Aung Naing Oo
အားပေးတဲ့သူ ရှိတဲ့ညမှာ ကြောက်စိတ် ဘယ်ရောက်သွားလဲ မသိဘူးကွယ်...
status လေးတစ်ခု ရေးမယ်။ နောက်ဆုံး တစ်ခါ ရေးတုန်းက အမေစု အကြောင်း ရေးချင်လို့ လိုက်ကြည့်လိုက်တာ သူငယ်ချင်းတွေ အားလုံးက ရေးထားလိုက်တာ အားလုံး ပြီးပြည့်စုံ (သူငယ်ချင်း တစ်ယောက်နာမည် မဟုတ်ပါ) နေသလိုပဲ။ ကိုယ်က ရေးမယ်ဆိုရင် သူတို့ဟာတွေ လိုက်ရေးသလို ဖြစ်နေမယ် မဟုတ်လား။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ရေးမယ့် အကြောင်းတွေကို သူတို့တွေ အားလုံးက ရေးထား...တယ်လေ။ ဒါကြောင့် သူတို့ ရေးသလိုပဲလို့ ရေးပြီး တင်လိုက်တာ ရေးတတ်သလို ရေးပါလို့ အားပေးတဲ့သူတွေ တွေ့ပါရောပဲ။ ဒါနဲ့ပဲ တစ်ခြားဟာ ရေးမယ်လို့ စိတ်ကူးပြီး စလိုက်ပါတယ်။ အမေစု အကြောင်းပဲ ခေါင်းထဲ ရောက်ရောက်လာတယ်။ ဒါနဲ့ သေချာ ပြန်စဉ်းစား ပါတယ်။ အမေစု အကြောင်း ဘာတွေ ရေးရမလဲလို့ပေါ့။ ဒါပေမယ့် ဘာမှ စဉ်းစားလို့ မရပါဘူးဗျာ။ သူငယ်ချင်းတွေက အားလုံး ရေးထားပြီးပြီ။ အဲဒီလို ရေးထားပြီးလို့တောင်မှ သူတို့ အားမရသေးဘူး၊ တစ်ချို့ အရာတွေကို ထပ်ခါထပ်ခါ ရေးနေတာကို သွားတွေ့ရတယ်။ ဒါနဲ့ပဲ သေချာ စဉ်းစားမိတယ်။ သူတို့ဘာလို့ ဒီလို ထပ်ခါထပ်ခါ ရေးနေရတာလဲပေါ့။ စေ့စေ့တွေးတော့ ရေးရေးမြင် ဆိုသလိုပေါ့ဗျာ၊ ကျွန်တော် နဲနဲမြင်လာတယ် (အမေစု အကြောင်း ထပ်ခါထပ်ခါ ရေးနေတာကိုပေါ့)။
ကျွန်တော့မှာ ဖေ့ဘုတ်သုံးဖို့ အချိန်က သိပ်မရ ဘူးလေ (၂၄ နာရီ ဖွင့်ထားတာက လွဲလို့ပေါ့)။ အဲဒီလို သူငယ်ချင်းတွေ ဘာလို့ အမေစု အကြောင်းပဲ ထပ်ရေး နေရတာလဲ ဆိုတာကို ပြောရမယ် ဆိုရင် နှစ်မျိုး ရှိတယ်လို့ တွေ့လာတယ်။ ပထမ တစ်ခုက အရေးအကြီး ဆုံးပါပဲ။ အဲဒါက အမေစု အကြောင်း သူတို့ ရေးတာတွေဟာအမှန်တွေ ချည်းပဲဆိုတာပါ။ တကယ့်ကို အမှန်တွေချည်း ပါပဲ။ အမေစု ဘာကြောင့် နိုင်ငံရေး လောကထဲ ရောက်လာပြီး အကျယ်ချုပ်တွေ အထားခံရလို့ မိသားစုကိုပစ်၊ လင်သေ မသွားခဲ့ပဲ ကျွန်တော်တို့ နိုင်ငံအကျိုး၊ နိုင်ငံထဲမှာ နေတဲ့ ပြည်သူအကျိုး ကြည့်ပြီး ဆင်းရဲ ဒုက္ခတွေ၊ သောကတွေကို အဖော်လုပ်ပြီး နေခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံကြီးဟာ တဖြည်းဖြည်း ပြောင်းလဲ လာခဲ့တာ အခုဆိုရင် ဒီမိုကရေစီ ဆိုတဲ့ ပန်းတိုင်ကြီးကို စတင် ချီတက်နေပါပြီ။ ဒါပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ လားဆိုတော့...
