Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 12, 2014

တန်းစီခြင်းအနုပညာ


Thurein Hlaing Win
တန်းစီခြင်းအနုပညာ

တန်းစီခြင်းအနုပညာလို့ ခေါင်းစဉ်ကြီးကြီးကျယ်ကျယ်တပ်လိုက်တော့ တန်းစီရတာများ ဘာအနုပညာဆန်စရာရှိသလဲ၊ လူတိုင်းတန်းစီတတ်နေတာပဲလို့ အပြန်အလှန်မေးခွန်းထုတ်ချင်သူတွေ အများကြီးရှိနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ တန်းစီရတာ မခက်ပါဘူး။ လူတိုင်းတန်းစီတတ်တာပဲ ဒါပေမယ့် အဲဒီမခက်တဲ့ တန်းစီရတဲ့ကိစ္စကို ခေါင်းထဲမှာမရှိတဲ့သူတွေ တစ်နေ့တခြားကို များများလာတဲ့အတွက်၊ လူတိုင်းမတတ်ကြတော့တဲ့အတွက် တန်းစီခြင်းဆိုတာကို အနုပညာတစ်ရပ်လို သင်ပေးရမယ့်အခြေအနေတစ်ရပ်ကိုရောက်လာလို့ တန်းစီခြင်းအနုပညာလို့ ခေါင်းစဉ်တပ်လိုက်ရတာပါ။

မြန်မာတွေတော်တော်များများ တန်းမစီတတ်ကြတော့ဘူးလို့ ကျွန်တော်ပြောရင် ကျွန်တော့်ကို အလွန်ကြီးပဲလို့ ပြန်ပြောမယ့်သူတွေအများကြီးရှိလိမ့်မယ်။ ကျွန်တော်ဥပမာတစ်ခုပြပါ့မယ်။ အချိန်ကရုံးဆင်းတဲ့အချိန် ညနေ ၆နာရီလောက်။ လမ်းမတစ်ခုလုံးကားတွေနဲ့ ပြည့်ကျပ်နေပြီး မီးပွိုင့်စောင့်နေတဲ့ ကားတန်းကြီးက မျက်စိတစ်ဆုံး။ ဒီအချိန်မှာ ဘတ်စ်ကားတစ်စီးဟာ မီးပွိုင့်တန်းစီနေတဲ့ကားတွေအကုန်လုံးကို ဘယ်ဘက်ယာဉ်ကြောကနေ လမ်းပြောင်းပြန်မောင်းပြီး ကျော်ဖြတ်လာရာက တန်းစီနေတဲ့ကားတန်းထဲကို ခေါင်းထိုးဝင်ရောက်ဖို့ကြိုးစားတယ်။ အဲဒီကားနောက်မှာ နောက်ထပ် တစ်စီးပြီးတစ်စီးဆက်တိုက်လိုက်လာတယ်။ သိပ်မကြာခင်မီးပွိုင့်လွှတ်တဲ့အချိန် တစ်ဖက်ယာဉ်ကြောကားတွေဟာ လမ်းကြောပြောင်းပြန်စီထားတဲ့ ကားတွေကြောင့် ဆက်သွားလို့မရတော့ဘဲ ရပ်တန့်သွားတယ်။ အဲဒီမှာပဲ နှစ်ဘက်စလုံးက ကားတန်းတွေဟာ ရှေ့လည်းမတိုးနိုင် နောက်လည်းမဆုတ်နိုင်ဖြစ်ကုန်ပြီး သိပ်မကြာခင် လမ်းမတစ်လျှောက်လုံးပိတ်ဆို့၊ ဟွန်းသံတွေဆူညံပြီး အရပ်ပျက်နေသလိုဖြစ်သွားတယ်။

ဒီလိုအဖြစ်အပျက်မျိုးဟာ အပြင်ထွက်နေရတဲ့သူတိုင်း နေ့တိုင်းလိုလိုကြုံတွေ့ရတတ်တဲ့ပြဿနာပါ။ ဒီတစ်နေရာတည်းလားဆိုတော့ ကားတန်းစီတဲ့ကိစ္စဟာ သာဓကပေါင်းများစွာထဲက သာဓကတစ်ခုပါ။ တက္ကသိုလ်တွေမှာ ကျောင်းလခသွင်းဖို့လိုမျိုး၊ ကျောင်းတက်ဖို့ဖောင်ဖြည့်တာလိုမျိုးတွေမှာ တန်းမစီကြဘဲ အချင်းချင်းအလုအယက်တိုးဝှေ့ကြလို့ ထိခိုက်ဒဏ်ရာတွေရကြတယ်၊ ဘတ်စ်ကားစီးတဲ့နေရာ၊ ရထားစီးတဲ့နေရာအစချီပြီး ပြောရင်ကုန်မှာတောင်မဟုတ်တဲ့ နေရာပေါင်းများစွာမှာ စနစ်တကျတန်းစီနေကြတယ်ဆိုတာကို အတော်လေးအတွေ့ရခက်လာပြီး နေရာတိုင်းလိုလိုမှာ အလုအယက်တိုးဝှေ့နေကြတဲ့ ၀ရုန်းသုန်းကား လူအုပ်စုကြီးတွေကိုသာ မြင်ရလိမ့်မယ်။

