အာကာသ နှင့် စကြာဝဠာ
>>> လူသားတို့ ခြေဆန့်ရန် ဘာဖြစ်လို့ အင်္ဂါဂြိုဟ်ကို ရွေးချယ်သလဲ <<< (၁)
အင်္ဂါဂြိုဟ်ပေါ်ကို ကျနော်တို့ လူသားတွေ ခြေချဖို့၊ နယ်ပယ်ချဲ့ထွင်ဖို့ ကြိုးစားနေကြပါပြီ။ ပြောင်းလဲလာတဲ့ နည်းပညာ၊ လူသားတွေရဲ့ တီထွင်ကြံဆမှုတွေဟာ မဖြစ်နိုင်သော အရာများကို ဖြစ်စေနိုင်ခဲ့ပါတယ်။ အာကာသကို ကျနော်တို့ ရောက်ရှိနိုင်ကြပြီ... နေအဖွဲ့အစည်း ပြင်ပကို အာကာသယာဉ်များ ရောက်ရှိနိုင်ကြပြီ.. ယခု အင်္ဂါဂြိုဟ်မှာ သွားနေကြတော့မည်.. ဖြစ်နိုင်ပါ့မလား..
ကျနော့်ရဲ့ အာကာသနှင့် စကြ၀ဠာ Page မှာ စာဖတ်ပရိတ်သတ်တစ်ဦး မေးထားတဲ့မေးခွန်းကတော့ ဘာဖြစ်လို့ လူသားတွေက အင်္ဂါဂြိုဟ်ကို ရွေးချယ်ရသလဲဆိုတဲ့ မေးခွန်းပါ။ အဖြေကတော့ အချက်အလက်များစွာရှိပါတယ်။ အများကြီးရေးရင် ရှုပ်ထွေးပြီး ဖတ်ရတာများသွားမည် စိုးသဖြင့် အပိုင်းများ ခွဲပြီး တင်ဆက်ပေးလိုက်ပါတယ်...
၁။ ကမ္ဘာနှင့် တူသော အချက်များ ရှိသောကြောင့်..
အင်္ဂါဂြိုဟ်မှာ ရေ အရင်းအမြစ်ရှိပါတယ်။ မြေအောက်ထဲမှာ ဒါမှမဟုတ် ၀င်ရိုးစွန်း နေရာတွေမှာ ရေခဲအဖြစ် တည်ရှိနေတာဖြစ်နိုင်ပါတယ်။ ရေ စီးဆင်းခဲ့တယ်ဆိုတဲ့ နေရာ၊ သင်္ကေတတွေကိုလည်း ရှာဖွေတွေ့ရှိထားပါတယ်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ရေ တွေ ရှိခဲ့ပါတယ်။ အဲ့ဒီ့တော့ အင်္ဂါဂြိုဟ်မှာ ရေရှိနိုင်ပါတယ်။
အင်္ဂါဂြိုဟ်ရဲ့ တစ်ရက်ဟာ ၂၄.၅ နာရီ ကြာပါတယ်။ အရွယ်အစားကတော့ ကမ္ဘာရဲ့ သုံးပုံတစ်ပုံသာရှိပြီး ဆွဲငင်အား ၂.၇ ဆ ပိုမို ပေါ့ပါးပါတယ်။ အဲ့ဒီ့တော့ အာကာသယာဉ်တွေ အင်္ဂါဂြိုဟ်ကနေ ပြန်လည်ထွက်ခွာရင် စွမ်းအင်သိပ်များများမသုံးဘဲ ပြန်ထွက်နိုင်ပါတယ်။ တည်ဆောက်မယ့် အဆောက်အဦးများသည်လည်း ပိုမို ပေါ့ပါးကာ သယ်ယူပို့ဆောင်ရ လွယ်ကူပါမယ်။
ကမ္ဘာ နဲ့ အင်္ဂါဂြိုဟ်မှာ တူညီသော ရာသီဥတု ရှိပါတယ်။ တကယ်လို့သာ အင်္ဂါဂြိုဟ်မှာ နဲနဲလေး ပိုထူထပ်တဲ့ လေထုရှိလို့ကတော့ ဒီဂြိုဟ်နှစ်ခုရဲ့ ရာသီဥတုဟာ လုံးဝကို တူညီနေမှာဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ အပူချိန်ဟာ ၁ ဒီဂရီ ဖာရင်ဟိုက်မှ အနုတ် ၁၇၈ ဒီဂရီ ဖာရင်ဟိုက်အထိ ကွာခြားမှုရှိပါတယ်။ ကမ္ဘာထက် ပိုအေးပါတယ်။
၂။ လျှို့ဝှက်သော သိပံ္ပအချက်အလက်များရှိခြင်း
အင်္ဂါဂြိုဟ်မှာ သက်ရှိများ ရှိနေနိုင်တဲ့ အချက်အလက်တွေကို ရရှိဖူးပါတယ်။ (သက်ရှိဆိုတာ လူရယ်မှမဟုတ်ပါဘူး သေးငယ်တဲ့ ဘက်တီးရီးယားလို အကောင်မျိုးကိုလည်း သက်ရှိသတ္တ၀ါလို့ သုံးပါတယ်။) အချို့ကတော့ ၁၉၇၆ ခုနှစ်က ဗိုက်ကင်း အာကာသယာဉ်ဟာ တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့လိမ့်မယ်လို့ ထင်ကြပါတယ်။ အင်္ဂါဂြီုဟ်က လွင့်စင်လာတဲ့ Martian meteorite လို့ခေါ်တဲ့ ဥက္ကာခဲထဲမှာ ဘက်တီးရီးယားလို အကောင်လေးတွေကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီ့ထက်ကြီးတဲ့ အကောင်တွေ.. လူလို့ သက်ရှိသတ္တ၀ါတွေ တွေ့ရှိလို့ကတော့ Are we alone in the universe? ဆိုတဲ့ မေးခွန်းကြီးကို ကောင်းကောင်း ဖြေပေးနိုင်တော့မှာ ဖြစ်ပါတော့တယ်...
ဆက်လက်ဖော်ပြပေးပါမည်..
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။