Eternal Light Magazine
“ ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကို ကိုယ်တိုင်ထိန်းသိမ်းရမယ် ”
Q. အခုခေတ်မှာ တချို့မော်ဒယ်(လ်)တွေက နာမည်ကြီးချင်တဲ့ စိတ်ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူတွေကို အားကျအတုယူမှားပြီး သူ့ထက်ငါအပြိုင် အဖော်အချွတ် အ၀တ်အစားတွေ ၀တ်လာကြတာနဲ့ ပတ်သက်ပြီး ဦးကျော်သူရဲ့အမြင်ကို ပြောပြပေးပါ။
A. ဒါကတော့ ယဉ်ကျေးမှုနဲ့ဆိုင်တယ်။ ကိုယ်က ဘာလူမျိုးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ မေးရမယ်။ ငါ မြန်မာနိုင်ငံမှာ မြန်မာမိဘတွေ က မွေးလာတာလား။ ငါ ကပြားအမေအဖေက မွေးလာတာလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် အရင်ပြန်ပြီး သုံးသပ်ရမယ်။ ငါ မြန်မာမိဘကမွေးလာတယ်ဆိုရင် မြန်မာလိုပဲ ကျင့်ရမယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်။ ယဉ်ကျေးမှုထိန်းသိမ်းတယ်ဆိုတာကလည်း စည်းကမ်းပဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှ ကိုယ့်လူမျိုးလည်း ကမ္ဘာ့အလယ်မှာ တင့်တယ်မယ်။ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းရင် မြန်မာနိုင်ငံကိုလာလည်တဲ့ နိုင်ငံခြားသားဧည့်သည်တွေက
မြန်မာမိန်းကလေးတွေဟာ ငါတို့ဝတ်တဲ့အတိုင်း ၀တ်နေကြတာပဲ။ ဘာမှလည်း မထူးပါဘူး။ ငါတို့ဝတ်တာ ထက်တောင် ပိုဆိုးသေးတယ်လို့ အပြောခံရမှာပဲ။
မြန်မာမိန်းကလေးတွေဟာ ငါတို့ဝတ်တဲ့အတိုင်း ၀တ်နေကြတာပဲ။ ဘာမှလည်း မထူးပါဘူး။ ငါတို့ဝတ်တာ ထက်တောင် ပိုဆိုးသေးတယ်လို့ အပြောခံရမှာပဲ။
ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကို ကိုယ်တိုင်ထိန်းသိမ်းရမယ်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းတာကလည်း စည်းကမ်းပဲ။ ဂုဏ်သိက္ခာထိန်းသိမ်းမှုဆိုတာ ရှိရတယ်။ ငါ အဖော်အချွတ်ပြလို့ ဘာအကျိုးရှိသွားသလဲ။ ငါ အဖော်အချွတ်ပြလို့ တကယ့်ကို ဘီလျံနာကြီး ဖြစ်သွားမှာလား။ ကမ္ဘာကျော်ကြီးဖြစ်သွားမှာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ တချို့က ဒီလို အဖော်အချွတ်ပြမှ နာမည်ကြီးမှာမို့လို့ ဖော်တယ်ဆိုပြီး ပြောတဲ့သူကလည်း ရှိသေးတယ်။ ကိုယ်တိုင်က ပညာတတ်တွေဖြစ်ပြီးတော့ အသိဥာဏ်မရှိကြတာ။ ပညာတတ်တာနဲ့ အသိဥာဏ်ရှိတာက အများကြီးကွာတယ်။ ပညာဘယ်လောက်ပဲ တတ်တတ် အသိဥာဏ်မရှိရင် အလကားပဲ။ မှန်ကန်တဲ့ အတွေးအခေါ်၊ အသိဥာဏ်နဲ့ပဲ ကိုယ့်ဘ၀ကို ကိုယ်လျှောက်ကြရမယ်။
“စည်းကမ်းရှိဖို့ နိုင်ငံကို အုပ်ချုပ်နေတဲ့သူတွေမှာ တာဝန်ရှိတယ်ဆိုတဲ့ ဦးကျော်သူနှင့်တွေ့ဆုံခြင်း”
Eternal Light Magazine
February 2014
“စည်းကမ်း”
February 2014
“စည်းကမ်း”
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။