ဘာလို့ ကျွန်တော်တို့နိုင်ငံမှာ တန်းစီတဲ့အလေ့အထမထွန်းကားရတာလဲ။ အရှင်းဆုံးအဖြေကတော့ မရှက်သင့်တဲ့အရာတွေကိုရှက်ပြီး ရှက်သင့်တဲ့အရာတွေကို မရှက်ကြတော့လို့ပါ။ တကယ်တော့တန်းစီတယ်ဆိုတာ ယဉ်ကျေးတဲ့လူတွေ၊ စိတ်ဓာတ်ဖွံ့ဖြိုးရင့်ကျက်တဲ့လူတွေရဲ့ စရိုက်လက္ခဏာ၊ တစ်နည်းအားဖြင့် နိုင်ငံကြီးသားတွေရဲ့ လက္ခဏာပါ။ အပြန်အလှန်အားဖြင့်တော့ တန်းမစီကြတဲ့သူတွေဟာ မယဉ်ကျေးသေးတဲ့ ကျောက်ခတ်ကလိုပရမ်းပတာစရိုက်၊ စိတ်ဓာတ်သေးသိမ်တဲ့လူတွေရဲ့ စရိုက်လို့ဆိုရမယ်ထင်တယ်။ တချို့လူတွေက တန်းစီရမှာကို ရှက်စရာလို့ထင်ကြတယ်။ တန်းစီနေတဲ့အတန်းကြီးထဲမှာ မျက်နှာပြောင်ပြောင်နဲ့ ကြားဖြတ်ပြီးဝင်ချင်ကြတယ်၊ အဲလိုကြားဖြတ်ဝင်ပြီး နေရာရလိုက်တာကို “ငါကွ” ဆိုတဲ့ပုံစံမျိုးနဲ့ ဂုဏ်ယူဝင့်ကြွားချင်ကြတယ်။ တစ်ချို့ကျတော့လည်း “တွေ့လား ငါက တန်းစီစရာမလိုဘူးကွ” ဆိုတာမျိုးပြချင်တယ်။ နိုင်ငံအချို့မှာ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေကိုယ်တိုင် တန်းစီနေကြပေမယ့် ဒီမှာတော့ အခွင့်အရေးရရင် ရသလောက်နဲ့ ကြားဖြတ်နေရာယူကြတာက အလေ့အထတစ်ခုလိုဖြစ်လာတယ်။ သူတို့အတွက် ဒါဟာရှက်စရာတစ်ခုအဖြစ် သေးသိမ်တဲ့လုပ်ရပ်တစ်ခုအဖြစ် မမြင်တတ်ကြတာဖြစ်နိုင်သလို သိမ်ဖျင်းတဲ့စိတ်ဓါတ်အခံကြောင့် လူမှုနီတိဆိုတာကို နားလည်နိုင်စွမ်းမရှိတော့ဘဲ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားမသိနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဂျပန်မှာ ဖူကူရှီးမားငလျင်လှုပ်ပြီး လူတွေအတိဒုက္ခရောက်ကျတော့ စတိုးဆိုင်တွေက ရှိသမျှတွေကို ထုတ်ရောင်းပေးတယ်။ မတရားဈေးတင်ရောင်းတာမျိုးမရှိဘူး။ ဈေးဝယ်သူတွေဘက်ကလည်း လုယက်တာတွေ၊ ၀ရုန်းသုန်းကား တိုးဝှေ့တိုက်ခိုက်ကြတာတွေမရှိဘူး။ အားလုံး အေးအေးဆေးဆေးတန်းစီရင်း အရင်ဝယ်ခွင့်ရတဲ့သူက နောက်လူအတွက် ချန်ဝယ်ပေးတယ်။ ကိုယ်အရင်ဝယ်ခွင့်ရလို့လည်း တစ်ယောက်တည်းသိမ်းကျုံးဝယ်တာမျိုးတွေမလုပ်ဘူး။ ဂျပန်လိုဖွံ့ဖြိုးတဲ့နိုင်ငံအတော်များများမှာ အလုအယက်တိုးဝှေ့နေတာမျိုးဆိုတာက မတွေ့ရသလောက်ပဲ။ ကော်ဖီဝယ်တာ မုန့်ဝယ်တာမျိုး အသေးအဖွဲလေးတွေကအစ ရှေ့မှာလူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူတစ်ယောက်အနောက်မှာ အေးအေးဆေးဆေးရပ်စောင့်နေတတ်တယ်။ ယုတ်စွအဆုံးလူကူးမျဉ်းကျားကူးဖို့တောင် တန်းစီကြတယ်။ ဒီအချက်က နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ နိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖွံ့ဖြိုးမှုကလည်း အရေးပါနေတယ်ဆိုတဲ့အချက်ကို ပြတာပါ။ သူတို့တွေဘာ့ကြောင့်တန်းစီကြတာလဲ။ မဖြစ်မနေတန်းစီရမယ်လို့ ဥပဒေအရ သတ်မှတ်ထားတာမျိုးလည်းမရှိပါဘူး။ အဓိကကတော့ ရှက်စိတ်ပါ။ တန်းမစီဘဲ ကြားဖြတ်ဝင်ရတာ၊ စုပြုံတိုးရတာ ရှက်စရာကောင်းတယ်လို့ ခံယူထားတဲ့စိတ်ကြောင့်ပါ။ အဲဒီရှက်စိတ်လေး ကျွန်တော်တို့ဆီမှာ မပေါ်လာသေးသရွေ့ စုပြုံတိုးဝှေ့တာတွေရှိနေဦးမှာပဲ။ ဥပမာကလေးငယ်တစ်ယောက်က ဘောင်းဘီမပါဘဲ လျှောက်သွားနေတာကို ရှက်စရာအဖြစ် မသိသေးသရွေ့ ဘောင်းဘီဝတ်ဝတ်မ၀တ်ဝတ် သူ့အတွက် အရေးမကြီးသလိုပါပဲ။ ရှက်စရာလို့မြင်လာတာနဲ့ အလိုလိုပြုပြင်ပြီးဖြစ်သွားမှာပါ။