နံပါတ် နှစ် အချက်ကို ပြောရမယ်ဆိုရင် အင်တာနက် ပေါ်မှာ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေကို အကြောင်းပြ၊ အမေစုကို သူတို့အဆင့်နဲ့ မတန်မရာ နှိုင်း၊ ပေါက်ကရ ၈ဆယ်တွေ ရေးကြ၊ ပုံတွေကို ဖိုတိုရှော့ တွေနဲ့ လုပ်ကြပြီး တိုက်ခိုက်နေကြတဲ့ အရိုးမျှော်ကိုး စစ်ခွေးမျိုး လုပ်နေကြတဲ့ လူတစ်စုကို သွားတွေ့ပါတယ်။ အဲဒီလူ တွေဟာ နည်းမျိုးစုံနဲ့ အမေစုကို ပြည်သူနဲ့ မကွဲ ကွဲအောင် ကြံဖန်ပြီး ကလေး ကစားကွက် တွေကို ဖန်တီးပါတယ်။ တစ်ချို့လူ တွေကတော့ ဟုတ်နိုးနိုးနဲ့ ပါသွားတာတွေတော့ ရှိပါတယ်။ အများအား ဖြစ်တော့ သူတို့ထွင်လုံး တွေကို သူတို့တွေကပဲ ပြန်ပြီး အားပေး နေကြတာပါ။ အဲဒီလို လူတွေကြောင့် ကျွန်တော့ရဲ့ သူငယ်ချင်း များက အမေစု အကြောင်း ထပ်ခါထပ်ခါ ရေးနေကြခြင်း ဖြစ်ပါတယ် ဆိုတာကို ကျွန်တော် မြင်လာရပါတယ်။
ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ အကျဉ်းချုပ် ပြောရမယ်ဆိုရင် အာဏာရှင် လူတစ်စုဟာ အမေစု အာဏာမရရေး ရှေ့တန်းတင်လို့ နည်းပေါင်းစုံနဲ့ သူတို့ရဲ့ အာဏာ တည်မြဲရေးကို ဦးတည်နေတာ အထင်အရှားပါ။ ဒီလိုလူ မျိုးတွေက သူတို့ရဲ့ အာဏာရူးမှုကို ကျွန်တော်တို့ လွတ်လပ်ရေး ဖခင်ကြီး တည်ထောင်ခဲ့တဲ့၊ သန့်ရှင်းတဲ့ စစ်တပ်ကြီးကို ညစ်နွမ်းအောင် လုပ်ပြီး အကာအကွယ် ယူနေတာကို တွေ့မြင်ရတာ အလွန်တစ်ရာ ကိုမှ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ ချစ်ခဲ့တဲ့ တပ်မတော်ကြီး ဟာ ပြည်သူအတွက် တစ်ဖန်ပြန်လည် ရပ်တည် နိုင်ဖို့အတွက် ကြိုးစားပေးပါလို့ တိုက်တွန်းနိုးဆော် ရင်းနဲ့ ကျွန်တော့ရဲ့ မရေးတတ်တဲ့ စတေးတပ်ကို နိဂုံး ချုပ်လိုက် ပါရစေ။
ခုနှစ်ရက် သားသမီး၊ သတ္တဝါ အပေါင်း ဆင်းရဲခပ်သိမ်း ငြိမ်းအေး နိုင်ပြီး သာယာလှပတဲ့ ဘဝတွေ ဖြစ်စေရန်အတွက် ၂၀၁၅ မှာ အမေစု သမ္မတ ဖြစ်ရပါစေဗျာ...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။