ပျိုမေတို့သိစေဖို့
ကင်ဆာရောဂါအတွက်(အထူး)သတိပြုသင့်တဲ့ အစားအစာ (၁၀)မျိုး
=======================================
(၁) မျိုးရိုးဗီဇပြုပြင်ထားတဲ့သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ
သဘာဝနည်းဖြင့်စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ ကို ဈေးကွက်အတွင်းရောက်ရှိဖို့ ရာ သင့်တင့်တဲ့ကာလ တခုစောင့်ဆိုင်းရပါတယ်။ သို့ သော် နည်းပညာများတိုးတက်ခေတ်မီလာတဲ့အမျှ ၀ိသမလောဘသားများဟာ အပင်ကြီးထွားမှု မြန်ဆန်ရင့်မှည့်ပြီး ငွေမြန်ုမြန်ပေါ်ရောင်းချနိုင်ရေးအတွက် GMO(ခေါ်)သဘာဝလွန်စိုက်ပျိုးနည်းတွေသုံး၍ ဆေးထိုး-ဆေးဖြန်း-ဆေးအုပ်ခြင်းများ ပြုလုပ်နေကြပါတယ်။ အခွံဖယ်၍စားသုံးရသော အခွံများသီးများက ပြဿနာသိပ်မရှိသော်လဲ၊ ဥပမာ အခွံပါ ၀ါးစားရတဲ့ ခရမ်းချဉ်၊ စပျစ်၊ စတော်ဘယ်ရီများနဲ့  ပဲသီးအမျိုးမျိုး၊ ဂေါ်ဖီထုပ်အပါအ၀င် ဟင်းသီးဟင်းရွက်အားလုံးကို ရေစင်စင်မ ဆေးကြောဘဲစားသုံးမိပါက၊ ဓာတုဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် အစာအဆိပ်သင့်ရုံသာမက ကင်ဆာရောဂါတွေပါ ဖြစ် လာစေနိုင်ပါတယ်။
(၂) တာရှည်ခံအောင်ပြုပြင်ထားတဲ့ အသားများ
ကြက်အူချောင်း/၀က်အူချောင်းတွေ၊ အသားလုံး/အသားပြား/အသားခြောက်တွေ၊ Hot Dog တွေမှာ အသားကို တာရှည်ခံစေ ဖို့ အတွက် ဆိုဒီယမ်နိုက်ထရိတ်ဓာတုပစ္စည်းများ ထဲ့သွင်းထားတာကြောင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေသလို၊ ကင်ဆာဝေ ဒနာသည်များ စားသုံးမိခြင်းကလည်း ကင်ဆာအဖုအကျိတ်တွေကို လျှင်မြန်စွာ ကြီးထွားပြန့် နှံ့ လာစေနိုင်ပါတယ်။
(၃) မိုက်ကရိုဝေ့ဖ်မီးဖိုနဲ့ ဖောက်ထားတဲ့ ပြောင်းဖူး ပေါက်ပေါက်များ။
ပြောင်းဖူးပေါက်ပေါက်တွေက အရသာရှိ၍စားလို့ ကောင်းတာမှန်သော်လဲ အလွန်အကျွံစားမိတဲ့အခါ မိုက်ခရိုဝေ့ဖ်မီးခိုးငွေ့ နဲ့  ပြောင်းဖူးပေါက်ပေါက်တို့ ဓာတ်ပြုခြင်းကြောင့် ထွက်ရှိလာတဲ့ perfluorooctanoic နဲ့  diacetyl ဓာတ်များက အဆုပ်ကင်ဆာ ဖြစ်စေပါတယ်။ ဒါ့ပြင် မိုက်ခရိုဝေ့ဖ်အပူဓာတ်စီးနေတဲ့ ပြောင်းဖူးပေါက်ပေါက်(ပူပ)ူတွေကို ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အိတ်(သို့ မ ဟုတ်)ပန်းကန်ခွက်တွေထဲ ထဲ့စားခြင်းက ပန်ကရိယကင်ဆာ ဖြစ်လာနိုင်ပါတယ်။
(၄) သစ်သီးခြောက်များ။
ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ် စတဲ့ သစ်သီးခြောက် စားသုံးခြင်းက ကျမ္မာရေးကို ကောင်းကျိုးပြုစေတယ်လို့ လူသားအားလုံးက ယုံကြည်နေကြပါတယ်။ သင့်တင့်မျှတတဲ့ပမာ စားသောက်ခြင်းက ကျမ္မာရေးကိုကောင်းကျိုးပေးသော်လည်း၊ လွန်ကျူးစွာစား သောက်မိရင်တော့ သစ်သီးခြောက်တွေမှာသုံးထားသော နွမ်းခြောက်ဆေးများ၊ အချို-အငံဓာတ်များက လူကိုဘေးဖြစ်စေပါ တယ်။ ဒါ့ပြင် ကျမ္မာရေးသုတေသီများရဲ့ လေ့လာစမ်းစစ်ချက်များအရ၊ ဈေးကွက်ထဲမှာရောက်နှင့်နေပြီးသော ထိုသစ်သီးခြောက် တွေ၏ ၉၈%ထဲမှာ ကင်ဆာရောဂါကိုဖြစ်စေနိုင်တဲ့ အစွန်းအထင်းချွတ်ဆေးတွေနဲ့ ပိုးသတ်ဆေးတွေပါရှိနေတယ်လို့ ဆိုပါတယ်။
(၅) ဆိုဒါအချိုရည်များ။
