Aung Ko U
စကားတစ်လုံး အသုံးများစွာ
ဘာသာစကား လေ့လာတဲ့အခါ စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ အဓိပ္ပာယ်တူပေမယ့် အသုံးအနှုန်းမတူတာတွေ၊ စကားလုံးတူပေမယ့် အဓိပ္ပယ်မတူတာတွေ စသည့်အချက်တွေကို ဘာသာစကား လေ့လာသူတိုင်း မလွဲမသွေ တွေ့ကြုံကြရမှာပါ။ ဥပမာ - “တိုက်သည်” ဆိုသည့် မြန်မာ စကားလုံး တစ်လုံး သည် ဝါကျအပေါ်တွင် မူတည်က အဓိပ္ပာယ် ပြောင်းလည်းသွားသည်ကို တွေ့နိုင် ပါတယ်။
- ရေ တိုက် သည်။...
- အဖြေ တိုက် သည်။
- ခလုပ် တိုက် သည်။
- ကော်ပတ် တိုက် သည်။
- ရေ တိုက် သည်။...
- အဖြေ တိုက် သည်။
- ခလုပ် တိုက် သည်။
- ကော်ပတ် တိုက် သည်။
ဖော်ပြပါ ဝါကျများကို ကြည့်လျှင် စကားလုံး တူသော်လည်း အဓိပ္ပာယ်မတူသည်ကို တွေ့နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကား လေ့လာရာတွင်လည်း အလားတူ အဖြစ်များ များ စွာရှိပါတယ်။
ဒီတစ်ပတ်မှာ “fast” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကို လေ့လာကြရအောင် ….
Fast (adj) = မြန်သော
- First train (အမြန်ရထား)
- My watch is fast. (ကျွန်တော့် နာရီက မြန်နေတယ်)
Fast (adj) = ခိုင်သော၊ ဆေးခိုင်သော
- Make a boat fast. (လှေကို မြဲမြဲ/ခိုင်ခိုင် ချည်ထားပါ)
- Colour is fast. (ဆေးခိုင်သည်)
- Colour is not fast. (ဆေးမခိုင်)
Fast (adv) = လျှင်မြန်စွာ၊ အမြန်၊ မြန်မြန်
- Don’t drive so fast! (မြန်မြန် မမောင်းပါနဲ့)
Fast (adv) = ခိုင်မြဲစွာ၊ နှစ်နှစ်ခြိုက်ခြိုက်
- The nail is stuck fast on the wall. (သံက နံရံမှာ ခိုင်ခိုင်မာမာ စိုက်ထားတယ်။)
- He falls fast asleep. (သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်။)
Fast (v) = အစာမစားပဲ နေသည်။
- One day a week he fasts for health reasons. (ကျန်းမာရေးအတွက် တစ်ပတ်မှာ တစ်ရက် သူ အစာမစားဘဲ နေတယ်။)
Fast (n) = အစာမစားဘဲ နေသည့်အချိန်
- Hundreds of prisoners began a fast in protest about prison conditions. (အကျဉ်းသား ရာချီ၍ စတင်ကာ အစာငတ်ခံ ကန့်ကွက် ဆန္ဒပြကြသည်။)
Breakfast - နံနက်စာ (တစ်ညလုံး အစာမစားဘဲနေသည် fast ကို စတင်ချိုးဖျက် break လုပ်လိုက်သည့် အတွက် breakfast ဟုသုံးစွဲခြင်း ဖြစ်သည်။)
Fast day - ဥပုသ်နေ့
Fast keeper - ဥပုသ်သည်(ဥပုသ်စောင့်သူ)
First come, fast serve (ဦးရာလူ စနစ်)
Fast food (အလွယ်တကူ/ မြန်မြန်ဆန်ဆန်စားနိုင်သည့် အစားအစာ)
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ စကားလုံး အသုံးအနှုန်း ကြွယ်ဝ ကြပါစေ ……
အောင်ကိုဦး (UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။