တန်းမစီတတ်တဲ့သူတွေဆီမှာ အများဆုံးတွေ့ရတတ်တဲ့စိတ်တစ်မျိုးကတော့ တကိုယ်ကောင်းဆန်တဲ့စိတ်ပါ။ အဲဒီလိုလူမျိုးတွေမှာ “ငါနှင့်ငါသာ နှိုင်းစရာ” ဆိုတဲ့သဘောမျိုးနဲ့ ငါ့ကိစ္စက အရေးအကြီးဆုံး၊ ငါကအရေးအပါဆုံးဆိုတာမျိုးတွေစွဲနေတတ်တယ်။ နောက်လူအတွက် မကြည့်တတ်ဘူး၊ နောက်လူဘယ်လိုဆိုတာမျိုးမစဉ်းစားဘူး။ တကယ်တော့ တန်းမစီတတ်တာ ဂုဏ်ယူစရာမဟုတ်ဘူး။ တန်းမစီတတ်တာ ရှက်စရာပါ။ တန်းမစီတတ်လို့ ၀ရုန်းသုန်းကားနဲ့ လုပ်ကြတာ လူပင်ပန်း၊ အလုပ်မဖြစ်သလို နိုင်ငံခြားသားတွေအမြင်မှာလည်းအထင်သေးစရာကောင်းပါတယ်။ နေရာတကာ ၀ရုန်းသုန်းကားနဲ့ စုပြုံတိုးဝှေ့အရပ်ပျက်သလိုဖြစ်နေလို့ မြန်မာတွေဟာ မယဉ်ကျေးသေးတဲ့လူမျိုးလို့သာ ထင်သွားရင်တော့ နဂိုဆင်းရဲရတဲ့ကြားထဲ နောက်ထပ်နာမည်ပျက်ရပါမယ်။ ဒီကိစ္စကိုအသေးအဖွဲလေးလို့ ထင်ရင်လည်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အသေးအဖွဲလေးတွေကစပြီး မပြုပြင်နိုင်ရင် အကြီးအမားတွေလည်း ပြုပြင်နိုင်မှာမဟုတ်ဘူး။ မပြုပြင်ခဲ့မိလို့ အချိန်ကြာလာတာနဲ့အမျှ အမှားတွေအမှန်ဖြစ်လာခဲ့ရင်၊ တန်းစီရတာရှက်စရာ စုပြုံတိုးဝှေ့တာကမှ အမှန်ဆိုတာမျိုးတွေဖြစ်လာရင် ပြုပြင်ဖို့ခက်သွားတော့မှာပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။