ဆိုဒါအချိုရည်တွေကို အရသာကောင်းစေဖို့ အတွက် အချိုဓာတ်တွေသာမက၊ အရောင်လှစေဖို့ အတွက် အရောင်ဆိုးဆေးများ သုံးထားပါတယ်။ ဒါ့ပြင် အမြှုပ်ထစေဖို့ အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တွေ ထဲ့သွင်းထားတာကြောင့် ထိုဓာတ်ပေါင်းစု က လူ့ ခန္ဓာကိုယ်ကိုယ်တွင်း ကလီဆာများကို အက်ဆစ်ဓာတ်ပြုပြီး ကင်ဆာဆဲလ်တွေ တိုးပွားလာစေနိုင်ပါတယ်။
(၆) ဆေးသကြားခဲများ။
စူးခရို့ စ်(ခေါ်)သကြားအစားထိုး ဆေးသကြားခဲများ/အချိုမှုန့် များ နှင့် သဘာဝကိုဆန့် ကျင်၍ ဓာတုပစ္စည်းတွေဖြင့်ပြောင်းလဲ ကာ ဟင်းခတ်မှုန့် ပြုလုပ်ထားကြသော (ကြက်-၀က်-ဟင်းရွက်)အမှုန့် ချိုချိုများ က သွေးတိုး၊ ဆီးချို ရောဂါများသာမက၊ ကိုယ် ၀န်ဆောင်များကို သားလျောစေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ ကိုပါ ဖြစ်စေနိုင်ပါတယ်။
(၇) ဂျုံမှုန့် ဖြူဆွတ်ဆွတ်များ။
သဘာဝဂျုံမှုန့် တွေကို ဓာတုချွတ်ဆေးတွေသုံး၍ ဖြူဆွတ်အောင် ပြုပြင်ထားခြင်းကြောင့်၊ ဂျုံထဲရှိ ကစီဓာတ်တွေ နဲ့  glycemic ဓာတ်တွေ ပြောင်းလဲဖောက်ပြန်သွားကာ ရင်သားကင်ဆာဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး သွေးထဲရှိသကြားပမာဏများ တိုးပွားလာပြီးတော့၊ ကင်ဆာအကျိတ်အဖုတွေကို လျှင်လျှင်မြန်မြန်ပြန့် ပွားစေပါတယ်။
(၈) ကန်မွေး ငါးများ။
သဘာဝနဲ့ ဆန့် ကျင်၍ မွေးမြူသော ငါး/ပုစွန်ကန်များကို ရေစင်စင်မဆေးကြောဘဲ အစိမ်းစားမိတဲ့အခါ ကင်ဆာရောဂါဖြစ်စေပါ တယ်။ အကြောင်းရင်းကတော့ မွေးကန်ထဲမှ ရေ(PH ပမာဏ) နဲ့ ရေအပေါ့အငန်ဓာတ်တွေကို သဘာဝရေ အတိုင်းရရှိအောင် အသုံးပြုထားတဲ့ ရေသန့် ဆေးအမျိုးမျိုး၊ ပိုးသတ်ဆေးများ၊ ငါး/ပုစွန်ကြီးထွားဆေးနဲ့ အကြေးခွံမာဆေးတွေရဲ့ ဘေးထွက်ဆိုး ကျိုးများကြောင့် ပါဘဲ။
(၉) ပြုပြင်ထားတဲ့ အဆီတုများ
မာဂျရင်း၊ ထောပတ်တု နဲ့  ကရင်မ်တို့ လို ဟိုက်ဒြိုဂျင်ဓာတ်သုံး၍ ပြုပြင်ထားတဲ့ အဆီတုများက လူ့ ခန္ဒာကိုယ်တွင်းရှိ ဆဲလ် အမြှေးပါးများ ဖွဲ့ စည်းတည်ဆောက်မှုကို ကမောက်ကမဖြစ်စေကာ၊ ကင်ဆာဆဲလ်အဖြစ် ဦးတည်လာပါတော့တယ်။
(၁၀) ဖန်တီးထားတဲ့ သကြားမှုန့် ဖြူဆွတ်ဆွတ်များ။
ဥပမာ ကြံဖြင့်ပြုလုပ်ထားတဲ့ သကြားများက လူကိုဘေးဥပါသ်မဖြစ်စေပါဘူး။ သို့ သော် ဖရူးတို့ စ်(ခေါ်)ချိုအောင်ဖန်တီးထားတဲ့ သကြားမှုန့် ဖြူဆွတ်ဆွတ်တွေက သွေးထဲမှသကြားဓာတ်ကို ချက်ချင်းဆိုသလိုမြင့်မားလာစေကာ၊ ကင်ဆာဆဲလ်များကိုလည်း ကြီးထွားလာစေပါတယ်။ သုတေသီများ၏ လေ့လာစမ်းစစ်ချက်များအရ၊ ဈေးနှုန်းသက်သာတဲ့ ဖရူးတို့ စ်သကြားဖြူဆွတ်ဆွတ် တွေဖြင့် ပြုလုပ်ထားသော ကွတ်ကီး၊ ကိတ်၊ ဒိုးနတ်၊ သစ်သီးခြောက်၊ အချိုရည်မျိုးစုံ စသည်တို့ က ကင်ဆာဖြစ်လာအောင် စေ့ဆော်ပေးတယ်လို့  ဆိုပါတယ်။
ပျိုမေတို့သိစေဖို့
(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း….Daily Health Tips)
--
promise.pauk
လူတိုင်းကျန်းမာစေဖို့ @ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေလိုက်ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။