Nine Nine Sanay @ နိုင်းနိုင်းစနေ
အချစ်ဆိုတာ
တစ်ဘက်သားရဲ့ချွတ်ယွင်းချက်ကိုသိသည့်တိုင် နားလည်လက်ခံပေးတဲ့ ခံစားချက်ဖြစ်တယ်

ငြင်းခုန်ရန်ဖြစ်ပြီးနောက် စိတ်တိုဒေါသထွက်လည်း အချင်းချင်းဆုံးရှုံးသွားမှာကိုကြောက်တဲ့ ခံစားချက်ဖြစ်တယ်

ရင်ခုန်ခြင်း၊ စိတ်အားထက်သန်မှုတွေ လျော့နည်းသွားလည်း အချင်းချင်းဂရုစိုက်ကြင်နာတဲ့ ခံစားချက်ဖြစ်တယ်
အချစ်ဆိုတာ
တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က ဂရုစိုက်စောင့်ရှောက်တာဖြစ်တယ်
အချစ်ဆိုတာ
မဆိုင်သူရဲ့ အီစီကလီ၊ မြူဆွယ်တာတွေကို ငြင်းဆန်နိုင်တာဖြစ်တယ်
အချစ်ဆိုတာ
အခုလက်ရှိတင်မက အနာဂတ်မှာလည်း အတူတကွရှိနေတာဖြစ်တယ်
အချစ်ဆိုတာ
အခက်အခဲအားလုံးကို နှစ်ယောက်အတူကျော်ဖြတ်ပြီး တစ်သက်လုံး ကြံ့ကြံ့ခိုင် လက်တွဲသွားတာပဲဖြစ်တယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။