)၂
ညအချိန်သာ ရောက်လို့လာတယ် မထူးပါ ညလည်း နေ့လိုပါပဲ ကြုံခဲ့တာတွေ မျက်စိထဲဝယ် တွေ့မြင်လွန်းလို့ စိတ်အစဉ်မှာဆွဲ ပျော်ချင်ပေမယ့်လည်း အတွေးတွေဝင်လာရင် ပျော်ရွှင်မှုတွေ လေရိုင်းနဲ့အတူ လွင့်ကာ ပျောက်ကွယ်မြဲ ပူပင်မှုတွေ မျိုသိပ်လို့ရယ် အတွင်းမှာ ကျွမ်းလောင်မြဲ (CHO)*

စိုင်းခမ်းလိတ်/စိုင်းထီးဆိုင်The Wild Ones
(အိပ်မပျော်သော ညများ) ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ စီးရီး၁၉၇၅-မှ
Credit : လင်း လက် ဇာ နည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။